MIUI 7 Myanmar Font Installer




Xiaomi နောက္ဆုံးထြက် UIျဖစ်သည့် Xiaomi MIUI 7 တြင်
ျမန္မာစာ ထည့်သြင်းအသုံျးပု ရန်အတြက် MIUI 7 Myanmar Font Installer
Zawgyi မွ Unicode .... Unicode မွ Zawgyiျေပာင်းလဲ ထည့်သြင်းအသုံျးပုနိုင်ပြီး
Clash Of Clan တြင်ျမန္မာစာ 100% မွန္ကန္စြာ ရေး၊ဖတ် နိုင္ပါတယ်။
မည်သည့် Xiaomi Rom MIUI 7 အတြက္မဆျိုမန္မာစာ ထည့်သြင်းနိုင္ပါသည် ။

Play Store   Download Link
Media Fire  Download Link 

Unicode
***********
နောက်ဆုံးထွက် UI ဖြစ်သည့် Xiaomi MIUI 7 တွင်
မြန်မာစာ ထည့်သွင်းအသုံးပြု ရန်အတွက် MIUI 7 Myanmar Font Installer
Zawgyi မှ Unicode .... Unicode မှ Zawgyi ပြောင်းလဲ ထည့်သွင်းအသုံးပြုနိုင်ပြီး Clash Of Clan တွင် မြန်မာစာ 100% မှန်ကန်စွာ ရေး၊ဖတ် နိုင်ပါတယ်။
မည်သည့် Xiaomi Rom MIUI 7 အတွက်မဆို မြန်မာစာ ထည့်သွင်းနိုင်ပါသည် ။

Play Store   Download Link
Media Fire  Download Link 





အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

ASUS Zenfone တော်တော်များများရဲ့ Kitkat version ကို Root နိုင်တဲ့ Root Toolkit

Zenfone_52
ASUS Zenfone တော်တော်များများရဲ့ Kitkat version လေးကို
Root လုပ်ချင်သူများအတွက် အဆင်ပြေစေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
လုပ်ပုံလုပ်နည်းကလဲ လွယ်ကူပါတယ်။ Download ဆွဲလို့ရလာတဲ့ bat file လေးကို Run ပေးလိုက်ရုံပါပဲ။
bat file ကနေ အလုပ်အလုပ်သွားပြီး phone မှာ restart ကျပြီး ပြန်တက်လာပြီဆိုရင်
Root accepted အပြည့်နဲ့ SuperSU လေးကို မြင်တွေ့ရပြီဖြစ်ပါတယ်။
bat file လေးကို လိုအပ်ရင်တော့ ရယူလိုက်ပါအုံး ခင်ဗျာ။

85141_root
Download Here >>> AsusIntelRootKit.rar  ( 15.5MB )

ဖုန်းတစ်လုံးရဲ့ Battery ကို ကြာရှည်အသုံးခံအောင် ဘယ်လိုသုံးကြမလဲ။

galaxy-s6-battery

ကျတော်တို့ ဖုန်းတစ်လုံးမှာ Battery ကအရေးကြီးတယ်ဆိုတာတော့ လူတိုင်းသိပြီးသားဖြစ်ပါတယ်။
Battery တစ်လုံးကို ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့လဲ လိုအပ်ပါတယ်။ ကျတော်တို့အများဆုံးကြုံတွေ့နေရတာကတော့
ဖုန်းပူလာတာကို အများဆုံးကြုံတွေ့ရပါတယ်။ အဲလိုအခြေအနေမျိုးတွေမှာ User တော်တော်များများကတော့ service ဆိုင်ကို
အးကိုးတက်ကျပါတယ်။ အဲလိုအခြေအနေကျရင် ကျတော်တို့ကိုယ်တိုင်အဖြေရှာစေချင်ပါတယ်။ ဘာကြောင့်ဒီလိုပူရတာလဲ ???
အဓိကနေရာကတော့ ကျတော့်အတွေ့ကြုံရတော့ Battery နားကပူတာများပါတယ်။ ဒါဆိုဘာလို့ပူတာလဲ ဆိုတာကို
ကျတော်တို့တွေးရပါမယ်။ ကျတော်ကြုံတွေ့ရတာတော်တော်များများကတော့ ဒီလိုအခြေအနေမျိုးတွေမှာ လိုင်းဆွဲအားကြောင့်
ဖြစ်တာများပါတယ်။ လိုင်းဆွဲအးမမိတဲ့နေရာတွေမှာဆို ဖုန်းရဲ့ Processor အရ အလုပ်လုပ်နိုင်တဲ့စွမ်းရည်ပာာလဲ
ကွာခြားသွာပါတယ်။ ဖုန်းတစ်လုံးပာာ အလုပ်လုပ်ရတာများလာရင် Bttery ပိုင်းမှာလဲသွားပြီး Effect ဖြစ်ပါတယ်။
ဒါကြောင့် ဖုန်းတစ်လုံးရဲ့ Battery ပိုင်းကို ကျတော်တို့ကြာရှည်အသုံးခံအောင် စဉ်းစားရပါပြီ။ တစ်ချို့ဆို သီချင်းနားထောင်ရင်း
Game ကစားတာတို့ လုပ်တက်ကြပါတယ်။ ဒီလိုဆိုရင်တော့ ဖုန်းပာာအလုပ်နှစ်ခုကို တစ်ခါထဲလုပ်ရပါပြီ။ ဒါဆို ဖုန်းရဲ့ Battery ပိုင်းမှာလဲ
နှစ်ခုစာအတွက် အလုပ်လုပ်ပေးရတာကြောင့် ပူလာနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ အဲဒီလိုအသုံးပြုခြင်းတွေကိုရှောင်ရှားနိုင်မယ်ဆိုရင်တော့
Battery ခံနိုင်ရည်အားကိုအထောက်အကူဖြစ်စေပါမယ်။ ဖုန်းကိုအားသွင်းရင် Game ဆော့တာပဲဖြစ်ဖြစ် Video ကြည့်တာ Facbook 
အသုံးပြုတာပဲဖြစ်ဖြစ် အဲလိုမျိုးအသုံးပြုခြင်းတွေကိုလဲ ရှောင်ရှားသင့်ပါတယ်။ ဖုန်းရဲ့အားသွင်းခြင်းကိုလဲ အကြံပြုချင်ပါတယ်။
ဖုန်းကိုအသုံးပြုတဲ့နေရာမှာ Battery အားကို အကုန်သုံးပစ်ခြင်းကိုရှောင်ရှားပေးစေချင်ပါတယ်။ ဖုန်းတစ်လုံးရဲ့ Battery ကိုအကုန်သုံး
လိုက်မိရင် အားပြန်သွင်းရတဲ့အခါ အကြာကြီးပြန်သွင်းရတာထက် Battery ရဲ့ခံနိုင်ရည်အားကိုပါလျော့ကျစေပါတယ်။
ဖုန်းတစ်လုံးကို Battery % 30 အောက်ဆိုရင် အားပြန်သွင်းပြီးအသုံးပြုတာသင့်တော်ပါတယ်။ Battery အားကိုလဲ 90% ကျော်ကျော်လောက်ဆို
လုံလောက်ပါပြီ။ ဒါကြောင့် ကျတော်အကြံပေးချင်တာကတော့ ဖုန်းတစ်လုံးရဲ့ Battery ပိုင်းကို ကျတော်တို့ကြာရှည်ခံနိုင်စေရန်
ကိုယ့်နည်းကိုယ့်ပာန်နဲ့ အဆင်ပြေအောင်အသုံးပြု ကြပါလို့ပါ တိုက်တွန်းပေးလိုက်ပါတယ်။
ကျတော် အကြံပြုပေးခြင်းမှာ တစ်စုံတစ်ရာ လိုအပ်ချက်ရှိခြင်း / အမှားပါခြင်းများရှိခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။

Android Phone များ Screen Lock ( Pattern / Pin / Passcode ) ကျနေတဲ့အချိန်မှာ ဘာတွေလုပ်ထားဖို့လိုသလဲ ???

Screen_Lockscreen lock

ကျတော်တို့ Android အသုံးပြုသူများအတွက် Screen Lock ( Pattern / Pin / Passcode ) ကျနေတဲ့အချိန်တွေမှာ ဘာတွေလုပ်ထား
သင့်သလဲဆိုတာကို ကျတော့်အမြင် နဲ့ အတွေ့အကြုံလေးအရ ကျတော်တင်ပြပေးလိုက်ပါတယ်။
Android ဖုန်းတစ်လုံးအသုံးပြုပြီဆိုရင်တော့ လူတိုင်းလိုလို Screen Lock ( Pattern / Pin / Passcode ) ဆိုတာတော့ ထားတက်ကြပါတယ်။
အဲဒီလို Screen Lock ချထားတဲ့အချိန်ကိုယ့်ရဲ့ lock ကို ပြန်မမှတ်မိတော့ဘူးဆိုရင်တော့ User တော်တော်များများအနေနဲ့
ကိုယ့်ရဲ့ အရေးကြီးတဲ့ data များကိုတော့ပြန်လိုချင်ကြပါတယ်။ ဒါပေမဲ့အဲလိုအခြေအနေမှာ Screen Lock ကို ပြန်ဖြည်နိုင်ရန်
နည်းလမ်း ( ၂ ) မျိုးရှိပါတယ်။ Reset ချပြီးပြန်ဖြည်တဲ့နည်း နဲ့ Software များကို အသုံးပြုပြီး ပြန်ဖြည်တဲ့နည်းတွေပဲဖြစ်ပါတယ်။
Reset ချတဲ့နည်းကတော့ ဖုန်းရဲ့ Internal Memory မှာရှိတဲ့ data တွေကို ဖုန်းကအလိုလိုမဖျက်ပစ်မှာဖြစ်ပါတယ်။
ဒီလိုဆို ကိုယ်ပြန်လိုချင်တဲ့ Contact , Message နဲ့ အခြားအရေးကြီးတဲ့ data တွေကိုပြန်ရနိုင်တော့ပါဘူး။ တကယ်လို့ data တွေကို
ကျတော်တို့ပြန်လည်လိုချင်တယ် ဆိုရင်တော့ Software များကိုအသုံးပြုမှအဆင်ပြေမှာဖြစ်ပါတယ်။ အဲလိုအခြေအနေမှာဆိုရင်
အရေးကြီးတာကတော့ Computer ကနေ ဖုန်းကိုသိနေဖို့ပါပဲ။ အဲလိုသိနေအောင် Setting ထဲကဘယ်အရာရာကို အဓိကအနေနဲ့
on ထားဖို့လိုအပ်ပါသလဲ ??? ကျတော်တို့ အဲလိုအခြေအနေမှာတော့ အဓိကအနေနဲ့ on ထားဖို့လိုအပ်တာကတော့
Setting >>> Developer option ထဲက USB Debugging ပဲဖြစ်ပါတယ်။ ဒီ Function လေးကို on ထားခြင်းမရှိဘူးဆိုရင်တော့
Screen Lock ကို Software တွေနဲ့ပြန်ဖြည်တဲ့အခါ Computer ကနေ ဖုန်းကိုသိရှိနိုင်ရန် support ပေးမှာမပာုတ်တော့ပါဘူး။
ဒါကြောင့် ဒီ Function လေးကိုတော့ on ထားဖို့လိုအပ်ပါမယ်။ နောက်အရေးကြီးတာကတော့ သင့်ဖုန်းမှာ Root လုပ်ထားဖို့ပဲဖြစ်ပါတယ်။
Root လုပ်မထားဘူးဆိုရင်တော့ Software တွေကနေ ဖုန်းကိုသိရှိနိုင်ရန် support ပေးမှာ မပာုတ်တော့ပါဘူး။
ဒါကြောင့် Screen Lock ဖြည်ချင်တဲ့အခါ data တွေမပျက်စီးချင်ရင်တော့ ဒီအချက်နှစ်ချက်ကို ပြုလုပ်ထားရန်လိုအပ်ပါမယ်လို့
မသိသေးသူများအတွက် ကျတော်နားလည်သလို ပြန်လည်တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။
Remark ; ယခု version များတွင် Developer option ကိုမတွေ့ရှိပါက About Phone ထဲကနေပြီး Build number ကို ( ၇ ) ချက်လောက်
နှိပ်ပေးခြင်းဖြင့် Developer option ကို ဖော်ပေးပါ။


ဖုန်းရဲ့ Sensor ပာာဘယ်လိုနေရာအတွက်သုံးထားတာလဲ ???

