Note3 SM-N900 Software error ကြောင့် Baseband Unknow ဖြစ်ပြီး IMEI Null ဖြစ်သွားတာကိုရှင်းနည်း...

Note3 SM-N900 ကို Root ဖောက်လို့ ပဲဖြစ်ဖြစ်၊ Firmware တင်လိုက်
လို့ ပဲဖြစ်ဖြစ် Baseband Unknow ဖြစ်ပြီး IMEI Null ဖြစ်ခဲ့ရင် ကျွန်တော်
ရှင်းခဲ့တဲ့ နည်းလမ်းလေးကိုမျှဝေတာပါ။ဒီနည်းလမ်းရှာနေစဉ်အများကြီး
ကူညီပေးခဲ့တဲ့ ကျွန်တော်မိတ်ဆွေ ကို Hein Zaw ကိုအရင်ဆုံးကျေးဇူးတင်
စကားပြောပါရစေ။ကျွန်တော်ရှင်းခဲ့တဲ့ Note3 SM-N900 Baseband Unknow
ဟာ android 4.4.2 ပါ။
ပထမဆုံးလိုအပ်တာတွေကိုအောက်ကလင့်မှာ Download ဆွဲလိုက်ပါအုန်း။
Download ဆွဲပြီးရင် ကျွန်တော်ပေးထားတဲ့ clockworkmod recovery ကို
ဒေါင်းထားတဲ့ Odin 3.0.7 နဲ့ ကွန်ပျူတာကနေ Flash လိုက်ပါ။ပြီးရင်
UPDATE-SuperSU-v1.91.zipကို internal Storage ထည့်ပြီး clockworkmod
recovery ကနေ Flash ပါ။Recovery ၀င်နည်းက Power+Home+Vol+ ပါ။
ပြီးရင်ဖုန်းကို ပုံမှန်အတိုင်းပဲဖွင့်ပြီး SuperSu ကိုဖွင့် knox security ကို disable
လုပ်လိုက်ပါ။
ဖုန်းကို Recovery mod ပြန်ဝင်ပြီး ဒေါင်းထားတဲ့အထဲက Stock-4.4.2-kernel-NA6.zip
ကိုအရင် Flash ပါ။ပြီးမှ နောက်ဆုံးကျန်ရှိတဲ့ N900_XXUENE1_MODEM_CWM.zip
ကို Flash လိုက်ရင်တော့ Baseband version ပြန်ပေါ်လာပြီး မိတ်ဆွေစိတ်ချမ်းသာ
သွားပါလိမ့်မယ်။သိပ်အထူးဆန်းတော့မဟုတ်ပါဘူး ပြသနာတတ်လာရင်ဖြေရှင်းလို့ 
ရနိုင်အောင် Post တစ်ခုအဖြစ်တင်ပေးလိုက်တာပါ။ကျွန်တော်က မော်လမြိုင်မှ မောင်သု ပါ။


















credit - M.L.M Mobile Phone Professional Group

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

C8950D မှာ GSM internet သုံးမရတဲ့သူတွေအတွက်ပါ


အရင်ဆုံးမိမိတို့မှာ root ဖောက်ထားရပါမယ်။ ပြီးရင်း CWM သွင်းထားရပါမယ်။ မသွင်းထားပါက
 အောက်ပါလင့်မှာဒေါင်းပါ


ပြီးသွားရင် GSM internet ရတဲ့  ROM လေးကို  ဒီလင့်မှာဒေါင်းပါ


ဒေါင်းပြီးသွားရင် ရလာတဲ့ rom zip ကို sd card ထဲထည့်ပြီး CWM မှ flash ပါ။ ဒါတွေအားလုံးပြီးရင်တော့ CDMA ရော GSM ရော နှစ်ကဒ်လုံးထည့်ပြီး သက်ဆိုင်ရာ APN setting များကိုချိန်ပြီး internet သုံးနိုင်ပါပြီ။ 
CDMA သုံးမလား GSM သုံးမလားဆိုတာကိုတော့
setting -> international roaming setting -> network selection & setting -> default connection နေရာမှာ
ကိုယ်သုံးချင်တာကိုရွေးပေးလိုက်ပါ.......(အဆင်ပြေကြပါစေ.....)

