Facebook ပေါ်က မိမိကြိုက်နှစ်သက်ရာ ပို့စ်လေးတွေကို Save လုပ်ထားချင်ရင်


iPhone (သို့) Android ဖုန်းနဲ့ Facebook အသုံးပြုသူတွေ ၊ ကွန်ပျူတာက Web Browser ကိုအသုံးပြုပြီး Facebook သုံးသူတွေအနေနဲ့ Facebook သုံးနေရင်း Facebook ပေါ်က ကိုယ်ဖတ်နေရင်းကြိုက်နှစ်သက်တဲ့ပို့စ်တွေ ၊ အခုဖတ်ဖို့မအားလို့ နောက်မှဖတ်မယ်ဆိုပြီး သိမ်းထားချင်တဲ့ ပို့စ်လေးတွေရှိရင် သိမ်းထားနိုင်အောင်လို့ Facebook က “Save” ဆိုတဲ့ feature ကိုထည့်သွင်းပေးထားပါတယ်။
Facebook ပေါ်က ကြိုက်နှစ်သက်ရာပို့စ်ကိုဘယ်လို save ရမလဲဆိုရင် Facebook ပေါ်က ပို့စ်တစ်ခုခုရဲ့ဘေးမှာ အောက်မျှား လေးပါ ပါတယ်။ အဲဒါလေးကိုနှိပ်လိုက်ပါ။
1
ကွန်ပျူတာ browser သုံးနေတဲ့သူတွေဆိုရင်တော့ အောက်ပုံအတိုင်းမြင်ရပါမယ်။ Save “……..” ဆိုတာကို နှိပ်လိုက်ပါ။
2
iPhone / Android ဖုန်းကနေ Facebook app ကိုသုံးနေတာဆိုရင်တော့ အောက်ပုံအတိုင်းမြင်ရပါမယ်။ Save “……..” ဆိုတာကို နှိပ်လိုက်ပါ။
IMG_0069

Save ထားခဲ့တဲ့ပို့စ်တွေကိုပြန်ကြည့်ချင်ရင်တော့  Facebook menu bar ထဲမှာ Saved ဆိုတာလေး ပါ ပါတယ်။ အဲဒီထဲကိုဝင်ပါ။
3
ကိုယ် save လုပ်ထားခဲ့တဲ့ Post များကိုတွေ့ရပါမယ်။
IMG_0070

Ref: Redmondpie

အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး (Myanmar Mobile App Store)
http://www.facebook.com/thetnaing.mmas



အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်