ကွန်ပျူတာ ကို BIOS or UEFI Password ဖြင့် ကာကွယ်နည်း

Windows, Linux, Mac တို့မှာ Password ဖြင့် ကာကွယ်ထားခြင်း ဟာ အခြား သူတွေကို သင့်ရဲ့ Operating System ကို Login ဝင်လို့မရစေပေမယ့် အခြား Operating System တွေကို Boot လုပ်တာ၊ Drive ကို Wipe လုပ်တာ နဲ့ Live CD ကို အသုံးပြုပြီး သင့်ဖိုင်တွေကို ရယူတာတွေ ပြုလုပ်နိုင်ပါတယ်။
ကွန်ပျူ တာ တွေရဲ့ BIOS or UEFI မှာ Password နဲ့ ကာကွယ်ထားမှသာ အခြားသူတွေက သင့်ကွန်ပျူ တာ ကို Boot တက်တာ၊ USB Drive တွေကနေ Boot တက်တာ၊ BIOS or UEFI Settings တွေကို ပြုပြင်တာတွေကို ပြုလုပ်လို့မရမှာဖြစ်ပါတယ်။

ဘာ့ကြောင့် BIOS or UEFI Password ကို အသုံးပြုရတာလဲ?

လူအများစုအတွက်တော့ BIOS or UEFI Password တွေ သတ်မှတ်စရာမလိုအပ်ပါဘူး။ အရေးကြီးတဲ့ဖိုင်တွေ သိမ်းထားတဲ့သူတွေအတွက်တော့ Windows User Password က မလုံခြုံပါဘူး။ Windows User Password ကို ဖျက်ပစ်နိုင်တဲ့ ဆော့ဝဲတွေများစွာရှိပါတယ်။ ဒါ့အပြင် Live CD တွေ အသုံးပြုပြီး သင့်အရေးကြီးဖိုင်တွေကို အလွယ်တကူ ရယူနိုင်ပါတယ်။ အဲဒီလို လုပ်လို့မရအောင် BIOS or UEFI Password တွေ သတ်မှတ်ထားနိုင်ပါတယ်။ BIOS or UEFI Password သတ်မှတ်ထားခြင်းဖြင့် ကွန်ပျူ တာ ကို Boot တက်လို့ မရတော့သလို BIOS Settings ထဲလည်း ဝင်လို့မရတော့ပါဘူး။

သတိပေးချက်။ ။ BIOS or UEFI Password တွေ ကို သေချာမှတ်ထားဖို့ အရေးကြီးပါတယ်။ Password မေ့သွားခဲ့ရင် ကွန်ပျူ တာ အတွင်းပိုင်း ကို ဖွင့်ပြီး Reset လုပ်ရမှာဖြစ်ပါတယ်။ ဖွင့်ရလွယ်တဲ့ Desktop PC တွေအတွက် အဆင်ပြေပေမယ့် Laptop မှာဆိုရင် ခက်ခက်ခဲခဲ ပြုလုပ်ရပါတယ်။

BIOS or UEFI Password သတ်မှတ်နည်း

Password တွေကို BIOS or UEFI Settings ထဲမှာ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ Windows 8 ကို Pre-Installed လုပ်ထားတဲ့ ကွန်ပျူ တာတွေမှာ Reboot လုပ်ပြီး သင့်တော်တဲ့ ကီး ကို နှိပ်ရမှာ ဖြစ်ပါတယ်။ ကီး တွေ က ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံး မတူညီဘဲ ကွဲပြားကြပါတယ်။ များသောအားဖြင့် F2, Delete, Esc, F1, F10 တို့ ဖြစ်ကြပါတယ်။ အဲဒီ ကီးတွေ အလုပ်မလုပ်ရင် ကွန်ပျူ တာ မော်ဒယ် အလိုက် နှိပ်ရမယ့် ကီး ကို Google မှာ ရှာနိုင်ပါတယ်။

BIOS Settings Screen ရောက်ရင် Password Option ကို သွားပါ။ နှစ်သက်ရာ Password သတ်မှတ်ပါ။ Password အမျိုးမျိုး သတ်မှတ်နိုင်ပါတယ်။ ဥပမာအားဖြင့် Boot တက်တာအတွက် Password တစ်ခု၊ BIOS Settings ထဲဝင်ဖို့ အတွက် Password တစ်ခု သတ်မှတ်နိုင်ပါတယ်။

