Note3 SM-N900 Software error ကြောင့် Baseband Unknow ဖြစ်ပြီး IMEI Null ဖြစ်သွားတာကိုရှင်းနည်း...

Note3 SM-N900 ကို Root ဖောက်လို့ ပဲဖြစ်ဖြစ်၊ Firmware တင်လိုက်
လို့ ပဲဖြစ်ဖြစ် Baseband Unknow ဖြစ်ပြီး IMEI Null ဖြစ်ခဲ့ရင် ကျွန်တော်
ရှင်းခဲ့တဲ့ နည်းလမ်းလေးကိုမျှဝေတာပါ။ဒီနည်းလမ်းရှာနေစဉ်အများကြီး
ကူညီပေးခဲ့တဲ့ ကျွန်တော်မိတ်ဆွေ ကို Hein Zaw ကိုအရင်ဆုံးကျေးဇူးတင်
စကားပြောပါရစေ။ကျွန်တော်ရှင်းခဲ့တဲ့ Note3 SM-N900 Baseband Unknow
ဟာ android 4.4.2 ပါ။
ပထမဆုံးလိုအပ်တာတွေကိုအောက်ကလင့်မှာ Download ဆွဲလိုက်ပါအုန်း။
Download ဆွဲပြီးရင် ကျွန်တော်ပေးထားတဲ့ clockworkmod recovery ကို
ဒေါင်းထားတဲ့ Odin 3.0.7 နဲ့ ကွန်ပျူတာကနေ Flash လိုက်ပါ။ပြီးရင်
UPDATE-SuperSU-v1.91.zipကို internal Storage ထည့်ပြီး clockworkmod
recovery ကနေ Flash ပါ။Recovery ၀င်နည်းက Power+Home+Vol+ ပါ။
ပြီးရင်ဖုန်းကို ပုံမှန်အတိုင်းပဲဖွင့်ပြီး SuperSu ကိုဖွင့် knox security ကို disable
လုပ်လိုက်ပါ။
ဖုန်းကို Recovery mod ပြန်ဝင်ပြီး ဒေါင်းထားတဲ့အထဲက Stock-4.4.2-kernel-NA6.zip
ကိုအရင် Flash ပါ။ပြီးမှ နောက်ဆုံးကျန်ရှိတဲ့ N900_XXUENE1_MODEM_CWM.zip
ကို Flash လိုက်ရင်တော့ Baseband version ပြန်ပေါ်လာပြီး မိတ်ဆွေစိတ်ချမ်းသာ
သွားပါလိမ့်မယ်။သိပ်အထူးဆန်းတော့မဟုတ်ပါဘူး ပြသနာတတ်လာရင်ဖြေရှင်းလို့ 
ရနိုင်အောင် Post တစ်ခုအဖြစ်တင်ပေးလိုက်တာပါ။ကျွန်တော်က မော်လမြိုင်မှ မောင်သု ပါ။


















credit - M.L.M Mobile Phone Professional Group

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်