Samsung-Galaxy-A5-Duos-pic2-800x614

Phone အသုံးပြုသူတော်တော်များများပာာ ကိုယ့်ဖုန်းရဲ့ ဘယ်နေရာပာာ ဘယ်လိုနေရာအတွက်သုံးထားတာလဲဆိုတာကို
သိရှိကြတဲ့လူ ရှိကြသလို မသိရှိသူများလဲရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် Phone တစ်လုံးရဲ့ Sensor ပာာ ဘယ်နေရာအတွက်အသုံးပြု
ထားသလဲဆိုတာလေးကို ကျတော့်အသိနဲ့ ကျတော့်အမြင်လေးကိုတင်ပြပေးလိုက်ပါတယ်။
ကျတော်တို့ဖုန်းတစ်လုံးနဲ့တစ်လုံး ဖုန်းခေါ်ပြီးစကားပြောကြတဲ့အခါ ဖုန်းကိုနားရွက်နားကပ်လိုက်ရင် Screen လေးမှိတ်သွားတာ
အားလုံးသိပါတယ်။ ဒါပာာဘာကြောင့်မှိတ်သွားလဲဆိုတာကိုတော့ သတိထားမိကြချင်မှ ထားမိပါမယ်။ ဒါပာာ တကယ်တော့
Sensor ကနေအလုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်ခင်ဗျာ။ နောက်ထက် အလုပ်လုပ်ပေးနေတဲ့နေရာတွေလဲရှိပါသေးတယ်။
အခုနောက်ပိုင်းဖုန်းတော်တော်များများမှာပါတဲ့ ဖုန်းကိုလက်နဲ့မထိပဲ လက်ကိုဝှေ့ရမ်းယုံနဲ့ ဓာတ်ပုံတွေကိုရှေ့တိုး နောက်ဆုတ်
လုပ်တာတို့ / သီချင်းကျော်တာတို့ ပြုလုပ်တာတွေ … ဖုန်းလာနေတုန်း ဖုန်းကိုမှောက်လိုက်ရင် Ringtone သံပိတ်သွားတာတို့
စတာတွေကို အလုပ်လုပ်ပေးပါတာဖြစ်ပါတယ်။ ဒါကြောင့် Sensor ပာာလဲဖုန်းတစ်လုံးအတွက်အရေးပါလှတာကြောင့် သူ့ကိုထိခိုက်မှု့
မရှိအောင်အသုံးပြုနိုင်ရန်လိုအပ်ပါတယ်။ Sensor ပာာဖုန်းရဲ့ဘယ်နေရာမှာပါဝင်လဲဆိုတာကိုပါ ကျတော်ပုံးလေးနဲ့ ပြပေးပါမယ်။
review-smartphone-huawei-ascend-g610-raqwe.com-08
အပေါ်ကပုံမှာပါဝင်တဲ့ အရှေ့ ကင်မရာလေးရဲ့ဘေးကပာာကတော့ Sensor လေးပဲဖြစ်ပါတယ်။ ဒီ Sensor လေးပာာ ထိခိုက်လဲလွာ်ပါတယ်။
ပြုတ်ကျရင်ပဲဖြစ်ဖြစ် ဖိမိတဲ့အခါပဲဖြစ်ဖြစ် Sensor ကိုထိခိုက်တက်ပါတယ်။ ဒီလိုထိခိုက်မိခဲ့ရင်တော့ ပြန်ပြင်လို့ရရင်ရ မရရင်တော့
ပြန်လဲဖို့လွယ်ကူမှာမပာုတ်ပါဘူး။ ဒါကြောင့် Sensor လေးကိုမထိခိုက်စေရန် ဂရုတစိုက်အသုံးပြုကြစေချင်ပါတယ်။
Screen Guard ပောာင်းနေလို့ ဆိုင်တွေမှာသွားကပ်ကြတဲ့အခါမှာလဲ Sensor ကို အုပ်မိစေတဲ့ Screen Guard ကို မကပ်မိစေရန်
လဲ လိုအပ်ပါတယ်။ Screen Guard ကပ်တဲ့အခါ လူတိုင်းလိုလို သတိထားကြမှာမပာုတ်ပါဘူး။ နောက်မှ သုံးနေရင်းနဲ့ ဖုန်းလာတဲ့အခါ
မျိုးကျမှ ကိုယ့်ဖုန်းကိုအသုံးပြုတဲ့အချိန် ဖုန်းကိုင်လိုက်တာနဲ့ Screen ပာာ အလိုလိုပိတ်သွားတာမျိုးကြုံပြီဆိုရင် ဘာလုပ်ရမှန်းမသိဖြစ်တက်ပါတယ်။
အဲလိုဆိုရင်တော့ ကိုယ်ကပ်လာမိတဲ့ Screen Guard ပာာ Sensor ကိုသွားအုပ်မိနေတာ ဖြစ်တာကြောင့် Sensor ပာာအလုပ်မလုပ်ပေးနိုင်
တော့တာဖြစ်ပါတယ်။ ဆိုင်ကိုပြန်မသွားသေးပဲ Screen Guard ကို ပြန်ခွာပြီးစမ်းကြည့်လိုက်ရင်တော့ အဆင်ပြေသွားတက်ပါတယ်။
ဒါကြောင့် Screen Guard ကပ်ကြတဲ့အခါမှာလဲ Sensor ကိုအုပ်မိသွားမဲ့ Screen Guard မျိုးကိုမကပ်မိကြစေရန် အသိတစ်ခုအနေနဲ့
တင်ပြပေးလိုက်ရပါတယ်။
…..::: ကျတော့်ရဲ့အသိနဲ့အမြင်လေးကို တင်ပြပေးလိုက်ခြင်းဖြစ်တာကြောင့် အမှားတစ်စုံတစ်ရာပါရင် ဖြည့်တွေးပြီး ခွင့်လွှတ်ပေးကြပါရန်
မေတ္တာရပါခံပါတယ်။ :::…..


မိုးရွာနေတဲ့အချိန် Phone ကို ဘယ်လိုသတိထားအသုံးပြုသင့်သလဲ

C_71_article_1313868_image_list_image_list_item_4_image

images
အခုအချိန်အခါက မိုးရာသီရောက်ရှိလာပြီဖြစ်ပါသဖြင့် Phone အသုံးပြုသူတွေသတိထားပြီး အသုံးပြုရမဲ့အချိန်အခါ
တစ်ခုလဲဖြစ်ပါတယ်။ ဒါကြောင့် ကျတော့်အနေနဲ့ ရှောင်ရှားသင့်တာလေးကို အကြံပြုပေးလိုက်ချင်ပါတယ်။
မိုးရွာနေတဲ့အချိန်မှမပာုတ်ပါဘူး လူတိုင်းပာာ အခုခေတ်ကြီးမှာအိမ်မှာရှိကြရတာနည်းပါတယ်။ အလုပ်ကိစ္စ ဒါမှမပာုတ် အကြောင်းကိစ္စ
တစ်ခုမပာုတ်တစ်ခုနဲ့ အပြင်ထွက်နေကြရတာများပါတယ်။ အဲလိုအပြင်ထွက်နေရတဲ့အချိန် မိုးရွာလာပြီဆိုရင် ကျတော်တို့ကိုင်ဆောင်လာတဲ့
Phone ကို သေချာဂရုစိုက်ဖို့ဆိုတာ လိုအပ်လာပါပြီ။ ဒီလိုအချိန်မှာ ဘာမှထည့်စရာမပါလာရင်တော့ အရင်ဆုံးနီးစပ်တာရေ၀င်နိုင်တာပါပဲ။
ဒါကြောင့် သင်္ကြတွင်းမှာအသုံးပြုတဲ့ ရေလုံအိပ်လေးဆောင်ထားစေချင်ပါတယ်။ နောက်တစ်ခုကတော့ ဖုန်းပြောတဲ့အချိန်မှာသတိထားသင့်
တာလေးပါ။ ဖုန်းပြောတဲ့အချိန် လူတိုင်းပာာဖုန်းလာတာနဲ့ အလွယ်တကူထုတ်ပြီးပြောလိုက်တက်ကြပါတယ်။ မိုးရွာနေတဲ့အချိန်ဆို
ဖုန်းပြောတဲ့အခါဆိုရင် အမိုးအောက်မှာဝင်ပြောစေချင်ပါတယ်။ မိုးကြိုးစက်ကွင်းနဲ့မလွတ်ကင်းတဲ့အချိန်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။
သီချင်းနားထောင်တာလဲ ရှောင်ရှားသင့်ပါတယ်။ လျှပ်စစ်သံလိုက်စက်ကွင်းနဲ့မလွတ်ကင်းတဲ့အချိန်တွေမှာဆို ဖုန်းကိုလာရောက်ပြီး
အန္တရာယ်ရှိနိုင်ပါတယ်။ လူပါအန္တရာယ်ဖြစ်စေပါတယ်။ မိုးရွာနေတဲ့အချိန်တွေမှာဆို ဖုန်းကိုလိုတာထက်ပိုပြီး အသုံးပြုတာမျိုးကိုရျောင်ရှားသင့်ပါတယ်။
နောက်ထပ်အသိပေးချင်တာကတော့ ဖုန်းအားသွင်းတဲ့အချိန်ပါပဲ … ဘာကြောင့်လဲဆိုရင် မိုးရွာနေတဲ့အခါ မီးကလဲစိတ်မချရပါဘူး
ခဏခဏပျက်သွားတက်သလို ခဏခဏပြန်ပြန်လာလိုက်နဲ့ မီးအားအတက်အကျကိုလဲသတိထားရမဲ့အချိန်ပါ။ မီးအားအတက်အကျနဲ့
ညှိသွားခဲ့ရင် ပါဝါပိုင်းကိုဒုက္ခဖြစ်စေပါတယ်။ နောက်ဆုံးပြန်ပြင်လို့မရနိုင်တဲ့အခြေအနေကို ရောက်သွားနိုင်ပါတယ်။
ဒါကြောင့် ဖုန်းကိုမိုးရွာနေတဲ့အချိန်တွေမှာဆို အထက်ပါအတိုင်းသတိထားအသုံးပြုသင့်တယ်ဆိုတာလေး ကျတော်သိသလောက်
အကြံပြုပေးလိုက်ပါတယ် ခင်ဗျာ။