Removable Device တွေကနေ Boot တက်လို့ မရအောင် Boot Order ကဏ္ဍဍ ကို သွားပြီး Lock လုပ်ထားလို့လည်း ရပါတယ်။2
Windows 8 ကို ကိုယ်တိုင် အင်စတော လုပ်ထားတဲ့ ကွန်ပျူ တာတွေမှာ Windows Key + I ကို နှိပ်ပါ။ Power ခလုတ် ကို တစ်ချက်နှိပ်ပါ။ Shift ကီး ကို ဖိထားပြီး Restart ကို နှိပ်ပါ။ နောက်အဆင့်မှာ Troubleshoot ကို နှိပ်ပါ။ နောက်အဆင့်မှာ Advanced Options ကိုနှိပ်ပါ။ ပြီးရင် UEFI Firmware Settings ထဲမှာ Password ကို သတ်မှတ်နိုင်ပါတယ်။
3

BIOS or UEFI Password ကို Reset ပြုလုပ်နည်း

BIOS or UEFI Password မေ့သွားခဲ့ရင် ကွန်ပျူ တာ အတွင်းပိုင်း ကို ဖွင့်ပြီး Reset လုပ်ရမှာဖြစ်ပါတယ်။ Password ကို သေးငယ်တဲ့ ဘက်ထရီ က မောင်းနှင်ပေးနေတဲ့ Volatile Memory မှာ သိမ်းထားတာဖြစ်ပါတယ်။ Reset ပြုလုပ်ဖို့ Jumper ကို အသုံးပြုနိုင်သလို ဘက်ထရီ ကို ဖြုတ်ပြီး ပြန်တပ်ဆင်ခြင်းဖြင့်လည်း Reset လုပ်နိုင်ပါတယ်။

Clear CMOS Motherboard Jumper ကို အသုံးပြုနည်း

Motherboard အတော်များများမှာ CMOS Settings ကို ရှင်းလင်းနိုင်တဲ့ Jumper ပါရှိပါတယ်။ CMOS Settings ကို ရှင်းလင်းခြင်းဖြင့် BIOS Password ကို Reset လုပ်နိုင်မှာ ဖြစ်ပါတယ်။

Jumper ရဲ့ နေရာ အတိအကျ ကို သိဖို့အတွက် ကွန်ပျူ တာ ရဲ့ Manual မှာ ကြည့်နိုင်ပါတယ်။

ပြုလုပ်နည်းက ကွန်ပျူ တာ အတော်များများမှာ ဆင်တူပါတယ်။ ကွန်ပျူ တာ ကို ပါဝါပိတ်ပါ။ မီးခလုတ် ကိုလည်း ပိတ်ပါ။ ကွန်ပျူ တာ အဖုံး ကိုဖွင့်ပြီး CLEAR CMOS, CLEAR, CLR CMOS, PASSWORD, CLR PWD စသဖြင့် အမည်ရေးထားတဲ့ Jumper ကို ရှာပါ။ များသောအားဖြင့် CMOS Battery နားမှာ ရှိတတ်ပါတယ်။ Jumper ကို Clear အနေအထားကို ပြောင်းပါ။ ကွန်ပျူ တာ ကို ပါဝါဖွင့်ပါ။ ပြီးရင် ကွန်ပျူ တာ ကို ပါဝါ ပြန်ပိတ်ပါ။ Jumper ကို နဂို အနေအထား ကို ပြန်ပြောင်းပါ။ ဒါဆိုရင် CMOS Settings ကို ရှင်းလင်းပြီးပါပြီ။4
CMOS Battery ကို ပြန်တပ်ဆင်နည်း

Jumper မရှိတဲ့ Motherboard တွေမှာ ဆိုရင် CMOS Battery ကို ဖြုတ်ပြီး ပြန်တပ်ဆင်ခြင်း အားဖြင့် CMOS Settings ကို ရှင်းလင်းနိုင်ပါတယ်။ CMOS Battery က BIOS Settings ကို သိမ်းပေးထားတဲ့ ပါဝါ ကို ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကွန်ပြူတာ က ပိတ်ထားတဲ့အချိန်မှာတောင် နာရီ ကို ပုံမှန်လည်ပတ်ပေးနေတာဖြစ်ပါတယ်။

