နည်းပညာဖွံ့ဖြိုးမှုကြောင့် သက်ကြီးရွယ်အိုများ ဥာဏ်ရည်ပိုမိုမြင့်တက်လာ

technology
လူဆိုတာ အသက်ရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်တွေ တစ်ဖြည်းဖြည်း လျော့ကျလာကြပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေဟာ တစ်ဖြည်းဖြည်းနဲ့ အားငယ်မှုတွေဖြစ်လာသလို အထီးကျန်ခြင်းတွေကို ခံစားလာကြရပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ သက်ကြီးရွယ်အိုတွေအတွက် သမိုင်းတစ်လျှောက် အကောင်းဆုံး လေ့လာတွေ့ရှိချက်တစ်ခုကိုတွေ့ရှိလာခဲ့ပါတယ်။ အဲ့ဒါကတော့ ယနေ့ခေတ် အသက် ငါးဆယ်နောက်ပိုင်း သက်ကြီးရွယ်အိုတွေဟာ နည်းပညာ ပစ္စည်းများကို အသုံးပြုရင်းဖြင့်  ဥာဏ်ရည်ပိုမိုမြှင့်မားလာတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
အပြင် ရုပ်ခန္ဓာကိုယ်အစိတ်အပိုင်းများကတော့ အသက်ရွယ်ကြီးမြှင့်လာမှုကြောင့် ကြံ့ခိုင်ပြည့်ဝမှုတွေဆုတ်ယုတ်လာပေမဲ့ ဥာဏ်ရည်မြင့်မားမှုတွေဟာ အရင်ကထက် ပိုမိုတိုးတက်လာပါတယ်။ နည်းပညာနဲ့ ဆက်စပ်ပစ္စည်းများကြောင့် သက်ကြီးရွယ်အိုတွေရဲ့ ပညာအရည်အချင်း မြင့်မားမှုတွေကိုလည်း တွေ့ရှိလာခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်များအရတော့ အသက်ကြီးပိုင်း အမျိုးသမီးအများစုဟာ နည်းပညာပစ္စည်းများကို အသုံးပြုမှုကြောင့် ခြောက်နှစ်အတွင်းသိသိသာသာ ဥာဏ်ရည်မြင့်မားမှုပြောင်းလဲလာခဲ့ပါတယ်။ သူတို့ရဲ့ ဥာဏ်ရည်မြင့်မားမှုဟာ အသက်ရှစ်နှစ်မရောက်ခင် ကလေးငယ်များရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုနှုန်းနဲ့ တူညီနေပါတယ်။
ဒါကြောင့် သက်ကြီးရွယ်အိုတွေကို နည်းပညာပစ္စည်းတွေ အသုံးပြုစေခြင်းဟာ ကောင်းမွန်တဲ့ ရလဒ်တစ်ခုကိုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် နည်းပညာ ပစ္စည်းများကို အသုံးပြုစေခြင်းဖြင့် သက်ကြီးရွယ်အိုတို့ရဲ့ ဥာဏ်ရည်မြင့်မားခြင်းနဲ့အတူတူ အခြား လူမှု ဆက်ဆံရေးတွေကိုပါ မြှင့်မားလာစေမှာဖြစ်ပါတယ်။
Ref : dailymail
Aung Ko Htet (MMA)
#aungkohtet_mma