Facebook မှ Game Request များကို Block နည်း

ဂိမ်းကစားခြင်း မရှိသူတွေအတွက် Facebook မှာ စိတ်ပျက်စရာကောင်းတာ တစ်ခုက Game Request တွေ ရရှိတာ ဖြစ်ပါတယ်။ Facebook မှ ဂိမ်းတွေကလည်း အလွန်စွဲဆောင်မှုရှိပါတယ်။ ဥပမာ အနေနဲ့ Candy Crush Soda Saga ကို ကစားသူဟာ ဆယ်သန်းကျော်ရှိပါတယ်။ Facebook အသုံးပြုသူ အရေအတွက်ဟာလည်း သန်းရှစ်ရာကျော်ရှိပြီး အဲဒီအထဲမှာ ဂိမ်းကစားသူ အရေအတွက်ကလည်း များပြားမှာ ဖြစ်ပါတယ်။ အဲဒီလူတွေရဲ့ Game Request တွေကို မမြင်ချင်ရင်တော့ Block လုပ်နိုင်တဲ့ နည်းလမ်းကို Facebook က ပံ့ပိုးပေးထားပါတယ်။
Game နဲ့ Person ကို Block ပြုလုပ်ခြင်း
သင့် Newsfeed ရဲ့ ဘယ်ဘက်ခြမ်းမှ Games လင့်ကို နှိပ်ပါ။
11
နောက်စာမျက်နှာရဲ့ အပေါ်ထိပ်မှ Activity ကိုနှိပ်ပြီး Invites လင့်ကို နှိပ်ပါ။
2
Request တွေကို Block လုပ်နိုင်တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ဂိမ်းတစ်ခုချင်းစီမှ Ignore All ကို နှိပ်နိုင်သလို ပေးပို့သူရော ဂိမ်းကိုပါ Block ချင်ရင် Accept ခလုတ်ရဲ့ ဘေးမှ ကြက်ခြေခတ်ခလုတ်ကို နှိပ်ပါ။
3
Ignore All ကိုနှိပ်ရင် ဂိမ်းကိုပဲ Block လုပ်နိုင်ပါတယ်။ Ignore All ကိုနှိပ်ပြီး block လင့်ကို ထပ်နှိပ်ရမှာ ဖြစ်ပါတယ်။
4
နောက်တစ်ဆင့်မှာတော့ Confirm နှိပ်ရမှာပါ။
4
ဒုတိယနည်းလမ်းကို အသုံးပြုဖို့အတွက် ကြက်ခြေခတ်ခလုတ်ကို နှိပ်ပါ။ နောက်အဆင့်မှာ ဂိမ်းကို Block ဖို့ လင့်တစ်ခုနဲ့ လူကို Block ဖို့ လင့်တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ ဂိမ်းကို Block ရင် အဲဒီဂိမ်းအတွက် Request တွေကို ဘယ်သူမှ သင့်ထံ ပေးပို့လို့မရတော့ပါဘူး။ လူကို Block ရင်တော့ အဲဒီလူထံမှ Request တွေကို သင်ရရှိမှာ မဟုတ်တော့ပါဘူး။
5
ဂိမ်းနဲ့ လူကို Block ခြင်းဟာ Unfriend လုပ်တာထက် ပိုမို ညင်သာတဲ့ နည်းလမ်းဖြစ်ပါတယ်။ Unblock ပြန်လုပ်ဖို့အတွက် Privacy Settings Page မှာ ပြုလုပ်နိုင်ပါတယ်။
6
Facebook မှာ Game Request တွေ ပေးပို့ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေသူတွေများစွာ ရှိနေပါတယ်။ အဲဒီလူတွေအတွက် အပေါ်မှ သင့်တော်ရာ နည်းလမ်းကို အသုံးပြုပြီး အနှောင့်အယှက် ကင်းဝေးစွာ Facebook ကို အသုံးပြုနိုင်မှာပါ။

ref;http://www.myanmardigitallife.com/

Adobe Photoshop Touch for Android

ကွန်ပျူတာမှာကတည်းက နာမည်ကြီးတဲ့ Adobe Photoshop ကိုဖုန်းတွေအတွက်ထုတ်ပေးထားတာပါ လိုအပ်ပါက အောက်မှာ Download နိုင်ပါတယ်




အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

နောက်ထွက်ဖုန်းတော်တော်များများကို ဖုန်းထဲမှာတင် root ပြုလုပ်နိုင်မည့် top 5 root apk များ

Vroot/Iroot : ဒီ root ကတော့တော်တော်များများသုံးများနေတဲ့ root apk ပါ ဖုန်းတော်တော်များများပေါက်ပါတယ်


==================================================
Kingroot : ကတော့ MTK Kitkat 4.4.2 တွေအတွက်အရမ်းမိုက်တဲ့ root apk ပါ root လုပ်နေချိန်မှာ 
အင်တာနက်ဖွင့်ထားဖို့တော့လိုပါတယ် 



==================================================
Baidu RootAndroid 2.2-4.4 ထိ root နိုင်တယ်လို့ဆိုထားပါတယ် Kingroot လိုပဲ အင်တာနက် Connection လိုအပ်ပါတယ်



=======================================
Framaroot : လဲကောင်းပါတယ် Oneclick Support devices တွေကိုတော့ ဒီမှာ နှိပ်ပြီးကြည့်ပါ



================================================
360 root : ဖုန်းမျိုးစားပေါင်း တထောင် ကျော်နဲ့ မော်ဒယ် ၂သောင်းကျော်ကို root လုပ်နိုင်ပါတယ် 
အသေးစိတ်ကို ဒီမှာ လေ့လာပါ


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Facebook မှာ Nickname ထည့်သွင်းနည်း

Facebook က မကြာမီက သူ့ရဲ့ လူမှုကွန်ရက် အသုံးပြုသူတွေကို အမည်မှန်တွေကိုသာ အသုံးပြုဖို့ တွန်းအားပေးခဲ့တာကြောင့် အမည်ပြောင်တွေကို သုံးချင်သူများစွာ အတွက် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ အဲဒီအတွက် သင့်ရဲ့ Facebook Profile မှာ Nickname, Alias, Maiden Name တွေကို ထည့်သွင်းနည်းကို ရေးပေးလိုက်ပါတယ်။
Nickname ကို သင့် Timeline မှ Profile Name ရဲ့ ညာဘက်မှာ ကွင်းခတ်ပြီး ပြသပေးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ရဲ့ Timeline ကို သွားပါ။ About ကို တစ်ချက်နှိပ်ပါ။
1
“ Details About You” ကို နှိပ်ပြီး “ Other Names” ကို နှိပ်ပါ။
2
Name Type မှ Drop-Down Arrow နှိပ်ပြီး Nickname ကိုရွေးချယ်ပေးပါ။
3
Nickname ကို Timeline မှ အမည်ရဲ့ ညာဘက်ဘေးမှာ ကွင်းခတ်ပြီး ပြသပေးနိုင်ဖို့အတွက် “ Show at top of profile “ မှာ အမှန်ခြစ်ပေးပါ။
4
Android
Android Device တွေမှာတော့ ညာဘက်အပေါ်ထောင့်မှ အလျားလိုက် မျဉ်းကြောင်းသုံးခုကို နှိပ်ပြီး Account Settings ထဲသွားပါ။
5
Settings Screen မှာ General ကို နှိပ်ပါ။
6
Name ကိုနှိပ်ပါ။
7
“Add or change other names” ကို တစ်ချက်နှိပ်ပါ။
8
“Add a nickname, a birth name…” ကို တစ်ချက်နှိပ်ပြီး Nickname ထည့်သွင်းနိုင်ပါတယ်။
9
iPhone, iPad အသုံးပြုသူများအတွက် Nickname ထည့်သွင်းနည်းဟာ Android နဲ့ တူညီတဲ့အတွက် အသေးစိတ် မရေးသားပေးတော့ပါဘူး။

