Bandwidth ကို သက်သာစေမည့် Chrome extension အသစ်တစ်ခုကို Google ဖြန့်ချိ



Google သည် သုံးစွဲသူ၏ ဝက်ဘ် data usage ကိုလျှော့ချနိုင်မည့် Chrome browser extension သစ်ကို ဖြန့်ချိပေးခဲ့ကြောင်း သိရသည်။
အဆိုပါ extension ၏အမည်မှာ Data Saver ဖြစ်ပြီး brow-ser တွင် ဝက်ဘ်စာမျက်နှာရှိ အချက်အလက် များကိုချုံ့ထားသည့် proxy ဝန်ဆောင်မှုကို အသုံးပြုထားသည်။ ၎င်း extension ကိုအသုံးပြုရန် Chrome 41 နှင့်အထက် အသုံးပြုထားရန် လိုအပ်ပြီး install ပြုလုပ်ပြီးနောက် အဆင်သင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Data Saver ကို Android နှင့် iOS ရှိ Chrome များတွင်လည်း အသုံးပြု နိုင်မည်ဖြစ်ပြီး settings အတွင်းသို့ ဝင်ရောက်ကာ Data Saver ကို enable ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။
Google သည် ၂၀၁၃ ခုနှစ် မတ်လတွင် browser များအတွက် အချက်အလက်များ ချုံ့ထားသည့် ဝန်ဆောင်မှုကို စတင်စမ်းသပ်ခဲ့သည်။ ယခုအခါ Google မှဖြန့်ချိလိုက်သော Data Saver beta ဗားရှင်းသည် အနာဂတ် Chrome ဗားရှင်းများတွင် တစ်ပါတည်း ပါဝင်လာနိုင်ကြောင်း သိရသည်။
Ref: TheNextWeb internetjourna


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

G520-T10 Firmware Download



or

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Unpack xperia firmware ftf file and repack as ftf file using flash tool !


Xperia အသုံးပြုသူတွေ အတွက် နောက်ပိုင်းမှာ ကိုယ်တိုင် ကလိချင်တာပဲဖြစ်ဖြစ်

မိမိတို့ လိုချင်တဲ့ ဗားရှင်း အတွက် Root မရတာပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ဖြစ်ဖြစ်

Kernel ပြန်ဆင်းပြီး အမြစ်တူးချင်တဲ့ဘော်ဒါများအတွက် ဒီနည်းလမ်းလေး ပြန်တင်ပေးလိုက်ပါတယ်

လုပ်နည်းကလည်း လွယ်ကူပါတယ်

လိုအပ်ချက် - 7zip , original firmware ftf file  and flashtool 

ပြီးလျှင် Firmware ကို 7zip နဲ့ ဖြည်လိုက်ပါ ပြီးပြီဆိုလျှင်

Step -   Flashtool ကိုဖွင့်ပါ










 - Tools ထဲကမှ Bundles ကို ရွေးပြီး Creat ဆိုတာလေးနှိပ်လိုက်ပါ  ဒီလိုလေးပေါ့နော်




- Select source folder ဆိုတဲ့နေရာမှာ ခုနက ဖြည်ထားတဲ့ folder ကိုရွေးပေးလိုက်ပါ




- ပြီးလျှင်ဒီလိုမျိုးလေးရလာပါလိမ့်မယ်




ဒီနေရာမှာဘာမှမလုပ်တတ်လို့  ကိစ္စမရှိပါဘူး Folder list ထဲကဟာတွေ အကုန်လုံးကို ရွေးပြီး

ပစ်သာထည့်လိုက်ပါ




ကိုယ်လိုချင်တာက kernel တခုတည်းဆိုတော့ အဲ့တခုပဲချန်ပြီး ကျန်တာအကုန်လုံးကို <<< လေးနဲ့ ပြန်

ပို့ ပေးလိုက်ပေါ့နော် .....




