လူသိနည်းသော စတိဗ်ဂျော့အကြောင်း ၁၀ချက်


steve
Innovation မှာ တူမတူအောင် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆို မသိသူ မရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့  လူသိနည်းတဲ့အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။
၂။ စတိဗ်ဂျော့ဟာ ၂၀၁၀ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အဆင့် ၁၃၆ ရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကြွယ်ဝပါတယ်။ အဓိကဝင်ငွေကို ဒစ်စနေးမှ ရရှိခြင်း ဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရှိပါတယ်။ ကွယ်လွန်ခါနီး အချိန်က စတိဗ်ဂျော့ရဲ့ ပိုင်ဆိုင်မှုဟာ ၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။
၃။ စတိဗ်ဂျော့ ရဲ့ လစာကို သိရင် အင်မတန် အံ့သြဖို့ ကောင်းသွားပါလိမ့်မယ်။ Apple ကပေးတဲ့ သူ့ရဲ့  Annual Salary ဟာ ၁ ဒေါ်လာပဲ ရှိပါတယ်။ သူ့ ရဲ့ အဓိက ဝင်ငွေက သူပိုင်သော Disney မှ ဖြစ်ပြီး ဒစ်စနေးမှ ရှယ်ယာများနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။
၎။ စတိဗ်ဂျော့ဟာ ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ Reed ကောလိပ်မှာ semester တစ်ခုသာ ဖြေဆိုခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။
၅။ စတိဗ်ဂျော့ရဲ့ တကယ့် ဝါသနာအစစ်က နည်းပညာဘက်မှာ မဟုတ်ခဲ့ပါဘူး။ သူတကယ် ဝါသနာပါတဲ့ အရာက စာလုံးပန်းချီ ဖြစ်ပါတယ်။ စာလုံးကို ပုံစံလှလှရေးပြီးယင်းစာရွက်များကို စုတတ်တဲ့အကျင့် သူ့မှာ ရှိပါတယ်။
၆။ HP ကွန်ပျူတာ ကုမ္မဏီနဲ့ ပထမဆုံး နည်းပညာအစည်းအဝေးတတ်တုန်း က စတိဗ်ဂျော့ဟာ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ အသက်ငယ်ငယ်နဲ့ နည်းပညာလောက ထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။
၇။ ဂျော့ဟာ မွေးစားသား ဖြစ်ပါတယ်။ သူ့ကို အမှန်တကယ် မွေးဖွားခဲ့တဲ့ မိဘတို့က စွန့်ပစ်ခဲ့လို့ အခြား မိဘများက ပြန်လည် မွေးစားခဲ့ခြင်း ဖြစ်ပါတယ်။
၈။ ဂျော့ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ မူလက ခရစ်ယာန်ဘာသာကို ကိုးကွယ်ပေးမယ့် ကောလိပ်ကျောင်းက ထွက်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဇင် မဟာယနဘာသာ ဖြစ်ပြီး ထေရ၀ါဒ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို လည်ပတ်ပြီး ဖြစ်ပေါ်လာတဲ့ သူရဲ့ ဆန္ဒဖြစ်ပါတယ်။ တစ်သက်လုံး ဘုန်းကြီးဝတ်သွားဖို့တောင် စိတ်ကူးထားသူလို့ ဆိုကြပါတယ်။
၉။ ဂျော့ဟာDyslexia ရောဂါသည် တစ်ဦးဖြစ်ပါတယ်။ ယင်းရောဂါဟာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါ ဖြစ်ပါတယ်။ Dyslexia မှာ အကြား အားနည်းခြင်း၊ စကားပြော အားနည်းခြင်း၊ အမြင်အားနည်းခြင်းတို့ ဖြစ်ပြီး ဂျော့ကတော့ စာဖတ်ရာမှာ အားနည်းသူ ဖြစ်ပါတယ်။ ဒီလိုရောဂါရှိတဲ့ သူများက အတွေးအမြင်ဆန်းသစ်မှုမှာ အားသာချက်ရှိတယ်လို့ ဆိုကြပြီး အိုင်းစတိုင်းဟာလည်း Dyslexia ရောဂါသည် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
၁၀။ ဂျော့မှာ အဆီးရီးယား သွေးတစ်ဝက် ပါပါတယ်။ သူ့ရဲ့ ဖခင်ဟာ အဆီး၇ီးယား လူမျိုးဖြစ်ပြီး မူဆလင်ဘာသာကိုးကွယ်သူများ ဖြစ်တယ်လို့ သိရပါတယ်။ မိခင်ကတော့ အမေ၇ိကန် လူဖြူဖြစ်ပါတယ်။
—–
အောင်ခမ်း (MMAS)