ref;http://www.myanmardigitallife.com/

Facebook မှာ Schedule လုပ်ပြီး ပို့စ်တင်နည်း

Facebook က Page များမှာ Schedule လုပ်ပြီး ပို့စ်တင်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် Facebook အကောင့်မှာတော့ အဲဒီစွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားခြင်း မရှိပါဘူး။ တစ်ခါတစ်လေမှာ Facebook အကောင့်မှာ Schedule လုပ်ပြီး ပို့စ်တင်ရမယ့် အခြေအနေတွေ ရှိပါတယ်။ ဥပမာ အားဖြင့် သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့အတွက် ည ၁၂ နာရီတိတိမှာ ဆုတောင်းပေးတဲ့ အခါမျိုးတွေမှာ ၁၂ နာရီထိုးတဲ့ အထိ စောင့်ဆိုင်းနေစရာမလိုတော့ပါဘူး။ အဲဒီလို Schedule လုပ်ပေးနိုင်တာက Postfity ဆိုတဲ့ Web App တစ်ခုဖြစ်ပါတယ်။
Postfity ၀က်ဆိုက်ကို အောက်ပါ လင့်ကနေ သွားပါ။
Log In with Facebook ကိုနှိပ်ပါ။ Postfity ကို သင့်ရဲ့ Facebook အကောင့်ကို အသုံးပြုခွင့်ပေးဖို့ Okay နှိပ်ပေးပါ။
1
နောက်အဆင့်မှာတော့ Not Now သို့မဟုတ် Okay ကိုနှိပ်ပါ။
2
Postfity ၀က်ဆိုက်ကို ပြန်ရောက်သွားရင် Connect account ကိုနှိပ်ပါ။
3
သင့်ရဲ့ Profile Picture ကို တစ်ချက်နှိပ်ပြီး ချိတ်ဆက်ပါ။
4
ဒါဆိုရင် Profile Picture က အရောင်မှိန်နေရာကနေ လင်းလက်သွားပြီး Postfity နဲ့ သင့်ရဲ့ Facebook အကောင့် ချိတ်ဆက်မိသွားပါပြီ။ Create posts အောက်မှ Box မှာ စာရေးနိုင်ပြီး Attach photo ကိုနှိပ်ရင် ဓါတ်ပုံတွေ တင်နိုင်ပါတယ်။ Schedule ခလုတ်ရဲ့ ညာဘက်ဘေးမှ Drop-Down Arrow ကိုနှိပ်ပြီး Schedule ကို နှိပ်ပါ။
5
အချိန်နဲ့ နေ့ရက် သတ်မှတ်ပေးပြီး Timezone ကိုရွေးပေးပါ။ Timezone မှာ Myanmar မပါပေမယ့် Singapore, Bangkok စတဲ့ နီးစပ်ရာနိုင်ငံများရဲ့ အချိန်နဲ့ မြန်မာနိုင်ငံရဲ့ အချိန်နဲ့ ကွာခြားချက်ကို တွက်ချက်ပြီး သတ်မှတ်နိုင်ပါတယ်။ ပြီးရင် Save schedule ခလုတ်ကို နှိပ်ပါ။
6
ပြီးရင်တော့ Create posts ကဏ္ဍရဲ့ အောက်ခြေမှ Browse or edit scheduled posts ကဏ္ဍမှာ ပို့စ်ကို တွေ့နိုင်ပါတယ်။ Schedule လုပ်ထားတဲ့ ပို့စ်ကို Delete လုပ်နိုင်သလို Edit လုပ်နိုင်ပါတယ်။
7
Postfity မှာ Facebook သာမကဘဲ Twitter, LinkedIn တို့နဲ့ ချိတ်ဆက်နိုင်ပါတယ်။ Postfity ကို အခမဲ့ အသုံးပြုရင် အကောင့်ငါးခုနဲ့ ချိတ်ဆက်နိုင်ပြီး တစ်ရက်ကို ပို့စ်ဆယ်ခုတင်နိုင်ပါတယ်

