သင့်ကွန်ပျူ တာမှ ဖိုင်များကို ခြေရာခံမရအောင် ဖျောက်ဖျက်နည်းများ

 
သင့်ကွန်ပျူတာမှာ ဖိုင်တစ်ခုကို ခြေရာခံမရအောင် ဖျောက်ဖျက်ချင်ရင်တော့ သမားရိုးကျနည်းဖြစ်တဲ့ ဖိုင်ကို Drag ဆွဲပြီး အမှိုက်ပုံးထဲထည့်ရုံနဲ့ မရပါဘူး။

သင့်ကွန်ပျူ တာက အမှိုက်ပုံးဟာ Desktopပေါ်ကနေသာ ဖိုင်တစ်ခုကို ရှင်းလင်းပေးတာပါ။ အမှိုက်ပုံးထဲက ဖိုင်တွေကို ရှင်းလင်းလိုက်ရင်တောင် အဲဒီဖိုင်ကို ဖျက်ပေးတာမဟုတ်ဘဲ ဖိုင်သိမ်းထားတဲ့ လမ်းကြောင်းကိုသာ ဖျက်ပေးတာပါ။ ဖိုင်ဟာ သင့် Hard Driveထဲမှာ ရှိနေတုန်းပါပဲ။ ပြန်လည်ရယူဖို့ ခက်ခဲပေမယ့် ရယူနိုင်တဲ့ ဆော့ဝဲတွေရှိနေပါတယ်။

ဖိုင်တစ်ခုကို ပြန်ရှာမရအောင် ဖျက်ချင်ရင်တော့ လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေရှိနေပါတယ်။ အဲဒီဆော့ဝဲတွေက အပြီးတိုင်ဖျက်ချင်တဲ့ဖိုင်ရဲ့ ဒေတာတွေကို အခြားဒေတာတွေနဲ့ Overwriteလုပ်လိုက်တာပါ။


Eraserက ဝင်းဒိုးကွန်ပျူတာက ဖိုင်တွေကို ရှာဖွေပေးပြီး ဖိုင်ရဲ့ လမ်းကြောင်းကို မဖျက်ခင် တစ်နည်းအားဖြင့် ဖိုင်ကို မဖျက်ခင်မှာ သူ့ရဲ့ ဒေတာတွေကို အခြားဒေတာတွေနဲ့ အစားထိုးလိုက်တာပါ။ Eraserကို အင်စတော လုပ်ပြီးတာနဲ့ ဖျက်ချင်တဲ့ ဖိုင်အပေါ်မှာ Right-Clickနှိပ်ပြီး Eraser Iconကို နှိပ်ပါ။ ပြီးရင် Eraseကို နှိပ်ပါ။

ဖျက်ချင်တဲ့ဖိုင်ကို ဘယ်နှစ်ခါ Overwriteလုပ်မလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ အကြိမ် ၂၀ ဆိုရင်တော့ စိတ်ချရပါတယ်။ ဒါပေမယ့်လည်း ၂ ကြိမ်၊ ၃ ကြိမ်နဲ့လည်း အလုပ်ဖြစ်ပါတယ်။

ဖိုင်ကို Overwriteလုပ်ပြီးတာနဲ့ ခြေရာခံ ပြန်ရှာလို့ မရတော့တာကို သတိပြုပါ။ အမှိုက်ပုံးထဲက ဖိုင်တွေကို Eraserကို ဖျက်ခိုင်းဖို့နဲ့ အချိန်သတ်မှတ်ပြီး အလိုအလျှောက်ဖျက်ဆီးဖို့ ခိုင်းစေနိုင်ပါတယ်။


ဖိုင်တွေကို သာမာန်အတိုင်းဖျက်ဆီးပြီးပြီ ဆိုရင် ဒါမှမဟုတ် ကွန်ပျူတာထဲမှာ အစဖော်မရအောင် ဖျက်ချင်တဲ့ ဖိုင်တွေရှိရင် CCleanerကို အခမဲ့သုံးနိုင်ပါတယ်။

CCleanerက အမှိုက်ပုံး၊ ဘရောက်စာ ၊ ဖိုဒါ စတဲ့ သင့်ကွန်ပျူတာမှ Appsတွေနဲ့ သီးခြားနေရာများမှဖိုင်တွေကို ဖျက်ဆီးပေးနိုင်ပါတယ်။ ဖျက်လိုက်တဲ့ ဖိုင်တွေရဲ့ ဒေတာတွေကို ရှင်းထုတ်ပြီး နေရာလွတ်အဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။

Eraserလိုပဲ CCleanerကလည်း Overwriteဘယ်နှစ်ကြိမ်လုပ်မလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ ပြီးရင်တော့ နေရာလွတ်များရရှိပြီး အသုံးပြုနိုင်ပါပြီ။


Apple Computerမှာ ဖိုင်တွေကို အပြီးတိုင်ဖျက်ဖို့တော့ အခြား ဆော့ဝဲတွေမလိုအပ်ပါဘူး။ ဖိုင်ကို Drag ဆွဲပြီး အမှိုက်ပုံးထဲထည့်လိုက်တာနဲ့ အပြီးတိုင် ဖျက်ပေးမှာပါ။ ပြီးရင် Finder>Secure Empty Trashကို နှိပ်လိုက်ရုံပါပဲ။ Hard Driveတစ်ခုလုံးကို စိတ်ချလက်ချဖျက်ချင်ရင် Disk Utility Appကို ဖွင့်ပြီး Eraseကို နှိပ်ပါ။ ပြီးရင် Security Optionsကို နှိပ်ပါ။

ဒီဖြစ်စဉ်ကို လျှင်မြန်ချင်ရင်တော့ FileShredder ကို ၃.၃၉ ဒေါ်လာနဲ့ ဝယ်ယူအသုံးပြုပါ။ ဖိုင်ကို Dragဆွဲပြီး အမှိုက်ပုံးထဲထည့်ရမယ့် အစား Appကို သုံးပြီး Overwriteနဲ့ Deleteလုပ်နိုင်ပါတယ်။

ဖိုင်ကို ဘယ်နှစ်ခါ Overwriteလုပ်မလဲဆိုတာကို စဉ်းစားစရာမလိုဘဲ FileShredderက ဖျက်ရမယ့်ဖိုင်ဟာ ဘယ်နှစ်ကြိမ် Overwriteလုပ်ရမလဲ ဆိုတာသူ့ဘာသာ ဆုံးဖြတ်နိုင်ပါတယ်။
 
 ref:http://ict.com.mm
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

သင့် ကွန်ပျူ တာကို လျှင်မြန်စေမယ့် နည်းလမ်း ၁၁ ခု

ကွန်ပျူတာတွေဟာ အသုံးပြုတာ ကြာလာတာနဲ့ အမျှ လေးလံလာတဲ့ နာမည်ဆိုးရှိပါတယ်။ ဒါပေမယ့် ကွန်ပျူ တာကို ပြန်လည် လျှင်မြန်စေမယ့် နည်းလမ်းများရှိပါတယ်။

Settingsပြောင်းလဲမှု အနည်းငယ်ကနေ RAMထပ်စိုက်နိုင်တဲ့ နည်းလမ်းများအထိ လူတိုင်းပြုလုပ်နိုင်တဲ့ နည်လမ်းများ ဖြစ်ပါတယ်။

ကွန်ပျူ တာလေးလံလာလို့ အသစ် မဝယ်ခင်မှာ ဒီနည်းလမ်းများကို စမ်းသပ်ကြည့်သင့်ပါတယ်။

ရှင်းလင်းရေး Program များကို မကြာခဏ အသုံးပြုပါ။

CCleaner ဟာ Applicationsများစွာရဲ့ Temporary Filesများနဲ့ Cachesများကို ရှာဖွေ ရှင်းလင်းပေးနိုင်တဲ့ အလွန်ကောင်းတဲ့ Appဖြစ်ပါတယ်။ CCleanerကို ဒီလင့် မှာအခမဲ့ ရယူနိုင်ပါတယ်။2
မလိုအပ်တဲ့ Visual Effectsများနဲ့ Animationsများကို ဖယ်ရှားပါ။

ဟုတ်ပါတယ်။ Visual Effectများနဲ့ Animationများဟာ သင့်ကွန်ပျူတာကို မျက်စိပသာဒ ဖြစ်စေပေမယ့် လေးလံစေပါတယ်။

Windows 7မှာ စွမ်းအင် အရင်းအမြစ်များစွာကို စားသုံးနေတဲ့ Aero Themeကို Disableလုပ်သင့်ပါတယ်။ Desktopပေါ်မှာ Right Clickနှိပ်ပြီး Personalizeကို နှိပ်ပါ။ Windows Color ကို နှိပ်ပြီး Enable Transparency မှာ အမှန်ခြစ်ဖြုတ်ပေးပါ။3
Antivirus Softwareကို Updateပြုလုပ်ပြီး အသုံးပြုပါ။