ဥာဏ်ကောင်းစေရန် နည်းလမ်း ၁၀ချက်

talent

ဥာဏ်ကောင်းကိုကောင်းစေရပါမယ်လို့တော့မဟုတ်ပါဘူ။ သေချာတာကတော့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်းများ ဖြစ်တဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းအတိုင်း ကျင့်သွားရင် စိတ်ဓာတ်ကျဆင်းမှုလည်း ကျဆင်းလို့ လုပ်ရကိုင်ရတာလည်း ပိုပျော်လာပါလိမ့်မယ်။
1. Go for a walk with a friend
လုပ်ငန်းခွင်ရယ်လို့မဟုတ်ပါဘူး။ သင်တန်း၊ကျောင်း တက်သူများအနေနဲ့လည်း ရုံးတက်၊ ကျောင်းတက်ချိန် မိတ်ဆွေ သူငယ်ချင်း နဲ့သွားရပါမယ်။ အဲဒီလိုသွားခြင်းက လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွရေး တို့မှာ တိုးတက်စေမှာ ပြီး ဦးနှောက်ကို သန်မာစေပါတယ်။
2. Solve Puzzles, Play Games
ဥာဏ်စမ်းဂိမ်းများ၊ ပဟေဌိဂိမ်းများ ဆော့ကစားပေး ရပါမယ်။ ဖြေရှင်းရ ခက်သော ဆူဒိုခု၊ စာလုံးစီ တို့ကို ဆော့ကစား ပေးခြင်း၊ အလွယ်တ ကူ ဆော့ရသော ဖုန်းထဲမှ ဂိမ်း၊ ကွန်ပျူတာဂိမ်း၊ ကစားကွင်း ဂိမ်း အစရှိသဖြင့်တို့ကို မိနစ်ပိုင်း ဆော့ကစားပေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။ ယင်းကဲ့သို့ ဆော့ကစားခြင်းက ဦးနှောက်သွေးဆဲလ်တွေကို တက်ကြွစေပြီး တစ်စုံတစ်ခုအပေါ် အာရုံစူးစိုက်နိုင်မှု အားကို ကောင်းစေပါတယ်။
3. Meditate
တရားထိုင်ခြင်းက လွယ်ကူသော အလုပ်ဖြစ်ပါတယ်။ အချို့ က ခက်ခဲသော အလုပ်လို့ ယူဆပါတယ်။ မထိုင်နိုင်လည်း ထိုင်နိုင် သလောက် မိနစ်ပိုင်း တရားထိုင်ပေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ တရားထိုင်တဲ့ အလေ့အကျင့်ကို နေ့စဉ်မဟုတ်တောင် ၂ ရက်တစ်ခါလောက် ပြု လုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ကောင်းစေပါတယ်။
4. Eat healthy
မိမိစားသမျှ အစားအသောက်အားလုံးမှ အာဟာရနှင့် အောက်စီဂျင်များရဲ့  ၂၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပါတယ်။ ဒါကြောင့် မိမိစားသောက် တဲ့အစားအစာများကို ဦးနှောက်အတွက် အရေးပါ တယ်ဆိုတာ သိထားရ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ စားသောက်ပေးခြင်းဖြင့် ဦးနှောက်ကို ကျန်းမာဖွံ့ ဖြိုးစေမှာ ဖြစ်ပါတယ်။
5. Think positive
အရာအားလုံးကို အကောင်းမြင်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများက ဦးနှောက်ထဲက Neuron တွေ ကို သေဆုံးစေ ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲ၊ ပြဿနာများနဲ့ ကြုံကြုံ အကောင်းဘက်က မြင်ပေးတဲ့ စိတ်ထားနိုင်အောင် ကြိုးစားရပါမယ်။ ယင်းကဲ့သို့ အကောင်းဘက်က မြင်ပေး၊ စာနာပေးတတ်ခြင်းက ဦးနှောက်က ဆဲလ် အသစ်တွေ ပိုမို တိုးတက်စေပြီး စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများကို ဖယ်ရှားပေးပါတယ်။
6. Laugh It Up
ရယ်မောတတ်တဲ့ အကျင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ရယ်သော သူသည် အသက်ရှည်၏ ဆိုတဲ့အတိုင်း ရယ်မောခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်းနာကျင်မှု များကို လျော့ချပေးပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ၊ ရယ်မောလွယ်တတ်သူများဟာ သဘာဝ အလျောက် စိတ်ဖိအား နည်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ဟာသရုပ်ရှင်များကြည့်ခြင်း၊ ဟာသနောက်ပြောင်ပြောဆိုခြင်း တို့က ဦးနှောက်ထဲက endorphin –level ကိုမြင့်တက်စေပါတယ်။
7. Listen To Music