ref;http://www.myanmardigitallife.com/

သင့်ရဲ့ Facebook Timeline မှ ပို့စ်များကို ရှာဖွေနိုင်မယ့် Tools ငါးခု

Facebook မှာ သင် တင်လိုက်တဲ့ ပို့စ်တွေ၊ Share လုပ်လိုက်တာတွေနဲ့ သူငယ်ချင်းတွေက သင့်ရဲ့ Timeline မှာ တင်လိုက်တဲ့ ပို့စ်တွေ၊ သင် Like , Commnet လုပ်ထားတဲ့ ပို့စ်တွေကို ရှာဖွေဖို့အတွက် သင့်ရဲ့ Timeline ကို သွားပြီး အောက်ဘက်ကို Scroll လုပ် ရှာဖွေရတာ အဆင်ပြေတဲ့ နည်းလမ်းမဟုတ်ပါဘူး။ သင့် Timeline မှ ပို့စ်တွေကို လွယ်ကူစွာ ရှာဖွေပေးနိုင်တဲ့ Tools တွေ များစွာ ရှိပါတယ်။ အဲဒီ Tools တွေကို အသုံးပြုရင်တော့ နှစ်ပေါင်းများစွာ အကြာက ပို့စ်တွေကိုတောင် လျှင်မြန်စွာ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
Facebook စွမ်းဆောင်ချက်တစ်ခုနဲ့ ပတ်သက်တဲ့ Tip တစ်ခု
သင်ဟာ သင့်ရဲ့ Timeline ကို ကြည့်တဲ့အခါမှာ Facebook က သင်တင်ထားတဲ့ ပို့စ်တွေ၊ သင် Share လုပ်ထားတာတွေနဲ့ သင့်ကို Tag လုပ်ထားတဲ့ ပို့စ်တွေ အားလုံးကို မပြသပေးထားပါဘူး။ Default အားဖြင့် Facebook က သင့် Timeline မှ ပို့စ်တွေကို Highlights အနေနဲ့သာ ပြသပေးထားတာပါ။ ပို့စ်အားလုံးကို ကြည့်ချင်ရင် သင့် Timeline ရဲ့ ညာဘက်မှ ခုနှစ်တစ်ခုကို ရွေးချယ်ပါ။ ပြီးရင် Highlights ခလုတ်ကို နှိပ်ပြီး All Stories ကို နှိပ်ပါ။ ဒါမှသာ သင့်ရဲ့ ပို့စ်အားလုံးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
1
ဒီနည်းလမ်းက Search Engine တွေကို အသုံးပြုပြီး ရှာဖွေတာ မဟုတ်ဘဲ ကိုယ်တိုင် ရှာဖွေတာ ဖြစ်တဲ့အတွက် အလုပ်အနည်းငယ်ပိုပါတယ်။ Search Box ကနေ စကားစု အနည်းငယ်ကို ရိုက်ထည့်လိုက်တာနဲ့ သင့်ရဲ့ ပို့စ်တွေကို လွယ်ကူ လျှင်မြန်စွာ ရှာဖွေပေးနိုင်တဲ့ Search Engine Tools တွေရှိပါတယ်။
Graph Search
Graph Search က Facebook ရဲ့ စွမ်းရည်မြင့် Search Engine ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Facebook က Graph Search ကို ပိုမိုတိုးတက်ကောင်းမွန်အောင် အစဉ်တစိုက် ပြုလုပ်နေပြီး အခုအခါမှာတော့ သင့်ရဲ့ ပို့စ်တွေကို လွယ်ကူစွာ ရှာဖွေပေးနိုင်ပြီ ဖြစ်ပါတယ်။ Graph Search ကို အသုံးပြုပြီး သင့်ရဲ့ ပို့စ်တွေကို ရှာဖွေဖို့အတွက် Search Box မှာ “my posts” ဆိုတဲ့ စကားစုကို ရှေ့ဆုံးက ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ ဥပမာ အားဖြင့် “ my post about playstation 4 “ စသဖြင့် my post နောက်မှာ ရှာချင်တဲ့ ပို့စ်မှာပါတဲ့ စကားစုကို ထည့်သွင်းရှာနိုင်ပါတယ်။
2
သင့်သူငယ်ချင်းက သင့်ရဲ့ Timeline မှာ တင်ထားတဲ့ ပို့စ်တစ်ခုကို ရှာချင်ရင်တော့ ဥပမာ အနေနဲ့ “ my friend’s posts about bikes on my timeline” ဆိုတဲ့ စကားစုနဲ့ ရှာဖွေနိုင်ပါတယ်။
3
Activity Log