သတိပေးချက် ။ ။ Motherboard တိုင်းမှာ CMOS Battery ကို ဖြုတ်လို့မရပါဘူး။ အဲဒီလို ဘက်ထရီ ကို အတင်းမဖြုတ်သင့်ပါဘူး။

ပထမဆုံး ကွန်ပြူတာ ကို ပါဝါ ပိတ်ပြီး မီးခလုတ် တွေကို လည်း ပိတ်ထားပါ။ Motherboard ပေါ်က လုံးဝန်းပြီး ပြားတဲ့ ငွေရောင် ဘက်ထရီ ကို ရှာပါ။ ဘက်ထရီ ကို ဖြုတ်ပါ။ ငါးမိနစ် စောင့်ပြီး ဘက်ထရီ ကို ပြန်တပ်ပါ။ ဒါဆိုရင် BIOS Password ကို Reset လုပ်ပြီးပါပြီ။
5
BIOS or UEFI Password တွေကို အများစု က အသုံးမပြုကြပါဘူး။ ဒါပေမယ့် အဲဒီ Password တွေဟာ လုံခြုံရေးအတွက် အသုံးဝင်ပါတယ်။ အရေးကြီးဒေတာတွေကို သိမ်းထားတဲ့ ကွန်ပြူတာတွေမှာ အသုံးပြုသင့်ပါတယ်။ Cyber Café တွေမှာလည်း အသုံးပြုသူတွေ အခြား Operating System တွေကို Boot လုပ်လို့မရအောင် ကာကွယ်ထားနိုင်ပါတယ်။
(C) MMICT
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

ကမာရွတ်မီဒီယာရဲ့ သတင်းတွေကိုဖတ်ရှုနိုင်မယ့် Android Mobile App လေးထွက်ရှိလာပါပြီ

unnamed


ကမာရွတ်မီဒီယာရဲ့ သတင်းတွေကိုဖတ်ရှုနိုင်မယ့် Android Mobile App လေးထွက်ရှိလာပါပြီ။
- သုံးစွဲသူတွေနဲ့ Friendly ဖြစ်စေမယ့် Responsive Design
- နေ့စဉ်သတင်းစာသားနဲ့ ဗီဒီယိုရုပ်သံတွေကို အချိန်နေရာမရွေး ကြည့်နိုင်မယ်
- Offline ဖြစ်နေချိန်မှာလည်း သတင်းတွေကို အေးအေးဆေးဆေး ပြန်ဖတ်နိုင်မယ်
- လွယ်ကူရှင်းလင်းတဲ့ Menu နဲ့ ကဏ္ဍအလိုက် စုံစုံလင်လင်ဖော်ပြပေးထားတယ်
- မိုဘိုင်းလ် Phone ရော၊ Tablet နှစ်မျိုးစလုံးအတွက်ပါ အဆင်ပြေစေတယ်
- လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း Share လုပ်နိုင်မယ်
- iOS Version အတွက်လည်း မကြာမီ မိတ်ဆက်နိုင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။
- Android Version 3.0 နှင့်အထက်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။
Kamayut Media v1.0 for Android ကိုအောက်က Link မှာရယူပါ။
Kamayut Media v1.0 for Android အားရယူရန် (Google Play Link)
Kamayut Media v1.0 for Android အားရယူရန် (Direct Download Link)



အပြည့်အစုံဖတ်ရန် >> http://www.myanmarmobileapp.com/2014/07/31/kamayut-media-v1-0-for-android/

MMAS
အပြည့်အစုံဖတ်ရန် >> http://www.myanmarmobileapp.com/2014/07/31/kamayut-media-v1-0-for-android/


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

shwebook Dictionary Pro v 3.3.0 for android(latest version)





