သင့်ရဲ့ Facebook Timeline မှ ပို့စ်များကို ရှာဖွေနိုင်မယ့် Tools ငါးခု

Facebook မှာ သင် တင်လိုက်တဲ့ ပို့စ်တွေ၊ Share လုပ်လိုက်တာတွေနဲ့ သူငယ်ချင်းတွေက သင့်ရဲ့ Timeline မှာ တင်လိုက်တဲ့ ပို့စ်တွေ၊ သင် Like , Commnet လုပ်ထားတဲ့ ပို့စ်တွေကို ရှာဖွေဖို့အတွက် သင့်ရဲ့ Timeline ကို သွားပြီး အောက်ဘက်ကို Scroll လုပ် ရှာဖွေရတာ အဆင်ပြေတဲ့ နည်းလမ်းမဟုတ်ပါဘူး။ သင့် Timeline မှ ပို့စ်တွေကို လွယ်ကူစွာ ရှာဖွေပေးနိုင်တဲ့ Tools တွေ များစွာ ရှိပါတယ်။ အဲဒီ Tools တွေကို အသုံးပြုရင်တော့ နှစ်ပေါင်းများစွာ အကြာက ပို့စ်တွေကိုတောင် လျှင်မြန်စွာ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
Facebook စွမ်းဆောင်ချက်တစ်ခုနဲ့ ပတ်သက်တဲ့ Tip တစ်ခု
သင်ဟာ သင့်ရဲ့ Timeline ကို ကြည့်တဲ့အခါမှာ Facebook က သင်တင်ထားတဲ့ ပို့စ်တွေ၊ သင် Share လုပ်ထားတာတွေနဲ့ သင့်ကို Tag လုပ်ထားတဲ့ ပို့စ်တွေ အားလုံးကို မပြသပေးထားပါဘူး။ Default အားဖြင့် Facebook က သင့် Timeline မှ ပို့စ်တွေကို Highlights အနေနဲ့သာ ပြသပေးထားတာပါ။ ပို့စ်အားလုံးကို ကြည့်ချင်ရင် သင့် Timeline ရဲ့ ညာဘက်မှ ခုနှစ်တစ်ခုကို ရွေးချယ်ပါ။ ပြီးရင် Highlights ခလုတ်ကို နှိပ်ပြီး All Stories ကို နှိပ်ပါ။ ဒါမှသာ သင့်ရဲ့ ပို့စ်အားလုံးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
1
ဒီနည်းလမ်းက Search Engine တွေကို အသုံးပြုပြီး ရှာဖွေတာ မဟုတ်ဘဲ ကိုယ်တိုင် ရှာဖွေတာ ဖြစ်တဲ့အတွက် အလုပ်အနည်းငယ်ပိုပါတယ်။ Search Box ကနေ စကားစု အနည်းငယ်ကို ရိုက်ထည့်လိုက်တာနဲ့ သင့်ရဲ့ ပို့စ်တွေကို လွယ်ကူ လျှင်မြန်စွာ ရှာဖွေပေးနိုင်တဲ့ Search Engine Tools တွေရှိပါတယ်။
Graph Search
Graph Search က Facebook ရဲ့ စွမ်းရည်မြင့် Search Engine ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Facebook က Graph Search ကို ပိုမိုတိုးတက်ကောင်းမွန်အောင် အစဉ်တစိုက် ပြုလုပ်နေပြီး အခုအခါမှာတော့ သင့်ရဲ့ ပို့စ်တွေကို လွယ်ကူစွာ ရှာဖွေပေးနိုင်ပြီ ဖြစ်ပါတယ်။ Graph Search ကို အသုံးပြုပြီး သင့်ရဲ့ ပို့စ်တွေကို ရှာဖွေဖို့အတွက် Search Box မှာ “my posts” ဆိုတဲ့ စကားစုကို ရှေ့ဆုံးက ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ ဥပမာ အားဖြင့် “ my post about playstation 4 “ စသဖြင့် my post နောက်မှာ ရှာချင်တဲ့ ပို့စ်မှာပါတဲ့ စကားစုကို ထည့်သွင်းရှာနိုင်ပါတယ်။
2
သင့်သူငယ်ချင်းက သင့်ရဲ့ Timeline မှာ တင်ထားတဲ့ ပို့စ်တစ်ခုကို ရှာချင်ရင်တော့ ဥပမာ အနေနဲ့ “ my friend’s posts about bikes on my timeline” ဆိုတဲ့ စကားစုနဲ့ ရှာဖွေနိုင်ပါတယ်။
3
Activity Log
