Facebook Profile ကို Page အဖြစ် ပြောင်းလဲနည်း

Facebook မှာ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများ မျှဝေရုံသာမက စီးပွားရေးလုပ်ငန်းကိုပါ လူသိများအောင် Profile တစ်ခု ပြုလုပ်အသုံးပြုနေသူများအတွက် Facebook Page တစ်ခု ဖန်တီးဖို့ အချိန်တန်ပါပြီ။
Page များဟာ သင့်ဝက်ဆိုက်နဲ့ ချိတ်ဆက်ထားနိုင်ပြီး သင့်ဝက်ဆိုက်ကို လာရောက်လည်ပတ်သူများအောင် စွမ်းဆောင်ပေးနိုင်ရုံ သာမက သင့်ရဲ့ ပရိသတ်များ ဘယ်အရာကို နှစ်သက်သလဲဆိုတာကိုပါ အတွင်းကျကျ သိရှိစေနိုင်ပါတယ်။ ဒါဟာ အစပဲ ရှိပါသေးတယ်။ သင့်ရဲ့ Profile ကို Page အဖြစ် ပြောင်းလဲရင် ရရှိမယ့် အကျိုးကျေးဇူးများ ရှိပါသေးတယ်။
Facebook Profile ကို Page အဖြစ် ဘာကြောင့် ပြောင်းလဲသင့်သလဲ ?
လူအချို့ဟာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းများကို လူသိများစေဖို့ Facebook Profile ကိုပဲ အသုံးပြုနေကြပါတယ်။ Profile ကို အသုံးပြုရင်လည်း Follower များစွာ ရရှိနိုင်ပေမယ့် Page တစ်ခုလိုတော့ ပရိသတ်များ ဘယ်အရာကို နှစ်သက်သလဲ၊ ဘယ်အရာကို မနှစ်သက်ဘူးလဲ ဆိုတာ အသေးစိတ် မပြသပေးနိုင်ပါဘူး။ Facebook မှာ လူများ Like ပြုလုပ်ထားတဲ့ Pages များကို သူတို့ရဲ့ သူငယ်ချင်းများကိုပါ သိရှိဖို့ ကြော်ညာပေးတတ်ကြပါတယ်။ ဒါပေမယ့် Follower များစွာ ရရှိထားတဲ့ Facebook Profile တစ်ခုကိုတော့ သူတို့ရဲ့ သူငယ်ချင်းများ သိရှိအောင် ကြော်ညာပေးခြင်း မရှိပါဘူး။
Facebook Pages များကို Interested Lists ထဲထည့်ထားနိုင်သလို အခြား Page များကလည်း Like ပြုလုပ်နိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းများစွာ ရှိရင်တော့ Page တစ်ခုကနေ အခြား Page တစ်ခုကို အပြန်အလှန် ကြော်ညာပေးချင်ရင်တော့ Like တစ်ချက်နှိပ်လိုက်ရုံပါပဲ။ Facebook Profile များအတွက် Friends ငါးထောင်သာ အများဆုံးရရှိနိုင်ပေမယ့် Page တစ်ခုထောင်ရင်တော့ ပရိသတ်များ အကန့်အသတ်မရှိ ရရှိနိုင်ပါတယ်။ ( Follower များကိုတော့ ကန့်သတ်ထားခြင်း မရှိပါဘူး။ ) ဒါကလည်း Profile ကနေ Page ကို ပြောင်းလဲဖို့ အကြောင်းတစ်ချက် ဖြစ်ပါတယ်။
Facebook Profile ကနေ Page ကို ပြောင်းလဲရတာ စွန့်စားမှုများတော့ ရှိနေပါတယ်။
Facebook Profile ကနေ Page ကို ပြောင်းလဲရင် ဘာတွေ ဖြစ်မလဲ ?