credit- Sithu Myo
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

allwinner A13 tablet တွေ firmware ရေးနည်း

allwinner A13 tablet တွေ firmware ရေးနည်းလေး ပြောပြချင်လို့ပါ...သိပြီးတဲ့သူများ ကျော်သွားလိုက်ပါ..မသိသေးသူများသို့ ရည်ညွှန်းပါသည်။
အရင်ဆုံး မိမိ tablet ရဲ့ board id ကို ကြည့်ပြီး www.google.com သို့မဟုတ်www.baidu.com မှာ ရှာဒေါင်းလိုက်ပါ ပုံမှာနမူနာပြထားပါတယ်...ပြီးရင် firmware flash ဖို့ tool ဖြစ်တဲ့ LiveSuit ကို download လုပ်ပါ...(ကွန်နက်ရှင်မကောင်းလို့ upload နောက်နေ့မှလုပ်ပေးပါမယ်) down ပြီးပါက zip ဖြည်ပြီး LiveSuitpack.exe ကို run ပြီး install လုပ်လိုက်ပါ...install ပြီးပါက desktop ပေါ်မှာ LiveSuit icon လေးကို နှိပ်ပြီး run လိုက်ပါ..ပြီးနောက် Box တစ်ခုကျလာပါက No ကိုရွေးပေးလိုက်ပါ..အဲဒီနောက် select img ကိုနှိပ်ပြီး မိမိဒေါင်းထားသောသက်ဆိုင်ရာ tablet ရဲ့ firmware .img ဖိုင်လေးကို ရွေးပေးလိုက်ပါ။ ပြီးသွားပါက tablet အား Power ပိတ်ထားပါ ပြီးနောက် vol+ ကိုနှိပ် USB ကြိုးထိုးပြီး Power Key ကို ခုနစ်ချက် ပုံမှန်နှိပ်ပေးပါ အဲဒီနောက် LiveSuit firmware တင်နေကြောင်း colour bar လေးနဲ့ပြပေးပါလိမ့်မယ်... 100% ပြည့်ပါက USB ကြိုးဖြုတ်ပြီး tablet အား Power ဖွင့်လိုက်ပါ မိမိဒေါင်းထားသော img ဖိုင် မှန်ပါက ပုံမှန်အလုပ်လုပ်နေသော tablet တစ်လုံးရရှိပါမည်......အားလုံးအဆင်ပြေကြပါစေ...






credit -Sithu Myo

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Huawei C8816 B186 Insecure Boot & Fix Invalid sim



ခုနောက်ထွက်လာတဲ့ C8816 Firmware B186 နဲ့ ဆုံးတဲ့ကောင်တွေက
Vroot မတိုးတော့ပါဘူး ။ဒါကြောင့်ကျွန်တော် B186 အတွတ် Insecure Boot
လုပ်ထားတဲ့ဟာလေတင်ပေးလိုက်ပါတယ် ။ Huawei ဆိုဒ်မှာ BootLoader Unlock
လုပ်ပြီးရင် Fastboot ကနေပဲ Flash လိုက်ပါ။ပြီးရင် Vroot နဲ့ ပဲအလွယ်တကူ
ဖောက်လို့ရနေတာတွေ့ ရပါမယ်.
အကယ်၍များ B186 တင်လိုက်လို့  Sim Invalid ဖြစ်ပြီး Sim Card မသိခဲ့ရင်
အောက်မှာ ကျွန်တော်အသစ်ရေးထားတဲ့ Bat File လေးကိုအသုံးပြုလိုက်ပါ။
တစ်ခြားဖုန်းတွေမမှားထည့်ရအောင် အထူးဂ၇ူစိုက်ပြီးရေးထားပါတယ်။
Block မှားထည့်ရင် EMMC လဲရတဲ့အဖြစ်ထိရောက်တတ်တာ ကြုံဘူးတာမို့ 
သေချာလုပ်ပေးထားပါတယ်။
Firmware လိုအပ်နေချိန်မှာ အမြန်ဒေါင်းပေးတဲ့ နေပြည်တော်ကချစ်မိတ်ဆွေ
မစ္စတာ Galay Gachay ၊ Tool ရေးပြီးပြီးချင်းစမ်းသပ်သုံးစွဲပေးတဲ့ သထုံက
မစ္စတာ Maung Myo တို့ ကိုလည်းအထူးကျေးဇူးတင်ပါတယ
အကယ်၍ Toolနဲ့  ရေးပြီးလို့  1X ပဲတတ်ရင် DFS Tool နဲ့ IMEI နဲ့ MEID ကိုပြန်
ရေးပေးလိုက်ပါ။ DFS Tool အသုံးပြုနည်းမျိုးစုံကို များမကြာမှီ မော်လမြိုင်
ဈေးကြို မှ ဆရာ မစ္စတာ Sithu Myo(M.Y.K) မှအပြည့်စုံရေးသားဖော်ပြမှာ
ဖြစ်ပါတယ်။ကျွန်တော်ရဲ့ Software ပိုင်းလက်ဦးဆရာ ဆရာဖြိုးညီညီနှင့်တကွ
မိုဘိုင်းလောကမှမိတ်ဆွေများအားလုံးကိုအစဉ်လးစားလျက် ..
ကျွန်တော်ကတော့မော်လမြိုင် မောင်သုပါ...