သင်စာညံ့လျှင် သမ္မတဖြစ်နိုင်သည်၊ သူဌေးဖြစ်နိုင်သည်၊ အောင်မြင်နိုင်သည်

Screen Shot 2015-05-22 at 2.32.59 PM

Dallas က Southern Methodist University မှာ အမေရိကန် သမ္မတဟောင်း ဖြစ်တဲ့ ဂျော့ဒဗလျူဘွတ်ရှ် ဘွဲ့နှင့်သဘင် မိန့်ခွန်းပြောပါတယ်။ မိန့်ခွန်းထဲမှာ Grade A (အမြင့်ဆုံး အရည်အချင်း) နဲ့ အောင်မြင်သူများကို Well done ဆိုပြီးတော့ ချီးကျူးခဲ့ ပါတယ်။ Grade C တွေကိုတော့ You can be president လို့ အတည်ပေါက်နဲ့ ပြောသွားခဲ့ ပါတယ်။ ဘွတ်ရှ်ဟာ ကျောင်းသားဘဝမှာ Grade C အဆင့်သာ ရှိခဲ့လို့လည်း ဖြစ်ပါတယ်။
Grade C ဆိုတာ စာမေးပွဲအောင်အောင် မနည်းကြိုးစားယူထားကြတဲ့ အဆင့် ဖြစ်ပြီး ဘွတ်ရှ်တစ်ဦးတည်း မဟုတ်ပဲ ယခု ပုံမှာ မြင်တွေ့နေရတဲ့ Virgin လေကြောင်းလိုင်း ပိုင်ရှင် ကမ္ဘာကျော် ဘီလျံနာ Richard Branson လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် တီထွင်သူ အချို့နဲ့ အိုင်တီ ပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊ ပညာရှင် အချို့ဟာလည်း Grade C အဆင့်သာ ကျောင်းသားဘဝမှာ ရှိခဲ့ ပါတယ်။ Richard ဆိုရင် ကျောင်းအထုတ်ခံရတဲ့အထိတောင် ဖြစ်ခဲ့ ပါတယ်။
ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ Grade C နဲ့ ပြီးတဲ့ ရာခိုင်နှုန်း အများစုက လုပ်ငန်းလုပ်ကိုင်တဲ့ ဘဝ အစိတ်အပိုင်းကို ရောက်တဲ့အခါ Grade A, Grade B နဲ့ ပြီးခဲ့သူများထက် ပိုလို့တောင် အောင်မြင်နေပါတယ်။ အကြောင်းပြချက်ကို ရှာကြည့်တော့ သူတို့ဟာ ကျရှုံးမှုများမှာ သင်ခန်းစာယူခြင်း၊ ဇွဲလုံ့လကြီးခြင်း တို့မှာ အရည်အချင်း တက်လာပြီး လူတွေနဲ့ ခင်မင်အောင် ပေါင်းသင်း ချိတ်ဆက်နိုင်တဲ့ အရည်အချင်းက အလိုအလျောက် ပါဝင်လာခဲ့လို့ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: metro
Ref: အောင်ခမ်း (MMAS)

iPhone ကြော်ငြာမှာ ဘာလို့ 9:41 အမြဲ ဖြစ်နေတာလဲ

iphone-6

Apple ရဲ့ iPhone တွေကို ကြော်ငြာတဲ့အခါ အချိန်တိုင်းက 9:41 ဖြစ်နေပါတယ်။ ယနေ့အထိ ယင်းနာရီ အချိန်ပဲ ဖြစ်ပြီး အမြဲတမ်းလည်း အဲ့ဒီ အချိန်ကိုပဲ ထားထားမှာ ဖြစ်ပါတယ်။ အကြောင်းက ဒီလိုပါ။
၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က 2007 Macworld Conference & Expo ကို တက်ရောက်ပါတယ်။ မိနစ် ၃၀ ကျော်ကြာ စကားပြောပြီးတော့ ပထမဆုံး iPhone ကို ထုတ်ပြခဲ့ပါတယ်။ ယင်းဖုန်းကို ထုတ်ပြတဲ့အချိန်ဟာ 9:41 am မနက်ပိုင်းအချိန် ဖြစ်ပါတယ်။ ယင်းအချိန်ကို အစွဲပြုပြီးတော့ နောက်နှစ်တိုင်း iPhone ထုတ်တဲ့အခါတွေမှာလည်း ယင်း အချိန် ကိုသာ set လုပ်ပြီးတော့ ထုတ်ပါတော့တယ်။
ဒါကြောင့်မို့ www.apple.com ကိုပဲ သွားကြည့်ကြည့် Apple ရဲ့ ဘယ် iPhone ကြော်ငြာကိုပဲ ကြည့်ကြည့် 9:41 ကိုသာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
.
Ref: metro
Ref:အောင်ခမ်း (MMAS)

iPhone သုံးသူများ iCloud အကောင့် ဖွင့်ထားပါ

icloud
iPhone ရယ်လို့ မဟုတ်ပဲ Apple ထုတ်တဲ့ iPad, iPod နဲ့ အခြား Apple ပစ္စည်းများ သုံးတယ်ဆိုရင် မဖြစ်မနေ သုံးသင့်တဲ့ service တစ်ခုတည်းမှာ iCloud ပါဝင်ပါတယ်။ သူက Apple က ပေးတဲ့ free service တစ်ခု ဖြစ်ပါတယ်။ 5GB လောက်အထိ free ပေးထားခြင်း ဖြစ်ပါတယ်။ သူက ဘာလုပ်ပေးသလဲဆို –
အချက်အလက်များ backup လုပ်ခြင်း
အချက်အလက်များကို iCloud ပေါ်မှာ Backup လုပ်ပေးထားတာကြေင့် လိုတဲ့ အချိန်တိုင်း ပြန်တက်ယူလို့ရပါတယ်။ အကယ်၍ ကိုယ်က ယခု iPhone ကို မသုံးတော့ပဲ နောက်တစ်လုံး သုံးတော့မယ်ဆိုရင် ဖုန်းကို iCloud sign out လုပ်ပြီး reset လုပ်လိုက်ပါ။ ဖုန်းရဲ့ အချက်အလက်များဖြစ်တဲ့ Note, Contact, Photo, အစရှိသဖြင့်တို့ကို Sync လုပ်ပါလို့ ရွေးထားရင် အချက်အလက်တွေ ပျက်မသွားပါဘူး။ ရှိနေမြဲ ရှိပါလိမ့်မယ်။ သူ့ကို ကြည့်ချင် ပြန်ယူချင်တယ်ဆိုရင် www.icloud.com ကနေ ပြန်ယူရမှာ ဖြစ်ပါတယ်။ နောက်ထပ် iPhone ကိုပဲ သုံးသုံး၊ Android ဖုန်းကိုပဲ အသုံးသုံး အချက်အလက်အများစုကို ပြန်ယူလို့ရ ပါတယ်။ အကယ်၍ iPhone ဘဲ ပြန်ဝယ်တယ်ဆိုရင် အကုန် အတူတူ ပြန်ယူလို့ ရပါတယ်။ အကယ်၍ Android ဆိုရင် Contact ကို csv format နဲ့ down ပြီးတော့ ပြန်ထည့်တာမျိုး ရပါတယ်။
ဖုန်းကို ကာကွယ်ပေးခြင်း
Find my iPhone ကိုပါ turn on လုပ်ထားရင် https://www.icloud.com/#find ကနေ မိမိရဲ့ ဖုန်းကို ရှာဖွေလို့ ရပါတယ်။ Find my iPhone ကို turn on လုပ်ဖို့ဆိုတာ iCloud sign in ထားမှ ရမှာမို့ ဖြစ်ပါတယ်။ ဖုန်းကို သူများ မသုံးအောင်လည်း ကာကွယ်လို့ ရပါတယ်။ ဖုန်းကို lock ချလိုက်တာမျိုးတို့ လုပ်လို့ရ ပါတယ်။ ဖုန်းရဲ့ Home Screen pattern lock မဖြေတတ်ရင် လူတွေ ကြိုးစားလုပ်မယ့်အရာ က format ချ firmware အသစ်တင်ခြင်းပါ။ ဒါပေမယ့် iPhone ကို iCould ချိတ်ထားရင်၊ find my iPhone turn on လုပ်ထားရင် ဖုန်းကို ကိုယ်က physically မပိုင်တော့ပေမယ့် virtually ကတော့ ပိုင်နေပါသေးတယ်။ remote ပိုင်ဆိုင်မှု ဖြစ်ပြီး မိမိရဲ့ control အောက်မှာ ရှိပါတယ်။ မိမိက lock လုပ်ထားလိုက်ရင် တစ်ဖက်က ဘယ်လောက်တော်တော် တော်ရုံ ဖြေလို့ မရပါဘူး။
iCloud ရဲ့ အသုံးဝင်မှုက အများကြီးပါ။ iCloud Drive လည်း ပေးထားပြီး မိမိအနေနဲ့ ဖုန်းတင်မက Apple ပစ္စည်း အကုန်လုံးနဲ့ ချိတ်ထားရင် မိမိရဲ့ Apple ပစ္စည်းများက အချက်အလက် တွေကို အင်တာနက်ရတဲ့အပေါ် မူတည်ပြီး မိမိရဲ့setting ရွေးချယ်မှုအပေါ် မူတည်ပြီး upload လုပ်သွားပါလိမ့်မယ်။
သူနဲ့ ပက်သက်လို့ ဖုန်းမှာ လုပ်ချင်တယ်ဆိုရင် General Tab ထဲကနေ iCloud, Find my iPhone များကို ဝင်ကြည့်ပါ။ စမ်းကြည့်ပါ။ Apple User ID ကို ပြန်သုံးပေမယ့် နောက်မှာ @icloud.com ဆိုပြီးတော့ ID အသစ်ပေးပါလိမ့်မယ်။ အသေးစိတ်ကတော့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ။ beginner များအတွက် အကြမ်းဖျဉ်း ရှင်းပြ ရုံသာ ဖြစ်ပါတယ်။
.
REF : အောင်ခမ်း (MMAS)
#aungkham_mmas