ပြီးပြီဆိုရင် Device ဆိုတဲ့အကွက်လေးမှာ နှစ်ချက်ထောက်ပြီး မိမိတို့ ဖုန်းမော်ဒယ်အလိုက်ရွေးပေးရပါမယ်

Version , Branding တွေကတော့ မိမိတို့ စိတ်ကြိုက်နာမည်ပေးပေါ့ဗျာ.. ချန်ခဲ့လို့ တော့မရဘူးနော်

အားလုံးရွေးပြီးတာသေချာပြီဆိုလျှင် Creat ဆိုတာလေးနှိပ်လိုက်ပါ အခုလိုလေးပေါ်လာပါလိမ့်မယ်




ပြီးဆိုလျှင် မိမိတို့ ကွန်ပြုတာရဲ့ C/flashtool/firmwares/ ထဲမှာ ဒီလိုလေးပေါ်လာပီဆိုလျှင်

ftf file ပြန်ထုတ်တာပြီးဆုံးပါပြီဗျာ...........




အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းရင်း ...........nyipaing39@gmail.com :) :)

ref:http://learnfornews.blogspot.com
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Wireless Charging (ကြိုးမဲ့အားသွင်းစနစ်)အကြောင်း







အတိုကောက်အနေနဲ့ WC လို့ရေးပါရစေ.. အနောက်နိုင်ငံတွေမှာတော့ WC သုံးတာတွေများပြားနေပါပြီ.. သူတို့မှာအရင်တည်းက စက်သွားတိုက်တံတွေသုံးချိန်တည်းက သွားတိုက်တံခွက်မှာ WC နည်းပညာနဲ့သာသွင်းကြပါတယ်.. WC ရဲ့အားသာချက်က ဈေးနှုန်းသက်သာ, သုံးရလွယ်ကူတာကြောင့်တွင်ကျယ်လာပါတယ်.. WC ကိုပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးနဲ့ ထုတ်ကြပါတယ်..
WC ဘယ်လိုအလုပ်လုပ်သလဲ? ပုံ-၂
WC ဆိုတာမျက်လှည့်ဆန်ပါတယ် ကြိုးမလိုပဲအားဝင်တယ်ဆိုတော့လေ.. ဒါပေမယ့် သူလဲဖုန်းအတွင်းပိုင်းမှာကြိုး(Coil)လိုအပ်ပါတယ်.. အကြမ်းဖျင်းပြောရရင်
- ဖုန်း နဲ့ Wireless Charger ၂ ခုလုံးမှာ Coil တွေပါဝင်ပါတယ်
- အဲ့ဒီ Coil ၂ခုနီးကပ်သွားတဲ့အခါ Wireless Charger မှ သံလိုက်စက်ကွင်းနဲ့ တုန်ခါမှုတွေပေါင်းစပ်ပြီး ဖုန်းထဲက Coil ဆီကို အားတွေပို့ရင်းချိတ်ဆက်ပါတယ်
- ဖုန်းက Coil တွေကရတဲ့ အားတွေကို Charging Circuit နဲ့ Battery ဆီပို့ခြင်းဖြင့်အားသွင်းပါတယ်
WC ကဒီလိုအားသွင်းရတဲ့အတွက် ကြိုးဖြင့်အားသွင်းခြင်းထက် ပိုကြာပါတယ်.. နောင် နည်းပညာ မြင့်မားလာရင်တော့ ပိုမြန်လာမယ်လို့ယူဆရပါတယ်
အဆင့်မြင့်မားနေတဲ့ နိုင်ငံတွေမှာ Powermat နဲ့ Qi လို့ခေါ်တဲ့ အားသွင်းနေရာတွေထားကြပါတယ်.. ဥပမာ AT & T နဲ့ Starbuck Coffee Shop နဲ့ Bus အချို့တွေမှာရှိကြပါတယ် ပုံ-၃ .. သူတို့မှာ Case သို့မဟုတ် WC အထိုင်လေးတွေပေးထားကြပြီး Customer တွေရဲ့ဖုန်းကိုအလွယ်တကူအားသွင်းနိုင်အောင် ဝန်ဆောင်မှုအနေနဲ့ပေးထားကြပါတယ်..
Powermat နဲ့ Qi ဟာအခြေခံအားဖြင့်တူညီသော်လည်း သူ့အမျိုးအစားနဲ့သူ ကိုက်ညီတဲ့ဖုန်းတွေပဲသွင်းနိုင်မှာဖြစ်ပါတယ်.. ခြွင်းချက်အနေနဲ့ Samsung Galaxy S6 နဲ့ Edge တို့ကတော့ ၂ မျိုးလုံးကိုထောက်ပံ့တဲ့အတွက် ကြိုက်ရာနဲ့ရွေးပြီး ကြိုးမဲ့သွင်းနိုင်ပါတယ်..
အချုပ်အားဖြင့် Wireless Charger ဟာ Smart ဖြစ်ခြင်း, ဈေးနှုန်းမှာလဲ Charger များနဲ့သိပ်မကွာခြင်းတို့ကြောင့် ကျွန်တော်တို့နိုင်ငံကိုရောက်ရင်လဲ ကြိုက်ကြဦးမယ်ဆိုတာ မလွဲမသွေပါပဲ..
ref:Yang Cracker Technology
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Leech best sites

