သင်စာညံ့လျှင် သမ္မတဖြစ်နိုင်သည်၊ သူဌေးဖြစ်နိုင်သည်၊ အောင်မြင်နိုင်သည်

Screen Shot 2015-05-22 at 2.32.59 PM

Dallas က Southern Methodist University မှာ အမေရိကန် သမ္မတဟောင်း ဖြစ်တဲ့ ဂျော့ဒဗလျူဘွတ်ရှ် ဘွဲ့နှင့်သဘင် မိန့်ခွန်းပြောပါတယ်။ မိန့်ခွန်းထဲမှာ Grade A (အမြင့်ဆုံး အရည်အချင်း) နဲ့ အောင်မြင်သူများကို Well done ဆိုပြီးတော့ ချီးကျူးခဲ့ ပါတယ်။ Grade C တွေကိုတော့ You can be president လို့ အတည်ပေါက်နဲ့ ပြောသွားခဲ့ ပါတယ်။ ဘွတ်ရှ်ဟာ ကျောင်းသားဘဝမှာ Grade C အဆင့်သာ ရှိခဲ့လို့လည်း ဖြစ်ပါတယ်။
Grade C ဆိုတာ စာမေးပွဲအောင်အောင် မနည်းကြိုးစားယူထားကြတဲ့ အဆင့် ဖြစ်ပြီး ဘွတ်ရှ်တစ်ဦးတည်း မဟုတ်ပဲ ယခု ပုံမှာ မြင်တွေ့နေရတဲ့ Virgin လေကြောင်းလိုင်း ပိုင်ရှင် ကမ္ဘာကျော် ဘီလျံနာ Richard Branson လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် တီထွင်သူ အချို့နဲ့ အိုင်တီ ပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊ ပညာရှင် အချို့ဟာလည်း Grade C အဆင့်သာ ကျောင်းသားဘဝမှာ ရှိခဲ့ ပါတယ်။ Richard ဆိုရင် ကျောင်းအထုတ်ခံရတဲ့အထိတောင် ဖြစ်ခဲ့ ပါတယ်။
ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ Grade C နဲ့ ပြီးတဲ့ ရာခိုင်နှုန်း အများစုက လုပ်ငန်းလုပ်ကိုင်တဲ့ ဘဝ အစိတ်အပိုင်းကို ရောက်တဲ့အခါ Grade A, Grade B နဲ့ ပြီးခဲ့သူများထက် ပိုလို့တောင် အောင်မြင်နေပါတယ်။ အကြောင်းပြချက်ကို ရှာကြည့်တော့ သူတို့ဟာ ကျရှုံးမှုများမှာ သင်ခန်းစာယူခြင်း၊ ဇွဲလုံ့လကြီးခြင်း တို့မှာ အရည်အချင်း တက်လာပြီး လူတွေနဲ့ ခင်မင်အောင် ပေါင်းသင်း ချိတ်ဆက်နိုင်တဲ့ အရည်အချင်းက အလိုအလျောက် ပါဝင်လာခဲ့လို့ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: metro
Ref: အောင်ခမ်း (MMAS)