Virusesများနဲ့ Malwareများဟာ သင့်ကွန်ပျူ တာကို အချိန်တိုအတွင်းမှာ လေးလံစေပါတယ်။ အဲဒီအတွက် ဒါကို တားဆီးဖို့ကို ဦးစားပေးအနေနဲ့ ပြုလုပ်တာ အကောင်းဆုံးပါ။ သင်ဟာ Virusတွေလို စိတ်ရှုပ်စရာကောင်းတဲ့ Notificationများကို အဆက်မပြတ်ပြသနေတဲ့ အခမဲ့ Antivirusများကို အသုံးပြုနေတယ်ဆိုရင် Uninstallလုပ်ပြီး ကြော်ညာများ ထည့်သွင်းထားခြင်းမရှိတဲ့ Microsoft Security Essentials Antivirus Softwareကို ပြောင်းသုံးသင့်ပါတယ်။ Windows 8ကနေ စပြီး Microsoft Security Essentilsဟာ နဂိုပါရှိလာပါတယ်။ သူ့အရင် Windows OSများမှာတော့ MSEကို သုံးချင်ရင် ဒီလင့်ကနေ ရယူပါ။
နေ့စဉ် Quick Scanလုပ်ဖို့နဲ့ အပတ်စဉ် Full Scanလုပ်ဖို့ Scheduleလုပ်ထားရင် အလုပ်ရှုပ်သက်သာစေမှာပါ။4
အလုပ်များစွာ တစ်ပြိုင်နက် လုပ်နိုင်ဖို့ RAMများ ထပ်ဖြည့်ပါ။
RAM or Random Access Memoryဟာ ဈေးသက်သာပြီး လေးလံနေတဲ့ သင့်ကွန်ပျူတာကို အသစ်အတိုင်း ပြန်လည် ဖြစ်စေနိုင်ပါတယ်။

သင့်ကွန်ပျူတာဟာ ဘယ်လို RAM အမျိုးအစားလိုအပ်သလဲဆိုတာ သိနိုင်ဖို့ Neweggမှ Memory Finder ဆိုတဲ့ Toolကို သုံးနိုင်ပါတယ်။ ပြီးရင်တော့ သင်ကိုယ်တိုင် ကွန်ပျူတာမှာ RAMကို တပ်ဆင်နိုင်သလို ကွန်ပျူတာ ကျွမ်းကျင်သူကို Motherboardမှာ တပ်ဆင်ခိုင်းနိုင်ပါတယ်။ ဒါဟာ အလွန်လွယ်ကူပြီး ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ DIY or Do It Your Self နည်းလမ်းပါ။
5
Solid State Drive(SSD)ကို ပြောင်းလဲအသုံးပြုပါ။
သင့်ကွန်ပျူတာကို လျှင်မြန်စေဖို့ လွယ်ကူတဲ့ နည်းလမ်းက Hard Driveကို အဆင့်မြှင့်တာ ဖြစ်ပါတယ်။ သမားရိုးကျ Hard Drive(HDD)နဲ့ အသစ်ဖြစ်တဲ့ Solid State Drive (SSD)ဆိုပြီး နှစ်မျိုးရှိပါတယ်။ သမားရိုးကျ Hard Driveများဟာ ဈေးသက်သာပြီး လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေပါရှိပါတယ်။ SSDတွေမှာ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေ မပါဘဲ Flash Memoryကို အခြေပြုထားပါတယ်။ သူတို့ဟာ အခုအချိန်မှာတော့ ပိုမို ဈေးသက်သာလာပါပြီ။ SSDကို သုံးရင် ကွန်ပျူတာဖွင့်ရင် လျှင်မြန်စေသလို Programသုံးရာမှာလည်း လျှင်မြန်စေမှာပါ။
6
ကွန်ပျူတာ စဖွင့်ချိန်မှာ Run တဲ့ Appsများကို လျှော့ချပါ။

ကွန်ပျူ တာ စဖွင့်ချိန်မှာ အချိန်အတော်ကြာ စောင့်နေရတာက စိတ်ညစ်စရာပါ။ အဲဒီအတွက် ကွန်ပျူတာ စဖွင့်ချိန်မှာ အလိုအလျှောက် Runတဲ့ Appsများကို လျှော့ချသင့်ပါတယ်။

အဲဒီ Appsများကို တွေ့နိုင်ဖို့ Start Menuကို နှိပ်ပြီး Msconfigကို ရှာပြီး ဖွင့်ပါ။ Startup Tabမှာ ကွန်ပျူတာ စဖွင့်ချိန်မှာ မလိုအပ်တဲ့ Appsများကို Uncheckလုပ်နိုင်ပါတယ်။
မှတ်ချက်။ လိုအပ်တဲ့ Programလားဆိုတာ Googleကနေ အရင် မလေ့လာဘဲ Deleteပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။7
စွမ်းအင် အရင်းအမြစ်များကို အလွန်အကျွံစားသုံးတဲ့ Processများကို ရှာဖွေပါ။
သင့်ကွန်ပျူ တာမှာ Processများစွာ တစ်ပြိုင်နက်တည်းမှာ လည်ပတ်နေပါတယ်။ အဲဒီ Processများထဲမှာ မလိုအပ်ဘဲ ကွန်ပျူတာကို လေးလံစေတဲ့ Processများလည်း ပါရှိပါတယ်။

Windowsမှာ Taskbarကို Right Clickနှိပ်ပြီး Start Task Managerကို နှိပ်ပါ။ RAM သို့မဟုတ် Processing Power ကို လွန်စွာ စားသုံးနေတဲ့ သင်မကြားဖူးတဲ့ Processများကို တွေ့ရင် Google မှာလေ့လာပါ။ မတွေ့ရင်တော့ မလိုအပ်တဲ့ Processဖြစ်နိုင်ပြီး End Processကို နှိပ်ပြီး ရပ်တန့်ပစ်နိုင်ပါတယ်။
8
Viruses or Malware တိုက်ခိုက်ခံရရင် ဝင်းဒိုးကို Fresh Installပြုလုပ်ပါ။

Virusesများကို အဆင့်အတန်းရှိတဲ့ Antivirusများနဲ့ သတ်ပစ်နိုင်ပေမယ့် တစ်ခါတစ်လေမှာတော့ ဝင်းဒိုးကို Fresh Installလုပ်ဖို့ လိုပါတယ်။

သင့် Windows Operating Systemကို Fresh Reinstallပြုလုပ်ခြင်းဟာ Virusကို လုံးဝသတ်ပစ်နိုင်တဲ့ အာမခံချက်ရှိပါတယ်။ ပြန်လည် အင်စတော မလုပ်ခင်မှာ အရေးကြီး ဖိုင်များကို သိမ်းဆည်းထားဖို့လိုပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် Windows Installation Disk ဒါမှမဟုတ် USB Stickကို သင့်ကွန်ပျူတာမှာ ထည့်သွင်းတပ်ဆင်ပါ။ ပြီးရင် ကွန်ပျူတာကို ပိတ်ပြီး ပြန်ဖွင့်ပါ။ မျက်နှာပြင်မှာ ပြသတဲ့ လမ်းညွှန်မှုများအတိုင်း ပြုလုပ်ပါ။9
အင်တာနက် ဘရောက်စာ လေးလံနေရင် Cacheများကို ရှင်းလင်းပါ။
သင့်ကွန်ပျူတာမှာ အင်တာနက် ကြည့်တဲ့ အခါမှာ လေးလံနေရင်တော့ ပြဿ     နာ ဟာ သင့်ကွန်ပျူတာ မဟုတ်ဘဲ ဘရောက်စာ ဖြစ်နိုင်ပါတယ်။ ဘရောက်စာ တစ်ခုချင်းစီအတွက် နည်းလမ်းတွေက မတူညီကြပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် ဘရောက်စာရဲ့ Settingsထဲသွားပြီး Historyကနေ Cacheများကို ရှင်းလင်းပါ။
10
သင့်ကွန်ပျူတာရဲ့ Search Indexကို Refresh ပြုလုပ်ပါ။
ဒီနည်းလမ်းက Hard Diskတစ်ခုလုံးကို Indexပြုလုပ်ခြင်းဖြင့် သင့်ကွန်ပြုတာမှာ ရှာဖွေတဲ့အခါမှာ အလွန်လျှင်မြန်စေမှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ Hard Diskများမှာ Indexပြုလုပ်ရင် အချိန်အတော်ကြာမြင့်ပေမယ့် ထိုက်တန်တဲ့ ရလဒ်ကို ရစေမှာပါ။

Windowsမှာ နဂိုပါတဲ့ Disk Defragmenter Appကို သုံးနိုင်ပါတယ်။ တစ်ပတ်တစ်ခါ Defragmentation ပြုလုပ်ဖို့ Scheduleပြုလုပ်သင့်ပါတယ်။
11
သင့်ကွန်ပျူ တာကို Restart မကြာခဏလုပ်ပါ။