Leecher တွေထဲကမှကျနော်သုံးလို့အဆင်ပြေတဲ့ကောင်လေးတွေစုစည်းပေးလိုက်ပါတယ် :D
http://generatorlinkpremium.com/

====================================================================

http://indialeech.com/

====================================================================

http://leechimperium.org/cbox

====================================================================


http://gademoleech.com/

====================================================================


http://ohleech.com/cbox.html
====================================================================

Currently works with the following file hosting sites:


Mega
RapidshareFileFactoryUploaded
RapidgatorRyushareCrockoUptobox
MegaSharesFilePostBitShareExtaBit
Netload1FichierUploadingUpstore
DatafileWorking Hoster : [ uploaded.net ][ mediafire.com ][ rapidgator.net ]


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ? ? ?


ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။လူများစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီး အိပ်လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်းလျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက် ထိုးထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။
ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက်ကြည့်ပါ။ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန်ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿနာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿနာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။ ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။
ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။
Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထားတဲ့ လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။
ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံးဝ ကုန်သွားရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုးလိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူအတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အလုပ်သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။
ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ထိ တစ်လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်း ညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလို သုညကနေ တစ်ရာထိ ကို ဘယ်နှခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်းက သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။ အဲဒီလို သုည ကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာ လေပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။
ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။ စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။ နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကိုလည်း ထိန်းကြတယ်။ ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။
ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းတုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။ အရည်အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။ အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ်ထိုးထားကြည့် လိုက်ပါ။ ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။ ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အသုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။
-ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။
-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။
- ဘက်ထရီ လုံးဝ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။
World Myanmar ကနေ မျှဝေပါသည်။
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Non-Jailbreak iOS Device များတွင် မြန်မာစာရရှိအောင်ပြုလုပ်နည်း



iOS 8.1.3 နှင့် iOS 8.2 တို့ဟာ လတ်တလောချိန်ထိ Jailbreak မရှိသေးတဲ့အတွက် မြန်မာစာကို နေရာတိုင်းမှာ မမြင်ရဟုပြောနေကြသူများအတွက် မြန်မာစာကိုနေရာတိုင်းမှာ ရရှိအောင်ပြုလုပ်နည်းကိုတင်ပြပေးလိုက်ပါတယ်...
Non-Jailbreak အတွက် Mobile Configuration Font များစွာရှိသော်လည်း အများစုမှာ Safari Browser မှာ မြင်ရခြင်းမရှိသေးပါဘူး.. အခြားသော Apps များမှာတော့မြင်ရပါတယ်...

ပြုလုပ်နည်းအဆင့်ဆင့်

၁. App Store သို့ဝင်ပါ..

၂. Search မှ Sar Lone Keyboard ဟူ၍ရေးထည့်ကာ Install လုပ်ပါ...

၃. Install လုပ်ပြီးပြီဆိုရင်တော့ အဆိုပါ Sar Lone Keyboard App ကိုဖွင့်ပါ... စဖွင့်လိုက်သည်နှင့် Font ကို Download လုပ်ခိုင်းပါလိမ့်မယ်... လုပ်ပေးလိုက်ပါ

၎. ပြီးရင်တော့ အောက်ကပုံမှာတွေ့ရတဲ့အတိုင်း Profile တစ်ခုကို Install လုပ်ခိုင်းပါလိမ့်မယ်... Install နှိပ်ပေးလိုက်ပါ

၅. Profile ဟာ Unverified Profile ဖြစ်နေတဲ့အတွက် Warning Message တခုထပ်တက်လာပါလိမ့်မယ်... ကိစ္စမရှိပါဘူး .. Install သာနှိပ်ပေးပါ..