သီချင်းနားထောင်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး ကို မြင့်တက်စေပါတယ်။ အတွေးအခေါ် သစ်တွေရနိုင်ပြီး ထူးခြားတဲ့ စိတ်ကူးဆန်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သီချင်းနားထောင်ခြင်းက ဦးနှောက်ရဲ့  ညာဘက်အခြမ်းကို သန်မာစေတယ်လို့ ဆိုပါတယ်။
8. Do Self-Hypnosis
Hypnosis ဆိုတာ စိတ်ညို့ခြင်းကိုဆိုလိုပါတယ်။ ဒီတော့ Self-Hypnosis က မိမိကိုယ်ကိုယ် စိတ်ညို့ ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ သို့သော် မိမိကိုယ်ကိုယ် စိတ်ညို့ခြင်း၊ အိပ်ငွေ့ချခြင်း ထူထူထွေးထွေးမဟုတ်ပါ။ ဥပမာ- လကုန် ရက် တစ်ရက်ရက်မှာ လုပ်စရာတစ်ခုရှိသည်ဆိုပါစို့။ ယင်းနေ့ကို အမှတ်ရနေပြီး တကယ်ပဲ ယင်းနေ့မှာ မမေ့မလျော့ လုပ်ဆောင်နိုင်တာမျိုး၊ မနက်အိပ်ယာ ၆နာရီထဖို့ စီစဉ်ထားရင် တကယ်ပဲ ၆ နာရီတိတိမှာ နှိုးဆက်မပါပဲ ကိုယ်တိုင် ထနိုင်အောင် ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။ မမေ့မလျော့ပဲ အိပ်ဆက်နိုင်ခြင်းမျိုး ဖြစ်ပါတယ်။
အနာဂတ်မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ လုပ်ငန်းများကို တကယ်ပဲ မပြတ်မကွက်အောင် ပြုလုပ်နိုင်ပြီး အခြား သာမန် လုပ်ငန်းများအပေါ်လည်း ဆိုးကျိုးမသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။ ဦးနှောက်ကို ဒီလို မှတ်သားခိုင်းစေနိုင်မှုက စိတ်ဖိအားလျော့ချနိုင်ပြီး အတွေးအခေါ်များကို ပိုမို ရှင်းလင်းပြတ်သားစေပါတယ်။
9. Set Goals
ရည်မှန်းချက်ထားရပါမယ်။ ခြောက်လအတွင်းဖြစ်လာမယ့်ရည်မှန်းချက်၊ တစ်နှစ်အတွင်း ဖြစ်လာမယ့် ရည်မှန်းချက် အစရှိသဖြင့် ပန်းတိုင်တစ်ခုခု ထားပြီး ကြိုးစားလုပ်ကိုင်တတ်ရပါမယ်။ ဘဝရည်ရွယ်ချက်မဲ့ လုပ်ကိုင်နေခြင်းက ဦးနှောက်ရဲ့  တွေးခေါ်စဉ်းစားနိုင်မှု စွမ်းအား လျော့ ချစေပါတယ်။ ရည်မှန်းချက် ပန်းတိုင် ထားတတ်သူများက ဦးနှောက်ဥာဏ် ရည် အမြဲ ဖွံ့ဖြိုးနေပြီး ဘဝမှာ အောင်မြင်မှုကို အတိုင်းအတာ တစ်ခုအတွင်း ရတတ်ကြပါတယ်။
10. Follow a Sleep and Wake up Routine
စောစောအိပ်၊ စောစောထ ဆိုတာထက် အချိန်မှန် အိပ်၊ အချိန်မှန် ထလို့ ပြောရင် ပိုမှန်ပါတယ်။ ညဘက် သန်းခေါင်ကျော်အောင် မအိပ်ပဲ နေပြီး မနက် အိပ်ယာထနောက်ကျသူများဟာ ဦးနှောက်လေးလံ ထိုင်းမှိုင်းပါတယ်။ ဒီမှာ အိပ်ဆေး အသုံးပြုပါက အိပ်ရေးဝပေမယ့် မှတ်ဥာဏ်ချို့ ယွင်းမှုကို ဖြစ်ပေါ်စေပါတယ်။ ညအိပ်နောက်ကျပြီး အိပ်ယာစောစောထရတာကလည်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ထိခိုက်စေပါ တယ်။ စောစော အိပ်ပေမယ့်၊ နောက်ကျမှ ထတာမျိုးကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ ဒီတော့ ပုံမှန်ချိန်အိပ်ပြီး ပုံမှန်ချထားခြင်း က အိပ်ရေးဝဝ အိပ်စေပြီး စိတ်ရော၊ကိုယ်ရော ကျန်းမာစေပါတယ်။ ဦးနှောက်ကို လန်းဆန်းစေပါတယ်။
အထက်ပါအချက်များအတိုင်း ကျင့်သုံးသွားရင် ဥာဏ်ကောင်းမလာ ရင်တောင် လူမှုပတ်ဝန်းကျင်မှာ အမြဲ စမတ်ကျနေတဲ့ လူတစ်ယောက် ဖြစ်စေပါတယ်။ သာမန် နေထိုင်တတ်သူများနဲ့စာရင် အထက်ပါ ၁၀ချက်အတိုင်း လုပ်ဆောင်သွားသူများက ဥာဏ်ရည် ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘဝအခက်အခဲများကြား အောင်မြင်မှု ရရှိရန် အခွင့် အလမ်းပိုများကြောင်း သုတေသန ဝဘ်ဆိုဒ် တစ်ခုက ဖော်ပြထားပါတယ်။
—-
Ref:unu-facts
Ref:ေ အာင်ခမ်း (MMAS)
#aungkham_mmas