ဖုန်းဝယ်နည်း လမ်းညွန်

Screen Shot 2015-06-03 at 12.13.31 PM

ဖုန်းဝယ်ဖို့ စဉ်းစားတိုင်း နောက်ဆုံးပေါ်ဖုန်းတွေချည်း မစဉ်းစားပါနဲ့။ Brand လည်း အစွဲလမ်း မကြီးပါနဲ့… ဈေးပေါတာချည်းလည်း မဝယ်ပါနဲ့။ ဖုန်းဝယ်ရန် စဉ်းစားနေသူများအတွက် တွေးစရာ၊ သုံးသပ်စရာ အချက်များကတော့ အောက်ပါ အတိုင်း မျှဝေပေးလိုက်ရ ပါတယ်။
၁) GSM လား CDMA လား..
ကမ္ဘာတစ်လွှားမှာ GSM ဆက်သွယ်ရေး စနစ်ကို provide လုပ်တဲ့ ဖုန်းများ ထုတ်ပေမယ့် CDMA ကို provide လုပ်တာတော့ အတော်လေး နည်းပါတယ်။ အများစုက တရုတ်ပြည်ကနေ လာတဲ့ ဖုန်းများက support လုပ်ပြီး Hauwei ကနေ အဝင်များပါတယ်။ အခြားအားဖြင့် Samsung, HTC တို့ အနေနဲ့လည်း CDMD network ထောက်ပံ့တဲ့ ဖုန်းများ ထုတ်ပါတယ်။ ဒါပေမယ့် အမြင့်ဖုန်းတွေတော့ မဟုတ်ပါဘူး။
၂) ဘယ်လို feature ကို သင်လိုအပ်လဲ..
အချို့က ဖုန်းဆိုရင် ကင်မရာ ကို အဓိက သုံးဖို့ ဝယ်သူ ရှိသလို၊ အချို့က ဂိမ်းဆော့ဖို့ အဓိက ဝယ်သူ ရှိတယ်။ အချို့က အင်တာနက် ကောင်းကေင်းသုံးချင်တယ်.. လိုအပ်ချက် တစ်ခုတိုင်း စီအတွက် focus လုပ်ပေးထားတဲ့ ဖုန်းရှိသလို အချို့ဖုန်းများကတော့ သူ့လိုအပ်ချက်အတိုင်း ချွန်ထွက် ကောင်းမွန်နေတဲ့ ဖုန်းများလည်း ရှိပါတယ်။ အချို့ကျတော့လည်း အကုန်ကောင်းပါတယ်။
၃) ဒီဇိုင်း မှန်ကို ရွေးပါ..
ဘာမှ မပြောခင် ဒီဇိုင်းကို အရင်စပြောရတဲ့ အကြောင်းက ရှိပါတယ်။ ဖုန်းဟာ ပြောမယ်ဆိုရင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူ တစ်ဦးလိုပါပဲ။ သွားလေရာ အမြဲတမ်း ပါသွားပြီး မိမိနဲ့ အနီးကပ်ဆုံး ရှိနေမယ့် အရာ၊ အသုံးပြုနေရမယ့်အရာ ဖြစ်ပါတယ်။ ဖုန်းမဝယ်ခင် အရင်ဆုံး လက်မှာ ကိုင်ကြည့်။ ကိုယ့်လက်နဲ့ အံကိုက်ဖြစ်ရဲ့လား.. ကိုယ်ကိုယ့်ကိုကော အဲ့ဖုန်းနဲ့ လိုက်ဖက်တယ်လို့ ခံစားရလား.. navigation လေးတွေ နှိပ်ကြည့်လို့ စိတ်တိုင်းကျရဲ့လားပေါ့.. ဒီဇိုင်းလို့ဆိုတဲ့နေရာမှာ အပြင်ဒီဇိုင်းကော အတွင်းက UX ဒီဇိုင်းကိုပါ ဆိုလိုပါတယ်။ အချို့က အပြင်ဒီဇိုင်းကြိုက်ပေမယ့် အတွင်းဒီဇိုင်းက ကိုယ့်အတွက် အဆင်မပြေတာမျိုးတွေလည်း ရှိပါတယ်။
၎) ဖုန်း အမျိုးအစား
ဖုန်းမှာ စမတ်ဖုန်း ရှိတယ်..။ Feature ဖုန်း (ဖီးချားဖုန်း) ရှိတယ်။ Basic ဖုန်း ရှိပါတယ်။ စမတ်ဖုန်းက အင်တာနက်သုံးလို့ရတယ်။ ပုံထွက်ကောင်းတယ်။ ကွန်ပြူတာ တစ်လုံး အသေးစား ပမာ သုံးလို့ရ ပါတယ်။ ဖီးချားဖုန်းကတော့ အီးမေးလ်ပို့ခြင်းတို့လောက် ရပြီး Messaging ကို အဓိက ထားပါတယ်။ Basic ဖုန်းကတော့ ကျနော်တို့ အရင်တုန်းက သုံးခဲ့ဖူးတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ keypad ပါဝင်ပြီး screen resolution အဖြူအမဲဖုန်းများ ဖြစ်ပါတယ်။ အဲ့ဒီလို ဖုန်းတွေရှိတောင် မရှိတော့ပါဘူး။ အဓိကက စမတ်ဖုန်းကို သုံးကြပြီး ကမ်းရိုးတန်းဖုန်း သုံချင်သူများကတော့ feature ကနေ ပြန်ရွေးပါတယ်။
၅) မျက်နှာပြင်
အဓိက စဉ်းစားစရာအချက် ဒီမှာ ရောက်ပါပြီ။ စမတ်ဖုန်း အကြောင်းပဲ ပြောကြရအောင်..။ မျက်နှာပြင် အသေးဆုံး အနေနဲ့ ၄.၅ လက်မ ဝန်းကျင် လောက်ကနေ အကြီးဆုံး အားဖြင့် ၆.၄ လက်မ အထိ အရွယ်စုံ ရှိပါတယ်။ ကိုယ်က မျက်နှာပြင်သေးတဲ့ ဖုန်းပဲ သုံးချင်တာဆိုရင် ၄.၇လက်မ ဝန်းကျင် လောက်က အဆင်ပြေပြီး ကြီးတာ ကြိုက်သူများအတွက် ၆ လက်မ လောက်အထိ သွားနိုင်ပါတယ်။ Google Nexus 6, iPhone 6 Plus, Samsung Galaxy Note 4 တို့က အကြီးစား ဖုန်းများ ဖြစ်ပါတယ်။ Phatblet ထဲကို ဝင်သွားပါပြီ။ သေးတာကြိုက်ရင်တော့ ၄.၅ လက်မ ဝန်းကျင်လောက်အထိ ရှိပါတယ်။ HTC One Mini 2, နဲ့ အခြားသော brand များမှ mini ဖုန်းများဟာ သေးပါတယ်။ iPhone 5S လောက်အထိ iPhone ဗားရှင်းများဟာလည်း သေးပါတယ်။ အဲ့ဒီဆိုဒ်တွေကို အမှန်တော့ သေးတယ်ဆိုတဲ့ ခေါင်းစဉ်အောက်တောင် မထည့်သင့်သေးပါဘူး။ လူကောင်ကြီးကြီး၊ အနောက်တိုင်းက လက်ပြင် ကြီးတဲ့သူတွေတောင် ၄.၇ လက်မ iPhone ကို အတော်လေး သုံးကြပါတယ်။ ဒီတော့ medium အရွယ်ဖုန်းလို့ သတ်မှတ်နိုင်ပါတယ်။ သေးတာဆိုရင် ၃.၂ လက်မ လောက်အထိ သေးတာမျိုးတို့ ရှိသေးပါတယ်။
၆) Processor
CPU ဟာ ဖုန်းရဲ့ နှလုံး ဖြစ်ပါတယ်။ လူမှာ နှလုံးရဲ့ လုပ်ဆောင်ချက်က အဓိကဖြစ်ပြီး သူသေရင်သေပါတယ်။ သူရပ်ရင် ရပါတယ်။ ဒီလိုပါပဲ ဖုန်းမှာမှာလည်း Processor က ပင်မ အသက်ကြော ဖြစ်ပြီး နှလုံးကညစ်အားကောင်းသလောက် လူကျန်းမာသလို Processor လည်ပတ်အားကောင်းသလောက် ဖုန်း အလုပ်လုပ်တာ အတော်လေး မြန်ပါလိမ့်မယ်.။ Quod core ကနေ အခု 64 Bit Processor အဆင့်အထိ ရောက်လာကြပါပြီ။ Octa Core ဖြစ်ပါတယ်။ 64 bit ဆိုတာ ကွန်ပြူတာ ရဲ့ Processor အမြန်နှုန်းလို့ လွယ်တကူ ပြောလို့ရ ပါတယ်။ နှလုံးလည်ပတ်အား က မြန်သော်လည်း လူကောင်ကြီးနေရင် သွေးရောက်ရှိမှုနှုန်းက ခရီးဝေးပိုသွားရတာကြောင့် သာမန်လူတစ်ဦးလိုပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် Body ကြီးသူများရဲ့ နှလုံးဟာ သာမန်လူများထပ် ပိုခုန်ကောင်း ခုန်ပါလိမ့်မယ်။ ဒီလိုပါပဲ။ Processor အလုပ်လုပ်မှု မြန်လေလေ RAM ရဲ့ လိုက်ပါ အလုပ်လုပ်မှုနှုန်းလည်း မြန်ဖို့ လိုအပ်သေးတယ်။ RAM 1GB ကို ၂၀၁၂ လောက်မှာ မြင်တွေ့နိုင်ပြီး ယနေ့ ၂၀၁၅ မှာ RAM 3GB, 4GB လောက်အထိ ရောက်ရှိလာပါပြီ။ ဆိုလိုရင်းကတော့ Processor တိုးတက်မှုနဲ့အတူ RAM များလာတာကြောင့် အလုပ်လုပ်မှုနှုန်း ပိုမြန်လာပါတယ်။ iPhone တစ်ခုတည်းက ချွန်ထွက်ပြီးတော့ Prcessor ကို Core စနစ်နဲ့ မသွားပဲ A ဖြင့် ရေတွက်တဲ့ပုံစံ သွားပြီး A8 အထိ ရောက်ရှိလာပါပြီ။ Apple iPhone 6 မှာ A8 ကို သုံးပြီး RAM က 1GB သာ ရှိသော်ငြားလည်း သူတို့နှစ်ခု ဟန်ချက် ညီတာကြောင့် လုပ်ဆောင်ချက် အတော်လေး မြန်ပါတယ်။
၈) ကင်မရာ
ကင်မရာ မှာ ၂၀၁၂ လောက်က 8 Megapixel လောက် နာမည်ကြီး ခေတ်စားခဲ့ရာကနေ ယနေ့ခေတ်မှာတော့ 13 Megapixel, 16 Megapixel ကို ရောက်ရှိလာပါပြီ။ ဒီလိုပြောလို့ Megapixel များတိုင်း ကင်မရာ ကောင်းတယ်လို့ မဆိုလိုပါ။ 8 Megapixel က 13MP ထက် ကောင်းတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ Megapixel နဲ့အတူ Focal length နဲ့ Image stablization technology အတူလိုက်ပါဖိ့ လိုပါတယ်။ HTC ဆိုရင် MP ၅ အောက်မှာ ရှိပြီး focal lenght နဲ့ sensor အလုပ်လုပ်အားကြောင့် ရုပ်ထွက် ကောင်းတဲ့ ပုံတွေ ထွက်ပါတယ်။ iPhone ဆိုရင် ယနေ့တိုင် 8 MP မှာ ရှိနေပေမယ့် သူ့ရဲ့ Image stablization နည်းပညာကြောင့် ပုံထွက်အတော်လေး ကောင်းပါတယ်။ iPhone 6 မှာ သုံးထားတဲ့ ယင်းနည်းပညာနဲ့ Samsung Galaxy S6 မှာ အသုံးပြုထားတဲ့ နည်းပညာ တို့က တူနေပါတယ်။ ဒါပေမယ့် အခြား feature များ ကွဲလွဲမှုကြောင့် ပုံရဲ့ အရောင်နဲ့ အလင်းအမှောင် အသားပေးမှုကတော့ ကွာသွား ပါတယ်။ ကင်မရာကောင်းတဲ့ ဖုန်းအဖြစ် Sony, HTC တို့က နာမည်ကြီးပြီး ဒီတစ်လော Huawei ကထုတ်တဲ့ Honor ဖုန်းနဲပ Huawei ဖုန်း တွေမှာလည်း ကင်မရာတွေ ကောင်းလာတာကို တွေ့ရ ပါတယ်။