၆. Install နှိပ်ပြီးရင် Device မှာ Lockscreen Passcode ချထားပါက အဆိုပါ Passcode ကိုမေးလာမည်ဖြစ်ပြီး ထည့်သွင်းရန်လိုအပ်ပါတယ်.. အကယ်၍ မချထားပါက ထည့်စရာမလိုပါ

၇. ဒါဆိုရင်တော့ Zawgyi Profile လုပ်ပေးပြီးပြီဖြစ်ပါတယ်.. Done ကိုနှိပ်ပါ

အခုဆိုရင်တော့ သင့်ရဲ့ Non-jailbreak iDevice ရဲ့ Mail App မှလွဲ၍ နေရာတိုင်းမှာ မြန်မာစာကိုဖတ်ရှုနိုင်ပြီပဲဖြစ်ပါတယ်...
ဒါပေမယ့် Mobile Safari မှာတော့ မြန်မာလိုအဆင်ပြေပြေနဲ့မမြင်ရသေးပါဘူး... ဒါ့ကြောင့်ဆက်လက်ဖတ်ရှုကြပါကုန်...

~ Safari ကိုဖွင့်လိုက်ပါ.. ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း Share Button ကိုနှိပ်ပါ

~ ထို့နောက် Extension မှ More ကိုရွေးပါ

~ More ကိုရွေးပြီးလျှင် Zawgyi Force ကိုဖွင့်ပေးထားလိုက်ပါ.. (ပုံမှာတော့ ပိတ်ထားပါသေးသည်)

~ Zawgyi Force ကို ဖွင့်ပြီးပြီဆိုရင်တော့ Safari Extension မှာ Zawgyi Force ကိုမြင်တွေ့ရပါလိမ့်မယ်

~ သင်ဟာ မြန်မာစာကိုအခုဆိုရင် Safari မှာပါမြင်ရပြီပဲဖြစ်ပါတယ်.... မြန်မာWeb page တခုခုဝင်တာနဲ့ မြန်မာစာနေရာမှာ လေးထောင့်အတုံး (သို့မဟုတ်) ကြက်ခြေခတ်ပုံများဖြစ်နေခဲ့ရင် Share Button ကိုနှိပ်ပြီး... Extension မှ Zawgyi Force ကိုတစ်ချက်နှိပ်ပေးလိုက်သောအခါမှာတော့ အဆိုပါ သင်ဖွင့်ထားတဲ့ Web Page မှာ မြန်မာလိုဖတ်ရှုနိုင်ပြီပဲဖြစ်ပါတယ်...

အခုဆက်ပြီးတော့ မြန်မာဇော်ဂျီအလှFont ကို Install လုပ်ဖို့တင်ပြပေးပါမယ်.. ဒါမှသာ နေရာတိုင်း နေရာတိုင်းမှာ အဆင်ပြေပြေနဲ့ မြန်မာလိုဖတ်ရှုနိုင်ပြီး ဇော်ဂျီဖောင့်ကို လှပစွာဖတ်နိုင်မှာပါ

~ အောက်တွင်ပေးထားသော အလှFont ၂ခုမှ တစ်ခုကို Mobile Safari မှဖွင့်ကာ Direct Download လုပ်ရုံနဲ့ Profile ကို Install လုပ်ခိုင်းပါမယ်... လုပ်ပေးလိုက်ပါ... ပြီးလျှင် Device ကို Reboot ချပါ...
ဒါဆိုအဆင်ပြေသွားပါလိမ့်မယ်..

Beautiful Zawgyi Font By iOSKnowledgeBank.MM

ref:iOS Knowledge Bank.MM

အဆင်ပြေကြပါစေ . . .

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

မျက်နှာဖုံး - လူစုံ ......

သီချင်းအသစ်တွေပါ ...
Share လိုက်ပြီနော် .......
....
1. မျက်နှာဖုံး - ဖြူဖြူကျော်သိန်း

2. သတိရလို့လေ - နေနေ

3. လက်တွဲသွားမယ် - လင်းလင်း၊ချစ်သုဝေ

4. အလွမ်းနဲ့ရန်ကုန် - ရွေရည်ဖြိုးမောင်

5. မုသားရဲ့သစွာ - ရဝေမိုး

6. အိမ်မက်သာ - နဒီ

7. ဒီဇာတ်လမ်းလေး - သအို

8. စည်းအလွန် - စည်သူမင်း

9. အသာလွန်ဆုံးသူ - အိုင်ရင်းဇင်မာမြင့်

10. လက်ကမ်းဖို့မမေ့နဲ့ - R ဇာနည်

Album တစ်ခုလုံးဒေါင်းရန် -


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Huawei G730-U00အတွက် မြန်မာစာပါပြီးသား S4 Flash Tool Firmware


Password - AungMinHan%$*&@!