ဖုန်းအားသွင်းခြင်းနှင့်ပတ်သတ်ပြီး သတိထားသင့်သောအချက်လေးများ

storejet_25_mobile_usb_y_cable

Mobile Phone ကိုင်ဆောင်သူများအနေနဲ့ နေ့စဉ်လုပ်ဆောင်နေကြရတဲ့ ဖုန်းအားသွင်းခြင်းလုပ်ငန်းစဉ်
တစ်ရပ်ကိုတော့ အမြဲတမ်းလုပ်ဆောင်နေကြရမှာပါ။ MobilePhone တစ်လုံးပာာလည်း အားမသွင်းပဲ
အသုံးပြုနိုင်တဲ့ Handset ရယ်လို့မရှိပါဘူး။ အဲဒီလိုအားသွင်းရင်းနဲ့ဖြစ်တက်တဲ့ ပြသနာလေးတွေပာာလည်း
အတည်းငယ် ရှိပါတယ်။ ကျတော်ကိုယ်တိုင်ကြုံတွေ့ဖူးတာလေးကို အသိပေးအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကျတော်တို့ Mobile Handset တစ်လုံးကို ၀ယ်ယူအသုံးပြုပြီဆိုရင် အမြဲတမ်းမဖြစ်မနေပါလာတာကတော့
အားသွင်းကြိုးပဲဖြစ်ပါတယ်။ ဖုန်းတစ်လုံးပာာ သူ့မှာပါလာတဲ့ Original အားသွင်းကြိုးကို အမြဲတမ်းအသုံးပြုနေယုံနဲ့
အမြဲတမ်းအဆင်မပြေနေပါဘူး။ ဘာလို့လဲဆိုရင် အချိန်ကြာလာတာနဲ့အမျှ အားသွင်းကြိုးရဲ့ ဖုန်းကိုအားပြန်ပေးနိုင်တဲ့
စွမ်းအားပာာလည်း လျော့ကျလာတက်ပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင်တော့ ဖုန်းရဲ့ Battery ပိုင်းမှာသိသိသာသာကို
ပြောင်းလဲလာတက်ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုရင်တော့-
– Battery ပာာ ဖောင်းလာတက်မယ်။
– အားသွင်းရင် အားဝင်မြန်ပြီး အသုံးမခံတော့တာတွေ ဖြစ်လာမယ်။
– ဖုန်းရဲ့ နဂို ရှိနေတဲ့အားကို လျော့ကျသွားစေမယ်။
– ဖုန်းရဲ့ Battery ခံနိုင်ရည်စွမ်းအား ကိုလျော့ကျလာစေမယ်။
စတဲ့ Error တွေ တစ်မျိုးမပာုတ်တစ်မျိုး တက်လာတက်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ User အတော်များများပာာ
ကြောက်ရွံပြီး ဖုန်းဆိုင်များသို့ ပြေးရတဲ့အခြေအနေတိရောက်ကြရပါတယ်။ အဲဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ပာာ
သာကိုယ် အရင်ရှာကြည့်ပါ။ အရင်ဆုံးအားသွင်းကြိုးကို ပြောင်းလဲအသုံးပြုကြည့်ပါ။ အားသွင်းကြိုးကိုလဲ သူ့ကို
အမှန်တကယ် Support ပေးနိုင်တဲ့ အားသွင်းကြိုးကိုပြန်လည်ဝယ်ယူ အသုံးပြုနိုင်ရင် အဆင်ပိုပြေပါမယ်။
အခုအချိန်မှာတော့ အပိုပစ္စည်းများပာာ ပေါများလာပြီဖြစ်တာကြောင့် လိုက်ရှာနေစရာတော့ မလိုတော့ပါဘူး။
ဒီအချက်လေးကတော့ ကိုယ်တိုင်သိရှိနားလည်ထားရင် မမှားပါဘူး။
နောက်တစ်ခုကတော့ အားသွင်းတဲ့အချိန်မျာ ဂရုစိုက်ရမှာလေးပါ။ ကျတော်တို့ဖုန်းတွေကို အားသွင်းပြီဆိုရင်
တစ်ချို့ပာာ ဖုန်းကို Battery ကုန်မှ အားပြန်သွင်းတာမျိုးတွေဖြစ်တက်ပါတယ်။ ဒါကြောင့် ဖုန်းကိုအသုံးပြုနေစဉ်အတွင်း
30% အကျော်လောက်ဆို အားသွင်းပေးတာပိုအဆင်ပြေစေပါတယ်။ အားသွင်းတဲ့အခါလဲ 100% ထိပြည့်နေဖို့
မလိုပဲ 96% လောက်ဆို လုံလောက်ပြီဖြစ်ပါတယ်။ တော်တော်များများပာာ ဖုန်းကိုအားသွင်းတဲ့အခါမှာ
100% ပြည့်နေတာတောင် မဖြုတ်မိတာတွေဖြစ်တက်ပါတယ်။ ဒီလိုအခြေအနေပာာလည်း ညဘက်အိပ်ရာဝင်တဲ့
အချိန်တွေမှာ ဖြစ်တက်ပါတယ်။ ဒါကြောင့် Battery ကိုစိတ်ချရစေရန် ညဘက်အိပ်ယာဝင်ရင်း အားသွင်းခဲ့မယ်ဆို
ဖုန်းကို Power ပိတ်ပြီး အားသွင်းစေခြင်းက အဆင်ပိုပြေစေမှာဖြစ်ပါတယ် ခင်ဗျာ။
ဒါကြောင့်သင့်ဖုန်းရဲ့ Battery ကို ခံနိုင်ရည်ရှိစေရန်အတွက် အားသွင်းကြိုးကိုလည်းသတိထား အသုံးပြုသင့်တယ်
ဆိုတာကို ကျတော်သိသလောက် ရေးသားတင်ပြပေးလိုက်ပါတယ်။


