Facebook Video Autoplay ကို Disable ပြုလုပ်ခြင်း

မိုဘိုင်းဖုန်းပေါ်မှ Facebook အသုံးပြုသူများနဲ့ PC ပေါ်မှ Facebook သုံးစွဲသူများ Facebook ရဲ့ Video Autoplay ကို ကြိုက်နှစ်သက်ခြင်း မရှိတဲ့အခါမှာ အဆိုပါ Autoplay Feature ကို disable ပြုလုပ်လိုတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
အဆိုပါ Video Autoplay Feature ကြောင့် Mobile Data သုံးစွဲမှုနှုန်း မြင့်တက်လာနိုင်တာကြောင့် မိုဘိုင်းဖုန်းပေါ်ကနေ Facebook သုံးစွဲသူများအနေနဲ့ Autoplay Feature ကို Disable ပြုလုပ်ချင်တယ်ဆိုရင် Facebook app ကို ဖွင့်လိုက်ပါ။ Android အသုံးပြုသူများအတွက်ကတော့ Facebook app ကို ဖွင့်ပြီးပြီဆိုရင် ညာဘက်ထောင့်နားမှာရှိတဲ့ App Menu ကို နှိပ်လိုက်ပါ။

App Menu ကို နှိပ်ပြီးရင် အောက်ဘက်ထိဆင်းပြီး Help & Settings ဆိုတဲ့နေရာထိသွားပြီး App Settings ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ App Settings ထဲကိုရောက်ပြီဆိုရင် Videos play automatically ဆိုတဲ့နေရာမှာ Off ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

iOS အသုံးပြုသူများ Videos play automatically feature ကို disable ပြုလုပ်ချင်တယ်ဆိုရင် Settings ကို နှိပ်လိုက်ပါ။ ပြီးသွားရင် အောက်ဘက်အထိဆင်းပြီး Facebook ဆိုတာကို ရွေးချယ်ပေးရပါမယ်။ Facebook ထဲကိုရောက်ပြီဆိုရင် Settings ဆိုတာကို နှိပ်လိုက်ပါ။

Settings ထဲကို ရောက်သွားပြီဆိုရင် Auto-play ဆိုတာကို ရှာဖွေလိုက်ပါ။ ပြီးသွားရင် Off ဆိုတာကို ရွေးချယ်ပြီး ထွက်လိုက်ရင် အဆိုပါ Video Autoplay တဲ့ Feature ကို Disable ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

PC အသုံးပြုသူများအတွက်ကတော့ Facebook ရဲ့ Settings ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ပြီးသွားရင် Videos ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ Auto Play Videos ဆိုတဲ့ နေရာမှာ Default ကို ရွေးချယ်ထားတယ်ဆိုရင် Off ပြုလုပ်ပေးလိုက်ပါ။ အဆိုပါ အဆင့်တွေ ပြီးပြီဆိုရင် PC ပေါ်မျာ Videos auto play feature ကို disable ပြုလုပ်ပြီးပြီ ဖြစ်ပါတယ်။

Ref: CNET

အလုပ်အကိုင်ရှာဖွေရေး App v1 Download


 အလုပ်အကိုင်ရှာဖွေရေး App
အလုပ်အကိုင်ရှာချင်တဲ့ ညီကို မောင်နှမ များအတွက် ဒီ App လေးက နေ့စဉ်တင်နေတဲ့အလုပ်ရှာဖွေရေးကြော်ငြာများကို ၂၄ နာရီ update ဖော်ပြပေးသွားမှာဖြစ် လို့အလုပ်များကိုလွယ်ကူလျှင်မြန်စွာရှာဖွေနိုင်မှာဖြစ်ပါတယ် လိုအပ်သူများအောက်မှာဒေါင်းလုပ်ကြပါ





Huawei G610-U00 imei error



အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Mobile User တွေအတွက် Offline Map အသုံးပြုဖို့ MAPS.ME-Offline Map

url

Mobile User တွေအတွက် Offline Map အသုံးပြုဖို့ MAPS.ME လို့ခေါ်တဲ့ Offline Map ကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 
Worldwide map များကို offline ကြည့်ရှုနိုင်မှာပဲဖြစ်ပြီး အဆင်ပြေပြေနဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
မိမိလိုချင်တဲ့နိုင်ငံ Map ကို Maps.Me App ကနေ Menu  မှာရွေးပေးပြီး Download ချရုံနဲ့ Routing လုပ်နိုင်မှာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက်ဆိုရင်တော့ Map.Me App ကနေ Menu ကို သွားပြီး Asia မှာ Burma ကို Download ပြုလုပ်ပေးရမှာဖြစ်ပြီး Unicode ဖြင့် မြန်မာစာ Support လုပ်ထားပါတယ်။
အသုံးပြုလိုသူများကတော့ အောက်ကလင့်မှတဆင့် App Store တွင်သွားရောက်ရယူနိုင်ပါတယ်။

appsection_bg_03




Join my Facebook & Gmail

အပြင်းပြေ သီချင်းဆိုပြီး အသံသွင်းထားချင်သူတွေအတွက် Sing! Karaoke

icon175x175

Android မှာ အပြင်းပြေ သီချင်းဆိုပြီး အသံသွင်းထားချင်သူတွေအတွက် Sing! Karaoke by Smule လို့ခေါ်တဲ့
application လေးတစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ သီချင်းဆို ၀ါသနာပါသူတွေကတော့
Download ရယူလိုက်ပါ။ အပြင်းပြေလေးပေါ့ :)