Android phone/Tablet ကိုင်ဆောင်သူများအတွက် အသုံးဝင်အဘိဓာန်လေး Shwebook pro v 3.3.0 ကိုအသုံးပြုနိုင်ရန်တင်ပေးလိုက်ပါတယ်။ဒီ dictionary လေးက အင်္ဂလိပ်စာလိုက်စားနေသူတွေ၊အင်္ဂလိပ်စာအသုံးအနှုံးမကြွယ်ဝ သူတွေအတွက် ကိုယ်နဲ့လက်တစ်ကမ်းမှာထားရှိသင့်တဲ့ မိုဘိုင်းဆော့ဝဲလ်လေးဖြစ်ပါတယ်။ဒီအဘိဓာန်လေးထဲမှာ ကိုယ်သိလိုတဲ့ စကားလုံးကို အင်္ဂလိပ်လိုဖြစ်ဖြစ်၊မြန်မာလိုဖြစ်ဖြစ် ရိုက်ယူရှာဖွေနိုင်မှာဖြစ်တဲ့အပြင် အင်္ဂလိပ်အသံထွက်မှားမှာကြောင့်လို့ ဆွံအပြီး မထွက်နိုင်ဘဲဖြစ်နေသူတွေ အတွက် ပါ အသံထွက် မှန်မှန်ကန်ကန်ထွက်နိုင်အောင် ကူညီပေးပါလိမ့်မယ်၊ဒါအပြင် အင်္ဂလိပ်စကားလုံးများနဲ့ယှဉ်တွဲဖော်ပြပေးမယ့် တရုတ်ဘာသာစကားပါ ပါဝင်မှာဖြစ်ပါတယ်။တရုတ်စာလေ့လာနေသူများအတွက်လည်း ဆောင်ထားသင့်တဲ့ အဘိဓာန်လေးဖြစ်ပါတယ်။အသုံးပြုလိုသူများအောက်မှာရယူပါ။
ဆော့ဝဲလ်အားရယူရန်

 MMAS
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

အဘိဓမ္မာအကျဉ်းချုပ် Android App





ဒီ Android ဖုန်းဆော့ဝဲလေးရေးပြီး တရားတွေတော်တော်နာလိုက်ရပါတယ်။
- ဒေါက်တာအရှင်နန္ဒမာလာ ၏ အဘိဓမ္မာအကျဉ်းချုပ် တရားတော် အား Android Application အနေဖြင့်ပြန်လည်ဖန်တီးရေးသားပူဇော်ပါသည်။ စာအနေနဲ့ရော တရားအသံအနေနဲ့ပါ ဖတ်ရှုနားဆင်နိုင်ပါမည်။ မြတ်စွာဘုရားက မိဘကျေးဇူးဆပ်ရန် ရည်ရွယ်၍ဟောကြားခဲ့သော တရားတော်ဖြစ်တာကြောင့် ဒီ application ကို လူကြီးမိဘတွေဖုန်းမှာသွင်းပေးထား၍အဘိဓမ္မာတရားနာစေခြင်းအားဖြင့် မိဘကျေးဇူးးကို တစ်ဖက်တစ်လမ်းကနေဆပ်ရာရောက်ပါတယ် လူငယ်တွေရဲ့ဖုန်းတွေမှာသွင်းပြီး တရားနာခြင်းအားဖြင့်လည်းကုသိုလ်တွေရရှိမှာကြောင့် အကျိုးများပါတယ်။ အဘိဓမ္မာအကျဥ်းချုပ် For Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Yangon Buses iOS Application

ရန်ကုန်မှာဘစ်ကားစီးရင် စီးရမယ့်ဘစ်ကားမသိတာ၊ ဘစ်ကားတွေဘယ်ရောက်လဲမသိတာ မျိုးတွေကိုအဆင်ပြေစေဖို့ 'Yangon Buses' iOS Application လုပ်ထားပါတယ်။ App Store ပေါ်မှာ Free Download လုပ်နိုင်ပါတယ် 
http://goo.gl/7ETVZB ဒီလင့်ခ်မှာ Download ပါ