သင့်ကွန်ပျူ တာကို ဖွင့်ထားစဉ်မှာ Programsများဟာ အချိန်ကြာလာတာနဲ့ အမျှ Memoryကို ပိုမိုစားသုံးလာပါတယ်။ သင့်ကွန်ပျူ တာကို မကြာခဏပိတ်ပြီး ပြန်ဖွင့်ခြင်းဖြင့် နောက်ကွယ်မှာ Runနေတဲ့ Program or Appsများကြောင့် Memoryကုန်ဆုံးမှုများကို ကာကွယ်နိုင်မှာပါ။ အရေးကြီးတဲ့ Updateများကို မကြာခဏ အင်စတော လုပ်ပေးပါ။12
 
 ref:MMICT
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Internal PC Hardware အကြောင်း သိထားသမျှ

ကျောင်းမှာ ဆရာက စာသင်ပြီးတိုင်း ပြန်မေးတဲ့အလေ့အကျင့်တစ်ခု ရှိပါတယ်။ ဒါကြောင့် စာပြန်မကြည့်နိုင်ပေမယ့် ဆရာ စာသင်တဲ့အခါ ကျွန်မက အသံသွင်းထားလေ့ရှိပါတယ်။ မနက်ဖြန်လို ကျောင်းတက်ရတော့မယ်ဆိုရင် ဒီနေ့လို သွင်းထားတဲ့အသံဖိုင်ကို ပြန်နားထောင်ပါတယ်။ ဆရာ့ရဲ့ သင်ပြပုံတွေက နှိုင်းယှဉ်ပြီး ရှင်းပြတဲ့အတွက် ကျွန်မတို့လို လူပိန်းတွေ နားလည်သဘော ပေါက်လွယ်ပါတယ်။ ခုလောလောဆယ်တော့ မော်နီတာ လောင်သွားတဲ့အတွက် ကွန်ပျူ တာ အသုံးပြုလို့ မရသေးပါဘူး။ ဒါကြောင့် နားထောင်ပြီးသမျှနဲ့ လေ့လာမိသမျှလေး ပြောကြည့်မယ်လေ။


မိုက်ကရို ပရိုဆက်ဆာ

ခုပြောပြမယ့်အကြောင်းကတော့ မိုက်ကရိုပရိုဆက်ဆာပါ။ မိုက်ကရိုပရိုဆက်ဆာဆိုတာ CPU on a chip CPU လို့ တဲ့ Central Processing Unit တစ်ခုလုံးကို IC တစ်ခုထဲမှာ ထည့်ထားတာကို မိုက်ကရိုပရိုဆက်ဆာလို့ ပြောတာပါ။

CPU ဟာ မိုက်ကရိုကွန်ပျူ တာ တစ်လုံးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ Computer ရဲ့ Brain ပါ။ IBM တွေရဲ့ မိုက်ကရိုပရိုဆက်ဆာတွေကို များသောအားဖြင့် အင်တယ်(Intel) ကုမ္ပဏီက ထုတ်ပါတယ်။ မိုက်ကရိုပရိုဆက်ဆာတစ်လုံးရဲ့ အလုပ်လုပ်တဲ့နှုန်း အမြန်နှုန်းသည် ကွန်ပျူတာတစ်လုံး၏ အလုပ်လုပ်တဲ့နှုန်းပင် ဖြစ်သည်။ မိုက်ကရိုပရိုဆက်ဆာတစ်လုံး၏ အမြန်နှုန်းကို 16MHz, 20MHz, 25MHz, 33MHz, 40MHz, 80MHz အဲလိုလေးတွေ ဖော်ပြလေ့ရှိပါတယ်။ ချစ်ပ်ပေါ်မှာ ကြည့်လိုက်ရင်ကို မိုက်ကရိုပရိုဆက်ဆာရဲ့ အမျိုးအစားနဲ့ အမြန်နှုန်းကို သိနိုင်ပါတယ်။ များသောအားဖြင့် ချပ်စ်ပေါ်မှာ ဒီလို အသားတံဆိပ် ရိုက်ထားလေ့ရှိပါတယ်။ 80387 SX-16 ဆိုပြီးပါ။ 80387 က မိုက်ကရိုပရိုဆက်ဆာ အမျိုးအစားပါ။ SX က Internal နဲ့ External အလုပ်လုပ်ပုံ ပြညွှန်းတဲ့ သင်္ကေတပါ။ အဲ နောက်ဆုံးက 16 က အမြန်နှုန်းအညွှန်းပါ။

ကွန်ပျူ တာရဲ့ အလုပ်လုပ်မှုနှုန်းက သိပ်မြန်ပါတယ်။ တစ်စက္ကန့်အတွင်းမှာ အလုပ်များစွာပြီးလို့ တိုင်းတာရာမှာလည်း တစ်စက္ကန့်ကို အပုံပေါင်းများစွာ ပိုင်းထားသော ယူနစ်များဖြင့် ပိုင်းခြား၍ သုံးပါတယ်။ တစ်စက္ကန့်ကို အပုံတစ်သန်းပုံရင် 1 MegaHertz လို့ဆိုပြီး သန်းထောင်ပေါင်း 1000 အထိပုံရင် 1 GigaHertz လို့ ဆိုနိုင်ပါတယ်။ တစ်စက္ကန့်ကို ၆၆ သန်းပုံတစ်ပုံအထိတော့ ခွဲယူလုပ်ဆောင်တွက်ချက်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။

ROM(Read Only Memory)

Read Only Memory လို့ ခေါ်တဲ့ Memory ကိုလည်း Mother board ပေါ်မှာ တွေ့ရပါတယ်။ Read Only လို့ ပြောတဲ့ နေရာမှာ အဲဒီ IC က ပြန်ဖျက်လို့ မရဘူး။ ပုံမှန်အားဖြင့် Memory တွေက မီးပိတ်လိုက်ရင် ပျောက်သွားမယ်။ ROM ကတော့ အဲဒီလိုမဟုတ်ဘူး။ မီးပိတ်ပေမယ့် ပျောက်မသွားဘူး။ ပြန်ပြင်လို့လည်း မရဘူး။ စက်ဝယ်ကတည်းက ပါလာပြီး ပရိုဂရမ်တွေ အသေရေးထည့်ထားတာ။ ဒါကြောင့် ROM (Read Only Memory) လို့ ခေါ်တာ။ ပုံမှန်အားဖြင့် ပရိုဂရမ်တွေ မပျောက်မပျက်အောင် သိမ်းထားတာမှာ ဘယ်လိုသိမ်းကြသလဲဆိုတော့ floppy disk မှာ ထားတယ်။ Hard disk မှာ ထားတယ်။ Backing Store မှာ ထားတယ်။ တကယ့် လက်တွေ့မှာကျတော့ Backing Store ထဲမှာ အပြင် နောက်ထပ်ထားလို့ရတဲ့ နေရာက ROM မှာ ထားလို့ရတယ်။ ပရိုဂရမ်တွေကို မပျောက်မပျက်အောင် ထားတဲ့နေရာမှာ Read Only Memory က မီးပိတ်ရင်လည်း မပျောက်ဘူး။ ပြန်ဖျက်လို့လည်း မရဘူး။ သူက အဲဒီလို ကန့်သတ်ချက်ရှိပါတယ်။ Run ထားတဲ့ exe ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ROM လို့ ခေါ်တဲ့ နေရာမှာ သိမ်းထားရတာဖြစ်ပါတယ်။ ကွန်ပျူ တာ Mother board ပေါ်မှာ ROM တစ်လုံးပါပါတယ်။ အနည်းဆုံးတစ်လုံးပေါ့။ ကွန်ပျူတာကို မီးစစဖွင့်ခြင်းအချိန်မှာ Memory Testing တို့၊ ဘယ်ကုမ္ပဏီက ထုတ်တာတို့ အဲဒါတွေအားလုံးဟာ ပရိုဂရမ်တွေပါ။ အဲဒါကို ROM ထဲမှာ ထည့်ထားတာ ဖြစ်ပါတယ်။ ROM ထဲမှာ ဘာပါသလဲဆိုတော့ Basic Input/Output System အဲဒါကို ROM BIOS လို့ ခေါ်ပါတယ်။ ကွန်ပျူတာတစ်လုံး မီးဖွင့်ဖွင့်ချင်း စပြီး အလုပ်လုပ်တဲ့ အခြေခံအကျဆုံး ပရိုဂရမ်ကို Basic Input Output System လို့ ခေါ်ပါတယ်။