၉) ဘက်ထရီ
ဘက်ထရီက ယနေ့ခေတ်ဖုန်းတွေမှာဆိုရင် 1700 mAh ဝန်းကျင်ကနေ 3500 mAh လောက်အထိ ရှိပါတယ်။ ဘက်ထရီကြီးလေလေ အသုံး ပိုခံလေလေ ဖြစ်ပါတယ်။ ဖုန်းကို ဖုန်းပြောရုံတင် မဟုတ် Mobile Data ဖွင့်ပြီး အင်တာနက် အမြဲသုံးသူတွေ၊ ဂိမ်းဆော့သူတွေကတော့ ဘက်ထရီ ပမာဏကြီးတာကို လိုအပ်ပါတယ်။ ဘက်ထရီပမာဏကြီးသလောက်လည်း ဖုန်းရဲ့ ဈေးကို ကြီးမြင့်စေပါလိမ့်မယ်။
၁၀) 3G, 4G ထောက်ပံ့မှု ရှိမရှိ
မြန်မာပြည်မှာလက်ရှိ 3GB network ကနေ HSPA+ အဆင့်ထိ ရောက်နေပါပြီ။ ဒါကြောင့်မို့ ဖုန်းဝယ်တဲ့အခါ 3G support ပေးမပေးလည်း မေးရပါမယ်။ နောက်ဆိုရင် 4G/LTE လောက်အထိ ဖြစ်တော့မှာပါ။ အဲ့ကျရင် အင်တာနက်လည်း အင်မတန့်အင်မတန် မြန်လာပါလိမ့်မယ်။ နောက်ဆုံးပေါ်ဖုန်းများကတော့ 4G/LTE အထိ ထောက်ပံ့ဖို့ ပါရှိပါတယ်။ 4G လောက်အထိ support ပေးတဲ့ ဖုန်းကို ဝယ်ရင် ကိစ္စမရှိပေမယ့် 2GB လောက်အထိပဲ support ပေးတဲ့ဖုန်းကို ဝယ်မိရင် 3GB အင်တာနက် သုံးလို့ ရမှာ မဟုတ်ပါဘူး။
၁၁) မျက်နှာပြင် နည်းပညာ
LCD ကတော့ သုံးတာနည်းသွားပါပြီ။ အများစုကတော့ AMOLED ဖြစ်ပါတယ်။ AMOLED မှာ အမြင့်ဆုံးကတော့ 2560×1440 pixel လောကအထိ ထောက်ပံ့ပေးပါပြီ။ အခြား တွက်ချက်ပုံ စနစ် နဲ့ဆိုရင် ppi ဖြစ်ပြီး ppi ၅၀၀ ကျော်ဖုန်းဆိုရင် အတော်လေးကို ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ပေးပါတယ်။ iPhone ကျတော့ Retina Display ကို သုံးပြီး သူ့ရဲ့ နည်းပညာက အခြားနဲ့ မတူပါဘူး။
၁၂) Operating System
Operating System ဆိုတာ ဖုန်းကို လည်ပတ် လုပ်ကိုင်ရန် မောင်းနှင်ပေးမယ့် စနစ် တစ်ခုဖြစ်ပြီး လူသုံးများတာကတော့ Android ဖြစ်ပါတယ်။ Apple ဆိုရင် iPhone, Nokia ဆိုရင် Windows Phone, Blackberry ဆိုရင် Blackberry OS အစရှိသဖြင့် OS များစွာ ရှိပါတယ်။ Blackberry OS ကတော့ အသုံးနည်းပြီး သုံးရတာနဲ့ အခက်အခဲရှိနေပါသေးတယ်။ Android OS က Open source ဖြစ်ပြီး အသုံးပြုသူများ အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် အချက်အလက်မျှဝေခြင်း၊ သီချင်း၊ ဓာတ်ပုံ၊ ဗီဒီယို မျှဝေခြင်း၊ App မျှဝေခြင်းတို့ကို လွယ်တကူ ပြုလုပ်နိုင်ပါတယ်။ Apple ရဲ့ iOS ကတော့ iOS ဖုန်း အချင်းချင်းဆိုရင် ကိုယ်ရိုက်တဲ့ ပုံ၊ ဗီဒီယိုများကို Air Drop ကနေ share လုပ်လို့ရ ပါတယ်။ Apple ရဲ့ iOS ကို iPhone အတွက်သာ ထုတ်ပြီး ဘယ် vendor ကိုမှ ပြန်မရောင်းပါ။ Android ကတော့ Google က ထုတ်ပြီး Samsung, HTC, Motorola, Huawei, Sony, ZTE, Oppo အစရှိသဖြင့် များစွာသော ဖုန်းတွေမှာ သုံးပါတယ်။ iPhone သုံးရင် jailbreak လုပ်မှ ဘယ် ကွန်ပြူတာနဲ့မဆို လွယ်တကူချိတ်လို့ အချက်အလက်များ ယူခြင်း၊ ထုတ်ခြင်း လုပ်နိုင်ပါတယ်။ အကယ်၍ ဒီတိုင်းသုံးရင်တော့ သူ့ကို သီချင်းတွေ ထည့်ဖို့ ထုတ်ဖို့က ကွန်ပြူတာ တစ်လုံးမှာ iTunes ဆိုတဲ့ software ကနေ လုပ်ရပါတယ်။ အခြားကနေ လုပ်ရင် မရပါ။ လုပ်မိရင် အရင်က ထည့်ထားတာတွေကို ဖြတ်ပါလိမ့်မယ်။ Apple သုံးရင် Apple ID လိုအပ်ပြီး Android သုံးရင် Google account ID လိုအပ်ပါတယ်။ ဒါပေမယ့် Google ကတော့ Google account မဖြစ်မနေ ထည့်ရမယ်လို့ force မပေးပါ။ App များကို ဒေါင်းမယ်ဆိုရင် လွယ်တကူ ဒေါင်းလို့ရပြီး Apple ကတော့ Apple ID ရှိမှ ဒေါင်းရပါလိမ့်မယ်။ အကယ်၍ မဟုတ်ပဲ ID မသုံးပဲ ဒေါင်းချင် သုံးချင်ရင် JailBreak လုပ်ရပါလိမ့်မယ်။ ဖုန်းရဲ့ OS ကို သော့ဖြတ်ဝင်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီလိုပြောတော့ Apple က တော်တော်လေး တင်းကြပ်တာပဲလို့ မြင်ကြပါလိမ့်မယ်။ တကယ်လည်း တင်းကြပ်ထားပါတယ်။ ဒါပေမယ့် Apple user များကတော့ iOS ကို သုံးရတာ လွယ်ကူခြင်း ရှိပြီး ကြိုက်နှစ်သက်ကြ ပါတယ်။ Android user များကလည်း freedom ဖြစ်မှုအပေါ် ကြိုက်နှစ်သက်ပါတယ်။ အချို့ကတော့ Android ကို used to ဖြစ်နေသူက iOS မသုံးချင်သလို iOS used to ဖြစ်နေသူများကလည်း Android ကို ပြောင်း မသုံးချင်ကြဘူးလို့ ဆိုပါတယ်။ ကျနော်ကတော့ နှစ်မျိုးစလုံး သုံးပြီး နှစ်မျိုးစလုံးနဲ့ အဆင်ပြေပါတယ်။
၁၃) Storage
ကျနော်ဆိုရင် Storage 16GB နဲ့ လုံးဝမလောက်ပါ။ အနည်းဆုံး 32 GB လိုအပ်ပါတယ်။ ဒါကြောင့်မို့ 64GB လောကို ဝယ်ဖြစ်ပါတယ်။ GB က နှစ်ဆဆီလောက် တက်ပေမယ့် ဈေးကတော့ မြန်မာကျပ်ငွေ တစ်သိန်း ဝန်းကျင်လောက်ဆီပဲ တက်ပါတယ်။ အချို့က SD ကဒ် ဆိုဒ်လို့ရပေမယ့် ဒီနောက်ပိုင်းထွက်တဲ့ဖုန်းတွေက SD ကဒ် ထည့်ခွင့် မပေးတော့ပါဘူး။ အသေ ပါလာပြီး ဖြစ်ပါတယ်။
၁၃) ဈေးနှုန်း
ကိုယ်က ကင်မရာကို 13 MP လိုချင်တယ်။ Display က HD/ Retina, Processor 64 Bit, ဘက်ထရီက 3000 mAH အဲ့ဒီလိုတွေ လိုချင်ပြီဆိုရင် ငွေ ကြိမ်းသေ ခပ်များများ ကုန်ပါပြီ။ ဒါပေမယ့် Spec မြင့်မြင့် ဈေးနည်းနည်း ဖုန်းတွေတော့ ရှိပါတယ်။ Oppo, Huawei, Vivo, Xiaomi အစရှိသဖြင့် ကုမ္ဗဏီများက Spec မြင့် ဈေးအသင့်တင့် ဖုန်းများ ထုတ်ပါတယ်။ ၄ သိန်းဝန်းကျင်လောက်နဲ့ ရပါလိမ့်မယ်။ Samsung Galaxy S6, Motorola Nexus 6, HTC M9, Sony Z3+, iPhone 6, iPhone 6Plus အစရှိသဖြင့် ဖုန်းတို့က ဈေးကြီး Spec မြင့်ဖုန်းများ ဖြစ်ပါတယ်။
အနှစ်ချုပ်အနေနဲ့ကတော့ မိတ်ဆွေ သူငယ်ချင်းများကိုလည်း မေးကြည့်ပါ။ နီးစပ်ရာ ဖုန်း အကြောင်း နားလည်သူများကိုလည်း မေးကြည့်ပါ။ သူတို့တွေ ဘယ်ဖုန်းသုံးတယ်။ ဘယ်ဖုန်းတွေက ကောင်းတယ် ဆိုတာကို လေ့လာပြီးတော့ မိမိနဲ့ အကြိုက်တွေ့တဲ့ ဖုန်းကို ရွေးနိုင်ပါတယ်။ ဖုန်းဝယ်ရန် လမ်းညွန်ကို တကယ်ရေးရင် စာအုပ်တစ်အုပ်တောင်ဖြစ်နိုင်ပေမယ့် ဒီလောက်ပဲ ရေးပါရစေ။ ကျန်တာကို မိမိကိုယ်တိုင်သာ လေ့လာစေလို ပါတယ်။
REF : အောင်ခမ်း (MMAS)
#aungkham_mmas