Iphone Clone နဲ့ Iphone အစစ် အလွယ်ကူဆုံးဘယ်လိုခွဲမလဲ ???

maxresdefault
အခုတလော Iphone တွေကိုလိမ်ပြီးရောင်းနေတယ်ဆိုတဲ့ သတင်းက တော်တော်ဆိုးရွားစွာ
ကြားနေကြရမှာပါ။ လာရောင်းတိုင်းလဲ ၀ယ်လိုက်မိကြတဲ့သူတွေတော်တော်များများကို
တွေ့နေရတယ်။ နောက်မှ အလိမ်ခံရမှန်းသိပြီး ဒေါသဖြစ်နေကြရတယ်။ အဲလိုမဖြစ်ရအောင်
ကျတော်အလွယ်ကူဆုံး အတု / အစစ် ခွဲခြားနည်းလေး ကျတော်သိသလောက် ပြောပြပေးပါမယ်။
အဲဒီလိုလာရောင်းလာပြီဆိုရင် အရင်ဆုံးသေချာစစ်ပါ။ အပေါ်ယံကိုကြည့်လိုက်ရင်တော့ ဖွဲ့စည်းတ်ာဆောက်ပုံ
ပာာ ဘာမှကွဲပြားခြင်းမရှိဘူးလို့ထင်ရပါမယ်။ တစ်ခုသတိထားပြီးကြည့် ကြည့်ပါ။ iphone အစစ်မှာ Sensor အပေါက်မှာ
အနည်းငယ်ကွဲပြားနေပါလိမ့်မယ်။ iphone အစစ်ထက်ကို တစ်ပေါက်နည်းနေတက်ပါတယ်။ ဒါပေမဲ့ ဒီနည်းပာာ
iphone အစစ်တစ်လုံးမရှိရင် ဘယ်လိုခွဲခြားရမလဲ လို့မေးလို့ရပါတယ်။ ပာုတ်ပါတယ် … ဒီနည်းက
ခွဲခြားဖို့အတွက် ခက်ခဲမှု့ရှိပါတယ်။ နောက်တစ်နည်း အလွယ်ဆုံးပြောပြပေးပါမယ်။ setting ထဲကိုအရင်ဝင်လိုက်ပါ။
ပြီးရင် icloud ထဲသာဝင်ကြည့်လိုက်ပါ။ iphone အစစ်ပာာ Apple ID account တစ်ခုထဲသာ ၀င်နိုင်ရန် တောင်းဆိုထားပါမယ်။
iphone အတုပာာတော့ အဲလိုမပာုတ်ပဲ Apple ID account တောင်းထားခြင်းမရှိပဲ Twitter / Gmail စတဲ့ account တွေသာ
တောင်းဆိုထားတာကိုတွေ့ရပါမယ်။ ဒါဆိုရင်တော့ iphone အစစ် နဲ့ အတုပာာ ခွဲခြားရလွယ်ကူသွားမယ်လို့ ထင်ပါတယ်။
ကြုံတွေ့ဖူးတာလေးကို ပြန်လည်ဝေမျှပေးခြင်းဖြစ်တာကြောင့် တစ်စုံတစ်ရာ မှားယွင်းမှု့ရှိခဲ့ပါက တားလည်ပေးစေချင်ပါတယ်။