IBM ကွန်ပျူ တာအစစ်မှာဆိုရင်တော့ ROM BASIC ဆိုတာ နောက်ထပ် တစ်ခုအနေနဲ့ ပါပါသေးတယ်။ အဲဒီမှာ Basic ဆိုတာ Basic ပရိုဂရမ်ကို ဘာသာပြန်ပေးတဲ့အရာပါ။ ဒီလိုဆိုရင် ကျွန်မတို့ ပရိုဂရမ်အားလုံးကို disk နဲ့ မထားဘဲ ROM နဲ့ ထားရင် မကောင်းဘူးလားလို့ ဆရာက မေးပါတော့တယ်။ မရပါဘူးလို့ပဲ ဖြေလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ပထမအချက်က ROM က ပြင်လို့မရဘူးလေ။ ဒီပရိုဂရမ်တစ်ပုဒ်ထဲ မပြောင်းဘဲသုံးမယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ပြောင်းမယ်၊ သုံးမယ်ဆိုရင်တော့ disk ထဲ ထားတာ အကောင်းဆုံးပဲ။ disk ထဲ ထားခြင်းဖြင့် ကိုယ့် data သွင်းမယ်။ ရေးမယ်၊ ပြင်မယ်၊ သိမ်းမယ်၊ ရတယ်။ အဲ ROM က မရဘူး။ နောက် ROM BIOS က ဘာသုံးသလဲဆိုရင် Power on Test ကွန်ပျူတာကို ပါဝါစစချင်း ဖွင့်လိုက်တဲ့အချိန်မှာ Memory ကောင်းရဲ့လား၊ ကီးဘုတ် အဆင်ပြေရဲ့လား စတာတွေကို Test လုပ်တာ စစ်တာပါ။ နောက်တစ်ခုက Boot Strapping Boot လုပ်တယ်ဆိုတာက ကွန်ပျူတာကို Starp လုပ်တာပါ။ သဘောတရားပြောရရင်တော့ ROM ဆိုတာ ကြားခံပစ္စည်းတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ အားလုံးရဲ့ အကြား အပြန်အလှန် ဆက်သွယ်မှုတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ ROM ဆိုတာ အင်မတန်အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ ROM က IC ရဲ့ နာမည်ဖြစ်ပြီး BIOS က ပရိုဂရမ်ရဲ့နာမည်ဖြစ်ပါတယ်။

ROM မှာ အမျိုးအစားတွေ ခွဲထားသေးတာကို ထပ်ပြီး တွေ့ရပါသေးတယ်။ ROM, PROM, EPROM နဲ့ EEPROM တို့ပဲ ဖြစ်ပါတယ်။ အဲဒီမှာ သူတို့ရဲ့ ရာဇဝင်လေးတွေကတော့ PROM ဆိုတာကတော့ Programmabe ROM ပါ။ ပရိုဂရမ်ရေးထည့်ထားနိုင်တဲ့ ROM တစ်မျိုးပါ။ ဒါပေမယ့် PROM တစ်ခုဟာ ပရိုဂရမ်တစ်ခုကို တစ်ကြိမ်ပဲ ရေးသားအသုံးပြုနိုင်ပါတယ်။

နောက် တစ်ခုဖြစ်တဲ့ EPROM ဆိုတာကတော့ Erasable ROM ပါ။ EPROM တစ်ခုကို အကြိမ်ကြိမ် ဖျက်ပြီး ပရိုဂရမ်တစ်ခုပြီး တစ်ခု ရေးထည့်နိုင်တဲ့ ROM ပါ။ EEPROM ဆိုတဲ့ နောက်ဆုံးတစ်ခုကတော့ Electrically EPROM ပဲ ဖြစ်ပါတယ်။ သူလည်း EPROM လိုပါပဲ။ ပရိုဂရမ်များ ရေးထည့်အသုံးပြုနိုင်တဲ့ ROM ပဲပေါ့။ ရေးရာဖျက်ရာမှာ EPROM က Ultra Violet(UV) Ray ခရမ်းလွန်ရောင်ခြည်နဲ့ ဖျက်ရပါတယ်။ EEPROM ကျတော့ ရိုးရိုး Elerictrical Signal နဲ့ ဖျက်/ရေးလို့ ရပါတယ်။ ကဲ နောက်ထပ်တစ်ခုကတော့

RAM (Randon Access Memory)

နောက်တစ်ခုကတော့ Randon Access Memory အတိုကောက်အားဖြင့် RAM လို့ ခေါ်ပါတယ်။ RAM ဆိုတာက အသုံးပြု သူ User က keyboard ကနေ ရိုက်လိုက်သမျှကို ယာယီသိမ်းဆည်းထားရာ မှတ်ဉာဏ်ကို ခေါ်ပါတယ်။ ယာယီလို့ ထည့်သုံးရတာကတော့ သူက မီးပိတ်လိုက်ရင် ပျောက်သွားပါမယ်။ ဒါကြောင့် ယာယီလို့ သုံးနှုန်းရခြင်း ဖြစ်ပါတယ်။ RAM ဟာ ကွန်ပျူတာတစ်ခုရဲ့ အခြေခံ မှတ်ဉာဏ်ပါ။ RAM ရဲ့ Base Memory ဟာ 640 kb ပါ။ အခြေခံအကျဆုံး 640 ရှိတယ်။ အဲဒီထက်ပိုမယ်ဆိုရင် Extended Memory တိုးချဲသုံးမယ်ဆိုရင် ရပါတယ်။ 486 ဆိုရင် 4 GB အထိ သုံးလို့ရပါတယ်။ နောက်တစ်မျိုးက Expanded Memory ဆိုတာ ရှိပါသေးတယ်။ Card တစ်ခုသပ်သပ် ဝယ်ယူရမှာပါ။ သူဆိုရင်တော့ 32MB အထိ သုံးလို့ရပါတယ်။ EMS Card လို့ အတိုကောက် ခေါ်ပါတယ်။ Expended Memory Sepcification ပါ။ RAM ချစ်ပ်များဟာ Mother board ပေါ်မှာပဲ တပ်ဆင်ပါဝင်ပါတယ်။ ဖြုတ်နိုင်တပ်နိုင်ဖို့အတွက် Socket ဆော့ကတ်များ သို့မဟုတ် Pin များ ပါရှိပါတယ်။ စောစောပိုင်းကာလတွေက pintype RAM chip များ ပါတယ်။ နောက်ပိုင်းမှာ Socket type RAM များအဖြစ် ပြောင်းလာပါတယ်။ ကွာတာက Socket type က ဖြုတ်ရ တပ်ရတာ လွယ်ပါတယ်။ RAM chip များဟာ Mother board မှာ ၉ လုံးတစ်တန်း တန်းစီလျက်ရှိနေတတ်ပါတယ်။ အဲဒီအတန်းကိုမှ bank လို့ ခေါ်ပါတယ်။

RAM ချစ်ပ်တစ်လုံးလျှင် 16 kilobit မှ 4 Megabits အထိရှိတတ်ပါတယ်။ RAM မှာလည်း ROM လိုပဲ အမျိုးမျိုးရှိပါသေးတယ်။ DRAM, ERAM နဲ့ SRAM တို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် DRAM နဲ့ SRAM ကို အသုံးများကြပါတယ်။ ဒါတောင် SRAM က ဈေးအလွန်ကြီးတဲ့အတွက် သိပ်မသုံးကြပါဘူး။ DRAM ဆိုတာ Dynamic Ramdon Access Mamory ပါ။ DRAM ကို RAM လို့ပဲ အခေါ်များပါတယ်။ DRAM ပေါ်မှာ ရှိတဲ့ ကိန်းဂဏန်းတွေဟာ ကွန်ပျူ တာအလုပ်လုပ်နေတဲ့ အချိန်မှာသာ သိမ်းထားပြီး ပါဝါဖြတ်လိုက်တာ၊ စက်ပိတ်လိုက်တာနဲ့ လုံးဝမရှိတော့တဲ့ မှတ်ဉာဏ်ပါ။ ပြန်ခေါ်လို့ မရတော့ပါဘူး။ SRAM က Static Random Access Memory ရဲ့ အတိုကောက်ပါ။ SRAM က ပိုမြန်ပါတယ်။ data ကို ထရန်စစ္စတာလေးလုံးနဲ့ သိမ်းတဲ့အတွက် နေရာပိုယူပါတယ်။ ဈေးပိုကြီးပါတယ်။ Cache Memory အဖြစ် သုံးစွဲကြပါတယ်။ နောက် ဆရာက CPU မှာ အပိုင်း နှစ်ပိုင်းခွဲခြားထားပြီး ဘယ်လိုတွေ အလုပ်လုပ်လည်းဆိုတာလည်း တစ်ယောက်ခြင်း မေးပါတယ်။ နောက်မှ ဆက်ပြီး အမေးခံရတုန်းက ဖြေတာလေးတွေ ပြောပြပါမယ်။ ခုတော့ ဒီလောက်ပါပဲ။
 
ref: MMICT
မနောဖြူ လေး

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Huawei G610-U00 VideoCall & Myanmar Font Flashtool Firmware

