iPhone သုံးသူများ iCloud အကောင့် ဖွင့်ထားပါ

icloud
iPhone ရယ်လို့ မဟုတ်ပဲ Apple ထုတ်တဲ့ iPad, iPod နဲ့ အခြား Apple ပစ္စည်းများ သုံးတယ်ဆိုရင် မဖြစ်မနေ သုံးသင့်တဲ့ service တစ်ခုတည်းမှာ iCloud ပါဝင်ပါတယ်။ သူက Apple က ပေးတဲ့ free service တစ်ခု ဖြစ်ပါတယ်။ 5GB လောက်အထိ free ပေးထားခြင်း ဖြစ်ပါတယ်။ သူက ဘာလုပ်ပေးသလဲဆို –
အချက်အလက်များ backup လုပ်ခြင်း
အချက်အလက်များကို iCloud ပေါ်မှာ Backup လုပ်ပေးထားတာကြေင့် လိုတဲ့ အချိန်တိုင်း ပြန်တက်ယူလို့ရပါတယ်။ အကယ်၍ ကိုယ်က ယခု iPhone ကို မသုံးတော့ပဲ နောက်တစ်လုံး သုံးတော့မယ်ဆိုရင် ဖုန်းကို iCloud sign out လုပ်ပြီး reset လုပ်လိုက်ပါ။ ဖုန်းရဲ့ အချက်အလက်များဖြစ်တဲ့ Note, Contact, Photo, အစရှိသဖြင့်တို့ကို Sync လုပ်ပါလို့ ရွေးထားရင် အချက်အလက်တွေ ပျက်မသွားပါဘူး။ ရှိနေမြဲ ရှိပါလိမ့်မယ်။ သူ့ကို ကြည့်ချင် ပြန်ယူချင်တယ်ဆိုရင် www.icloud.com ကနေ ပြန်ယူရမှာ ဖြစ်ပါတယ်။ နောက်ထပ် iPhone ကိုပဲ သုံးသုံး၊ Android ဖုန်းကိုပဲ အသုံးသုံး အချက်အလက်အများစုကို ပြန်ယူလို့ရ ပါတယ်။ အကယ်၍ iPhone ဘဲ ပြန်ဝယ်တယ်ဆိုရင် အကုန် အတူတူ ပြန်ယူလို့ ရပါတယ်။ အကယ်၍ Android ဆိုရင် Contact ကို csv format နဲ့ down ပြီးတော့ ပြန်ထည့်တာမျိုး ရပါတယ်။
ဖုန်းကို ကာကွယ်ပေးခြင်း
Find my iPhone ကိုပါ turn on လုပ်ထားရင် https://www.icloud.com/#find ကနေ မိမိရဲ့ ဖုန်းကို ရှာဖွေလို့ ရပါတယ်။ Find my iPhone ကို turn on လုပ်ဖို့ဆိုတာ iCloud sign in ထားမှ ရမှာမို့ ဖြစ်ပါတယ်။ ဖုန်းကို သူများ မသုံးအောင်လည်း ကာကွယ်လို့ ရပါတယ်။ ဖုန်းကို lock ချလိုက်တာမျိုးတို့ လုပ်လို့ရ ပါတယ်။ ဖုန်းရဲ့ Home Screen pattern lock မဖြေတတ်ရင် လူတွေ ကြိုးစားလုပ်မယ့်အရာ က format ချ firmware အသစ်တင်ခြင်းပါ။ ဒါပေမယ့် iPhone ကို iCould ချိတ်ထားရင်၊ find my iPhone turn on လုပ်ထားရင် ဖုန်းကို ကိုယ်က physically မပိုင်တော့ပေမယ့် virtually ကတော့ ပိုင်နေပါသေးတယ်။ remote ပိုင်ဆိုင်မှု ဖြစ်ပြီး မိမိရဲ့ control အောက်မှာ ရှိပါတယ်။ မိမိက lock လုပ်ထားလိုက်ရင် တစ်ဖက်က ဘယ်လောက်တော်တော် တော်ရုံ ဖြေလို့ မရပါဘူး။
iCloud ရဲ့ အသုံးဝင်မှုက အများကြီးပါ။ iCloud Drive လည်း ပေးထားပြီး မိမိအနေနဲ့ ဖုန်းတင်မက Apple ပစ္စည်း အကုန်လုံးနဲ့ ချိတ်ထားရင် မိမိရဲ့ Apple ပစ္စည်းများက အချက်အလက် တွေကို အင်တာနက်ရတဲ့အပေါ် မူတည်ပြီး မိမိရဲ့setting ရွေးချယ်မှုအပေါ် မူတည်ပြီး upload လုပ်သွားပါလိမ့်မယ်။
သူနဲ့ ပက်သက်လို့ ဖုန်းမှာ လုပ်ချင်တယ်ဆိုရင် General Tab ထဲကနေ iCloud, Find my iPhone များကို ဝင်ကြည့်ပါ။ စမ်းကြည့်ပါ။ Apple User ID ကို ပြန်သုံးပေမယ့် နောက်မှာ @icloud.com ဆိုပြီးတော့ ID အသစ်ပေးပါလိမ့်မယ်။ အသေးစိတ်ကတော့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ။ beginner များအတွက် အကြမ်းဖျဉ်း ရှင်းပြ ရုံသာ ဖြစ်ပါတယ်။
.
REF : အောင်ခမ်း (MMAS)
#aungkham_mmas