Credit : Aung Min Han
ရှားပါး တခြား Firmware များဝယ်ယူနိုင်ပါသည် 09978075760 www.facebook.com/thantoeaungat သို့ဆက်သွယ်နိုင်ပါသည်

True Smart3.5 ဖုန်းတွေကို ဘာ box မှ မသုံးဘဲ Unlock လုပ်နည်း


ထိုင်းမှာ အခုနောက်ပြီ true ကနေ ဖုန်းအစုတ် ၁လုံးပေးပြီ အလိုက်ပေးလိုက်လဲပေးနေတဲ့ true smart 3.5 ဖုန်းတွေ တောတော များသုံးနေကြပါတယ် အဲဖုန်းတွေက true ဖုန်းလိုင်က သူ့  simcard ၁ခုထဲ သုံးလို့ရအောင် lock ချထားပါတယ် ဒါကို ကိုယ်က တစ်ခြာ simcard တွေ သုံးလို့ရအောင် unlock ဖြုတ်ခြင်ရင်တော့ အောက်က ပေးထားတဲ့ဖိုင်းတွေ အမြန်ဒေါင်းပြီ သိမ်ထားကြနော် ဆိုင်သမာတွေ အတွက် စမတ် ဘီယာဖိုးရှာပေးလိုက်ပြီနော်


Unlock ဖိုင်းကိုဒေါင်းရန်

Flshtools ကိုဒေါင်းရန်

ပြီရင် မိမိ ကျွန်ပျူတာမှာ driver တော့ သွင်းထာရမှာပါ ဒါကတော့ သိကြပြီသာဆိုတော မပြောတော့ပါဘူ သွင်းနည်းကို

ဒေါင်းလို့ရလာတဲ့ Flashtools ဖိုဒါထဲက bin ဖိုင်းကို ဖွင့်ပြီ အပုံထဲက မျှားပြထားတဲ့နေရာကိုဖွင့်လိုက်ပါ
ပြီရင်အခုမျှားပြထားတဲ့အတိုင် စက်သွာနေရာကိုနှိပ်ပြီ စောစောက ဒေါင်းထားတဲ့ unlocl pac ဖိုင်းကိုရွေးပေးလိုက်ပါ
ပြီရင်ဖုန်းကို ဘထရီးထုတ်ပြီရင် vol up ဖိပြီ အခုမျှားပြထားတဲ့နေရာကိုနှိပ်ပြီ စောင့်နေပါ
ဖုန်းကို PC က သိသွာပြီဆိုရင် သူဟာသူ ဖိုင်းဝဲလ် တင်သွားပါပြီ ပြီရင်အခု အပုံတိုင်တက်လာပါမယ်
ဒါဆို truesmart 3.5 တွေကို မိမိ အသုံးပြုခြင်တဲ့ simcard တွေ ထည့်ပြီ အသုံးပြုနိုင်ပါပြီ
မှတ်ချက် firmware တင်ချိန် ဖုန်းထဲမှာ simcard / sdcard တွေ ထည့်မထားရပါဘူ ထည့်ထားရင် Boot တက်စအရမ်ကြာပါတယ်

ref post by smartghost
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

i Mobile i style 215 Lock ဖုန်းတွေကို အလွယ်ကူဆုံ Unlock လုပ်နည်း



အခုနောက်ပိုင် DTAC ဖုန်းလိုင်ကနေ ဖုန်းအစုတ် တွေကို ဘတ် 700 အလိုက်ပေးပြီ Imobile istyle215 ဖုန်းအသစ်တွေနဲ့လိုက်လဲပေးနေကြပါတယ် အများအာဖြင့် မြန်မာတွေ အများအပြာရှိတဲ့ စက်ရုံတွေ မြန်မာပြည်နယ်စပ်တွေမှာ Dtac ကနေလိုက်လံ လဲလှယ်ပေးနေကြပါတယ် အဲဖုန်းတွေက Sim 2 card ထည့်ရတာမှန်ပေးမဲ့ Dtac ကုမဏီကနေ သူဖုန်း card ဘဲ သုံးလို့ရအောင် lock ချထားပါတယ် တစ်ခြာဖုန်းလိုင်သုံးမရအောင် ပိတ်ထားပါတယ် ဒါကို တစ်ခြာ ဖုန်းလိုင်ပေါင်းစုံ သုံးနိုင်အောင် Unlock လုပ်နည်းကို ရှယ်ပေးလိုက်တာပါ ဆိုင်သမားတွေ အတွက် ဘီယာဖိုး စမတ် ထပ်ရှာပေးလိုက်ပြန်ပြီ
လိုအပ်တဲ့ဖိုင်းတွေ အမြန်ဒေါင်းသိမ်ထားကြပါ
ref: http://thaiinmyanmarit.blogspot.com/