Sing-Karaoke-for-iPad-1


Download Here >>> Sing! Karaoke by Smule



Join my Facebook & Gmail

သင့်ဘဝအတွက် အထောက်အကူပြုမယ့် App တွေ

life support app

ယခုဆိုရင် လူတိုင်း မိုဘိုင်းဖုန်း ကိုင်နေကြပါပြီ။ Android လည်းဖြစ်နိုင်သလို iPhone လည်း ကိုင်ကြပါတယ်။ ဘယ်ဖုန်းပဲ ကိုင်ကိုင် သူ OS platform တိုင်းအတွက်ကတော့ App ကိုယ်စီ ရှိပြီးသားပါ။ စာဖတ်သူ အနေနဲ့ကော် မိုဘိုင်းဖုန်းမှာ ဘယ် App လေးတွေ အသုံးပြု ဖြစ်ပါသလဲ။
အမြဲလိုလို Facebook, Messenger, Viber, 360 Camera တို့လောက်ပဲ သုံးဖြစ်တယ်ဆိုရင် ဒါကို မိုဘိုင်းဖုန်းကို ဘဝ တိုးတက်ရေး အတွက် အသုံးပြုတယ်လို့ မဆိုနိုင်သေးပါဘူး။ စာရေးသူ အတွက်ကတော့ ပုံမှာ ပြထားတဲ့ App များဟာ ကိုယ့်အတွက် ဘဝတိုးတက်ဖို့ အထောက်အကူ ပြုတဲ့ App များဖြစ်ပါတယ်။ သူတို့ကို ထည့်ထားပြီး ပုံမှန်လည်း သုံးဖြစ်ပါတယ်။ တစ်ခုချင်းဆီကို မိတ်ဆက်ပေးရမယ်ဆိုရင်
Wikipedia
Wikipedia App ကနေ ကိုယ်သိချင်တာများကို ရှာဖွေပြီး လေ့လာနိုင်ပါတယ်။ စာရေးသူ ကတော့ တစ်ရက်ကို အကြောင်းအရာ တစ်ခု မဖြစ်မနေ ဖတ်ရမယ် ဆိုတဲ့ ခံယူချက်ထားရှိပြီး ပုံမှန်လည်း ဖတ်ဖြစ်ပါတယ်။ အင်တာနက် လိုင်း နည်းနည်းကောင်းရုံနဲ့ သုံးလို့ရပါတယ်။
LinkedIn
LinkedIn ကိုတော့ အကြိုက်ဆုံး App လို့ ဆိုနိုင်ပါတယ်။ သူက အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေးလို့ပါ။ သူ့ကို ဖွင့်လိုက်ပြီးရင် မိမိရဲ့ Profile ကို ဖြည့်ရပါတယ်။ CV Form ဖြည့်သလိုပဲ အကုန်ဖြည့်ရတာပါ။ ပြီးရင် တစ်ရက်ပြီး တစ်ရက် ကိုယ့်ကို ရှာသူများ ပေါ်လာပြီး အလုပ်ခေါ်ဖို့ စာတွေ ရောက်လာပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်နေကြောင်း ရေးသားထားရင် အလုပ်အတူ လုပ်ဖို့ ဆက်သွယ်သူများ ရှိလာပါလိမ့်မယ်။ အများစုက မြန်မာပြည်ကို ဝင်လာတဲ့ နိုင်ငံခြား ကုမ္ဗဏီများ ဖြစ်ပါတယ်။
Blogger
စာရေးသူက Blogger ဖြစ်တာကြောင့် Blogger app ကို အသုံးပြုပါတယ်။ သူ့ထဲမှာ စာရေး၊ ဓာတ်ပုံတင်လို့ရပါတယ်။ သူ့ကို သဘောကျတာတစ်ခုက ပုံချက်ချင်းရိုက် ချက်ချင်းတင်လို့ ရတာမျိုး ဖြစ်ပါတယ်။
HTML5
စလုံးက ကိုစေတန် ထုတ်ထားတဲ့ HTML5 စာအုပ်ကိုလည်း ဖတ်ဖြစ်ပါတယ်။ Programming ကို စလေ့လာသများအတွက် အင်မတန် အကျိုးရှိပါတယ်။
Oxford Dictionary
Oxford Dictionary မှာ ကိုယ်သိချင်တဲ့ အကြောင်းအရာ များကိုလည်း ရှာဖွေ နိုင်ပါတယ်။
Twitter
စာရေးသူ အနေနဲ့ကတော့ နိုင်ငံတကာကို target ထားတဲ့ ဝဘ်ဆိုဒ်လေးတွေ ရှိနေတာကြောင့် link တွေကို Twitter ပေါ်မှာ share ဖြစ်ပါတယ်။ Twitter ပေါ် တင်တဲ့အခါ နိုင်ငံခြားသား အများစုက twitter ပေါ်မှာ ရှိနေတာကြောင့် ကိုယ်တင်တဲ့ အကြောင်းအရာများကို ဝင်ကြည့်ကြပါတယ်။ hashtag မှာ Myanmar လို့ထည့်ထားရင် မြန်မာ အကြောင်း စိတ်ဝင်စားသူများ ရောက်လာ ပါလိမ့်မယ်။
Pages
Facebook Page Manager App ဟာလည်း စာရေးသူ အသုံးပြုလျက် ရှိပါတယ်။ လက်ရှိ မိမိ အလုပ်အတွက် ကိုင်တွယ် နေရတဲ့ Page များမှာ ဝင်လာတဲ့ Message၊ တိုးတက်မှု အခြေအနေ Insight များကို ဝင်ကြည့် ဖြစ်ပါတယ်။
HootSuite
HooSuite က All in One social media management platform ဖြစ်ပါတယ်။ သူကနေ Status တစ်ခုကို တင်ပြီး ရှိသမျှ Facebook, LinkedIn, Twitter တို့အပေါ် ရောက်အောင် ပို့နိုင်တဲ့ နေရာလေး ဖြစ်ပါတယ်။
Mashable
Mashable.com ကို သိတဲ့သူများလည်း သိကြမှာပါ။ ကမ္ဘာ့ လူဖတ် အများဆုံး ဆိုရှု ဘလော့ တစ်ခု ဖြစ်ပြီး သူ့ဆီကနေ သတင်းများ၊ ဆောင်းပါးများကို ပုံမှန် ဖတ်ဖြစ်ပါတယ်။
စာဖတ်သူများမှာ ယခုလိုပဲ Favorite ဖြစ်တဲ့ App များရှိရင် comment မှာ ရေးသားပေးခဲ့ ပါအုံး။ အစောကပြောခဲ့သလိုပဲ Facebook, Viber, Messenger, Camera 360 တို့နဲ့ အချိန်ကုန်နေမယ့် အစား အခြား ထပ်ထပ်ပြီးတော့ ဘဝအတွက် အထောက်အကူပြုတဲ့ App များကို ပို အသုံးပြုလာကြဖို့ ဆန္ဒပြု တိုက်တွန်းလိုက်ရ ပါတယ်။
.
ref: အောင်ခမ်း (MMAS)