မိုဘိုင်းဖုန်း ဖျက်စီးခြင်းအတွက် လစာရတဲ့ အလုပ်

phone breaker

ယူကေမှာကော၊ အမေရိကန်မှာကော ထူးထူးခြားခြား အလုပ်တစ်ခု ရှိပါတယ်။ ယင်းကတော့ မိုဘိုင်းဖုန်း ဖျက်ဆီးခြင်း ဖြစ်ပါတယ်။ ရာထူးအမည်ကိုတော့ Mobile Phone Destruction Tester (မိုဘိုင်းဖုန်း ပျက်ဆီးမှုဆိုင်ရာ စမ်းသပ်စစ်ဆေးသူ) ဖြစ်ပါတယ်။
တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅သောင်းခွဲ ဝန်းကျင်ရရှိတဲ့အလုပ် ဖြစ်ပါတယ်။ ယင်း အလုပ်ရဖို့အတွက် ဖုန်းကို ဘယ်လို နည်းလမ်းနဲ့ ကွဲအောင် ခွဲနိုငတယ်ဆိုတာကို သိဖို့လိုအပ်ပါမယ်။ ဖုန်းရဲ့ ဟာ့ဒ်ဝဲဆိုင်ရာကိုလည်း စိတ်ဝင်စားသူ ဖြစ်ရမယ်။ အင်္ဂလိပ်လိုလည်း ကောင်းကောင်းရေး၊ ကောင်းကောင်းပြောနိုင်ရမယ်။ အကြောင်းကတော့ ဖုန်းကို ခွဲပြီးရင် ခွဲတဲ့ ဖြစ်စဉ်နဲ့ အမြင်ကို စာပြန်ရေးရမှာမို့ပါ။
Myanmar Mobile App Store အနေနဲ့လည်း အဲ့လို Job Vacancy မျိုး ဖန်တီးပေးဖို့ စိတ်ဝင်စားလျက် ရှိပါတယ်။ လောလောဆယ်ကတော့ အဲ့ အလုပ်လိုချင်ရင် လစာမယူပါနဲ့။ ဖုန်းကိုလည်း ကိုယ့်ဖုန်းကိုခွဲပေးပါ။ စာမူခလေးတော့ ပေးပါမယ် ခမျာ.. အဟီး… (နောက်တာနော်) 😛
Ref: dykonw
Ref:အောင်ခမ်း (MMAS)