ref - Sithu Myo

Echo Keyboard Android


credit - M3 Developer Group Echo Keyboard - screenshot thumbnail
Echo Keyboard - screenshot thumbnailEcho Keyboard - screenshot thumbnailEcho Keyboard - screenshot thumbnailEcho Keyboard - screenshot thumbnailEcho Keyboard - screenshot

playstore link https://play.google.com/store/apps/details?id=mm.co.aty.android.echokeyboard

Description

ီမြန်မာစာ ဇော်ဂျီ ကီးဘုတ်ပါ။
Echo Keyboard Settings ထဲမှာ အသုံးပြုနည်းနဲ့ အထူးလုပ်ဆောင်ချက်တွေလည်း ထည့်ပေးထားပါတယ်။
ဇော်ဂျီဖောင့် နဲ့ မြန်မာစာယူနီကုဒ်ဖောင့်ကို အလွယ်တကူ ပြောင်းလဲပေးနိုင်တဲ့ Unicode Converter ကို တစ်ခါတည်း ထည့်သွင်းပေးထားပါတယ်။
မိမိပြောင်းလိုသော ဇော်ဂျီဖောင့် သို့မဟုတ် မြန်မာစာယူနီကုတ်ဖောင့်ကို select မှတ်ပြီး copy လုပ်လိုက်တာနဲ့ converter က အလိုလို ပွင့်လာပါလိမ့်မယ်။
ဒီ converter service ကို ပိတ်လို/ဖွင့်လိုလျှင် Echo Keyboard Settings ထဲရှိ Advanced Functions အောက်မှာ ဝင်ရောက် လုပ်ဆောင်နိုင်ပါတယ်။
နောက်ထပ် လုပ်ဆောင်ချက် တစ်ခုကတော့ Echo Keyboard ကို သုံးခြင်းဖြင့် မြန်မာစာရိုက်ရာတွင် လက်ရေးမူ(မြန်မာစာ သက်ပုံ) အတိုင်း ရိုက်နိုင်မှာပဲဖြစ်ပါတယ်။
ဥပမာ - သင်္ဘော = သ + င +် + ָ +ေ + ဘ +ာ
နှစ်ချက်ထိစနစ်ကိုလည်း ထည့်ပေးထားပါတယ်။
shift နှိပ်ပြီးရိုက်ရမည့် စာလုံးများအား shift နှိပ်စရာမလိုပဲ ၎င်းနေရာရှိ စလုံးကို နှစ်ချက်ထိရုံဖြင့် ပေါ်လာမည်ဖြစ်သည်။
ဥပမာ - ဗ ပေါ်ရန် shift +ေ ရိုက်ရန်မလိုတော့ပဲေ ကို ၂ ချက်ထိရုံဖြင့် ဗ ပေါ်လာပါလိမ့်မည်။
အတိုကောက်စာလုံးများကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါပြီ။
အထူးပြုလုပ်ချက်အောက်ရှိ shortcut manager ကိုဝင်ပြီး ကိုသုံးလိုသည့် အတိုကောက်စာလုံးများကို ထည့်သွင်းနိုင်ပါတယ်။
ကီးဘုတ် ဒီဇိုင်းများ ပြောင်းလဲ အသုံးပြုနိုင်ပါသည်။
ပိုမိုရှင်းလင်းသော Setting အထားအသိုများဖြင့် key tone, vibrate, converter, typing method များကို အလွယ်တကူ ထိန်းချုပ်နိင်ပါသည်။
landscape mode တွင်လည်း အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
အသုံးပြုရလွယ်ကူအောင် အခြားသော ပြုပြင်မှုများလည်း လုပ်ဆောင်ထားပါတယ်။
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်