Activity Log ကလည်း သင့်ရဲ့ ပို့စ်များကို ရှာဖွေပေးနိုင်တဲ့ နောက်ထပ်နေရာတစ်ခုပါ။ သင့်ရဲ့ ပို့စ်တွေ၊ သင့်ကို Tag လုပ်ထားတဲ့ ပို့စ်တွေ၊ အခြားသူများ သင့်ရဲ့ Timeline မှာ တင်ထားတဲ့ ပို့စ်တွေ ၊ သင့်ရဲ့ ဓါတ်ပုံတွေ၊ သင် Like ပြုလုပ်ထားတဲ့ ပို့စ်တွေ၊ သင် Comment ပြုလုပ်ထားတဲ့ ပို့်စ်တွေ အပြင် သင် Hide လုပ်ထားတဲ့ ပို့်စ်တွေကိုတောင် လွယ်ကူစွာ ရှာဖွေနိုင်ဖို့ Activity Log စာမျက်နှာရဲ့ ဘယ်ဘက်မှာ ကဏ္ဍများနဲ့ ခွဲခြားပေးထားပါတယ်။ ဒါ့အပြင် Activity Log စာမျက်နှာရဲ့ ထိပ်မှာရှိတဲ့ Search Box ကနေ ရှာဖွေနိုင်ပါသေးတယ်။ သင့်ရဲ့ Timeline မှ View Activity Log ကို နှိပ်ပြီး အဲဒီစာမျက်နှာကို သွားနိုင်ပါတယ်။
4
Facebook Apps & Websites
QSearch
QSearch ကတော့ သင့်ရဲ့ Timeline မှ ပို့စ်များကို လျှင်မြန်စွာ ရှာဖွေပေးနိုင်တဲ့ Facebook App တစ်ခု ဖြစ်ပါတယ်။ Status, Photo or Link စသဖြင့် Filter လုပ်ပြီး ရှာဖွေနိုင်ပါတယ်။ QSearch က သင့်ရဲ့ပို့စ်များသာမက သင့် သူငယ်ချင်းများရဲ့ ပို့စ်များကိုပါ ရှာဖွေပေးနိုင်ပါတယ်။
5
သင့်ရဲ့ Timeline သာမက သင့်သူငယ်ချင်းများရဲ့ Timeline များနဲ့ သင် အဖွဲ့ဝင်ထားတဲ့ Group များ၊ သင် Follow လုပ်ထားတဲ့ Pages များကိုပါ ရှာဖွေပေးနိုင်ပါတယ်။
6
QSearch ကို အောက်ပါ လင့်ကနေ သွားနိုင်ပါတယ်။
Search My Posts
Search My Posts ကတော့ QSearch လောက် စွမ်းရည်မပြည့်ပါဘူး။ သင့်ရဲ့ Timeline ကိုသာ ရှာဖွေပေးနိုင်ပြီး သူငယ်ချင်းများရဲ့ Timeline ကို ရှာဖွေပေးနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း Search My Posts ကနေ သင့်ရဲ့ Videos, Music, Images, Links များကို Filter လုပ်ပြီး ရှာနိုင်ပါတယ်။
7
Search My Post ကို အောက်ပါ လင့်ကနေ အသုံးပြုနိုင်ပါတယ်။
Archivedbook
Archivedbook ကတော့ သင်နဲ့ သင့်သူငယ်ချင်းများရဲ့ ပို့စ်များ အားလုံးကို ရှာဖွေပေးနိုင်တဲ့ ၀က်ဆိုက် ဖြစ်ပါတယ်။ Posts & Statuses, Posts by others, Photos, Videos, Places, Pages, Notes, Events စသဖြင့် Filter များစွာနဲ့ ရှာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ညာဘက်အပေါ်ထောင့်မှ Drop-Down Menu ကိုနှိပ်ပြီး ပို့အသစ်တွေ သို့မဟုတ် ပို့စ်အဟောင်းတွေကို အရင် ပြသဖို့ကို ရွေးချယ်င်္နိုင်ပါတယ်။ Like or Comment အများဆုံး ရရှိတဲ့ ပို့စ်တွေကိုလည်း ရှာနိုင်ပါသေးတယ်။
8
Archivedbook ကို အောက်ပါ လင့်ကနေ အသုံးပြုနိုင်ပါတယ်။
အထက်ပါ နည်းလမ်းများ အားလုံးက သင့်ရဲ့ Timeline ကို ရှာဖွေရာမှာ အထောက်အကူ များစွာ ပံ့ပိုးပေးနိုင်ပါတယ်။ Graph Search နဲ့ Activity Log ကတော့ Facebook ရဲ့ စွမ်းဆောင်ချက်များ ဖြစ်ပြီး အခြား သုံးခုကတော့ Third-Party Search Engine များ ဖြစ်ပါတယ်။ Facebook ရဲ့ Graph Search နဲ့ Activity Log တို့ကို အရင်ဆုံး အသုံးပြုပြီး ပို့စ်များကို ရှာဖွေဖို့ အကြံပေးချင်ပါတယ်။ အဲဒီနှစ်ခုကို အသုံးပြုပြီး ရှာလို့မတွေ့မှသာ အခြား Third-Party Tools များကို အသုံးပြုသင့်ပါတယ်။

