မိမိ CV Form ကို ထူးခြားပေါ်လွင်အောင်ရေးသားနိုင်ဖို့အတွက် အကြံပေးချက်(၆)ချက်

အခုလို အပြိုင်အဆိုင်နဲ့ အလုပ်ရှာဖွေရတဲ့ ခေတ်ကြီးမှာ မိမိရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်း Resume ကို အများထက်သာအောင် ရေးနိုင်ဖို့ဆိုတာ စိန်ခေါ်မှု တစ်ခုပါ။ သင့်ရဲ့ Resume သင့်ကို Interview ဖြေဖို့တံခါးဝ အထိပို့ဆောင်ပေးနိုင်သလို Reject Letter ငြင်းပယ်စာ ရေးဖို့ ဖယ်ထားတဲ့ စာရွက်အပုံထဲလည်း ရောက်သွားစေနိုင်ပါတယ်။ ဒီတော့ Resume ကိုဘယ်လိုထင်ရှားပေါ်လွင်အောင် ရေးရမယ်ဆိုတဲ့ အကြံပေးချက်တွေကိုကြည့်ရအောင်။
Resume Tips
(1)Be brief with personal information
ကိုယ်ရေးအချက်အလက်တွေကို အသေးစိတ်ဖေါ်ပြရာမှာက နာမည်၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် နဲ့ email လိပ်စာ၊ လုပ်ငန်းရှင်ဘက်က သင့်ရဲ့ နေရပ်လိပ်စာအထိ ဆက်သွယ်ဖို့အတွက်တော့အချိန်မအားလပ်ကြပါဘူး။ ဒါ့အပြင် အိမ်ထောင်ရှိမရှိ နဲ့ အခြား အချက်အလက်များကိုလည်း အတိုချုံးရေးပေးပါ။
(2) Show off your skill set
မိမိအရည်အချင်းကိုအပြည့်အ၀ဖော်ပြနိုင်ပါစေ။ သင့်ကို အလုပ်ခန့်အပ်မယ့် အလုပ်ရှင်ဟာ သင့်ရဲ့အားသာချက်တွေနဲ့ ကုမ္ပဏီ အတွက် ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုတာ သင့်မှာရှိတဲ့ အရည်အချင်းတွေကိုသာ စိတ်ဝင်စားတာဖြစ်ပါတယ်။ဒီတော့ ကိုယ်လျှောက်မယ့် အလုပ်နဲ့ဆက်စပ်မှုရှိနိုင်မယ့် သင့်ရဲ့ အလုပ်အကိုင်အတွေ့အကြံ၊ နဲ့အရည်အချင်းတွေကို Resume ထဲမှာ အစီစဉ်တကျ နဲ့ ထည့်သွင်းဖော်ပြပေးဖို့ မမေ့ပါနဲ့။
(3) Relevant Employent History
သင့်ရဲ့ Resume ကိုဖတ်မယ့် ပုဂ္ဂိုလ်ဟာ အချိန်အကန့်အသတ်နဲ့ နောက်ထပ်စစ်ဆေးရမယ့် အခြား Resume တွေအများကြီးကျန်နေလိမ့်ဦးမယ်။ မိမိလျှောက်ထားတဲ့ ရာထူး နဲ့ ကိုက်ညီမယ့် လုပ်ငန်းအတွေ့အကြုံများကို ဦးစားပေးဖော်ပြပေးလျှင် ကိုယ်အတွက်အမှတ်ပိုရစေနိုင်ပါတယ်။ ဒါကြောင့် ဆက်စပ်မှုရှိနိုင်တဲ့ မည်သည့် အတွေ့အကြုံမျိုးမဆို အစဉ်လိုက်ရေးထည့်ပေးပါ။
(4) Show your Personality
အလုပ်ရှင်က သင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာကို၊ သင်ကိုယ်တိုင်ပြောပြတာထက်ကို ပိုပြီးသိချင်ပြီး စိတ်ဝင်စားကြပါတယ်။ ဒီတော့ လက်တွေ့ပြလိုက်ပါ။ မိမိရဲ့ အဖွဲ့အစည်း တစ်ခုခုမှာ လုပ်အားပေးခဲ့ဖူးတဲ့ အတွေ့အကြုံ၊ ရေးသားထားတဲ့ blog စာမျက်နှာတွေနဲ့၊ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပွဲအခမ်းအနားတွေရဲ့ အချက်အလက်တွေကို အသေးစိတ်ရှင်းပြနိုင်ပါစေ။