 
 Huawei G610 အတွက် Video Call ရော မြန်မာစာဖောင့်ရော ပါတဲ့ Flash
tool Firmware လေး ဖြစ်ပါတယ်။ ဒီ Firmware လေးကိုတော့ S4 Rom ကို
ပြန်ပြီးတော့ ပြင်ထားတာ ဖြစ်ပါတယ်။ S4 Rom ကိုတင်မယ်ဆိုရင်တော့ မိမိ
ရဲ့ 610 ဖုန်းဟာ cwm တင်ထားတာတောင်မှ ပေးပြီးတော့ သွင်းမရတာတွေ
ရှိပါတယ်။ ဒီ Flashtool Firmware လေးကိုတင်လိုက်ရင် Gesture sensing
တွေလည်း အလုပ်လုပ်ပါလိမ့်မည်။ Gallery ထဲက ဓါတ်ပုံတွေကိုလည်း လက်နဲ့
ရွှေ့စရာ မလိုဘဲ လေပေါ်ကနေ ကျော်လို့ရခြင်း ၊ ဓါတ်ပုံရိုက်ချင်ရင်လည်း
ကင်မရာကို နှိပ်စရာမလိုဘဲနဲ့ လက်ကလေးနဲ့ အချက်ပြလိုက်တာနဲ့ အော်တို
ရိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ music ဖွင့်ရင်းနဲ့ နောက်တစ်ပုဒ်ကျော်
ချင်ရင်လည်း next ကို နှိပ်စရာမလိုဘဲ လက်ကလေး ဝှေ့ယမ်းလိုက်တာနဲ့
အော်တို ကျော်ပေးသွားမှာ ဖြစ်ပါတယ်။ error ကတော့ internal memory
0B ဖြစ်သွားပါလိမ့်မည်။ ပြောရမယ်ဆိုရင် ဒီ Flashtool Firmware ကို
တင်လိုက်ရင် internal memory အလုပ်မလုပ်တော့ပါဘူး။ sd card ထပ်စိုက်
မှ အဆင်ပြေပါလိမ့်မည်။ ဒီ Flashtool Firmware တင်ပြီးလို့ မကြိုက်ရင်လည်း
official firmware ပြန်ရေးလို့ရပါတယ်။ ကျန်တာတွေကတော့ ဘာ error မှ မရှိ
ပါဘူး။ Ooredoo sim card ရယ် GSM/WCDMA Sim Card ရယ် နှစ်ခုစလုံး
ထည့်ထားပြီး 3G ကွန်ယက် အလုပ်လုပ်ပါတယ်။ စမ်းသပ်သုံးချင်သူများအတွက်
တင်ပေးလိုက်ပါတယ်။

Download Here >> http://www.mediafire.com/download/88zzd1bc35l0enc/G610VideoCallFlashtoolFirmware.zip <<
credit-Aung Min Han
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

i-mobile i-STYLE Q3 Firmware

MTK 6577
338MB
SP Flash Tool နဲ့တင်ရမှာဖြစ်ပါတယ်
i-mobile i-STYLE Q3i ကိုတင်လိုက်လို့လိုင်းပျောက်သွားတယ်ဆိုရင် IMEI ပြန်ရေးပေးရမှာပါ 
Download
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

iOS 8 အတွက် သင့်ရဲ့ iPhoneနဲ့ iPadကို ပြင်ဆင်ထားနည်းများ

 
Apple က ဇွန်လမှာ ပြုလုပ်ခဲ့တဲ့ Worldwide Developer Conferenceမှာ iOS 8 ကို ကြေညာခဲ့ပါတယ်။ နောက်ဆုံး iOS Versionမှာ Siri Voice Assistant တိုးတက်ကောင်းမွန်လာပြီး Health and Wellness Appအသစ်နဲ့ Notification များကို ဆန်းသစ်ထားတဲ့အပြင်အခြားအရာများစွာ တိုးတက်ပြောင်းလဲလာပါတယ်။

iOS 8 ကို လာမယ့် ရက်သတ္တပတ်အနည်းငယ်မှာ ဖြန့်ချီဖို့ ရှိနေတာကြောင့် အခုချိန်ဟာ Updateရယူဖို့ သင့် iPhone, iPad များကို အဆင်သင့်ပြုလုပ်ထားဖို့ အကောင်းဆုံးပါ။ ဒီနည်းလမ်းများက iOS 7ကနေ iOS 8ကို အဆင့်မြှင့်တင်ရာမှာ အချောမွေ့ဆုံး ဖြစ်စေမှာပါ။

Compatibilityကို စစ်ဆေးပါ။

မူလ iPadနဲ့ iPhone 4ကို သုံးနေသေးတယ်ဆိုရင် အဆင့်မြှင့်ဖို့ အချိန်ကျပါပြီ။ Appleရဲ့ Deviceအားလုံးဟာ iOS 8ကို Updateလုပ်လို့ မရပါဘူး။ Appleက အောက်ပါ Deviceများကသာ iOS 8ကို အဆင့်မြှင့်နိုင်မယ်လို့ ပြောပါတယ်။ အဲဒီ Deviceများကတော့ iPhone 4S, iPhone 5, iPhone 5S, iPhone 5C, iPad 2, Third-and Fourth-Generation iPad, iPad Air, Fifth-Generation iPod Touch, iPad Mini, iPad Mini with Retina Displayတို့ ဖြစ်ပါတယ်။

နေရာလွတ်တွေ ရှင်းလင်းပါ။


iOS 7ကို အင်တာနက်ကနေ Updateလုပ်ခဲ့ရတဲ့ ပမာဏဟာ 700MBလောက်ရှိပါတယ်။ ဒါပေမယ့် Updateကို အင်စတော လုပ်ဖို့ ဖုန်းမှာ 3GBလောက် နေရာလွတ်ရှိဖို့ လိုခဲ့ပါတယ်။ iOS 8 ထွက်ရှိလာရင်လည်း အဲဒီလိုအပ်ချက်တွေလောက် နေရာလွတ်ရှိဖို့ လိုမှာပါ။ အဲဒီအတွက် နေရာလွတ်တွေကို ရှင်းထားဖို့က အကောင်းဆုံး အချိန် ဖြစ်ပါတယ်။

အသုံးမပြုတဲ့ Appတွေကို Uninstallလုပ်ထားဖို့ (အိုင်ကွန်ကို ဖိထားပြီး တုန်ခါလာရင် ကြေခြေခတ်ခလုတ်ကို နှိပ်ပါ။)နဲ့ ဓါတ်ပုံများကို iCloud ဒါမှမဟုတ် Dropbox, Google Driveတို့လို အခြား Cloud Serviceများကို ပြောင်းရွှေ့ထားသင့်ပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယိုများကို မဖျက်ဘဲ သင့်ကွန်ပျူ တာကို ကူးပြောင်းထားရင်လည်း ဖုန်းမှာ နေရာလွတ်များ ရရှိစေမှာပါ။

iPhone, iPadကို USB ကနေ ကွန်ပျူ တာနဲ့ ချိတ်ပါ။ Mac ဒါမှမဟုတ် MacBook မှာ ဆိုရင် iPhoto ကို သုံးပြီး ဓါတ်ပုံအားလုံး ဒါမှမဟုတ် နှစ်သက်တဲ့ ဓါတ်ပုံများကို ရွေးချယ်ပြီး ကွန်ပျူ တာမှာ သိမ်းနိုင်ပါတယ်။ ဝင်းဒိုးကွန်ပျူ တာမှာ My Computerကို နှိပ်ပြီး Portable Device ကဏ္ဍဍမှ သင့် Deviceကို ရွေးချယ်ပါ။ DCIM Folder ကို နှိပ်ပါ။ ဓါတ်ပုံနဲ့ ဗီဒီယိုများကို Drag and Dropလုပ်ပြီး သင့်ကွန်ပျူ တာကို ကူးပြောင်းပါ။

သင့် iOS Deviceမှာ နေရာဘယ်လောက်ကျန်လဲ သိချင်ရင် Settings>General>Usageမှာ ကြည့်နိုင်ပါတယ်။

Updatesများကို စစ်ဆေးပါ။

နောက်တစ်ဆင့်မှာ သင်သုံးနေတဲ့ Softwareများကို Updateလုပ်ထားဖို့ လိုပါတယ်။ iOS 8 ကို အဆင့်မြှင့်ဖို့ နောက်ဆုံး iOS Versionကို တင်ထားရမှာပါ။ Settings>General> Software Update မှာ Update ရလား စစ်ဆေးပါ။
iOS 8 မှာ သင့်ရဲ့ Appအားလုံး အလုပ်ကောင်းစွာ လုပ်ဖို့ အတွက် iOS 8 ကို Update မလုပ်ခင်မှာ App အားလုံးကို Update လုပ်ထားသင့်ပါတယ်။