ref;http://www.myanmardigitallife.com/

Facebook အကောင့်နဲ့ Log In ပြုလုပ်ထားတဲ့ ၀က်ဆိုက်များနဲ့ Apps များကို ထိန်းချုပ်နည်း

ဝက်ဆိုက်များနဲ့ Apps များမှာ သီးခြား အကောင့် တစ်ခုပြုလုပ်စရာမလိုဘဲ Facebook အကောင့်နဲ့ Log In ပြုလုပ်နိုင်အောင် ပြုလုပ်ပေးထားကြပါတယ်။ ဒီနည်းလမ်းဟာ သီးခြား အကောင့်တစ်ခု ပြုလုပ်စရာမလိုတဲ့အတွက် အလုပ်ရှုပ်သက်သာပါတယ်။ ဒါပေမယ့် ဒီလိုပြုလုပ်ခြင်းဟာ သင့်ရဲ့ Facebook အကောင့်မှ သတင်းအချက်အလက်များကို အဲဒီ ၀က်ဆိုက်များနဲ့ Apps များကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် မယုံကြည်ရတဲ့ ၀က်ဆိုက်များနဲ့ Apps များကို သင့်ရဲ့ Facebook အကောင့်နဲ့ Log In မ၀င်သင့်ပါဘူး။ Log In ၀င်လိုက်မိတယ်ဆိုရင်လည်း သင့်ရဲ့ Facebook အကောင့်ကနေ အဲဒီဝက်ဆိုက်နဲ့ Apps များကို ဖယ်ရှားဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့လိုအပ်ပါတယ်။
ဝက်ဆိုက်နဲ့ Apps များမှာ Facebook အကောင့်နဲ့ ဘာလို့ Log In ၀င်တာလဲ?
လူအများစုက ၀က်ဆိုက် ဒါမှမဟုတ် App တစ်ခုအတွက် သီးခြား အကောင့်တစ်ခု မပြုလုပ်ချင်ကြပါဘူး။ အကောင့်သစ်တစ်ခု ပြုလုပ်ဖို့အတွက် စာရိုက်ရတာ၊ သတင်းအချက်အလက်တွေ ဖြည့်စွက်ရတာက အလုပ်ရှုပ်လို့ ဖြစ်ပါတယ်။ အဲဒီအတွက် Facebook အသုံးပြုသူအများစုက အခြား ၀က်ဆိုက်များနဲ့ Apps များမှာ Facebook အကောင့်နဲ့ Log In ၀င်ရောက်ကြတာ ဖြစ်ပါတယ်။
1
ဝက်ဆိုက်တစ်ခုမှာ Facebook အကောင့်နဲ့ Sign Up ပြုလုပ်ခြင်း
Third-Party Website တစ်ခုမှာ Facebook အကောင့်နဲ့ Log In or Sign Up ပြုလုပ်ရင် အဲဒီဝက်ဆိုက်က သင့်ရဲ့ Facebook မှ ရယူမယ့် ဒေတာတွေကို ပြသပြီး ခွင့်ပြုချက်တောင်းမှာ ဖြစ်ပါတယ်။ Ok နှိပ်ပြီး ခွင့်ပြုချက်ပေးရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းကျမှ ခွင့်ပြုချက်ပေးထားတဲ့ ဒေတာတွေထဲက မလိုအပ်တာတွေကို သင့်ရဲ့ Facebook အကောင့်မှ App Settings ထဲမှာ ဖယ်ရှားနိုင်ပါတယ်။
နောက်တစ်ခုက ၀က်ဆိုက်နဲ့ Apps တွေက သင့်ရဲ့ Timeline မှာ ပို့စ်တင်ဖို့ တောင်းဆိုတတ်ကြပါတယ်။ အဲဒီပို့စ်ရဲ့ Privacy Level ကို သင်ချိန်ညှိနိုင်တယ်ဆိုတာ သတိပြုပါ။ Ok ကို မနှိပ်ဘဲ ဘယ်ဘက်ထောင့်စွန်းရှိ Privacy ခလုတ်ကို နှိပ်ပြီး “ Friends Only” , “ Only Me” စတာတွေကို ရွေးချယ်နိုင်ပါတယ်။ ပြီးမှ Ok ကိုနှိပ်ပါ။ ပို့စ်တင်ဖို့ ခွင့်မပြုချင်ရင်တော့ Skip ခလုတ်ကို နှိပ်နိုင်ပါတယ်။