ဖုန်းကင်မရာ သုံးလို့ ပုံကောင်းကောင်း ရိုက်နည်း

Screen Shot 2015-06-05 at 3.06.49 PM

Screen Shot 2015-06-05 at 2.56.33 PM

ဖုန်းကင်မရာကို အသုံးပြုလို့ လူတိုင်း ပုံကောင်းကောင်း ရိုက်တတ်ချင်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒီတော့ ပုံကောင်းကောင်း ထွက်စေမယ့် နည်းလမ်းများကို မျှဝေပေးလိုက်ရပါတယ်။ ဒါ့အပြင် အားတက်သွားစေအောင်လည်း ဖုန်းနဲ့ ရိုက်ကူထားတဲ့ ကမ္ဘာကျော် ပုံများကိုပါ တွဲပေးလိုက်ပါတယ်။ စိတ်မပူပါနဲ့။ မိမိရဲ့ဖုန်းက 1 MP ရှိအုံးတော့ ပုံကောင်းကောင်း ရိုက်နိုင်ပါတယ်။ ဒီတော့ နည်းလမ်းလေးတွေ စပြောကြရအောင်..။
၁) Zoom ဆွဲ မရိုက်ပါနဲ့..
အရေးအကြီးဆုံး အချက် ဖြစ်ပါတယ်။ ဖုန်းနဲ့ ရိုက်တဲ့အခါ Zoom ဆွဲပြီး ရိုက်မ့် အစား ပုံမှန်အတိုင်းရိုက်လို့ ကိုယ်လိုချင်တဲ့ နေရာကို Crop လုပ်ယူလို့ ရပါတယ်။ Zoom ဆွဲလိုက်ခြင်းက ပုံရဲ့ အရည်အသွေးကို ကျဆင်းသွားစေမှာ ဖြစ်ပါတယ်။ ဒီတော့ စမ်းကြည့်ပါ။ Zoom ဆွဲပြီး ရိုက်တာနဲ့ ခပ်ရိုးရိုးရိုက်ပြီး ကိုယ်လိုချင်တဲ့အပိုင်းကို Crop လုပ် ဆွဲကြည့်ယူတာနဲ့ ဘယ်ဟာ ပိုကောင်းသလဲ ဆိုတာ သိမြင်ပါလိမ့်မယ်။ ဒီတော့ ကိုယ်ရိုက်ချင်တဲ့ အရာနဲ့ ဝေးနေတယ်ဆိုရင် Zoom ဆွဲမယ့်အစား နီးနိုင်သမျှ နီးအောင် သွားရပါမယ်။
၂) Original Mode ကိုသာ သုံးပါ။
ကင်မရာတွေမှာ Mode အသီးသီး ရှိပါတယ်။ Evening mode လား၊ Morning mode လား၊ night mode လား အစရှိသဖြင့် ရှိပါတယ်။ mode တွေ ဘယ်လောက်ပဲ ရှိရှိ Original နဲ့ ရိုက်ပြီးတော့ ပုံကို Edit လုပ်တဲ့အခါမှ mode ပြန်ပြင် နိုင်ပါတယ်။ အကယ်၍ Evening mode နဲ့ ရိုက်ထားဖြစ်ရင် အချို့ဖုန်းဆိုရင် ပြန် edit လုပ်တဲ့အခါ Orignal mode ကို ပြန်ဆင်းလို့ မရတော့ ပါဘူး။ အဲ့ကျရင် edit ရ ပိုလို့ ခက်ခဲ ပါလိမ့်မယ်။ ပြီးတော့ Camera 360 နဲ့ အခြားသော ပြင်စရာ app များစွာ ရှိပေမယ့် သူတို့က ပြင်စရာ App ပါ။ ရိုက်စရာ App မဟုတ်ပါဘူး။ Instagram တောင်မှ ပုံရိုက်ပြီးမှ သူ့ထဲ ပြန်ထည့် ပြင်တာ အကောင်းဆုံး ဖြစ်ပါတယ်။
၃) လက်ငြိမ်ငြိမ်ထားပါ
ကင်မရာ ဘယ်လောက်ကောင်းကောင်း၊ Image Stable ဖြစ်အောင် ထိန်းနဲ့ နည်းပညာတွေ ဘယ်လောက်တိုးတက်ပါစေ ပုံကောင်းကောင်း ထွက်ချင်ရင် လက်ငြိမ်အောင် ထိန်းသင့်ပါတယ်။ အကယ်၍ လက်တင်စရာ ရှိရင် တင်ထားပြီး တင်စရာ မရှိရင် ဖုန်းက သေးတယ်ဆိုရင် လက်တစ်ဘက်ရဲ့ လက်ခုံးပေါက် တံတောက်ဆစ်တင်တဲ့ အနေအထားနဲ့ ရိုက်နိုင်ပါတယ်။ အကယ်၍ ဖုန်းက အဲ့လောက် မသေးဘူး လက်နှစ်ဘက်လိုတယ်ဆိုရင်လည်း နှစ်ဘက်စလုံး ပေါင်းလို့ ခပ်ငြိမ်ငြိမ်လေးဖြစ်အောင် ကိုင်နိုင်ပါတယ်။
၎) အသံတိုး အသံချဲ့ buttom ကို သုံးလို့ ရိုက်ပါ
ဖုန်းတွေမှာ အသံတိုး အသံချဲ့ buttom ကို သုံးလို့ ရိုက်လို့ရတယ် ဆိုတာကိုရော သိကြပါသလား.. တကယ့် ကင်မရာ ကိုင်တဲ့ အရသာကို ရရှိစေဖို့ ဖုန်း ကုမ္ဗဏီများက ဖန်တီးပေးထားပါတယ်။ အရင် ဖုန်းအဟောင်းများတော့ မသိ iPhone, Samsung, နဲ့ အခြားသော ဖုန်း brand အများစုရဲ့ ၂၀၁၂ လော်ကကနေ စထုတ်တဲ့ ဖုန်းများက သုံးလို့ရ ပါတယ်။ Screen ပေါ်က button ကို သုံးဖို့ ကြိုးစားနေရင် တစ်ခါတစ်လေ လက်မငြိမ်ပါဘူး။ ဒီမှာ exception တစ်ခု ရှိပါတယ်။ buttom ကို သုံးတယ် ဆိုတာ landscape ရိုက်မှပါ။ Potrait (ဒေါင်လိုက်) ရိုက်ရင်တော့ screen ထဲက နှိပ်စရာက ပိုအဆင်ပြေ ပါတယ်။
၅) ရိုက်ကွက် အနေအထားကို သိပါ
Landspace ပုံစံလိုချင်လား၊ Potrait ပုံစံ လိုချင်လား ကိုယ်တိုင် စဉ်းစားပါ။ Landspace က ကင်မရာက လှဲ လိုက်တဲ့ အနေအထားဖြစ်ပြီး Potrait က ဖုန်းကို အထောင်လိုက် အနေအထား ဖြစ်ပါတယ်။ အကယ်၍ ရှုခင်းပုံ ရိုက်တယ်ဆိုရင် Landspace က အကောင်းဆုံး ဖြစ်ပြီး လူတစ်ဦး သို့မဟုတ် Object တစ်ခုခုကို ဦးတည်တယ်ဆိုရင် ထောင်လိုက်က ကောင်းပါတယ်။ ဒါပေမယ့် နောက်ခံ ရှုခင်းနဲ့ လူကိုပါ ပါစေချင်တယ်ဆိုရင် Landspace ပုံ ရိုက်နိုင်ပါတယ်။
၆) Focus ငြိမ်အောင် စောင့်ပါ
ယခု နောက်ပိုင်းဖုန်းတွေမှာ ဆိုရင် Auto Focus တွေ ပါပါတယ်။ Auto Focus ကို မိမိက Focus ထားချင်တဲ့ အရာအပေါ် ရောက်အောင် လက်နဲ့ တို့ထိပြီးတော့ ဆွဲယူပါ။ ပြီးရင် Focus ငြိမ်အောင် ခဏ စောင့်ပါ။ Focus မငြိမ်သေးပဲ ရိုက်မိရင် ပုံက မကောင်းတော့ ပါဘူး။
၇) HDR mode ဖွင့်ထားပါ
HDR mode ဖွင့်ထားရင် ဖုန်းတွေမှာ ပုံ နှစ်ပုံ ရိုက်ပေးတာမျိုးတို့ အချို့ဖုန်းမှာ လုပ်ပေးပါတယ်။ တစ်ပုံကို ပုံမှန်ပုံ ရိုက်ပေးပြီး နောက်တစ်ပုံကို HDR mode နဲ့ ရိုက်ပါတယ်။ HDR Mode ကို ကိုယ်ရိုက်မယ့် ရိုက်ကွင်းရိုက်ကွက်မှာ လူများများ ပါတယ်၊ Object အများကြီးပါတယ်ဆိုရင် ဖွင့်ထားသင့်ပါတယ်။ ဒါဆိုရင် အားလုံးရဲက ရုပ်ထွက်ကို ကောင်းအောင် လုပ်ပေးပါတယ်။ Hight Definition Resolution ဖြစ်ပါတယ်။
၉) ပုံများများ ရိုက်ပါ
ရိုက်ကွင်း တစ်ကွက်ထဲမှာ တစ်ပုံပဲ မရိုက်ပါနဲ့။ အထူးသဖြင့် လူပုံတွေကို ရိုက်တဲ့အခါ ဖြစ်ပါတယ်။ မျက်လုံးမိတ်သွားတဲ့အခါ ရှိမယ်။ အမူအရာပျက်တဲ့အခါ ရှိမယ်။ ဒါကြောင့်မို့ ရိုက်တဲ့အခါ ပုံတွေ အများကြီး ဆက်တိုက်ရိုက်သင့်ပါတယ်။ ၅ပုံ၊ ၆ ပေါက်လောက် ဖြစ်ပါတယ်။ ပြီးတော့မှ ကိုယ်က အကောင်းဆုံးလို့ ထင်တဲ့ ပုံကို ရွေးချယ် နိုင်ပါတယ်။
၁၀) အလင်းရောင်ကို ကောင်းကောင်း အသုံးချပါ
ပုံရိုက်တဲ့အခါ လူ သို့မဟုတ် Object တစ်ခုခုကို ရှင်းရှင်းလင်းလင်း မြင်ချင်ရင် အလင်းရောင် လာရာဘက်ကို မျက်နှာမူပြီးတော့ မရိုက်သင့်ပါဘူး။ ဥပမာ ကိုယ်ရိုက်တဲ့လူက နေရောင်လာတဲ့ဘက်မှာ ရှိနေတယ် ဆိုရင် ပုံရိုက်တဲ့အခါ လူဟာ မည်းနေပါလိမ့်မယ်။ အဲ့လိုအခြေအနေကျရင် လူကို နေရောင်ဘက်ကို မျက်နှာမူစေပြီး ကိုယ်က နေရောင်ကို နောက်ကျော ယူလို့ ရိုက်သင့်ပါတယ်။ ဒါက နေရောင်ကိုပဲ ပြောတာ မဟုတ်ပါဘူး။ ဘယ်အလင်းရောင်တွေတွက် မဆို ဖြစ်ပါတယ်။ အလင်းရောင်ကို မဆန့်ကျင်ရပါဘူး။ အလင်းရောင်ကို အသုံးချရန်သာ ဖြစ်ပါတယ်။ ဒါပေမယ့် ထန်းပင်ကြားထဲကနေ နေရောင်ခြည်ထွက်လာတဲ့ ပုံရိုက် ရိုက်ချင်တယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ညဘက်မှာ ရိုက်ရင်လည်း အလင်းရောင်လာရာကို ပိုလို့တောင် မဆန့်ကျင် သင့်ပါဘူး။
၁၁) Flash ကို သတိထားပါ
ဖုန်းတွေရဲ့ Flash တွေ တိုးတက်လာတယ်ပဲ ပြောပြော ကျနော်ကတော့ ယနေ့အချိန်ထိ Flash ဖွင့်ရိုက်ရင် လူ့မျက်လုံးက မြေခွေး မျက်လုံး လို အလင်းရောင် ထွက်သွားတာမျိုး၊ မူလ Object ရဲ့ အရောင်ကို ကွဲပြားသွားစေတာမျိုးတို့ ဖြစ်သွားပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ သူငယ်ချင်းရှိရင် ကိုယ်ရိုက်တဲ့အချိန် သူ့ဖုန်းကို Flash လေး ဖွင့်ထားပေးပါလားလို့ အကူအညီတောင်းသင့် ပါတယ်။ အကယ်၍ ကိုယ့်မှာ ဖုန်းနှစ်လုံး ရှိရင် သူများအကူအညီမလိုတော့ပါဘူး။ ဒါပေမယ့် လက်မငြိမ်ဘူးဆိုရင်တော့ အခြားလူကို အကူအညီတောင်းနိုင်ပါတယ်။ ဒီတော့ကာ အကူသုံးမယ့် မီးက အဖြူရောင်ပဲ ဖြစ်ဖို့ လိုအပ် ပါတယ်။ အနီရောင်၊ အစိမ်းရောင် အစရှိသဖြင့် မီးများကို မသုံးပါနဲ့။
၁၂) Resolution အမြင့်နိုင်ဆုံး မြင့်အောင် ယူပါ
ဖုန်းတွေမှာ ပုံကို 960×580, 2860×1500 အစရှိသဖြင့် ရွေးခွင့်တွေလည်း ပေးထားပါတယ်။ အဲ့ဒါတွေကို ရွေးခွင့်ပေးထားသည့်တိုင် ကိုယ်ကတော့ Resolution အမြင့်ဆုံးကို့ပဲ ရွေးချယ်သင့်ပါတယ်။ ပြီးတော့မှ ကိုယ်လိုသလောက် ပြန်ဖြတ်ယူနိုင်မှာမို့ ဖြစ်ပါတယ်။
၁၃) ရိုက်ကွင်းရိုက်ထွက် ထောင့်ချိုး၊ အမြင့် အနိမ့် သိပါစေ
သာမန်အားဖြင့် လူပုံ ကို ချိန်မယ်ဆိုရင် ဖုန်း screen ထဲမှာ ပေါ်လာပါမယ်။ အဲ့ဒီမှာ ကြည့်ပါ။ ကိုယ့်အနေနဲ့ ကင်မရာကို ကင်မရာလို့ မမြင်တော့ပဲ ဒါကို မဂ္ဂဇင်းသို့မဟုတ် ကိုယ်မြင်ချင်တဲ့ စာမျက်နှာ တစ်ခုခု ပေါ်မှာ မြင်မယ့်အရာတစ်ခုအဖြစ် မြင်ကြည့်လိုက်ပါ။ စောင်းနေလား၊ တည့်နေလား ပေါ့။ စောင်းတာကိုလိုချင်လို့ idea ဆန်းပြီး စောင်းအောင်ရိုက်သူများလည်း ရှိပါတယ်။ ပြီးတော့ ကိုယ်ရိုက်မယ့် သူက အရပ်ပုရင် အပေါ်စီးကနေ မရိုက်ပါနဲ့။ အောက်ကနေ ပင့်ရိုက်သင့်ပါတယ်။ ဖုန်းကို ကိုင်တဲ့အခါ ကိုယ်ရိုက်မယ့် Object ကို အောက်ကနေလား၊ အလယ်ကနေလား၊ အပေါ်ကနေလား ကိုယ်တိုင် ချင့်ချိန်ယူနိုပါတယ်။ ကျနော်ပြောခဲ့သလိုပဲ သူ့ကို ကိုယ်မြင့်ချင်တဲ့ မဂ္ဂဇင်းပေါ်က အရာတစ်ခုအဖြစ် ခံစားပြီးတော့ ရိုက်ကူးရမှာ ဖြစ်ပါတယ်။
၁၄) Software တစ်ခုခုနဲ့ ပြန် Edit လုပ်ပါ
Software လို့ခေါ်တဲ့အခါ ဖုန်း ဆော့ဖ်ဝဲ ရှိတယ်။ ကွန်ပြူတာ ဆော့ဖ်ဝဲ ရှိပါတယ်။ ဖုန်းဆော့ဖ်ဝဲ ဆိုရင် Instagram, Snapseed, Camear 360 အပြင် အခြားသော Software များစွာလည်း ရှိပါတယ်။ ကွန်ပြူတာပေါ်မှာဆိုရင်တော့ အားလုံး သိကြတဲ့အတိုင်း Adobe Photoshop တို့လိုမျိုးတွေ ရှိပြီး Online ဆိုရင် picmonkey.com တို့လို အပြင် အခြား များစွာ ရှိပါတယ်။ Flicker iOS ဆိုတာကိုလည်း အနောက်တိုင်းမှာ အသုံးများပါတယ်။ ပြီးရင် ကိုယ်လိုချင်တဲ့ အပိုင်းကို Crop လုပ်၊ အရောင်ပေါင်း တို့ကို လုပ်လိုက်ရင် Perfect ဖြစ်တဲ့ ပုံများ ထွက်ပါပြီ။
အကြံပြုချက်
ကိုယ်သိထားရမှာက ဖုန်းကင်မရာဟာ ပရော်ဖက်ရှင် ကင်မရာ မဟုတ်တာကြောင့် သိပ် မျော်လင့်ချက် အကြီးကြီး မထားစေဖို့ ဖြစ်ပါတယ်။ ဘာလို့လဲဆို လူတစ်ယောက်ရဲ့ မျက်နှာပုံကို ရိုက်ရင် DSLR က Zoom တွဲကြည့်တဲ့အခါ ပုံထွက်အိုကေပြီး အဆီပေါက်တွေမှာ မြင်နိုင်ပေမယ့် ဖုန်းကတော့ ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ လုပ်နိုင်တဲ့ အလုပ်များကို သိထားဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ချက်၊ သူ့မှာ ပါဝင်နေတဲ့ Function တွေကို လေ့လာကြည့်ပါ။ ကလိကြည့်ပါ။ ကိုယ့်ဖုန်းကိုယ် ကလိရတာ ပိုက်ဆံ မပေးရ ပါဘူး။ ယခု ဖော်ပြချက်ကတော့ ကင်မရာဖြင့် ဓာတ်ပုံ ရိုက်နိုင်ရန် စတင်ကြိုးစားနေသူများအတွက် Beginner guide သာ ဖြစ်ပါတယ်။
.
REF : အောင်ခမ်း (MMAS)