အိမ်ခြံမြေရှာ အိမ်သတင်းပါဖတ်လို့ရမယ့် ဝဘ်ဆိုဒ်

Screen Shot 2015-04-20 at 12.25.41 AMတော်ရုံ အိမ်ခြံမြေ သို့မဟုတ် မော်တော်ယာဉ် ရှာဖွေရေး ဆိုင်ရာ App များထွက်လာတဲ့အခါ သူတို့အနေနဲ့ အသုံးပြုတဲ့သူကို တစ်နည်းတစ်ဖုံနဲ့ စွဲဆောင်ဖို့အတွက် သတင်းဆိုတဲ့ category ကို ထည့်သွင်းလာကြပါတယ်။ ယင်းကဲ့သို့ App ၁၀ ခုမှာ ၉ ခုလောက်က ယင်း News Category ကို ဖြည့်ဖို့အတွက် အခြားသော Source များမှာ သတင်းအချက်အလက် များကို Copy Paste ယူခြင်း သို့မဟုတ် RSS Feed ယူခြင်းတို့ဖြင့် တင်ကြပါတယ်။ ယခု ပုံမှာမြင်တွေ့ရတဲ့ iMyanmarHouse App ကတော့ အခြားနဲ့မတူပဲ ထူးခြားပါတယ်။ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား သတင်းအချက်အလက် နဲ့ သတင်းအချက်အလက်နဲ့ နှိုင်းယှဉ်ရင် ထပ်တူနီးပါးကျပြီး တစ်ရက်တစ်ရက်ကို အိမ်ခြံမြေ သတင်းများ ဆက်တိုက် တက်ပါတယ်။ သူတို့အနေနဲ့ အိမ်ခြံမြေ သတင်း category အတွက် News Room ထားရှိပြီး သတင်းထောက်၊ အယ်ဒီတာ၊ တည်းဖြတ်၊ ထုတ်ဝေသူများနဲ့ သေချာ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ မဂ္ဂဇင်းပါ ထွက်ရှိလာပြီး ဝဘ်ဆိုဒ်နဲ့ App မှာပါ သတင်းဘက်ကို ဇောင်းပေးပြီးတော့ ဖော်ပြထားတာ တွေ့ရ ပါတယ်။ အိမ်ခြံ ဝယ်သည်ဖြစ် မဝယ်သည်ဖြင့်၊ ရောင်းသည်ဖြစ် မရောင်းသည်ဖြင့် အိမ်ခြံမြေ သတင်း၊ ဗီဒီယို၊ ဓာတ်ပုံများ ကြည့်ရှုရန် အသုံးဝင်တဲ့ App လေးတစ်ခု ဖြစ်ပါတယ်။

ref : MMAS

မိုဘိုင်းဖုန်း အသုံးပြုသူတိုင်း သိထားရမယ့် မိုဘိုင်းဖုန်း ရေဒီယိုလှိုင်း (ဖတ်ဖြစ်အောင်ဖတ်ပါ)