သင့် Deviceကို Back Up လုပ်ထားပါ။

Updateလုပ်စဉ်မှာ အဓိက ပြဿ     နာကြီးကြီးမားမား မရှိနိုင်ပေမယ့်လည်း သင့် Deviceကို Backup လုပ်ထားခြင်းက စိတ်ချရစေပါတယ်။
သင့် Deviceကို Backupလုပ်ဖို့ နည်းနှစ်နည်းရှိပါတယ်။ ပထမနည်းက သင့်ကွန်ပျူ တာမှာ သိမ်းထားပေးမယ့် iTunesနဲ့ ပြုလုပ်ခြင်းပါ။ အဲဒီနည်းအတွက် နောက်ဆုံး iTunes Version ကို အင်စတော လုပ်ထားသင့်ပါတယ်။ သင့် iPhone, iPadကို USBကြိုးကနေ ကွန်ပျူ တာနဲ့ ချိတ်ဆက်ပါ။ ပြီးရင် သင့် Device ကို ရွေးချယ်ပြီး အပေါ်ရှိ Menu ကနေ Summary Tab ကို သွားပါ။ သင့်ကွန်ပျူတာကို ရွေးချယ်ထားလားဆိုတာ သေချာအောင် စစ်ဆေးပြီး ညာဘက်ဘေးမှ Back Up Now ကို နှိပ်ပါ။ Apple Cloud Serviceမှာ သိမ်းချင်ရင် ကွန်ပြူတာ Optionရဲ့ အထက်မှ iCloud Optionကို ရွေးချယ်ပါ။

ဒေတာများကို သင့် iOS Deviceကနေ iCloud ကို တိုက်ရိုက် သိမ်းနိုင်ပါတယ်။ ဝိုင်ဖိုင်ဖွင့်ထားပြီး Settings>iCloud>Storage and Backupကို နှိပ်ပါ။ အဲဒီမှာ ဘယ်ဖိုင်တွေနဲ့ Settingsတွေကို iCloudမှာ သိမ်းမလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပြီးရင် Pageအောက်ဆုံးသွားပြီး Back Up Nowကို နှိပ်ပါ။

မှတ်သားစရာအချို့
 
အတိတ်မှာ ကြုံ ခဲ့ရဖူးသလိုပဲ တစ်ခါတစ်လေမှာ Update ကြီးကြီးမားမားတွေက Deviceအဟောင်းတွေမှာ ဆိုရင် ပြဿ     နာဖြစ်စေပါတယ်။ iOS 7ကို အဆင့်မြှင့်ပြီးနောက်မှာ iPhone 4ပိုင်ရှင်တွေဟာ ဘက်ထရီသက်တမ်း တိုးတောင်းသွားမှုနဲ့ စွမ်းဆောင်ရည် ကျဆင်းသွားတဲ့ ပြဿ    နာများကို ကြုံတွေ့ခဲ့ကြပါတယ်။ iPhone 4S, iPad 2ပိုင်ရှင်တွေအနေနဲ့ တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ကြာမှ iOS 8ကို အဆင့်မြှင့်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သင့် Deviceကို Updateလုပ်စဉ်မှာ တွေ့ရမယ့် ပြဿ     နာတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
 
ref: http://ict.com.mm
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

အချိန်ကုန်သက်သာစေမယ့် Gmail Tricks သုံးခု


နေ့စဉ်ဝင်လာတဲ့ အီးမေးတွေကို စီမံခန့်ခွဲရတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့်လည်း သတင်းအချက်အလက် ခေတ်ကြီးထဲမှာ အောင်မြင်ဖို့ ဆိုရင်တော့ အီးမေးနဲ့ ဆက်သွယ်ကြရမှာပါ။အီးမေးကို သုံးပြီဆိုရင်တော့ ဆက်သွယ်မှုတွေ ပိုမိုများပြားလာပြီး ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ရလာမှာပါ။ တစ်ပြိုင်နက်ထဲမှာ သင့်ရဲ့ အီးမေး ပမာဏဟာ တိုးပွားလာသလို ဝင်လာတဲ့ အီးမေးတွေကို လျှင်မြန်စွာ တုန့်ပြန်ဖို့နဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ နေ့စဉ် အလုပ်တစ်ခုပါ။ဒါဟာ C-level အရာရှိတွေနဲ့ ပိုသက်ဆိုင်ပါတယ်။ AdRollမှ ဝင်ငွေဌာန အရာရှိ Suresh Khannaနဲ့ စကားပြောကြည့်တဲ့အခါမှာ သူက “စီမံခန့်ခွဲမှုဟာ ဆုံးဖြတ်ချက်ချရတာပါ။ အလုပ်တွေလုပ်ရတာ မဟုတ်ပါဘူး။ အလုပ်တွေ အဆင်ပြေအောင် ပြုလုပ်နိုင်ဖို့ စီမံခန့်ခွဲရတာပါ။ လက်အောက်ငယ်သားတွေရဲ့ အသံတွေကို နားထောင်ဖို့နဲ့ အားလုံးကို တစ်ညီတစ်ညာတည်း အလုပ်လုပ်စေဖို့ လိုပါတယ်။ စီမံခန့်ခွဲတာတွေကို အီးမေးကနေ ပြုလုပ်မယ်ဆိုရင် အီးမေးတွေကို ကျင်လယ်စွာ ပေးပို့ရယူနိုင်ဖို့နဲ့ တစ်ဆင့်ပြန်ပေးပို့ရတဲ့ အလုပ်တွေပါဝင်လာပါတယ်။” လို့ ပြောပါတယ်။အီးမေးတွေထဲမှာ Gmail ကို အသုံးပြုမှု အများဆုံး ဖြစ်တဲ့အတွက် သင့်ရဲ့ အဖိုးတန်အချိန်တွေကို သက်သာစေမယ့် Gmail နည်းလမ်းသုံးခုကို တင်ပြလိုက်ပါတယ်။၁။ သင်ကြည့်ချင်တာတွေကို ထိပ်ဆုံးမှာ မြင်ရမယ့် One-Page Inbox Viewကို သုံးပါ။ Gmail မှာ Priority Inbox ဆိုတဲ့ Optionတစ်ခုပါရှိပါတယ်။ အဲဒါကိုသုံးရင် Important and Unread အီးမေးများကို ထိပ်ဆုံးမှာ ပြပေးမှာ ဖြစ်ပြီး အဲဒီနောက်မှာ Starredနဲ့ Everything Else ဆိုတဲ့ ကဏ္ဍဍတွေကို အသီးသီး ဖော်ပြပေးမှာပါ။1
အောက်မှာ ပြထားတဲ့ ပုံမှာလိုပဲ ကဏ္ဍဍတစ်ခုရဲ့ ညာဘက်မှ Drop Down Iconကို နှိပ်ပြီး More Optionsကို သွားရင် သီးခြား Labelတစ်ခုကိုသာ ပြသပေးအောင် ရွေးချယ်နိုင်ပါတယ်။
2
သင်ဟာ အရေးကြီး အီးမေးတွေကို Labelများနဲ့ ခွဲခြားထားတယ်ဆိုရင် ဒါဟာ အလွန်ကောင်းတဲ့ ရွေးချယ်နိုင်မှု စွမ်းဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Priority Inboxကို သုံးရင် ပြဿ     နာနှစ်ခုကို တွေ့ရပါမယ်။

ပထမတစ်ခုက Labelတစ်ခုကို ရွေးချယ်တဲ့အခါမှာ ဖတ်ပြီးသားအီးမေးတွေကိုပါ ကဏ္ဍဍမှာ ပြသပေးတာပါ။ ဒါဟာ Inboxကို ရှုပ်ထွေးမှုမရှိအောင် ပြုလုပ်နေတဲ့ ကျွန်တော်တို့ ရည်ရွယ်ချက်ကို ဆန့်ကျင်နေပါတယ်။

ဒုတိယတစ်ခုက Priority Inboxမှာ Labelနှစ်ခုသာ အသုံးပြုလို့ရတာပါ။ နောက်ထပ် Labelတစ်ခုထပ်အသုံးပြုဖို့ Drop Down Arrowမှ Add Sectionကို နှိပ်ရင် Remove Sectionဆိုတာသာ ပေါ်လာမှာဖြစ်ပါတယ်။

အဲဒီပြဿ     နာနှစ်ခုကို ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ်။ ပထမပြဿ     နာကို ဖြေရှင်းဖို့အတွက် More Optionsကို နှိပ်ပြီး Label Textနေရာမှာ Left Clickမနှိပ်ဘဲ Right Clickနှိပ်ပြီး Chrome Browserမှာ ဆိုရင် Inspect the elementကို နှိပ်ပါ။ Source Codeတွေပေါ်လာရင် Label Nameရဲ့ အရှေ့မှာ “^u”ကို ထည့်ပေးပါ။ ပြီးရင် Labelကို Left Clickနှိပ်ရင် အဲဒီ Labelမှာ မဖတ်ရသေးတဲ့ အီးမေးတွေကိုသာ ပြသပေးမှာပါ။