သင့်ကို အပိုဝင်ငွေ ရရှိစေမယ့် အချိန်ပိုင်း၊ တစ်ပိုင်တစ်နိုင် အလုပ်လေးတွေ

job

လူငယ်တွေ အနေနဲ့ အချိန်ပိုင်း အလုပ်တွေ လုပ်ချင်ကြပါတယ်။ အချို့ဆိုရင် အချိန်ပိုင်း အလုပ်လုပ်ချင်လွန်းလို့ Multi-level marketing လမ်းကြောင်းကို ရွေးချယ်ရာကနေ လမ်းမှားကို ရောက်ရှိသွားကြ သူတွေ များပါတယ်။ မိမိ အတွက် ငွေဝင်စေမယ့် အချိန်အပိုင်း အလုပ်တွေ အများကြီးပါ။ ယင်း အလုပ်အမျိုးအစားများကို ဖော်ပြ ပါရစေ။
စာပေ၊ ဆောင်းပါး ရေးခြင်း
စာပေ၊ ဆောင်းပါးများ ရေးသားခြင်းက မိမိအတွက် အပိုဝင်ငွေ ရစေပါတယ်။ ဆောင်းပါး တစ်ပုဒ်ကို ငါးထောင်မှသည် ၁ သောင်း၊ ၂ သောင်းကျပ်လောက်အထိ ပေါက်ဈေးရှိပြီး တစ်လ တစ်ပုဒ်ပဲ ဖြစ်ဖြစ်၊ လေးပုဒ်ပဲ ဖြစ်ဖြစ် မဂ္ဂဇင်တွေ၊ ဂျာနယ်တွေ၊ စာဆောင်တွေမှာ ပါနိုင်ရင် ဒါဟာ မိမိအတွက် အပိုဝင်ငွေကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလောက်ရလွယ်နေရင် လူတိုင်း လုပ်နေမှာပေါ့လို့လည်း အချို့က စဉ်းစားပါတယ်။ အမှန်တော့ စာရေးတယ်ဆိုတ ခက်ပါတယ်။ မိမိရဲ့ ဒိုင်ယာရီ စာအုပ်ထဲမှာ မိမိ တစ်ယောက်တည်း ဖတ်ရန် မဟုတ်ပဲ လူတိုင်းဖတ်ဖို့အတွက် ဆောင်းပါးကောင်းလေးတွေ ရေးရတယ် ဆိုတာ ခက်ခဲတဲ့ အလုပ်တစ်မျိုး ပါပဲ။ ဒီတော့ ကိုယ့် ဆောင်းပါးလေးတွေ ပါချင်ရင် သွားရမယ့် လမ်းကြောင်းက ဂျာနယ်တိုက်တွေ၊ မဂ္ဂဇင်းတိုက်တွေအထိ သွားပါ။ မိမိကိုယ်တိုင် ရေးထားတဲ့ ဆောင်းပါးကို စာရွက်နဲ့ကော၊ စတစ်ခ် နဲ့ကော ပေးပါ။ အကယ်၍ အီးမေးလ်တို့ ဘာတို့ သိရင်လည်း စမ်းသပ်ပို့နိုင် ပါတယ်။
အွန်လိုင်းပေါ်မှာ စာပေ၊ ဆောင်းပါး ရေးခြင်း
နိုင်းနိုင်းစနေ၊ သက်တံ့ချိုနဲ့ အခြားသော ဥပမာပေါင်း များစွာဟာ အွန်လိုင်းပေါ်မှာ စာရေးပြီး ငွေရှာနေသူများ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ကတော့ အားလပ်ချိန်လေးမှာ စာပေ၊ ဆောင်းပါးများ၊ ကဗျာ များ ရေးသားပြီး Blog ပေါ်တင်ရာကနေ လူကြိုက်များရာကနေ ပြင်ပ စာမူများ ရေးသားရန် ဖိတ်ခေါ်ခံရပြီး စာအုပ်စာပေများ ထုတ်ဝေခြင်း အပြင် အွန်လိုင်း ဆိုဒ်တွေမှာပါ ကြော်ငြာ ရခဲ့ ပါတယ်။ ဒီတော့ အွန်လိုင်းပေါ်မှာ စာရေးတယ်ဆိုတာ နည်းလမ်း နှစ်ခု ရှိပါတယ်။ မိမိရဲ့ ခံစားချက်၊ Personal ပေါ်မှာ အခြေခံပြီး အနုပညာ Blog ဖန်တီးတာမျိုး ရှိသလို၊ သတင်း များကို ဘာသာပြန် ရေးသားခြင်း မျိုး ရှိပါလိမ့်မယ်။ ပြီးတော့ မိမိကိုယ်တိုင် Blog, Facebook Page များကို တည်ထောင်ပြီး ရေးသားမှာလား၊ အများနဲ့ ပူးပေါင်းပြီးတော့ အတူတူရေးဖြစ်မှာလား ဆိုတာလည်း ရွေးချယ်စရာ ရှိပါသေးတယ်။ ဒီတော့ Offline မှာ ရေးတာက စာရေးပြီး ပြီးသွားရုံ ဖြစ်ပေမယ့် အွန်လိုင်းမှာကျ blog ဖန်တီးတတ်ရန်၊ Facebook Page ဖန်တီးတတ်ရန် လိုအပ် ပါတယ်။ ဒါတွေဟာလည်း မခက်ပါဘူး။ မိမိ ကိုယ်တွယ် အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းများနဲ့တင်ကို ပြုလုပ် နိုင်ပါတယ်။
Facebook Page ဖန်တီး၊ ထိန်းသိမ်းပေးခြင်း
Website Developing လုပ်တယ်ဆိုတာ နည်းပညာ အရည်အချင်း ရှိရန် လိုပေမယ့် Facebook Page ဖန်တီးပြီးတော့ ထိန်းသိမ်းပေးတယ် ဆိုတာ နည်းပညာ အရည်အချင်း မလိုအပ် ပါဘူး။ လူတိုင်း ပြုလုပ်နိုင်ပါတယ်။ မိမိမှာ အွန်လိုင်းပေါ်မှာ စာရေးတတ်တဲ့ အလေ့အထလေး၊ ဓာတ်ပုံလေးတွေ ရှာရှာဖွေဖွေ တင်တတ်တဲ့ အလေ့အထလေး ရှိပြီ ဆိုရင်ကို Facebook Page ကို ဖန်တီးပေးခြင်း၊ ထိန်းသိမ်းပေးခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ မိမိအနေနဲ့ ကိုယ်တိုင် Page ကို အရင်ဖန်တီးထား။ ပြီးတော့ နီးစပ်ရာ စီးပွားရေး လုပ်ငန်း အသေးစား၊ အကြီးစားတို့ကို ချည်းကပ်ပြီး သူတို့ရဲ့ လုပ်ငန်းကို Facebook ပေါ်မှာ လူသိများအောင် ပြုလုပ်ပေးပါမည် ဖြစ်ကြောင်း လုပ်နိုင်ပါကြောင်း ပြေပါ။ တစ်ရက်ကို Update တစ်ခုလောက်လေး တင်ပေးရုံနဲ့ တစ်လကို ငွေကျပ် ၃ သိန်းဝန်းကျင်လောက် တောင်းနိုင်ပါတယ်။ ကိုယ်ကတော့ ကိုယ့်ရဲ့ စီးပွားရေးလို့ သဘောထားပြီး Facebook ပေါ်မှာ လူကြိုက်များလာအောင်၊ active ဖြစ်အောင် လုပ်ပေးရ မှာပေါ့။
Graphic Design, 3D ဒီဇိုင်း ရေးဆွဲခြင်း
Photoshop သုံးတတ်ပါသလား။ သင်တန်း မတတ်နိုင်ရင်တောင် မြန်မာလို ရေးထားတဲ့ ဒီဇိုင်းဆွဲနည်း စာအုပ်လေးတွေ ဖတ်ပြီး လေ့ကျင့်ကြည့်ပါ။ သူငယ်ချင်း တစ်ယောက်ဆိုရင် ကိုယ်တိုင် လုပ်ကြည့် စမ်းကြည့်ရာကနေ ပရော်ဖက်ရှင်နယ် Graphic Designer ဖြစ်နေပါပြီ။ သူ့ရဲ့ အချိန်ပိုင်း ဝင်ငွေက နေ့စား အလုပ်ဝင်ငွေထက်တောင် များပြီး လစင် income က ၁၀ သိန်း ကပ်ပါတယ်။ ဒီလိုပဲ ရှာကြံပြီး လုပ်ရာကနေ အဆင်ပြေ အောင်မြင်နေတဲ့ ဒီဇိုင်နာတွေ အများကြီးပါ။ အဲ့လို Story လေးတွေ သိချင်ရင် Photoshop အခက်အခဲ အတူလက်တွဲ ဆိုတဲ့ Facebook Group ထဲမှာ ဝင်လေ့လာ ကြည့်ပါ။ သူတို့ကလည်း လက်တွဲခေါ်သွားပါလိမ့်မယ်။ နောက်တစ်ခုကတော့ အဆင့်မြင့်သွားပါပြီ။ 3D ဒီဇိုင်းပါ။ 3D ဆွဲဖို့အတွက် AutoCad, 3D Max တို့လို Software တွေကို သုံးတတ်ဖို့ လိုအပ် ပါတယ်။ အကယ်၍ သုံးတတ်၊ ဆွဲတတ်ပြီ ဆိုရင်လည်း သူ့ရဲ့ ဝင်ငွေက သာမန် graphic designer တစ်ဦးထပ် ပိုပါလိမ့်မယ်။ ဆောက်လုပ်ရေး ကုမ္ဗဏီများအနေနဲ့ ၎င်းတို့ရဲ့ တိုက် အသစ် အတွက် ပုံဆွဲရန် အပ်တာတို့ ဘာတို့ကို ပြုလုပ်ရင် ဝင်ငွေ အမြောက်အများ ရရှိ နိုင်ပါတယ်။
ဝဘ်ဆိုဒ်တည်ဆောက်ခြင်း