USB Type C ဆိုတာ ဘာလဲ

usb type c
USB Type C ကို Apple ရဲ့ new MacBook မှာ သုံးပြီးနောက် Type C ဟာ Apple ပိုင်လေသလားလို့ အချို့က ထင်ကြပါတယ်။ အမှန်တော့ ယင်း USB Type C စနစ်ကို Apple က မပိုင်ပါဘူး။ သူက International Standard တစ်ခု ဖြစ်ပါတယ်။
USB (Universal Serial Bus) ကို ၁၉၉၀ ကျော်တွေကတည်းက လုပ်ပြီး USB 1.0, 2.0, 3.0 ကနေ 3.1 အထိ ရောက်လာပါပြီ။ သူတို့ အားလုံးက အမျိုးအစား A (Type A) ထဲမှာပဲ ရှိပါတယ်။ ယနေ့ ကျွန်တော်တို့ အများစု သုံးနေတဲ့ အရာပါ။ ကွန်ပြူတာတွေမှာ မြင်တွေ့ပါလိမ့်မယ်။ သူက ပါဝါ 6 ကီလိုဝပ် သယ်ဆောင်နိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေပေါ်လာတဲ့အခါ ဖုန်းတွေဟာ သေးတာကြောင့်မို့ Mini, Micro အစရှိသဖြင့် အရှေ့မှာ တပ်ခေါ်ရတဲ့ အသေးစားများကို ထုတ်လာပါတယ်။ သူတို့ဟာလည်း Type A ထဲမှာပဲ ပါပါလိမ့်မယ်။ Apple က ထုတ်တဲ့ Lightening Connector ကလည်း Type A ထဲ ဝင်ပါလိမ့်မယ်။ အရွယ်သေးပြီး Data transfer rate အနည်းငယ်တတ်တာမျိုးတော့ ရှိပါတယ်။
ဒီတော့ USB Type C ပထမဆုံး အနေနဲ့ အရွယ်အစားအားဖြင့် ကြည့်လိုက်ရင် အရွယ်အစား သေးသွားပါတယ်။ လက်ရှိ USB Type A ရဲ့ သုံးပုံ တစ်ပုံ အရွယ်ပဲ ရှိပါတယ်။ အရွယ်တင် သေးသွားတာ မဟုတ်ပါဘူး။ သူ့မှာ ထူးခြားချက်များက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Power Delivery (အား သယ်ဆောင်မှု)
Cable ဟာ အား 100 Watt အထိ သယ်ဆောင်နိုင်ပါတယ်။ ကွန်ပြူတာလိုအပ်တာက 60 Watt သယ်ဆောင်နှုန်းသာ ဖြစ်တာကြောင့် အဆင်ပြေပါတယ်။ သူက သယ်ဆောင်ရုံတင် မဟုတ်ပါဘူး။ အခြားသော သူနဲ့ ချိတ်မယ့် ပစ္စည်းများက စွမ်းအင်သယ်ဆောင် စနစ်သုံးရင် ထပ်ဆင့်သယ်ဆောင်ပါတယ်။ ဥပမာ MacBook ရဲ့ USB Type C ကနေ DHMI Adapter ကို ထိုး။ HDMI adapter က LCD မော်နီတာကိုထိုး။ LCD မော်နီတာကနေ တစ်ဆင့်ထွက်တဲ့ ပါဝါ ကေဘယ်က ပါဝါပေးတဲ့ source ကို ထိုး.. ။ ဒါဆိုရင် MacBook ထဲ အားဝင်ပါတယ်။ အကယ်၍ မော်နီတာကသာ PD နည်းပညာ ပါတယ်ဆိုရင်ပေါ့။ ဒီနောက်ပိုင်း မော်နီတာများက ပါဝင်ပါလိမ့်မယ်။
နောက်တစ်ချက်ကတော့ Multi usage ဖြစ်ပါတယ်။ ယခင် USB က Data ပို့တဲ့အခါ format အနည်းငယ်သာ ပါပါတယ်။ ယခု Type C က HDMI ကိုသော်လည်းကောင်း၊ VGA ကိုသော်လည်းကောင်း၊ Display ကိုသော်လည်း ကောင်း ပို့ပါတယ်။ ဒီတော့ အရင်ကလို ပရိုဂျက်တာ ထိုးဖို့ HDMI port တို့ VGA port တို့မလိုတော့ပါဘူး။ Type C တစ်မျိုးတည်းနဲ့ အကုန်ရပါတယ်။ သို့သော်လည်း ယခုခါ Adapter သုံးနေရခြင်းက တစ်ဖက်က လက်ခံတဲ့ အီလက်ထရောနစ် ပစ္စည်း အမျိုးအစားက Type C ကို လက်ခံမယ့် port မရှိတာကြောင့်သာ ဖြစ်ပါတယ်။
ဒါပေမယ့် ယခုနောက်ပိုင်း နည်းပညာ ပစ္စည်း အများစုကလည်း USB Type C ကို လိုက်နာတဲ့ Port များဖြင့်သာ လုပ်လာတော့မှာ ဖြစ်တာကြောင့် Type C ကို တွင်တွင်ကျယ်ကျယ် သုံးကြတော့မှာပါ။ အနှစ်ချုပ်လိုက်ရင် USB Type C အားသွင်းလို့ရတယ်။ ဗီဒီယို ရုပ်ထွက်ရတယ်။ သေးငယ်တယ်။ အစရှိတဲ့ ထူးခြားချက်များ ရှိပါတယ်။
အားနည်းချက်
ဒီလိုပြောလို့ Type C ကို အကောင်းဆုံးလို့ မဆိုလိုပါဘူး။ လက်ရှိ Data ပို့ အမြန်ဆုံးက USB Type A ရဲ့ 3.1 ဖြစ်ပါတယ်။ ပြီးတော့ သူက Backward compatible ဖြစ်ပါတယ်။ ဆိုလိုရင်းက USB 1.0, 2.0 မော်ဒယ်တွေဆီကို ထိုးပြီးတော့လည်း သုံးလို့ရပါသေးတယ်။ Adoption လွယ်ကူပါတယ်။ ဒါပေမယ့် Type C က ယခင် Type A ပေါက်များကို ထိုးလို့မရသလို လက်ခံလို့လည်း မရပါဘူး။ ဒါ့အပြင် Data Transfer Rate က USB 2.0 နဲ့ USB 3.0 တို့လောက် အထိသာ Data အသွားမြန်ပါတယ်။ ဒါပေမယ့် သူ့တစ်ပေါက်သုံးရုံနဲ့ အားလုံး သုံးနိုင်တာမျိုး ဖြစ်လာတာကြောင့် Transfer rate မြန်အောင် တီထွင်ကြပြီး သုံးလာကြမှာပဲ ဖြစ်ပါတယ်။
Apple MacBook အပြင် Chrome Book, HP Windows Tablet တို့မှာ မြင်တွေ့လာပြီ ဖြစ်ပြီး နောက်ဆိုရင် အီလက်ထရောနစ် ပစ္စည်းအားလုံး (ဖုန်း၊ လပ်တော့၊ ကွန်ပြူတာ၊ Tablet, ကင်မရာ) အစရှိသဖြင့်တို့မှာ အသုံးလာမှာ ဖြစ်ကြောင်း ခန့်မှန်းထားကြ ပါတယ်။
.
Ref: wiki
Ref:အောင်ခမ်း (MMAS)