radiation

ပုံကို ပြလို့ ကြောက်မသွားပါနဲ့။ ပုံကတော့ နည်းနည်းပိုပါတယ်။ ဒါပေမယ့် SAR rating လွန်ကဲတဲ့ ပစ္စည်းတွေနဲ့ နေ့စဉ်ထိတွေ့ လုပ်ကိုင်ရင်တော့ ပုံမှာ ပြထားတာထက်လည်း ဆိုးကောင်းဆိုးသွား ပါလိမ့်မယ်။ ဒီတော့ SAR အကြောင်းလေး မျှဝေပါရေစေ။
SAR ဆိုတာ ဘာလဲ
SAR ဆိုတာ Specific Absorption Rate ဖြစ်ပါတယ်။ ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ တစ်ရှုး (အသားက) က လျှပ်စစ်သံလိုက်ဓာတ်အားကို ဆွဲငင်ယူတဲ့ နှုန်းထား ဖြစ်ပါတယ်။ သူ့ရဲ့ တိုင်းတာမှုက တစ်ကီလိုဂရမ်သော တစ်ရှူးဟာ လျှပ်စစ်သံလိုက်ဓာတ်အား (Electro Magnetic Wave) လှိုင်း Watt ပမာဏ ဘယ်လောက်ထိကို ဆွဲယူ စားသုံးတယ်ဆိုတာနဲ့ ဖြစ်ပါတယ်။ ဒီတော့ အင်္ဂလိပ်လို ရေးမယ်ဆိုရင် Watt/Kilogram ပါ။
ကမ္ဘာ့ မိုဘိုင်းဖုန်း ကျန်းမာရေးနဲ့ ကော်မရှင် အဖွဲ့ အနေနဲ့ မိုဘိုင်းဖုန်းတွေအတွက် အမြင့်ဆုံး SAR ကို 1.6 လို့ သတ်မှတ်ထားပါတယ်။ အဲ့ဒီထက် SAR ပိုတဲ့ မိုဘိုင်းဖုန်းများ မထုတ်ရလို့ တားမြစ်ထားတာကြောင့် Officially register လုပ်ပြီး ကမ္ဘာ အနှံ့ဖြန့်တဲ့ ဖုန်းတွေဆိုရင်တော့ စိတ်ချစွာ အသုံးပြုနိုင် ပါတယ်။
SAR ဆိုးကျိုး
SAR များရင် ဘာဖြစ်မလဲလို့ မေးကောင်းမေးချင်ပါလိမ့်မယ်။ ဟုတ်ကဲ့။ SAR တန်ဖိုး ထောင်ဂဏန်း၊ သောင်းဂဏန်းတို့ကို ဓာတ်မှန်ရိုက်တဲ့ ဓာတ်ခွဲခန်းတွေ၊ ရေဒီိယို သတ္တိကြွ ဗုံးနဲ့ လက်နက် ထုတ်တဲ့ နေရာတွေမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်း ဖုန်းသုံးနေခြင်းဟာ မိမိရဲ့ ဦးနှောက် နဲ့ ခန္ဓာကိုယ် တစ်ရှူးစများကို Electromagnetic wave စားသုံးခွင့်ပေးထားခြင်း ဖြစ်ပါတယ်။
SAR က ဘာ အကျိုးပြုသလဲ
သူ့အနေနဲ့ ဖုန်းအားနည်းရင် radiation ပိုများသလားလို့ မေးကြပါတယ်။ အဲ့ဒါတော့ မသိပါ။ ဒါပေမယ့် ဖုန်းနဲ့ ဖုန်းလိုင်း ဆက်သွယ်ရာ တာဝါတိုင်နဲ့ ဝေးလေလေ Radtion များလေလေ ဖြစ်ပါတယ်။ SAR က ဘာကို အကျိုးပြုသလဲ ဆိုတော့ ဆက်သွယ်ရေး wave ကို ပိုလို့ သန်မာစေဖို့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရင် SAR မြင့်တဲ့ ဖုန်းတွေက နိမ့်တဲ့ဖုန်းတွေထက် များသော အားဖြင့် ဖုန်းလိုင်းဆွဲအား ကောင်းပါလိမ့်မယ်။ ဒါကြောင့်မို့ အရင်က ကီးဘုတ်ဖုန်းတွေ၊ တရုတ်ပြည်လာ ကီးဘုတ်နဲ့ အခြားသော brand လူသိနည်း ဖုန်းတွေ လိုင်းဆွဲအား ကောင်းခြင်းပါ။ ဒီတော့ SAR က 1 လို့ ဖုန်းမှာ ပါထားရင် သူ့အနေနဲ့ base station နဲ့ အရမ်းဝေးနေရင် value 1 အထိ radiation လွတ်ပြီး အဲ့ဒီထက်လွတ်ရင် လိုင်းပိုဆွဲမှာ ဖြစ်ပေမယ့် သူ့အနေနဲ့ ကျန်းမာရေးထိခိုက်မှာ ဖြစ်တာကြောင့် လိုင်း ဆွဲခွင့် မပေးတော့ ပါဘူး။ ဒါကြောင့်မို့ No Service ဖြစ်နေတာကို ဖုန်းထုတ်သူကိုပဲဖြစ်ဖြစ် ကျေးဇူးတင်ကောင်း တင်ရပါလိမ့်မယ်။
SAR ထိခိုက်မှု နည်းအောင် ရှောင်နည်း၊ သုံးနည်း
SAR rate absorption ကို head နဲ့ body ဆိုပြီးတော့ နှစ်မျိုးခွဲထားပါတယ်။ အကြောင်းကတော့ ဖုန်းပြောနေမှ မဟုတ်ပဲ ဘော်ဒီ အိတ်ကပ်တစ်ခုခုထဲ ထည့်ထားတာမျိုး၊ အိပ်ယာဘေးမှာ ထားတာမျိုးတို့ကလည်း ထိခိုက်လို့ပါ။ iPhone ဆိုရင် 5mm ခြားပြီး ဖုန်းပြောစေဖို့ အကြံပေးပါတယ်။ အကယ်၍ ထိခိုက်မှု အသက်သာဆုံး ဖြစ်ချင်တယ်ဆိုရင် နားကြပ် တပ်ပြောခြင်း သို့မဟုတ် စပီကာ ဖွင့်ပြောခြင်းတို့ လုပ်ဖို့ အကြံပေးပါတယ်။ bluetooth နားကြပ်နဲ့ ပြောမယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် bluetooth နားကြပ်ဝယ်တဲ့အခါလည်း SAR ဘယ်လောက်ရှိတယ်ဆိုတာ ဗူးမှာ သေချာ စစ်ကြည့်ပါ။ များသောအားဖြင့်ကတော့ သူက ဖုန်းတွေထက် နည်းပါတယ်။ ဒါနဲ့ SAR ဆိုတာ ဖုန်းမှာပဲ ထွက်တာ မဟုတ်ပါဘူး။ လူတို့ နေ့စဉ်သုံးတဲ့ အီလက်ထရောနစ် ပစ္စည်းတိုင်းက ထွက်ပါတယ်။ သူတို့ကလည်း ကျန်းမာရေး ဆိုင်ရာ authority အသိအမှတ်ပြု limit ကို မကျော်ပါဘူး။ မီးဖို၊ အဲကွန်း၊ တီဗီ အစရှိသဖြင့်တို့လည်း ပါဝင်ပါတယ်။
SAR အနည်းအများ စစ်နည်း
ဒီတော့ မစိုးရိမ်ပါနဲ့..။ ဖုန်းတွေ သုံးမယ်ဆိုရင် Branded တွေကို သုံးခြင်းဖြင့် SAR limit အောက်မှာ ရှိနိုင်ပါတယ်။ ဒါက အလွယ်နည်း ပြောလိုက်တာပါ။ SAR value ကို စစ်တဲ့ နည်းလမ်း ရှိပါတယ်။ USSD Code သုံးရမှာပါ။
*#07# ကို ရိုက်ပြီးတော့ ဖုန်းခေါ်ပါ။ SAR value ကို ဖော်ပြ ပါလိမ့်မယ်။ iPhone ဆိုရင် SAR Value အတွက် ဝဘ်ဆိုဒ်တစ်ခုကို ညွန်းပါလိမ့်မယ်။
ဥပမာအားဖြင့် –
iPhone 6:>> 1.59 W/kg
LG G3:>> 0.99 W/kg
LG G2:>> 1.44 W/kg
Samsung Galaxy Note 2:>> 0.42 W/kg
Samsung Galaxy Note 3:>> 1.07 W/kg
Samsung Galaxy Note 4:>> 1.20 W/kg
Samsung Galaxy S5:>> 1.28 W/kg
HTC One (M8):>> 1.29 W/kg
အသီးသီး ရှိပါတယ်။ မိုဘိုင်းကျန်းမာရေး အသိရှိစေဖို့ ရေးသား မျှဝေပေးလိုက်ရ ပါတယ်။
.
အောင်ခမ်း (MMAS)