(5) Design
CV မှာ မိမိကြိုက်နှစ်သက်တဲ့ဒီဇိုင်း၊ စိတ်ဝင်စားတဲ့ မျက်နှာဖုံးစာမျက်နှာ နဲ့အခြားဆက်စပ်မှုရှိတဲ့ ရုပ်ပုံတွေ ထည့်သွင်းဖော်ပြခြင်းသည်လည်း မိမိ personality ကိုဖော်ပြခြင်းရဲ့ တစိတ်တပိုင်းဖြစ်တယ်။
သင့်ရဲ့ CV ရေးသားရာမှာ အနုပညာဖန်တီးမှုတစ်ခုပြုလုပ်နေတယ်လို့ သဘောထားလိုက်ပါ။ မိမိတတ်ကျွမ်းထားတဲ့ အရည်အချင်းတွေကို စားသားအနေနဲ့ ဖော်ပြခြင်းထက် ရုပ်ပုံများသုံးပြီး ကြိုးစားထည့်သွင်းဖော်ပြကြည့်ပါ။
အချိုးကျကျဒီဇိုင်းနဲ့ အချက်အလက်တွေကို တိတိကျကျ ဖွဲ့စည်းဖော်ပြထားမယ်ဆိုရင် သဘောကျ အမှတ်ရစေမှာ အမှန်ပါပဲ။အဓိက က ကိုယ့်ရဲ့အကြောင်းအရာကို ဘယ်လိုဖော်ပြတယ်ဆိုတာ အရမ်းအရေးကြီးပါတယ်။ စိတ်ထဲမှာပုံဖော်ကြည့်ပါ။ ဥပမာ မိမိတတ်မြောက်ထားတဲ့ အရည်အချင်းနဲ့အတွေ့အကြုံတွေကို Timeline တစ်ခုအနေနဲ့ရုပ်ပုံ၊စာသား ဒါ့အပြင် ဗီဒီယိုပါထည့်သွင်းဖော်ပြပြီး စာဖတ်သူကိုဆွဲဆောင်ပါ။ ဒီအချက်တွေက CV ကိုပေါ်လွင်စေဖို့ ကူညီပေးပါလိမ့်မည်။ အကြေင်းအရာတစ်ခုနှင့်တစ်ခု အဆက်အစပ်ရှိပါစေ။
(6) Be passionate about the business
ကိုယ့်ရဲ့လုပ်ငန်းရှင်ရဲ့အမြင်ကိုဆွဲဆောင်နိုင်ရဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကုမ္ပဏီအကြောင်းကို လေ့လာ ထားသည် သာမက လုပ်ငန်းခွင်မှာ ကြိုးစား ဆောင်ရွက် လိုစိတ် သင့်မှာရှိသည်ကို ပြသပါ။
ထိုးထွင်းဥာဏ်စွမ်းရှိပါစေ။ ကုမ္ပဏီနဲ့ ဆက်စပ်အကြောင်းအရာများကိုရှာဖွေပါ။ လက်ရှိအလုပ်ဝင် ၀န်ထမ်းများနဲ့မိတ်ဖွဲ့ ပါ။
လုပ်ငန်းနဲ့ပတ်သက်တဲ့ သင့်ရဲ့ ဗဟုသုတ ကို အဆက်အစပ်ရှိအောင် ဖော်ပြနိုင်ခြင်းက အလုပ်အပေါ် စိတ်အားထက်သန် မှုကို သိရှိစေပြီး interview မှာပါဝင်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ CV တွင် ကုမ္ပဏီအပေါ်မှာမည်မျှ အလေးအနက်ထားသည်ကို ပြသခြင်းအားဖြင့် ပြိုင်ဖက်ထက် နှာတစ်ဖျားသာနိုင် ပါတယ်။
CV ရေးသားရာတွင်အချိန်ပေးပါ။အကြံဥာဏ်တောင်းပါ။ကျွမ်းကျင်သူများရဲ့ ထင်မြင်ချက်တောင်းပါ။ First impression ကအရမ်းအရေး ကြီးပါတယ်။ သင့်ရဲ့ CV က လုပ်ငန်းရှင်တွေအမြင်အတွက် first impression ပါ။ တကယ်ဖြစ်မြောက်အောင်လုပ်နိုင်ဖို့ လိုပါတယ်။ပေါ်ပေါ်လွင်လွင်ဖြစ်ဖို့လည်းလိုပါတယ်။
(C) sayyoethe
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်