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

သုံးစွဲသူများ မသိရှိသေးသည့် Google ၏ လုပ်ဆောင်ချက်များ


ပြီးခဲ့သည့်နှစ်က Google တွင် ရှာဖွေမှုပေါင်း ၂,၁၆၁,၅၃၀,၀၀၀,၀၀၀ ပြုလုပ်ခဲ့သော်လည်း သုံးစွဲသူများမှ အံ့အားသင့်ဖွယ်ကောင်းသည့် Google ၏ လုပ်ဆောင်ချက် အများစုကို သိရှိကြခြင်း မရှိသေးပေ။ ထို့ကြောင့် သုံးစွဲသူများအတွက် အကျိုးရှိစေမည့် Google ၏ လျှို့ဝှက်လုပ်ဆောင်ချက်များကို ဖော်ပြလိုက်ပါသည်။

(၁) သုံးစွဲသူ၏ ညစာအတွက် Google က ကူညီ ဆုံးဖြတ်ပေးနိုင်သည်။



(၂) Google ကို timer တစ်ခုအနေဖြင့် အသုံးပြုနိုင်သည်။



(၃) နေထွက်ချိန်နှင့် နေဝင်ချိန် အတိအကျကို Google က ဖော်ပြပေးနိုင်သည်။



(၄) “Zerg Rush” ဟုခေါ်သော hidden ဂိမ်းကို Google တွင် ကစားနိုင်သည်။



(၅) မြို့အမည်၏ နောက်တွင် “forecast” ကို ရိုက်ထည့်ခြင်းဖြင့် သက်ဆိုင်ရာ မြို့၏ ရာသီဥတု အခြေအနေကို သိရှိနိုင်သည်။



(၆) “site:” keyword ကို အသုံးပြုပြီး သက်ဆိုင်ရာ ဝက်ဘ်ဆိုက်၏ ရှာဖွေမှု ရလဒ်များကို သိရှိနိုင်သည်။ ဥပမာ အနေဖြင့် Google တွင် “site:myanmarinternetjournal.com MPT” ဟု ရိုက်ထည့်ပါက အင်တာနက်ဂျာနယ် ဝက်ဘ်ဆိုက်ပေါ်ရှိ MPT နှင့် သက်ဆိုင်သည့် သတင်းများကို ရှာဖွေနိုင်သည်။



(၇) နေ့လယ်စာ/ညစာ အတွက် ကုန်ကျစရိတ် တွက်ချက်ရာတွင် တစ်ဦးချင်းစီအလိုက်ကျသင့်မည့် ဘောက်ဆူးကိုလည်း တွက်ချက်နိုင်သည်။ ထို့အပြင် ရာခိုင်နှုန်းနှင့် စားသုံးသူ အရေအတွက်ကိုလည်း ချိန်ညှိနိုင်သည်။



(၈) လေကြောင်း ခရီးစဉ် အခြေအနေကို Google တွင် စစ်ဆေးနိုင်သည်။



(၉) Google တွင် “do a barrel roll” သို့မဟုတ် “tilt” ကို ရိုက်ထည့်ပြီး နောက်ပြောင်မှုများ ပြုလုပ်နိုင်သည်။





(၁၀) သုံးစွဲသူ နှစ်သက်သည့် show ကို ကြည့်ရှုနိုင်မည့် အချိန်အား Google က ဖော်ပြပေးနိုင်သည်။



(၁၁) ရုပ်ရှင် ဇာတ်ကားသစ် ဖြန့်ချိမည့် နေ့ကို Google တွင် သိရှိနိုင်သည်။





(၁၂) ကုမ္ပဏီများ၏ အချက်အလက်များကို Google က ဖော်ပြပေးနိုင်သည်။



(၁၃) နှစ်သက်ရာ တီးဝိုင်းအဖွဲ့များ၏ သီချင်းများကို Google တွင် ရှာဖွေနိုင်သည်။



(၁၄) Google images တွင် “Atari Breakout” ဟု ရိုက်ထည့်ကာ ၁၉၇၆ ခုနှစ်က Atari ကုမ္ပဏီက ဖန်တီးခဲ့သည့် Breakout ဂိမ်းကို ကစားနိုင်သည်။