လိုဂိုဒီဇိုင်းတွေအမျိုးမျိုးပြောင်းလဲခဲ့ကြတဲ့ နည်းပညာ ကုမ္ပဏီများ

google 2

ပြီးခဲ့တဲ့ နှစ်ရက်က Google ရဲ့ လိုဂိုဒီဇိုင်းပြောင်းလဲမှုအပေါ်လူအများက စိတ်ဝင်စားမှု ရှိခဲ့ကြပါတယ်။ တကယ်တော့ Google ရဲ့ လိုဂိုဒီဇိုင်းပြောင်းလဲခြင်းဟာ ဆန်းကျယ်မှုတစ်ခုမဟုတ်တာတော့ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ထဲမှာပဲ Google အပြင် အခြား နည်းပညာနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကုမ္ပဏီအများစုဟာ သူတို့ရဲ့ လိုဂိုဒီဇိုင်းကိုပြောင်းလဲခဲ့ကြလို့ပါပဲ။ ဒါကိုသတိမထားမိတဲ့ End User တွေအတွက်တော့ Google ရဲ့ ပြောင်းလဲမှုဟာ အရမ်းကိုအသစ်အဆန်းဖြစ်နေလေရဲ့။

ဒီနှစ်ထဲမှာပဲ Google မတိုင်ခင် လိုဂိုဒီဇိုင်း အပြောင်းအလဲပြုလုပ်ထားတဲ့ ကုမ္ပဏီတွေထဲမှာ ကမ္ဘာ့လူသုံးအများဆုံး social media website တစ်ခုဖြစ်တဲ့ Facebook လို ကုမ္ပဏီကြီးတစ်ခုလည်း ပါဝင်နေပါသေးတယ်။ ဒါ့အပြင် အခြားသော နည်းပညာနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကလည်း ရှိပါသေးတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ လအနည်းငယ်လောက်က လိုဂိုဒီဇိုင်းအပြောင်းအလဲပြုလုပ်ခဲ့တဲ့ ကုမ္ပဏီ ၉ ခုနဲ့ Google တို့ရဲ့ အသစ်ပြောင်းလဲလိုက်တဲ့ ဒီဇိုင်းတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
1. Quora : Quora ဟာ မိမိသိလိုသမျှကို မေးမြန်းနိုင်တဲ့ Website တစ်ခုဖြစ်ပြီး ၊  မိမိမေးခွန်းကို သိတဲ့လူများက ပြန်လည်ဖြေကြားပေးသွားမဲ့ Website တစ်ခုဖြစ်ပါတယ်။
quora 1quora 2
2. Flipkart : အိန္ဒိယနိုင်ငံရဲ့ အွန်လိုင်း ရှော့ပင်း ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။
flipmart 1flipmart 2
3. Oculus : Virtual-reality ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
oculus 1oculus 2
4. Lenovo : အိုင်တီပစ္စည်းတွေကိုထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
lenovo 1lenovo 2
5. Quirky : Management Tools Software တစ်ခုဖြစပါတယ်။
quirky 1quirky 2
6. Facebook : ကမ္ဘာ့လူဦးရေရဲ့ ၁ ဘီလီယံ လောက် နေ့စဉ်အသုံးပြုနေကြတဲ့ Social Media Website တစ်ခုဖြစ်ပါတယ်။
facebook 1facebook 2
7. SutpHub : အွန်လိုင်းကနေ လက်မှတ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
stubhub 1stubhub 2
8. Luxe : ကားပါကင်ထိုးတဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
luxe 1luxe 2
9. FunKeeper : ကိုယ်ကာယ လေ့ကျင့်ရေး Application တစ်ခုဖြစ်ပါတယ်။
runkeeper 1runkeeper 2
10 . Google : ကမ္ဘာ့လူသုံးအများဆုံး ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်တဲ့အပြင် ကမ္ဘာ့လူသုံးအများဆုံး Search Engine တစ်ခုဖြစ်ပါတယ်။
google 1google 2
Ref : Business Insider
Aung Ko Htet (MMA)
#aungkohtet_mma

Android ဖုန်းတစ်လုံးကို ဘယ်လိုပေါ့အောင်သုံးကြမလဲ။

maxresdefault

ကျတော်တို့ Android ဖုန်းအသုံးပြုသူတွေ ကိုယ့်ဖုန်းကိုဘယ်လို ပေါ့ပေါ့ပါးပါးဖြစ်အောင်အသုံးပြုနေကြပါသလဲ။