ဒီနည်းလမ်းရဲ့ ကောင်းမွန်တဲ့အချက်က တစ်ခါသာ ဒီလိုပြုလုပ်ပေးဖို့လိုပါတယ်။ အခြား ကွန်ပျူတာတွေကနေ မတူညီတဲ့ ဘရောက်စာတွေကို သုံးရင်တောင် ဒီပြောင်းလဲမှုက အသက်ဝင်နေပါတယ်။

ဒုတိယပြဿ     နာကို ဖြေရှင်းဖို့အတွက် Remove Sectionမှ Inspect elementကို နှိပ်ပါ။ ကုဒ်တွေထဲမှာ act=”z”ကို act=”n”လို့ ပြောင်းပေးပါ။ အောက်မှာ ပြထားတဲ့ပုံမှာလို ပြောင်းရမှာပါ။ ပြီးရင် Remove Sectionကို နှိပ်ရင် နောက်ထပ် ကဏ္ဍဍတစ်ခုကို ပြုလုပ်နိုင်ပါပြီ။

ဒီပြောင်းလဲမှုကလည်း Unread နည်းလမ်းလိုပဲ အခြားကွန်ပျူ တာတွေမှာတောင် အကျိုးသက်ရောက်စေပါတယ်။  

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Xiaomi ရှောင်မီ Mi Launcher

Xiaomi Mi ဖုန်းတွေ အပြောများလာတော့ အခုMi Home Launcher လေး တင်ပေးလိုက်ပါတယ် Mi Theme တွေလည်းအများကြီးဒေါင်းလို့ လည်းရ ဆိုတော့ကြိုက်ကြမယ်ထင်ပါ ရဲ့ 
Download -> Link 1 
  Link  2
 
ref:Myanmar Mobile Users Group
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

MyLann Android

*** အနီးအနားမှာရှိတဲ့ စားသောက်ဆိုင်တွေ ရှာချင်ပါသလား?
*** ကိုရီးယားစာ၊ ဂျပန်စာ စားချင်ပေမဲ့ ဘယ်ဆိုင်ဘယ်မှာရှိလဲ မသိဘူးလား?
*** ကိုယ်သိပြီးသား စားသောက်ဆိုင်တွေရဲ့ ဖွင့်ချိန်၊ ပိတ်ချိန်တို့ လိပ်စာ၊ ဖုန်းနံပါတ်တို့ မေ့သွားပါသလား?
MyLann Mobile App ရှိတယ်။

MyLann ရဲ့ Mobile Application ကို ဘယ်မှာ Download ဆွဲလို့ရမလဲလို့မေးနေတဲ့သူငယ်ချင်းတွေအတွက် 1Mobile Market မှာ MyLann ကိုရှာလို့ရပြီလို့အသိပေးချင်ပါတယ်။ MyLann ရဲ့ Website ဖြစ်တဲ့ www.mylann.com မှာလဲ Download လုပ်လို့ရပါတယ်။
စားသောက်ဆိုင်ရှာဖွေရာမှာအခက်အခဲဖြစ်နေမယ့် သူငယ်ချင်းတို့အတွက် အချိန်ကုန်သက်သာပြီး အဆင်ပြေစေမယ့်နည်းလမ်းတွေကို အမြဲစဉ်းစားပေးနေလို့ MyLann ကိုလည်း အားပေးကြပါလို့ပြောချင်ပါတယ်။

***************************************************
*** Applicatioin Features
***************************************************
*** Nearby နဲ့ အနီးအနားမှာရှိတဲ့ စားသောက်ဆိုင်တွေ ရှာကြမယ်။
*** Search နဲ့ မိမိကြိုက်နှစ်သက်ရာ စားသောက်ဆိုင်တွေ တိတိကျကျ ရှာကြမယ်။
*** Best of MyLann နဲ့ NightLife တွေကတော့ သူငယ်ချင်းတို့အတွက် အဆင်သင့်ဖြစ်အောင် MyLann အဖွဲ့က စုဆောင်းပေးထားတဲ့ List လေးတွေပါ။
*** ကိုယ်ကြိုက်ရာစားသောက်ဆိုင်ကိုလည်း Bookmark လုပ်ထားနိုင်ပါတယ်။ နောက်တခါ ထက်ရှာစရာမလိုတော့ဘူးပေါ့။ ပြီးတော့ Bookmark လုပ်ထားရင် အင်တာနက်မလိုဘဲ ပြန်ကြည့်လို့ရတယ်။
*** Rating System လေးလည်း ထည့်ပေးထားပါတယ်။ စားသောက်ဆိုင်တွေကို အမှတ်ပေးလို့ရတာပေါ့။

အကောင်းဆုံးတွေအမြဲကြိုးစားနေတဲ့
MyLann စားသောက်ဆိုင်လမ်းညွှန်
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Ze Booc 811 miniPad Firmware


 
Download Link 2
Download Link 1
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

ကောသလ အိမ်မက် for Android


ကောသလမင်းကြီး၏အိပ်မက်(၁၆)ချက် သိသောသူတွေလဥ၁်းများပါတယ် ဒါပေမယ့် မသိသောသူများအတွက်ပါ နဥ၁်းနဥ၁်းလေးရှားနေသလို ခံစားရပါတယ် ဒါကြောင့် ပြန်လဥ၁်မျှဝေပေးလိုက်ပါတယ် ပုံလေးတွေပါပဲ ကြဥ၁့်ကြဥ၁့်လိုက်ပါ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကောသလမင်းကြီးဟာ ထူးဆန်းတဲ့ အိပ်မက် (၁၆)ခုကို ဆက်တိုက်မြင်မက်သတဲ့။ အဲ့ဒီလို ထူးဆန်းတဲ့အိပ်မက်တွေ မြင်မက်ပြီးတဲ့နောက် ကောသလမင်းကြီး ဟာ အထိတ်တလန့် ရှိတာနဲ့ ဘုရားရှင်ဆီ သွားရောက်ကာ အိပ်မက်တွေရဲ့ အနက် အဓိပ္ပာယ်ကို မေးလျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က မင်းကြီးရဲ့အိပ်မက်တွေဟာ နောင်သာသနာတော် မှေးမှိန်ကွယ်ပျောက်လာတဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့်အခြေအနေတွေလို့ကြိုတင် ဟောပြော ရှင်းလင်းပြခဲ့ပါတယ်။ ရှိထားသင့်တဲ့ application လေးတစ်ခုပါ။ JAS Myanmar မှရေးသားထုတ်ဝေထားတဲ့ app လေးတစ်ခုဖြစ်ပါတယ်။ ကောသလ အိမ်မက် for Android ကိုအောက်က Link မှာရယူပါ။
ကောသလ အိမ်မက် for Android အားရယူရန်


  ref:MMAS
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

ဖုန်း Call အပြင် Viber, Skype, Tango တို့ကိုအသံဖမ်းပေးမယ့် Steady Call Recorder.apk



Phone call recorder.apk အများစုမှာ Viber, Skype, Tango စတာတွေသုံးပြီး
ဖုန်းပြောတဲ့ အသံကို မဖမ်းပေးပါဘူး။ ယခု Steady Call Recorder.apk ကတော့
Viber, Skype, Tango, မှာ အလုပ်ဖြစ်ပါတယ်။ လိုအပ်ပါက....။

Download Links

DOWNLOAD FROM PLAY STORE

DOWNLOAD FROM MEDIAFIRE

CLICK HERE TO DOWNLOAD

 ref:http://www.itsharing.net
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Abidamar 1.0 အဘိဓမ္မာအကျဥ်းချုပ် Android



Credit to - Thet Naing Soe ( Myanmar Mobile App Store )

ဒီ Android ဖုန်းဆော့ဝဲလေးရေးပြီး တရားတွေတော်တော်နာလိုက်ရပါတယ်။
- ဒေါက်တာအရှင်နန္ဒမာလာ ၏ အဘိဓမ္မာအကျဉ်းချုပ် တရားတော် အား Android Application အနေဖြင့်ပြန်လည်ဖန်တီးရေးသားပူဇော်ပါသည်။ စာအနေနဲ့ရော တရားအသံအနေနဲ့ပါ ဖတ်ရှုနားဆင်နိုင်ပါမည်။ မြတ်စွာဘုရားက မိဘကျေးဇူးဆပ်ရန် ရည်ရွယ်၍ဟောကြားခဲ့သော တရားတော်ဖြစ်တာကြောင့် ဒီ application ကို လူကြီးမိဘတွေဖုန်းမှာသွင်းပေးထား၍အဘိဓမ္မာတရားနာစေခြင်းအားဖြင့် မိဘကျေးဇူးးကို တစ်ဖက်တစ်လမ်းကနေဆပ်ရာရောက်ပါတယ် လူငယ်တွေရဲ့ဖုန်းတွေမှာသွင်းပြီး တရားနာခြင်းအားဖြင့်လည်းကုသိုလ်တွေရရှိမှာကြောင့် အကျိုးများပါတယ်။ အဘိဓမ္မာအကျဥ်းချုပ် For Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=info.abidimar.mmas&hl=en

(OR)

http://apkleecher.com/?id=info.abidimar.mmas

အားလုံးပဲအဆင်ပြေကြပါစေ ။

 MMAS
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

How To Creat & Edit MiUi Theme !