(၁၅) Google တွင် အတိုင်းအတာ အကွာအဝေးကို ပြောင်းလဲတွက်ချက်နိုင်သည်။



(၁၆) သုံးစွဲသူ မသိရှိသည့် ဘာသာစကားများကိုလည်း Google က ဘာသာပြန်ပေးသည်။



(၁၇) သုံးစွဲသူ နှစ်သက်သည့် စာရေးဆရာ ရေးသားထားသော စာအုပ်များကို Google က ဖော်ပြပေးနိုင်သည်။



(၁၈) Facebook ပေါ်တွင် တွေ့မြင်ရသည့် ဓာတ်ပုံတစ်ပုံ၏ မူလရင်းမြစ်ကို သိရှိလိုသည့်အခါ Google တွင် ရှာဖွေနိုင်သည်။ ထို့အပြင် Google ၏ Reverse Image Search ကို အသုံးပြုပြီး ဓာတ်ပုံကို search tool သို့ drag-and-drop ပြုလုပ်ပြီး ဓာတ်ပုံ၏ မူလရင်းမြစ် တည်နေရာကို ရှာဖွေနိုင်သည်။



(၁၉) Google တွင် ရှာဖွေမှုများအတွက် keyboard ဖြင့် ရိုက်ထည့်ခြင်း ပြုလုပ်သည့်အခါ ငြီးငွေ့လာပါက microphone icon ကိုနှိပ်ပြီး နှုတ်ဖြင့် ပြောဆိုကာ ရှာဖွေမှု ပြုလုပ်နိုင်သည်။

 
ref:myanmarinternetjournal
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Cygwin အကြောင်းသိကောင်းစရာ


Cygwin ဆိုသည်မှာ Unix သို့မဟုတ် Linix application များကို compile ပြုလုပ်ပြီး Windows operating system တစ်ခုပေါ်တွင် အသုံးပြုနိုင်စေမည့် open source tool collection တစ်ခုဖြစ်သည်။ ၎င်းသည် developer များက Unix သို့မဟုတ် Lunix မှ Windows အခြေခံ စနစ်များသို့ application များကို ပြောင်းရွှေ့ခြင်းနှင့် Windows platform ပေါ်တွင် ၎င်းတို့၏ application များကို အလွယ်တကူ အထောက်အပံ့ပေးနိုင်ရန် ကူညီပေးသည်။ Cygwin တွင် dynamic link library (DLL) တစ်ခုနှင့် tools collection တစ်ခု ပါဝင်သည်။ DLL သည် Linux emulator တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်ပြီး ၎င်း tool သည် Linux ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်သည်။ Cygwin ကို အသုံးပြုခြင်းဖြင့် developer များသည် Windows platform ပေါ်တွင် အသုံးပြုနိုင်သည့် application များအတွက် အထောက်အပံ့များကို အဝေးမှ အလွယ်တကူ ထောက်ပံ့ပေးနိုင်သည်။ Administrator များသည် Unix နှင့် Linux အတွက် management script များကို ထောက်ပံ့ပေးနိုင်သောကြောင့် များပြားလှသည့် administrative tool အစုအဝေးတစ်ခု ဖြစ်လာရန် အထောက်အကူ ဖြစ်စေသည်။ Cygwin သည် အဆိုပါ script များကို Windows အသုံးပြု ကွန်ပျူတာများပေါ်တွင် အသုံးပြုနိုင်သည်။ Administrator တစ်ဦးသည် Windows အခြေခံ ကွန်ပျူတာတစ်လုံးတွင် log in ပြုလုပ်နိုင်ပြီး Unix သို့မဟုတ် Linux shell တစ်ခုအတွင်းရှိ ပြဿနာများကို ဖြေရှင်းနိုင်သည်။ ထို့အပြင် Windows command line interface tool ကို shell script တွင်းသို့ ပေါင်းစပ်ထည့်သွင်းနိုင်စေသည်။ Cygwin ဆိုသည်အမည်ကို Cygnus နှင့် Windows ကို ပေါင်းစပ်ကာ ဖန်တီးထားခြင်း ဖြစ်သည်။
ref: myanmarinternetjournal
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Huawei U8825-1 G330 Offical Firmware Download