ကျတော့် အမြင်ကိုပြောပြချင်ပါတယ်။ Android ဖုန်းတစ်လုံးပေါ့ပါးနေစေအောင် အဓိကကတော့ Storage အပိုင်းပါပဲ။
ကျတော်တို့ နေ့တိုင်းအသုံးပြုနေတဲ့ Application တွေပာာ တစ်ရက်ထက်တစ်ရက် data တွေတက်လာပါတယ်။
ဥပမာပြောရရင် ကျတော်တို့ Facebook အသုံးပြုကြတယ်ပေါ့။ Facebook ကို Computer နဲ့ phone နဲ့ သုံးတာမတူပါဘူး။
Computer ကနေသုံးကြတဲ့အခါ တစ်ခါသုံးပြီးရင် တစ်ခါ Log-out လုပ်ကြပါတယ်။ ဒါပေမဲ့ ကျတော်တို့ phone ကနေသုံးကြတဲ့အခါ
Log-out မလုပ်မိကြပါဘူး။ ဒီလိုဆို တစ်နေ့သုံးလိုက်တဲ့ data ပာာတက်လာပါတယ်။ တစ်နေ့ထက်တစ်နေ့ဆို data တွေပာာ
တဖြည်းဖြည်းများလာရင် storage ပိုင်းမှာ တက်လာပါတယ်။ ခုခေတ်ကြီးမှာတော့ Facebook တစ်ခုထဲမှမပာုတ်ပါဘူး
Viber , Skype , Tango စတဲ့ Application တွေကအစများပြားလာပါတယ်။ ဒီလိုဆိုတော့ တစ်နေ့ထက်တစ်နေ့ အသုံးပြုတဲ့
data များလာသလို Storage ပိုင်းမှာလဲ ပြည့်လာပါမယ်။ ဒါကြောင့် ဖုန်းတစ်လုံးပေါ့ပါးစွာ အသုံးပြုနိုင်ရန်အတွက်
Storage ပိုင်းကို စစ်ဆေးနေသင့်ပါတယ်။ Application က data တွေကိုတော့ ကျတော်တို့ Setting >>> Manage application ထဲကနေ
ဝင်ပြီး ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ Application တွေကို Clear data လုပ်ပေးနေမယ်ဆိုရင်တော့ သင့်ဖုန်းပာာ
အမြဲတမ်းပေါ့ပါးနေစေပါမယ်။ တစ်ချို့က ကိုယ့် account ကိုနှမြောလို့ မလုပ်ချင်ကြတာတွေဖြစ်တက်ပါတယ်။
အဲလိုကျရင်တော့ ကျတော်တို့ phone နံပါတ်တွေနဲ့ activate လုပ်ရတဲ့ application တွေဆို မလုပ်ချင်လဲရပါတယ်။
Account နဲ့ ပြန်ဝင်နိုင်တဲ့ application တွေကိုတော့ clear data လုပ်ပြီးအသုံးပြုစေချင်ပါတယ်။ နောက်ဆုံးအခြေအနေမှာဆိုရင်
ကျတော်တို့ ဖုန်းတစ်လုံးလုံး လေးလံပြီး Touch ပါမရွှေ့နိုင်တော့တဲ့ အခြေအနေကို ကြုံတက်ကြပါတယ်။ ဒီလိုဆိုရင်တော့
reset ချရန်ထိလိုအပ်လာတက်ပါတယ်။ ဒီလိုခြေနေမှာဆိုရင် ဘာကိုမှ Backup လုပ်လို့မရတော့တဲ့အခြေအနေထိပါဖြစ်တက်ပါတယ်။
အဲဒီလိုဖြစ်ရင် အရေးကြီးတာတော့ Contact & Photo ပေါ့။ ဒါကြောင့် အရေးကြီးမယ်ထင်တဲ့ data တွေကိုတော့ ကျတော်တို့
တစ်နေ့ပြီးတစ်နေ့ Backup လုပ်ထားဖို့ပါ သတိပေးချင်ပါတယ်။

Remark >>> Interal များများအသုံးပြုလို့ရတဲ့ Phone တွေဆိုရင်တော့ မပြောလိုပါ။ Internal များများမပါတဲ့ Phone တွေကိုကိုင်ဆောင်
                    သူတွေအတွက် ကိုယ်တွေ့လေးကို တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ အမှားပါရင်တော့ ခွင့်လွှတ်ပေးစေချင်ပါတယ်။