Android Application တစ်ခုလွယ်ကူစွာ ဖန်တီးရအောင်

Android+of+Apps
Android Phone တွေမှာ သီတင်း application ဒါမှမပာုတ် မိမိလုပ်ငန်းနဲ့ပတ်သတ်ပြီး application တစ်ခု
ဖန်တီးချင်သူတွေအတွက် အလွယ်ကူဆုံးနဲ့ အခမဲ့ ဖတ်တီးနိုင်တဲ့ Application လေးတစ်ခုဖန်တီးနည်းလေးကို
ပြန်လည်တင်ပြပေးလိုက်ပါတယ်။ တော်တော်များများလဲ သိရှိပြီးသားနည်းလမ်းလေးဖြစ်ပေမဲ့
မသိသေးတဲ့သူများအတွက် ရည်ရွယ်ရေးသားလိုက်တာဖြစ်ပါတယ်။
အရင်ဆုံးလိုအပ်တာကတော့ Google Account ရှိဖို့ပါ။ အခုခေတ်မှာတော့ Google Account တစ်ခုပာာတော့
လူတိုင်းမှာ ရှိမှာပါ။ Google Account ကို အသုံးပြုပြီး ကျတော်တို့အရင်ဆုံး Blogspot လေး တစ်ခုပြုလုပ်ရပါမယ်။
အရင်ဆုံး Mozilla Firefox ကိုအသုံးပြုပြီး Blogger.com ကို သွားရောက်ပြီး Sign-in ပြုလုပ်လိုက်ပါ။
continue to blogger ကို ၀င်လိုက်ပါ။ Add Blog ကို နှိပ်လိုက်ပါ။ Title / Address / Template များကိုရွေးချယ်ပြီး Creat Blog ကိုနှိပ်လိုက်
ရင်တော့သင် Blogspot တစ်ခုကိုပိုင်ဆိုင်ပါပြီ။

ဒုတိယအဆင့်အနေနဲ့ http://www.appyet.com ကို ၀င်လိုက်ပါ။ Creat app ကိုနှိပ်လိုက်ပါ။
Email နဲ့ password တောင်းပါမယ်။ မရှိသေးရင်တော့ Sign up ပြုလုပ်လိုက်ပါ။
Application name နဲ့ Package name တောင်းလာပါမယ်။ Application ကို ပေးချင်တဲ့ name လေး
ထည့်ပေးလိုက်ပါ။ Package name ပါ auto ၀င်သွားပါမယ်။ ပြီးရင်တော့ Creat app ပေါ့။
ကဲ အဲဒီနေရာမှာ ကြိုက်နှစ်သက်ရာများကို ပြုလုပ်လိုက်ပါ။ ကိုယ့် application လေးအတွက် ထည့်ချင်တဲ့
ပုံလေးတွေထည့်ပါ။ version ရွေးနိုင်ပါတယ်။ အားလုံးရွေးချယ်ပြီးရင်တော့ save change ကို click ပါ။
ပြီးရင်တော့ Moduel ကို သွားလိုက်ပါ။ အောက်ဆုံးက NEW MODUEL မှာ RSS/Atom ကို click လိုက်ပါ။
ပြီးရင် Open Link တစ်ခုရယူပြီး မိမိပြုလုပ်ထားသော Blog ကိုဝင်လိုက်ပါ။ ထို့နောက် Blog title bar ရဲ့
ဘေးက ကမ္ဘာလုံးပုံလေးကို Click လိုက်ပါ။ More Information ကို ၀င်လိုက်ပါ။

IMG_20150617_142510

Feeds ကိုသွားပါ။
အောက်က RSS ကို Right Click နှိပ်ပြီး Copy ယူလိုက်ပါ။ Menu name နဲ့ menu group name ထည့်ပါ။
save ကိုနှိပ်လိုက်ပါ။ RSS/Atom မှာ Copy ယူထားတဲ့ Adress ကို ထည့်လိုက်ပါ။

IMG_20150617_143744

လိုအပ်တာများဆက်ဖြည့်ပြီးSave လိုက်ပါ။ ပြီးရင် Back to moduel ကို သွားပါ။ ကိုယ်ထည့်ထားတဲ့ apk name လေးနဲ့ moduel တစ်ခု
တက်လာပါပြီ။ ထို့နောက် အောက်ကကိုယ်မထားချင်တဲ့ modeul များကို deatils ကနေ၀င်ရောက်ပြီး
အောက်ဆုံးက Delete this modeul ကနေ ဖျက်နိုင်ပါတယ်။ ပြီးရင်တော့ Build ကိုသွားပါ။
Submit to Build ကို Click လိုက်ရင်တော့ သင့်ရဲ့ mail ထဲကို Appyet.com မှ ကိုယ်လုပ်ထားတဲ့
Application ကို ပို့ပေးထားပါလိမ့်မယ်။ Download ရယူပြီးရင်တော့ သင့်ရဲ့ Application လေးကို
Android device များတွင် ထည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။