ကျွန်တော်လည်း အကုန်လုံးတော့မသိသေးပါဘူး ဒါပေမယ့် သိတာလေးတင်ပေးလိုက်ပါတယ်

အခုနောက်ပိုင်းလူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ Miui Theme Edit နဲ့  Creat လုပ်နည်းလေးတင်ပေးလိုက်ပါတယ်ဗျာ....

လိုအပ်တာတွေဒေါင်းလိုက်ပါအုန်းဗျာ.....

ဆိုက်ကနည်းနည်းကြီးတော့ Official Site Link ပဲပေးလိုက်ပါတယ်ဗျာ.....

လိုအပ်ချက်များ - MIUI Rom တင်ထားသောဖုန်းရှိရပါမည်

- ပုံကို Edit လုပ်နိုင်သော ဆော့ဖ်ဝဲလ်များရှိရပါမယ် ဥပမာ -Window Editor ရှိရပါမယ်

- ဖုန်းကို ကွန်ပြူတာကနေ ADB Driver သိနေရပါမယ်ဗျာ.............

အဲ့ဒါတွေပြည့်စုံပြီဆို စတင်ကလိလို့ ရပါပြီဗျာ......... ဒေါင်းလိုက်ပါအုန်းဗျာ..........

MIUI Theme Editor 3.11.15_138452 ( Download Link )

Nine Patch Edit For image edit ( Download Link )

ကဲ....ဒေါင်းလို့ ပြီးပြီဆိုရင် MIUI Theme Editor လေးကိုဖွင့်ပါ




အဲ့မှာ ဘာသာစကားပြောင်းပါ ပြီးရင်နောက်တဆင့်ပေါ့ဗျာ.......




အဲ့ဒီမှာ မိမိတို့ ဒေါင်းထားတဲ့ MIUI Theme.mtz file ကိုရွေးပေးပါ

ဒေါင်းထားတာမရှိရင်တော့ ဒီလင့် လေးမှာ သွားရောက်ဒေါင်းနိုင်ပါတယ်

ဒေါင်းဖို့ တော့ အကောင့်ရှိမှရပါမယ် ... :) :)





ဒီမှာတော့ မိမိတို့ ရွေးပေးလိုက်တဲ့ Theme မှာ author တွေ Version တွေ တွေ့ ရပါမယ် မိမိတို့ စိတ်ကြိုက်ပြောင်းနိုင်ပါတယ်




ဒီအဆင့်မှာတော့ Icon လေးတွေပြောင်းမယ် မိမိတို့ ဖုန်းမှာရှိနေတဲ့ Icon တွေကို Sync လုပ်မယ်ဗျာ...




ဒီအဆင့်ကတော့ မိမိတို့ စိတ်ကြိုက် Modules တွေပြင်မယ် ဖုန်းမှာရှိတာတွေ Sync လုပ်ပြီးပြင်မယ် ကိုယ်ပိုင်လုပ်မယ်ပေါ့ဗျာ...




ဒီအဆင့်ကတော့ Sync လုပ်လို့ ရလာတဲ့ Modules တွေဖော်ပြပေးတာပါ အဲ့မှာ မိမိတို့ စိတ်ကြိုက် Modules name တွေကို English လိုပြောင်းလို့ ရပါတယ်




ဒီမှာတော့ Sync လုပ်လို့ ရလာတဲ့ modules တွေကို Edit လုပ်တဲ့နေရာလေးပါ




ဒီနေရာကတော့ Edit လုပ်တာလေး ဥပမာပြပေးထားတာပါ မိမိတို့ စိတ်ကြိုက်ပြင်လို့ ရပါတယ်




ဒီမှာလည်း ကာလာလေးတွေထည့်လို့ ရတယ်ဆိုတာဖော်ပြပေးထားတာပါဗျာ....




ကျွန်တော်နားလည် သလောက်လေး ဖော်ပြပေးထားတာပါ

အားလုံးအဆင်ပြေကြပါစေလို့  မျှော်လင့်ပါတယ်ဗျာ.............

MIUI Theme Creator လေးတွေဖြစ်ကြပါစေလို့ ဆုတောင်းရင်း................

မူရင်းဆိုက်ကို လေ့လာရန် ဒီလင့် မှာသွားရောက်လေ့လာနိုင်ပါတယ်ဗျာ......  

ref:http://crackerspylay.blogspot.com
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

insecure boot 1Click Tool By Ko Phyo Nyi Nyi

ခုနောက်ပိုင်းမှာ insecure boot.img ရိုက်မှပဲ root ပေါက်တဲ့
ဖုန်းတွေ build number တွေ ပေါ်ထွက်လာပါတယ်
ခဏခဏကြုံနေရတာက
insecure boot လေးလုပ်ပီးရိုက်လိုက်ဗျာ ဆိုရင်
မလုပ်တတ်လို... ဆိုတာတွေလာလာပြောကြလို.ပါ
ခု ကျနော် သုံးနေတာလေးတင်ပေးလိုက်မယ်
1 Click လေးပေါ.
sh doboot လို.ပဲ ရိုက်ပေးလိုက်ပါ
Script ကပဲလိုတာ အကုန်လုပ်ပေးသွားပါလိမ်.မယ်
ဘာတွေလိုအပ်မလဲ
၁. Android Kitchen သွင်းထားပါ
၂. WORKING_ ဖိုဒါတည်ဆောက်ထားပီး ဖြစ်နေပါစေ
၃. ကိုယ် insecure boot.img ပြောင်းချင်တဲ့ " boot.img " ကို WORKING_ ဖိုဒါထဲမှာထည်.ပါ
ခုပေးလိုက်တဲ့ဖိုင်တွေကို
C:\cygwin\home\your_username\kitchen အောက်မှာကူးထည်.လိုက်ပါ
{ ဟိုအရင်က
sh menu သို.မဟုတ် ./menu ရိုက်သလိုမျိုး
sh doboot
လို.ရိုက်ပေးလိုက်ပါ
WORKING_/bootimg ကို ဖြည်ချခြင်း insecure code သွင်းပေးခြင်း adbd binary file လဲလှည်ပေးခြင်း boot.img ပြန်ပေါင်းခြင်း စတာတွေကို အကုန် auto လုပ်သွားပါလိမ်.မယ်
-----------------------
ခုဆိုရင် insecure boot.img လေးရလာပါပီ
SP Flash Tool ကနေ အရံသင့်သွင်းရုံပါပဲ
-------------------------------------
မှတ်ချက် ၊ forum.xda မှာ မတင်လိုက်ပါနဲ့နော်
အားလုံးက copy code တွေမလို.ပါ
copy and paste လုပ်ထားတာပါ



Credit - Ko Phyo Nyi Nyi
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

MRTV Channel အပြင် MITV Channel, Hluttaw Channel နှင့် NRC Channel (Android)

 
MRTV မှ ထုတ်လွှင့်သည့် အစီအစဉ်များကို Online မှတစ်ဆင့် (Live Streaming) တိုက်ရိုက်ကြည့်ရှုလိုသူများ အောက်ပါ Link များမှ ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည် -
http://www.mrtv.gov.mm/
http://www.mrtv.gov.mm/zg/
https://www.facebook.com/mrtvwebmediaportal/app_142371818162
https://new.livestream.com/accounts/4723117/events/2253791
Android Mobile များမှ တစ်ဆင့် (Live Streaming) တိုက်ရိုက်ကြည့်ရှုလိုသူများ အောက်ပါ Link များမှ App ကို Download ယူ၍ Install ပြုလုပ်ကာ ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ၄င်း App တွင် MRTV Channel အပြင် MITV Channel, Hluttaw Channel နှင့် NRC Channel များပါ ပါဝင်ပါသည်-
https://www.dropbox.com/s/z4s1cp9uvqb15np/MRTVChannels.apk
http://www.mediafire.com/download/d5ic7muwxnjiec8/MRTVChannels.apk
http://www.solidfiles.com/d/7248dad455/
https://play.google.com/store/apps/details?id=com.mrtvseagame.tv&hl=en
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

InstaFace:face eyes morph အကောင်နဲ့လူမျက်နှာတွဲ APK

အောက်ပါပြထားတဲ့ပုံများလို လူမျက်နှာကို effect များလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်





Zealot Mobile Sharing Blog
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်