Monster iPad လို့ အမည်တွင်စေတဲ့ iPad Pro

ipadpro5

iPad Pro ကို Apple Fan များဟာ တစ်ညတည်းမှာပဲ Monste iPad လို့ အမည်ပေးပြီးတော့ troll ကြပါတော့တယ်။ ၁၂.၉ လက်မ အရွယ် iPad အကြီးစား ဖြစ်ပြီး လက်ရှိ ဈေးကွက်ထဲက PC တွေထပ် ၇၀ ရာခိုင်နှုန်းအထပ် ပိုမို မြန်ဆန်ခြင်း၊ Graphic နှစ်ဆ ပိုမို မက မြန်ဆန်ခြင်းတို့ဖြင့် marketing လုပ်ထား ပါတယ်။
နောက်ထပ် ထူးခြားချက်က Stylus Pen ကို ထည့်သွင်းပါဝင်စေမှု ဖြစ်ပြီး သူ့ကို ဝယ်မယ်ဆိုရင် ကန်ဒေါ်လာ ၁၀၀ လောက် ထပ်ကုန် ပါမယ်။ စတိဗ်ဂျော့ အနေနဲ့ တစ်ချိန်တုန်းက Stylus Pen ကို မလိုချင်ကြောင်း တရားဝင် ပြောဆိုခဲ့ဖူးပြီး ယင်း Pen ကို မုန်းသူတစ်ယောက် အဖြစ်လည်း သတ်မှတ်ထားကြ ပါတယ်။ Stylus Pen ကို Samsung Galaxy Note စီးရီးမှာ စတင်ပါဝင် ခဲ့ပြီး နောက်ပိုင်း Pen ကို အသုံးပြုတဲ့ ဖုန်းများ, Tablet များ ခေတ်စားလာခဲ့ ပါတယ်။ iPad Pro ကို Pen အသုံးပြုခြင်းဖြင့် Art သမားတွေအတွက် ကောင်းကျိုးပေးပေမယ့် သူ့ကို မကြိုက်တဲ့ သူများကတော့ troll လုပ်ကြ ပါတယ်။
ဒါဟာလည်း အသစ်တစ်ခု မိတ်ဆက်တိုင်း ပုံစံတစ်ခုပြောင်းတိုင်း လူတွေရဲ့ ဖြစ်တတ် ပြုမူတတ်တဲ့ သဘာဝပဲ ဖြစ်ပါတယ်။ တကယ်တန်း ကျတော့ ၁၂.၉ လက်မ အရွယ် iPad ကို လူချင်သူတွေလည်း ရှိပါတယ်။ အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာကနေ စတင်ရောင်းချပြီး ရောင်းအားကောင်းမယ့် ပစ္စည်း တစ်ခုအဖြစ်လည်း ပညာရှင်များက သုံးသပ်ထား ပါတယ်။ လက်ရှိ အင်တာနက် တစ်လွှားက troll လုပ်ထားတဲ့ ပုံများက ခတ္တ ဟာဒယရွှင်ဆေးတော့ ဖြစ်စေ ပါလိမ့်မယ်။
.
Ref: dailymail
အောင်ခမ်း (MMA)