2
Anonymous Logins
အချို့ ၀က်ဆိုက်နဲ့ Apps များက Anonymous အနေနဲ့ စမ်းသပ် အသုံးပြုခွင့်ပေးတတ်ကြပါတယ်။ ဒီနည်းကို အသုံးပြုခြင်းဖြင့် သင့်ရဲ့ Facebook အကောင့်မှ ဒေတာများကို မျှဝေစရာမလိုတော့ပါဘူး။ စမ်းသပ်အသုံးပြုပြီးလို့ အဲဒီ ၀က်ဆိုက် သို့မဟုတ် App ကို နှစ်သက်မှသာ Facebook အကောင့်နဲ့ Log In ပြုလုပ်သင့်ပါတယ်။
သင့်ရဲ့ Application Permission ကို ထိန်းချုပ်ပါ။
Facebook ရဲ့ Settings ထဲမှ Apps ကဏ္ဍကို သွားပါ။ သင့်ရဲ့ Facebook အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ Apps များ အားလုံးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ App တစ်ခုရဲ့ ညာဘက်ဘေးမှ Edit Settings ခလုတ်ကို နှိပ်ရင် အဲဒီ App က သင့် Facebook အကောင့်မှ အသုံးပြုနေတဲ့ ဒေတာ အမျိုးအစားများကို တွေ့ရမှာ ဖြစ်ပါတယ်။ Required လို့ ရေးသားထားတဲ့ ဒေတာကတော့ App က တကယ်လိုအပ်လို့ ဖြစ်ပါတယ်။ Required မဟုတ်တဲ့ ဒေတာတွေကိုတော့ ညာဘက်မှ အမှန်ခြစ်ကို ဖြုတ်ခြင်းဖြင့် သင့် Facebook အကောင့်မှ အဲဒီ ဒေတာကို App က အသုံးပြုခွင့်ကို ပိတ်နိုင်ပါတယ်။
3
နောက်ပြီး Edit Settings ကဏ္ဍရဲ့ ထိပ်ဆုံးမှာ သင် အသုံးပြုနေတဲ့ App ကို အခြားသူများ မမြင်တွေ့စေချင်ရင် Only Me သတ်မှတ်ထားနိုင်ပါတယ်။ ပြီးရင်တော့ Save နှိပ်ပါ။
4
App တစ်ခု ကို သင့် Facebook အကောင့်မှ ဖယ်ရှားချင်ရင် ညာဘက်ရှိ ကြက်ခြေခတ်ခလုတ်ကို နှိပ်ပါ။
5
Platform ကို Disable ပြုလုပ်ခြင်း။
Third-Party Apps တွေကို သင့်ရဲ့ Facebook အကောင့်နဲ့ Log In ပြုလုပ်တာကို ပိတ်ချင်ရင်တော့ App Settings ကဏ္ဍအောက်မှ “ Apps, Websites and Plugins” ကဏ္ဍကိုသွားပါ။ “ Edit “ ကိုနှိပ်ပြီး “ Disable Platform” ကိုရွေးချယ်ပေးပါ။ ဒါဆိုရင် သင်လက်ရှိ Facebook အကောင့်နဲ့ Log In ၀င်ထားတဲ့ ၀က်ဆိုက် သို့မဟုတ် Apps တွေ အားလုံးက သင့်ရဲ့ Facebook ဒေတာတွေကို အသုံးပြုလို့မရတော့ပါဘူး။ ဒါ့အပြင် နောက်ပိုင်းမှာလည်း သင်ဟာ ၀က်ဆိုက်တစ်ခုမှာ Facebook အကောင့်နဲ့ Sign Up လုပ်လို့မရတော့ပါဘူး။ ဒီလိုလုပ်ရင်တော့ သင်လက်ရှိ Facebook အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ Apps နဲ့ ၀က်ဆိုက်တွေကို အသုံးပြုလို့ရမှာ မဟုတ်တော့တာကို သတိပြုပါ။
6

ref;http://www.myanmardigitallife.com/