Insecure Boot Download Link >>>>https://www.mediafire.com/?c059jvbzb7s7vnx

SiM Invalid Tool Download Link >>>http://www.mediafire.com/download/e0njvh58jyc2qet/Huawei+C8816+NoSiM%28MgThu%29.rar

credit -mg thu
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Samsung အတွက် Display font အလှ ၃၁၄ မျိုးပါဝင်တဲ့ Power Flip Font.apk




အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Visa Card ရဲ့ မြန်မာပြည်ဆိုင်ရာရုံး ပထမဆုံး စတင်ဖွင့်လှစ်



ကမ္ဘာ့ထိပ်တန်း ငွေပေးချေရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Visa က မြန်မာနိုင်ငံမှာ ပထမဆုံး ရုံးခွဲဖွင့်လှစ်တာနဲ့ Visa Myanmar ရဲ့ Country Manager ခန့်အပ်တဲ့ အခမ်းအနားကို ဧပြီ ၁ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲလုပ် ပြောဆိုလိုက်ပါတယ်။
ငွေသားအဓိကအသုံးပြု လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ကတ်ပြားအစားထိုး သုံးစွဲဖို့ အချိန်တော်တော်လေး ယူရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း Visa Cardကိုင်သူတွေ ငွေသားကိုကိုင်စရာမလိုဘဲ ငွေပေးချေနိုင်တော့မှာကြောင့် ဘေးကင်းမှု၊ တစ်ကမ္ဘာလုံးကို ငွေပေးချေမှုတွေလုပ်နိုင်မှာဖြစ်တယ်လို့ မြန်မာပြည်ရဲ့ Visa Country Manager က ပြောပါတယ်။
Visa Card ဟာ ဘယ်နေရာမဆို လူတိုင်းသုံးစွဲနိုင်ဖို့ဆိုတာကို ဦးတည်ပြီး အချိန်ယူဆောင်ရွက်ရမှာဖြစ်သလို မြန်မာပြည် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို မှီခိုပြီးလုပ်ရာမှာ ဒီလိုကိစ္စမျိုးတွေက သူတို့ထိန်းချုပ်မှုရဲ့ အပြင်ဖက်မှာရှိနေလို့ အခက်အခဲတွေ ရှိနေပေမယ့် တဖြည်းဖြည်းနဲ့တော့ တိုးတက်လာမယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။
Visa Card ဟာ မြန်မာပြည်ကို ၂ဝ၁၂မှာ စတင်ဝင်ရောက်ခဲ့ပြီး ငွေပေးချေရေးဝန်ဆောင်မှုဈေးကွက်ရဲ့ အလားအလာတွေကိုမြင်ခဲ့သလို အီလက်ထရောနစ်စနစ်အခြေခံ ငွေထုတ်ယူ၊ ငွေပေးသွင်းတဲ့ ပမာဏနဲ့ အသုံးပြုတဲ့ ကတ်အရေအတွက် ၃ဆမြင့်တက်ခဲ့တာကြောင့် နိုင်ငံတကာဈေးကွက်ထဲမှာ ကာလတိုအတွင်း အမြင့်မားဆုံး တိုးတက်မှုဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ Visa Card ကိုလက်ခံတဲ့ လက်လီဆိုင်ပေါင်း ၁၈ဝဝကျော်၊ATM စက်ပေါင်း ၁၁၅ဝ ရှိနေပြီး နိုင်ငံခြားသားတွေ Visa Card ကနေ ငွေပေးချေတဲ့ပမာဏက အမေရိကန်ဒေါ်လာ သန်း ၁၆ဝ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ပြည်တွင်းက လိုင်စင်ရဘဏ် ၈ခုထဲက ၅ခုမှာ Visa ကတ်ရဲ့ နိုင်ငံတကာခရီးသွားငွေပေးချေမှု ဝန်ဆောင်မှုကို စတင်နေပြီလို့ ဆိုပါတယ်။
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

OG YOUTUBE 2015

Youtube video များ Download ရန်ဆင်ပြေဆုံး app ဖြစ်ပါတယ် လိုအပ်သော Quality ရွေးခြယ် Download နိုင်ပါတယ် video များကို လွယ်ကူစွာရှာဖွေနိုင်ပြီး အောက်ကဒေါင်းလုပ်ကိုနှိပ်ကာ လျှင်မြန်စွာ Download နိုင်ပါတယ် :D



အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်