ဖုန်း တုန်ခါမှုက ပုရွတ်ဆိတ်တွေကို လုပ်ဆောင်ချက်ပြောင်းစေ

iphone ring

ဖုန်းတုန် ခေါ်ဆို လိုက်တဲ့အခါ တုန်ခါသွားပြီး ယင်း တုန်ခါမှုကြောင့် ဘေးပတ်ပတ်လည်မှာ ရှိတဲ့ ပုရွတ်ဆိတ်များဟာ စက်ဝိုင်း ပုံစံ လည်ပတ်ကြ ပါတယ်။ ယင်း ပုံစံ တည်ဆောက်ဖွဲ့မှုကို Ants Mill သို့မဟုတ် death spirals လို့ခေါ်ပါတယ်။ သူတို့ဟာ မသေမချင်း ယင်းကဲ့သို့ အဝိုင်းပုံစံ လည်ပြီး မိမိကိုယ်ကို အဆုံးစီရင်ကြခြင်း ဖြစ်ပါတယ်။ ထူးဆန်းပါတယ်။
တောမှာ ပေါက်ဖွားတဲ့ ပုရွတ်ဆိတ်အများစုမှာသာ မြင်တွေ့ရတဲ့ အလေ့အထ တစ်ခုက မဆုံးနိုင်သော စက်ဝိုင်ပုံစံ လည်ပတ်သွားလာခြင်း ဖြစ်ပါတယ်။ ယင်းဟာ ၎င်းတို့ရဲ့ ခေါင်းဆောင်က ခွဲထွက်တဲ့အခါ သို့မဟုတ် သူတို့ရဲ့ အသိုက်အဝန်းဆီကို အခြား ရန်သူ ပုရွတ်ဆိတ်တွေ ရောက်လာတဲ့အခါကျရင် သုံးပါတယ်။ တိုက်ခိုက်ခြင်း နည်းဗျူဟာတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယင်း တိုက်ခိုက်မှုက သူတို့ကို သေစေ ပါတယ်။ ပင်ပန်းပြီး ဘာမှ မလုပ်နိုင်တော့တဲ့အထိ အဝိုင်းပုံစံ လှုပ်ရှားသွားလာပြီး နောက်ဆုံးတော့ တစ်ကောင်ပေါ် တစ်ကောင်ပိ၊ အားလုံး ပင်ပန်းပြီးတော့ သေဆုံးသွားကြ ပါတယ်။
ယခု ဖုန်းကို ပုရွတ်ဆိတ် အနေများတဲ့ နေရာမှာ သွားချထားပြီး ဖုန်ခေါ်တဲ့အခါ ပုရွတ်ဆိတ်များဟာ အလိုအလျောက် အဝိုင်းပုံစံ ပြုလုပ်ပါတယ်။ ယင်း ပြုလုပ်မှုဟာ တိုက်ခိုက်မှုလည်း ဖြစ်သလို၊ ခေါင်းဆောင်တစ်ကောင်ရဲ့ စေခိုင်းမှုကြောင့်လည်း သက်ဆိုင် ပါတယ်။ ယင်း အချိန်မှာ သူတို့ရဲ့ လုပ်ဆောင်ချက်ဟာ ပြောင်းလဲသွားခြင်း ဖြစ်ပါတယ်။
ဒီတော့ တွေ့ရှိချက်က ဖုန်းကနေထွက်တဲ့ အလက်ထရိုမဂ္ဂနတစ်လှိုင်း (လျှပ်စစ်သံလိုက်စက်ကွင်းလှိုင်း) ဟာ ပုရွတ်ဆိတ်တွေကို ထိန်းချုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ လှိုင်း အနိမ့်အမြင့်၊ မစ်ဂါဟက်စ် အနည်းအများကို ချိန်ဆပြီးတော့ သူတို့ကို ထိန်းချုပ်နိုင်ခြင်း ဖြစ်ပါတယ်။ ဖုန်းရဲ့ ဓာတ်လှိုင်းတွေကြောင့် ပျားများဟာ လမ်းပျောက်တယ်ဆိုတာလည်း တကယ်ပါ။ ဒီတော့ တစ်လောလေးတင် ရုံတင်သွားတဲ့ Ant Man ဆိုတဲ့ ရုပ်ရှင်ထဲကလို တစ်နေ့မှာ ပုရွတ်ဆိတ်တွေကို ထိန်းချုပ်ပြီး အသုံးချလို့ရမလားဆိုတာ စဉ်းစားစရာပါ။ ဒါပေမယ့် သူတို့အတွက်တော့ မကောင်းပါဘူး။
ဗီဒီယိုကို https://youtu.be/GFX7mRl7xDs မှာ ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (MMA)