ဒါတွေကတော့ အဓိကကျတဲ့ အချက်များ ဖြစ်ပါတယ်။
• သင့်ရဲ့ သူငယ်ချင်းနဲ့ Follower အားလုံးဟာ သင့် Page အသစ်ရဲ့ Fans များ ဖြစ်လာမှာပါ။
• သင့်ရဲ့ Username ဟာ သင့် Page အမည် ဖြစ်လာမှာ ဖြစ်ပါတယ်။
• သင့်ရဲ့ Profile Picture ဟာ သင့် Page ရဲ့ Picture ဖြစ်လာမှာပါ။
• သင့်ရဲ့ Page အသစ်ကို Follower ရဲ့ Interest List မှာ ပြသမှာ မဟုတ်ပါဘူး။
• သင့်ရဲ့ Profile အဟောင်းက Message များကို Page မှာ မြင်ရတော့မှာ မဟုတ်ပါဘူး။
• သင့်ရဲ့ Profile အဟောင်းက Status နဲ့ ဓါတ်ပုံများကို Page ကို ကူးပြောင်းပေးမှာ မဟုတ်ပါဘူး။
• သင် အဖွဲ့ဝင်ထားတဲ့ Group များကနေ နှုတ်ထွက်ရမှာပါ။
ဖော်ပြပါ အချက်များ အရ Profile ကနေ Page ကို ပြောင်းလဲရင် ကောင်းကျိုး ရှိသလို ဆိုးကျိုးများလည်း ရှိလာမှာပါ။ ဒီလို မဖြစ်ချင်ရင်တော့ Page အသစ်တစ်ခု ပြုလုပ်ပြီး Follower နဲ့ သူငယ်ချင်းများကို Page အသစ်အကြောင်း အသိပေးလိုက်တာက အကောင်းဆုံးပါ။
Profile ကို Page အဖြစ် မပြောင်းလဲခင် ပြုလုပ်ရမယ့် အချက်များ
သင့်ရဲ့ Profile ကို Page အဖြစ် ပြောင်းလဲရင် ဒေတာများ ဆုံးရှုံူးမှာ ဖြစ်သလို အခြား စဉ်းစားရမယ့် အချက်များ ရှိနေပါတယ်။
• Facebook မှ သင့်ရဲ့ Status, Photos , Message နဲ့ အခြား ကိုယ်ရေးကိုယ်တာ ဒေတာများကို Backup ပြုလုပ်ပါ။ ဒီလိုလုပ်ဖို့ Settings> General ထဲကို သွားပြီး “ Download a copy of your Facebook data” ကိုနှိပ်ပါ။
• သင့်ရဲ့ Page အသစ်နဲ့ ကိုက်ညီမယ့် နာမည်နဲ့ လိပ်စာကို ပြောင်းလဲပါ။
• သင်ဟာ Group နဲ့ အခြား Page များမှာ Admin တစ်ယောက်ဆိုရင် သူငယ်ချင်းတစ်ယောက်ကို Admin အဖြစ် သတ်မှတ် တာဝန်ပေးပါ။
အပေါ်က အဆင့်များကို ပြုလုပ်ပြီးရင်တော့ သင့်ရဲ့ Facebook Profile ကို Page အဖြစ် ပြောင်းလဲဖို့ အောက်ပါ ၀က်ဆိုက် လိပ်စာကို သွားပါ။
http://goo.gl/Hdgne4
6
အဲဒီ စာမျက်နှာမှာ သင့်ရဲ့ Page အမျိုးအစားကို ရွေးချယ်ပြီး ဖော်ပြပါ အဆင့်များ အတိုင်း လွယ်ကူစွာ Page တစ်ခု အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဒီလို ပြောင်းလဲရာမှာ အမှားအယွင်း ဖြစ်ပေါ်ခဲ့ရင် Facebook က သင့်ရဲ့ Profile ကို ပြန်လည် အသုံးပြုနိုင်အောင် ပြုလုပ်ပေးမှာပါ။
Profile ကို Page အဖြစ် ပြောင်းလဲ သင့်သလား ?
သင့်ရဲ့ Profile မှာ စီးပွားရေး လုပ်ငန်းအတွက် အနည်းငယ်သာ အသုံးပြုထားတယ်ဆိုရင်တော့ Profile အနေနဲ့သာ အသုံးပြုသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းအတွက် Page တစ်ခု သီးခြား ပြုလုပ်ပြီး Fans များကို စုဆောင်းသင့်ပါတယ်။ Profile ကနေ Page ကို ပြောင်းလဲတာဟာ ကိုယ်ရေးကိုယ်တာ ဒေတာများစွာ ဆုံးရှုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့ Profile ကို စီးပွားရေး လုပ်ငန်းအတွက် များစွာ အသုံးပြုထားတယ်ဆိုရင်တော့ Facebook က သင့်အကောင့်ကို ပိတ်သိမ်းနိုင်တဲ့ အတွက် Page တစ်ခု အဖြစ် အမြန်ဆုံး ပြောင်းလဲဖို့ လိုအပ်ပါတယ်။
ref:http://www.myanmardigitallife.com/