Activity Log ကလည်း သင့်ရဲ့ ပို့စ်များကို ရှာဖွေပေးနိုင်တဲ့ နောက်ထပ်နေရာတစ်ခုပါ။ သင့်ရဲ့ ပို့စ်တွေ၊ သင့်ကို Tag လုပ်ထားတဲ့ ပို့စ်တွေ၊ အခြားသူများ သင့်ရဲ့ Timeline မှာ တင်ထားတဲ့ ပို့စ်တွေ ၊ သင့်ရဲ့ ဓါတ်ပုံတွေ၊ သင် Like ပြုလုပ်ထားတဲ့ ပို့စ်တွေ၊ သင် Comment ပြုလုပ်ထားတဲ့ ပို့်စ်တွေ အပြင် သင် Hide လုပ်ထားတဲ့ ပို့်စ်တွေကိုတောင် လွယ်ကူစွာ ရှာဖွေနိုင်ဖို့ Activity Log စာမျက်နှာရဲ့ ဘယ်ဘက်မှာ ကဏ္ဍများနဲ့ ခွဲခြားပေးထားပါတယ်။ ဒါ့အပြင် Activity Log စာမျက်နှာရဲ့ ထိပ်မှာရှိတဲ့ Search Box ကနေ ရှာဖွေနိုင်ပါသေးတယ်။ သင့်ရဲ့ Timeline မှ View Activity Log ကို နှိပ်ပြီး အဲဒီစာမျက်နှာကို သွားနိုင်ပါတယ်။
4
Facebook Apps & Websites
QSearch
QSearch ကတော့ သင့်ရဲ့ Timeline မှ ပို့စ်များကို လျှင်မြန်စွာ ရှာဖွေပေးနိုင်တဲ့ Facebook App တစ်ခု ဖြစ်ပါတယ်။ Status, Photo or Link စသဖြင့် Filter လုပ်ပြီး ရှာဖွေနိုင်ပါတယ်။ QSearch က သင့်ရဲ့ပို့စ်များသာမက သင့် သူငယ်ချင်းများရဲ့ ပို့စ်များကိုပါ ရှာဖွေပေးနိုင်ပါတယ်။
5
သင့်ရဲ့ Timeline သာမက သင့်သူငယ်ချင်းများရဲ့ Timeline များနဲ့ သင် အဖွဲ့ဝင်ထားတဲ့ Group များ၊ သင် Follow လုပ်ထားတဲ့ Pages များကိုပါ ရှာဖွေပေးနိုင်ပါတယ်။
6
QSearch ကို အောက်ပါ လင့်ကနေ သွားနိုင်ပါတယ်။
Search My Posts
Search My Posts ကတော့ QSearch လောက် စွမ်းရည်မပြည့်ပါဘူး။ သင့်ရဲ့ Timeline ကိုသာ ရှာဖွေပေးနိုင်ပြီး သူငယ်ချင်းများရဲ့ Timeline ကို ရှာဖွေပေးနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း Search My Posts ကနေ သင့်ရဲ့ Videos, Music, Images, Links များကို Filter လုပ်ပြီး ရှာနိုင်ပါတယ်။
7
Search My Post ကို အောက်ပါ လင့်ကနေ အသုံးပြုနိုင်ပါတယ်။
Archivedbook
Archivedbook ကတော့ သင်နဲ့ သင့်သူငယ်ချင်းများရဲ့ ပို့စ်များ အားလုံးကို ရှာဖွေပေးနိုင်တဲ့ ၀က်ဆိုက် ဖြစ်ပါတယ်။ Posts & Statuses, Posts by others, Photos, Videos, Places, Pages, Notes, Events စသဖြင့် Filter များစွာနဲ့ ရှာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ညာဘက်အပေါ်ထောင့်မှ Drop-Down Menu ကိုနှိပ်ပြီး ပို့အသစ်တွေ သို့မဟုတ် ပို့စ်အဟောင်းတွေကို အရင် ပြသဖို့ကို ရွေးချယ်င်္နိုင်ပါတယ်။ Like or Comment အများဆုံး ရရှိတဲ့ ပို့စ်တွေကိုလည်း ရှာနိုင်ပါသေးတယ်။
8
Archivedbook ကို အောက်ပါ လင့်ကနေ အသုံးပြုနိုင်ပါတယ်။
အထက်ပါ နည်းလမ်းများ အားလုံးက သင့်ရဲ့ Timeline ကို ရှာဖွေရာမှာ အထောက်အကူ များစွာ ပံ့ပိုးပေးနိုင်ပါတယ်။ Graph Search နဲ့ Activity Log ကတော့ Facebook ရဲ့ စွမ်းဆောင်ချက်များ ဖြစ်ပြီး အခြား သုံးခုကတော့ Third-Party Search Engine များ ဖြစ်ပါတယ်။ Facebook ရဲ့ Graph Search နဲ့ Activity Log တို့ကို အရင်ဆုံး အသုံးပြုပြီး ပို့စ်များကို ရှာဖွေဖို့ အကြံပေးချင်ပါတယ်။ အဲဒီနှစ်ခုကို အသုံးပြုပြီး ရှာလို့မတွေ့မှသာ အခြား Third-Party Tools များကို အသုံးပြုသင့်ပါတယ်။

ref;http://www.myanmardigitallife.com/