Monster iPad လို့ အမည်တွင်စေတဲ့ iPad Pro

ipadpro5

iPad Pro ကို Apple Fan များဟာ တစ်ညတည်းမှာပဲ Monste iPad လို့ အမည်ပေးပြီးတော့ troll ကြပါတော့တယ်။ ၁၂.၉ လက်မ အရွယ် iPad အကြီးစား ဖြစ်ပြီး လက်ရှိ ဈေးကွက်ထဲက PC တွေထပ် ၇၀ ရာခိုင်နှုန်းအထပ် ပိုမို မြန်ဆန်ခြင်း၊ Graphic နှစ်ဆ ပိုမို မက မြန်ဆန်ခြင်းတို့ဖြင့် marketing လုပ်ထား ပါတယ်။
နောက်ထပ် ထူးခြားချက်က Stylus Pen ကို ထည့်သွင်းပါဝင်စေမှု ဖြစ်ပြီး သူ့ကို ဝယ်မယ်ဆိုရင် ကန်ဒေါ်လာ ၁၀၀ လောက် ထပ်ကုန် ပါမယ်။ စတိဗ်ဂျော့ အနေနဲ့ တစ်ချိန်တုန်းက Stylus Pen ကို မလိုချင်ကြောင်း တရားဝင် ပြောဆိုခဲ့ဖူးပြီး ယင်း Pen ကို မုန်းသူတစ်ယောက် အဖြစ်လည်း သတ်မှတ်ထားကြ ပါတယ်။ Stylus Pen ကို Samsung Galaxy Note စီးရီးမှာ စတင်ပါဝင် ခဲ့ပြီး နောက်ပိုင်း Pen ကို အသုံးပြုတဲ့ ဖုန်းများ, Tablet များ ခေတ်စားလာခဲ့ ပါတယ်။ iPad Pro ကို Pen အသုံးပြုခြင်းဖြင့် Art သမားတွေအတွက် ကောင်းကျိုးပေးပေမယ့် သူ့ကို မကြိုက်တဲ့ သူများကတော့ troll လုပ်ကြ ပါတယ်။
ဒါဟာလည်း အသစ်တစ်ခု မိတ်ဆက်တိုင်း ပုံစံတစ်ခုပြောင်းတိုင်း လူတွေရဲ့ ဖြစ်တတ် ပြုမူတတ်တဲ့ သဘာဝပဲ ဖြစ်ပါတယ်။ တကယ်တန်း ကျတော့ ၁၂.၉ လက်မ အရွယ် iPad ကို လူချင်သူတွေလည်း ရှိပါတယ်။ အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာကနေ စတင်ရောင်းချပြီး ရောင်းအားကောင်းမယ့် ပစ္စည်း တစ်ခုအဖြစ်လည်း ပညာရှင်များက သုံးသပ်ထား ပါတယ်။ လက်ရှိ အင်တာနက် တစ်လွှားက troll လုပ်ထားတဲ့ ပုံများက ခတ္တ ဟာဒယရွှင်ဆေးတော့ ဖြစ်စေ ပါလိမ့်မယ်။
.
Ref: dailymail
အောင်ခမ်း (MMA)