 
 ၁ Download ရလာတဲ့ Firmware ကို ဖြေလိုက်ရင် Dload ဖိုဒါရလာပါမယ်
၂ SD အနည်းဆုံး 2GB ရှိတဲ့ Card ကို Format ချ ပြီး
၃ Dload ဖိုဒါကို SD ထဲထည့်ပြီး ဖုန်းထဲကို SD Card ထည့်ပါ
၎ ဖုန်းကို volume up button + volume down + power ဖိနှိပ်ထားပါ
အတန်းလေးဖြေးနေတာကိုစောင့်ပါ ဖုန်းပါဝါပိတ်သွားပြီးပြန်တက်လာရင်တော့
Firmware တင်ခြင်းလုပ်ငန်း ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်
 
Download firmware
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

SYH Firmware များစုစည်းမှု

SYH ASeries
SYH A8001 >>> DownLoad
SYH A8001+ >>> DownLoad
SYH A8002 >>> DownLoad
SYH A9002 >>> DownLoad
SYH CSeries
SYH C810+8G >>> DownLoad
SYH C810+4G >>> DownLoad
SYH GSeries
SYH G760 >>> DownLoad


SYH G3 >>> DownLoad

SYH G810 >>> DownLoad

SYH G5 >>> DownLoad

SYH G710/8G >>> DownLoad


SYH G6 >>> DownLoad

SYH G770 >>> DownLoad (Spreadtrum CPU)


SYH G720 >>> DownLoad

SYH WSeries
SYH W1000 >>> DownLoad
SYH W9000 >>> DownLoad
ဒေါင်လုပ်လုပ်နည်း ပေးထားသောလင့်ကို တစ်ချက်နှိပ်ပါ
နောက်နေကျရင် SYH Firmware ရေးနည်း တင်ပေးပါ့မယ်
  ref:pyinmanathar
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Huawei P7 Offical Firmware များ


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

iOS အတွက် "Gmail" App ကို Google က Update အသစ်ထပ်မံ ထုတ်ပေးလိုက်ပါပြီ..

Version 3.1.4159 အဖြစ် ထွက်လာတဲ့ update မှာ အဓိကအားဖြင့် Google ရဲ့ Cloud service ဖြစ်တဲ့ Google Drive နဲ့ Gmail ကို တိုက်ရိုက် ချိပ်ဆက် အလုပ်လုပ်ဆောင်နိုင်ပြီး အခြားပြောင်းလဲမှု အချို့ကိုလည်း တွေ့ရပါတယ်..

Google Drive လို့ ခေါ်တဲ့ Cloud Storage ကို Gmail ရှိသူတိုင်း မိမိရဲ့ mail password နဲ့ပဲ ဝင်ရောက် အသုံးပြုနိုင်ပါတယ်။
Gmail SignUp လုပ်လိုက်တာနဲ့ Cloud Storage 15GB Free ရရှိပြီးသား ဖြစ်လို့ Google Drive ထဲမှာ မိမိရဲ့ Files, Photos စတာတွေကို သိမ်းထားနိုင်ပါတယ်။ လိုအပ်ရင်တော့ Cloud Storage ကို ထပ်မံ ဝယ်ယူနိုင်ပါတယ်။

ယခု update လုပ်ပေးလိုက်တဲ့ Gmail မှာ Drive ထဲမှာ သိမ်းထားတဲ့ Photos, Documents တွေကို တိုက်ရိုက် ပေးပို့နိုင်သလို မိမိထံရောက်လာတဲ့ စာနဲ့အတူ တွဲလာတဲ့ Attachment files တွေကိုလည်း Drive ထဲကို တိုက်ရိုက် သိမ်းနိုင်ပါတယ်။ ဒီနည်းလမ်းကြောင့် iDevice တွေရဲ့ Storage ကို သက်သာစေပါတယ်။





Gmail App မှာ မိမိရဲ့ Profile ပုံကို စိတ်ကြိုက် ပြောင်းနိုင်ပါတယ်။ အခြား Gmail account များကိုလည်း Hide လုပ်ထားနိုင်ပြီး လိုအပ်တဲ့အခါမှာ ပြန်လည် ပြသထားနိုင်ပါတယ်။



Gmail App ကို App Store မှာ Free Download ရယူ Update လုပ်နိုင်ပါပြီ.. 
ref: မိုးသိကြား
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်