USB Type C ဆိုတာ ဘာလဲ

usb type c
USB Type C ကို Apple ရဲ့ new MacBook မှာ သုံးပြီးနောက် Type C ဟာ Apple ပိုင်လေသလားလို့ အချို့က ထင်ကြပါတယ်။ အမှန်တော့ ယင်း USB Type C စနစ်ကို Apple က မပိုင်ပါဘူး။ သူက International Standard တစ်ခု ဖြစ်ပါတယ်။
USB (Universal Serial Bus) ကို ၁၉၉၀ ကျော်တွေကတည်းက လုပ်ပြီး USB 1.0, 2.0, 3.0 ကနေ 3.1 အထိ ရောက်လာပါပြီ။ သူတို့ အားလုံးက အမျိုးအစား A (Type A) ထဲမှာပဲ ရှိပါတယ်။ ယနေ့ ကျွန်တော်တို့ အများစု သုံးနေတဲ့ အရာပါ။ ကွန်ပြူတာတွေမှာ မြင်တွေ့ပါလိမ့်မယ်။ သူက ပါဝါ 6 ကီလိုဝပ် သယ်ဆောင်နိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေပေါ်လာတဲ့အခါ ဖုန်းတွေဟာ သေးတာကြောင့်မို့ Mini, Micro အစရှိသဖြင့် အရှေ့မှာ တပ်ခေါ်ရတဲ့ အသေးစားများကို ထုတ်လာပါတယ်။ သူတို့ဟာလည်း Type A ထဲမှာပဲ ပါပါလိမ့်မယ်။ Apple က ထုတ်တဲ့ Lightening Connector ကလည်း Type A ထဲ ဝင်ပါလိမ့်မယ်။ အရွယ်သေးပြီး Data transfer rate အနည်းငယ်တတ်တာမျိုးတော့ ရှိပါတယ်။
ဒီတော့ USB Type C ပထမဆုံး အနေနဲ့ အရွယ်အစားအားဖြင့် ကြည့်လိုက်ရင် အရွယ်အစား သေးသွားပါတယ်။ လက်ရှိ USB Type A ရဲ့ သုံးပုံ တစ်ပုံ အရွယ်ပဲ ရှိပါတယ်။ အရွယ်တင် သေးသွားတာ မဟုတ်ပါဘူး။ သူ့မှာ ထူးခြားချက်များက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Power Delivery (အား သယ်ဆောင်မှု)
Cable ဟာ အား 100 Watt အထိ သယ်ဆောင်နိုင်ပါတယ်။ ကွန်ပြူတာလိုအပ်တာက 60 Watt သယ်ဆောင်နှုန်းသာ ဖြစ်တာကြောင့် အဆင်ပြေပါတယ်။ သူက သယ်ဆောင်ရုံတင် မဟုတ်ပါဘူး။ အခြားသော သူနဲ့ ချိတ်မယ့် ပစ္စည်းများက စွမ်းအင်သယ်ဆောင် စနစ်သုံးရင် ထပ်ဆင့်သယ်ဆောင်ပါတယ်။ ဥပမာ MacBook ရဲ့ USB Type C ကနေ DHMI Adapter ကို ထိုး။ HDMI adapter က LCD မော်နီတာကိုထိုး။ LCD မော်နီတာကနေ တစ်ဆင့်ထွက်တဲ့ ပါဝါ ကေဘယ်က ပါဝါပေးတဲ့ source ကို ထိုး.. ။ ဒါဆိုရင် MacBook ထဲ အားဝင်ပါတယ်။ အကယ်၍ မော်နီတာကသာ PD နည်းပညာ ပါတယ်ဆိုရင်ပေါ့။ ဒီနောက်ပိုင်း မော်နီတာများက ပါဝင်ပါလိမ့်မယ်။
နောက်တစ်ချက်ကတော့ Multi usage ဖြစ်ပါတယ်။ ယခင် USB က Data ပို့တဲ့အခါ format အနည်းငယ်သာ ပါပါတယ်။ ယခု Type C က HDMI ကိုသော်လည်းကောင်း၊ VGA ကိုသော်လည်းကောင်း၊ Display ကိုသော်လည်း ကောင်း ပို့ပါတယ်။ ဒီတော့ အရင်ကလို ပရိုဂျက်တာ ထိုးဖို့ HDMI port တို့ VGA port တို့မလိုတော့ပါဘူး။ Type C တစ်မျိုးတည်းနဲ့ အကုန်ရပါတယ်။ သို့သော်လည်း ယခုခါ Adapter သုံးနေရခြင်းက တစ်ဖက်က လက်ခံတဲ့ အီလက်ထရောနစ် ပစ္စည်း အမျိုးအစားက Type C ကို လက်ခံမယ့် port မရှိတာကြောင့်သာ ဖြစ်ပါတယ်။
ဒါပေမယ့် ယခုနောက်ပိုင်း နည်းပညာ ပစ္စည်း အများစုကလည်း USB Type C ကို လိုက်နာတဲ့ Port များဖြင့်သာ လုပ်လာတော့မှာ ဖြစ်တာကြောင့် Type C ကို တွင်တွင်ကျယ်ကျယ် သုံးကြတော့မှာပါ။ အနှစ်ချုပ်လိုက်ရင် USB Type C အားသွင်းလို့ရတယ်။ ဗီဒီယို ရုပ်ထွက်ရတယ်။ သေးငယ်တယ်။ အစရှိတဲ့ ထူးခြားချက်များ ရှိပါတယ်။
အားနည်းချက်
ဒီလိုပြောလို့ Type C ကို အကောင်းဆုံးလို့ မဆိုလိုပါဘူး။ လက်ရှိ Data ပို့ အမြန်ဆုံးက USB Type A ရဲ့ 3.1 ဖြစ်ပါတယ်။ ပြီးတော့ သူက Backward compatible ဖြစ်ပါတယ်။ ဆိုလိုရင်းက USB 1.0, 2.0 မော်ဒယ်တွေဆီကို ထိုးပြီးတော့လည်း သုံးလို့ရပါသေးတယ်။ Adoption လွယ်ကူပါတယ်။ ဒါပေမယ့် Type C က ယခင် Type A ပေါက်များကို ထိုးလို့မရသလို လက်ခံလို့လည်း မရပါဘူး။ ဒါ့အပြင် Data Transfer Rate က USB 2.0 နဲ့ USB 3.0 တို့လောက် အထိသာ Data အသွားမြန်ပါတယ်။ ဒါပေမယ့် သူ့တစ်ပေါက်သုံးရုံနဲ့ အားလုံး သုံးနိုင်တာမျိုး ဖြစ်လာတာကြောင့် Transfer rate မြန်အောင် တီထွင်ကြပြီး သုံးလာကြမှာပဲ ဖြစ်ပါတယ်။
Apple MacBook အပြင် Chrome Book, HP Windows Tablet တို့မှာ မြင်တွေ့လာပြီ ဖြစ်ပြီး နောက်ဆိုရင် အီလက်ထရောနစ် ပစ္စည်းအားလုံး (ဖုန်း၊ လပ်တော့၊ ကွန်ပြူတာ၊ Tablet, ကင်မရာ) အစရှိသဖြင့်တို့မှာ အသုံးလာမှာ ဖြစ်ကြောင်း ခန့်မှန်းထားကြ ပါတယ်။
.
Ref: wiki
Ref:အောင်ခမ်း (MMAS)