HTML, CSS အပြင် Domain, cPanel အကြောင်းလေး အခြေခံလောက် သိထားရင်၊ သုံးတတ်မယ်ဆိုရင် ဝဘ်ဆိုဒ်ဖန်တီးပေးတဲ့ အလုပ်မျိုးလည်း လုပ်နိုင်ပါတယ်။ မြန်မာပြည်မှာ အသေးစား လုပ်ငန်းပေါင်း သိန်းနဲ့ချီ ရှိပြီး အိုင်တီ ကုမ္ဗဏီဟာ ရာဂဏန်းပဲ ရှိပါသေးတယ်။ ရာဂဏန်းဆိုတာ ဝဘ်ဆိုဒ်ရေးသားပေးတဲ့ ကုမ္ဗဏီကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီတော့ ဈေးကွက် အနေအထားအရ ဝဘ်ဆိုဒ် ရေးဆွဲ ပေးတတ်သူများကိုလည်း လိုအပ် ပါတယ်။ ခက်တယ်လို့ ထင်ပါသလား။ အင်္ဂလိပ်လို စာလေးတွေ ဖတ်တတ်ရင် အင်မတန် လွယ်ပါတယ်။ WordPress နဲ့ Joomla ကိုသာ လေ့လာကြည့်ပါ။ CMS လို့ခေါ်တဲ့ Content Management System ဖြစ်တာကြောင့် ကိုယ်က ဘာမှတောင် လုပ်စရာ သိပ်မလိုလှ ပါဘူး။ အဲ့ဒါကို ကောင်းကောင်း သုံးတတ်ရင် အသုံးပြု လိုက်ရုံပါပဲ။ သူ့ကို ဘာနဲ့ ဥပမာ ပေးရမလဲဆို ကားတစ်စီးကို ကိုယ်တိုင် ဆောက်ခြင်း မဟုတ်ပဲ အစိတ်အပိုင်းများကို ရယ်ဒီမိတ် ဝယ်ပြီး ဆက်ပေးရုံ အလုပ်မျိုး ဖြစ်ပါတယ်။ ဒီတော့ www.wordpress.com တို့လို ဆိုဒ်ကို လေ့လာ ကြည့်ပါ။ ဝဘ်ဆိုဒ်တစ်ခုကို ၃ သိန်းကျပ်မှသည် မိမိ လုပ်ပေးနိုင်သလောက် ယူနိုင်ပါတယ်။ အချို့ဆို သိန်း ၃၀ မက လည်း ယူပါတယ်။ သူတို့ကျတော့ ပိုပြီးတော့ customer ရဲ့ လုပ်အပ်ချက် အတိုင်းကို လုပ်ပေးတာ ဖြစ်တာကြောင့် အချို့ Feature တွေကို ကိုယ်တိုင် ပြန်ရေးပေးရတာမျိုးကြောင့် ဖြစ်ပါတယ်။
အွန်လိုင်းမှာ ပစ္စည်းလေးတွေ ရောင်းခြင်း
အွန်လိုင်းမှာ ပစ္စည်းရောင်းမယ် ဆိုရင် နည်းလမ်း အများကြီး ရှိပါတယ်။ သူငယ်ချင်း တစ်ယောက်ဆိုရင် ပစ္စည်းရောင်းဖို့အတွက် ဝဘ်ဆိုဒ် မလုပ်သလို၊ Facebook Page လည်း မလုပ် ပါဘူး။ Viber Group Chat လေးတစ်ခုလုပ်ပြီး သူ့ပစ္စည်းကို ကြိုက်လို့ အားပေးပါမယ်ဆိုတဲ့ လူ အယောက် ၃၀ သာ ထည့်ထားပြီး စင်္ကာပူက ဝင်လာတဲ့ အမျိုးသမီး အိတ်များကို ဓာတ်ပုံနဲ့ ဈေးနဲ့ တကွ ပို့ပေးပါတယ်။ မိန်းကလေး ဆိုတာကတော့ အလှအပနဲ့ ပစ္စည်းများ ကြိုက်တာကြောင့် ဝယ်ဖြစ်ကြပြီး တစ်လကို အနည်းဆုံး ၁၀ အိတ်လောက် ရောင်းထွက်ပါတယ်။ ဒီလိုပဲ တစ်ဆင့်စကား တစ်ဆင့်ကနေ မှာကြရင်း ရောင်းအားတွေ တိုးလို့ နေပါတယ်။ အခြား သူငယ်ချင်းကျတော့ Facebook Page ကနေ ရောင်းပြီး အောင်မြင် ပါတယ်။ အချို့ကျတော့ နည်းပညာ အသိလည်း ရှိတာကြောင့် ဝဘ်ဆိုဒ်ပါ ဖန်တီးပြီး ရောင်းပါတယ်။
အားလပ်ချိန် စာသင်၊ စာပြ
စာသင်၊ စာပြပေးတဲ့ ဂိုက်အလုပ်ကတော့ ဘယ်တော့မှ မရိုးတဲ့ အလုပ်ပါ။ ကျွန်တော်ကိုယ်တိုင် ၁၀တန်း၊ ၇ တန်း၊ ၈ တန်းတွေကို ဂိုက်လုပ်တဲ့ အလုပ်ကို ငွေကြေး အခက်အခဲဖြစ်ပြီး အလုပ်ကောင်း မရခင်တုန်းက လုပ်ခဲ့ပါတယ်။ သင်ပေးတဲ့ ကလေးများလည်း ထူးထူးချွန်ချွန်နဲ့ အောင်မြင်ပါတယ်။ ဒါပေမယ့် လျှောက်နေတဲ့ လမ်းကြောင်း သွေဖယ်သွားမှာ စိုးသလို အချိန်လည်း မပေးနိုင် တာကြောင့် ယင်း အလုပ်ကို ဆက်မလုပ်ဖြစ်တော့ပါ။ လုပ်ဖြစ်သွားတဲ့ သူငယ်ချင်းအချို့ကတော့ ဂိုက်ပြရာကနေ ကျူရှင် ဆရာ၊ ဆရာမတွေတောင် ဖြစ်ကုန်ပါပြီ။ အချို့ကျတော့ တက္ကသိုလ် ကျောင်း မပြီးမချင်း အချိန်ကာလပဲ လုပ်ဖြစ်ကြပြီး ကျောင်းတဲ့အချိန် အခြား အလုပ်များ ရတော့ ဂိုက်သင်တာ ဆက်မလုပ်ကြတော့ ပါဘူး။ သူကလည်း ပေါက်ဈေး တစ်လ အနည်းဆုံး ၇ သောင်းကနေ ၃ သိန်းလောက်အထိ ရှိပါတယ်။ ၁၀ တန်း ဘာသာစုံ ဂိုက်ဖြစ်တယ် ဆိုရင ပြောတာပါ။
အခြားအခြားသော အချိန်ပိုင်း အလုပ်ပေါင်း များစွာ
လက်မှု ပစ္စည်းလေးတွေ တစ်ပိုင်တစ်နိုင်လုပ်ရောင်းတာတို့ကနေ စလို့ မနက်ပိုင်း ကျောင်းမသွားခင်၊ ရုံးမသွားခင် ဂျာနယ်၊ သတင်းစာ၊ စာဆောင် လုပ်ပို့တဲ့ အလုပ်အထိ လုပ်တတ်မယ် ဆိုရင် အချိန်ပိုင်း အလုပ်ပေါင်း များစွာ ရှိပါတယ်။ မိမိကိုယ်တိုင်က ရှာတတ်၊ဖွေတတ်၊ ပြောတတ်၊ ဆိုတတ် လုပ်ကိုင်တတ်ဖို့ပဲ လိုအပ် တာပါ။ စားပွဲထိုး အလုပ်၊ ကား စပယ်ယာ အလုပ်၊ အင်တာနက် ဆိုင် စောင့်တဲ့ အလုပ်၊ ကုမ္ဗဏီကြီးတွေမှာ အချိန်ပိုင်းအလုပ် အစရှိသဖြင့် မြောက်များစွာ ရှိပေမယ့် မိမိရဲ့ လက်ရှိ ရပ်တည်မှုနဲ့ အသင့်လျော်ဆုံးကိုသာ ရွေးချယ်ပါ။ ကိုယ်ဟာ ပညာတတ်တစ်ယောက် ဖြစ်ပြီး ကျောင်းသား ဖြစ်နေ တယ်ဆိုရင် နီးစပ်တာက ဂိုက်သင်၊ စာပြခြင်း ဖြစ်ပါတယ်။ အဲ့ဒီလို ရွေးချယ်တတ်ဖို့ပါ။
အချိန်ပိုင်း အလုပ်လုပ်ဖို့ စဉ်းစားတိုင်း မိမိကိုယ်ကို အမြဲ သတိပေးရမှာက “ငါဟာ ဒီအလုပ်နဲ့ တစ်ဘဝလုံး လုပ်မယ့်သူ မဟုတ်ဘူး” ဆိုတာပဲ ဖြစ်ပါတယ်။ အချို့ဆိုရင် အချိန်ပိုင်း အလုပ်ကို ပျော်သွားပြီး ရွေးချယ်သလို၊ အချို့ကျတော့ မထူးဇာတ်ခင်းပြီး အဲ့ဒီအလုပ်ကိုပဲ ဇောက်ချလုပ်လိုက် ပါတယ်။ မိမိက ပျော်တယ် ဆိုရင်တော့ ရွေးပေါ့။ မပျော်ရွှင်တဲ့ အလုပ် ဖြစ်ပြီး မသက်သာလို့ ရွေတယ် ဆိုရင်တော့ တစ်ဘဝလုံး ပင်ပန်း ဆင်းရဲ ရပါလိမ့်မယ်။ သေချာ စဉ်းစားဆုံးဖြတ်ရန် လိုအပ် ပါတယ်။
နောက်ထပ် တွေးစရာ တစ်ခုက မိမိအနေနဲ့ အချိန်ပိုင်း အလုပ်လုပ်တဲ့အခါ မိမိ လက်ရှိ လုပ်နေတဲ့ အလုပ်နဲ့ သိပ်မထူးမခြားနားတဲ့ အရာကို လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ ဥပမာ သတင်းထောက် တစ်ယောက် ဖြစ်တယ် ဆိုရင် ဒီ မီဒီအတွက် ရေးသားသလို အခြား မီဒီယာအတွက်လည်း စာမူပေးပို့ခြင်းမျိုးတို့ လုပ်တယ်ဆိုရင် အချိန်ပိုင်း အလုပ်က မိမိကိုယ် လမ်းကြောင်း လွဲမသွားစေ ပါဘူး။ အကယ်၍ ဝဘ်ဆိုဒ်ရေးဆွဲတယ်ဆိုရင် အခြားတစ်ဖက်မှာ မိမိကိုယ်တိုင် ပရောဂျက်များ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် မိမိလုပ်ကိုင်နေတဲ့ ကုမ္ဗဏီရဲ့ ပေါ်လစီနဲ့ စည်းမျဉ်းစည်းကမ်းများ ဘယ်လိုရှိတယ် ဆိုတာ သေချာ လေ့လာပါ။ မိမိအနေနဲ့ အဲ့ဒါတွေကို လိုက်မနာပဲ လုပ်တယ်ဆိုရင် စိတ်ပါဝင်စားမှု အာရုံ ထွေပြားမှု ဆိုတဲ့ စွဲချက်နဲ့ မိမိကို အလုပ်ထုတ်နိုင်သလို ကြီးရင ကြီးမားသလောက် အရေးယူ ခံရ နိုင်ပါတယ်။
ဒါကြောင့်မို့ အချိန်ပိုင်း အလုပ်လုပ်မယ်ဆိုရင် မိမိရဲ့ အသက်မွေးဝမ်ကျောင်းအလုပ် သို့မဟုတ် ပညာရေးကို မထိခိုက်စေဖို့ အင်မတန် အရေးကြီးပါကြောင်း မှာကြားရင် နိဂုံးချုပ်အပ် ပါတယ်။
REF : အောင်ခမ်း (MMAS)
#aungkham_mmas