ဖုန်းအားသွင်းရင် ပြောရင် ဘာဖြစ်သလဲ

phone charging

ဖုန်းအားသွင်းရင်း ဖုန်းပြောရင် ပေါက်ကွဲပါတယ် ဆိုတဲ့ သတင်းများ ထွက်ပါတယ်။ ယင်းသတင်းများဟာ မှားယွင်းပါတယ်။ လေယာဉ်ပေါ်မှာ ပေါက်ကွဲတာတွေရော၊ အိမ်မှာပေါက်ကွဲတာတွေရော၊ အသားတွေကွာကျနေတာတွေကော အားလုံးက hoax တွေ မမှန်ကန် သတင်းတွေသာ ဖြစ်ပါတယ်။
အကယ်၍ ဖုန်းထုတ်တဲ့ ကုမ္ဗဏီက ထုတ်တဲ့ အော်ရီဂျင်နယ် အားသွင်းကြိုး၊ အားသွင်း အဒတ်တာ တုံး ကို အသုံးပြုမယ်ဆိုရင် ဘာမှ မဖြစ်ပါဘူး။ အကယ်၍ တရုတ်ပြည်က ဝင်တဲ့ Thrid Party ကြိုးများဆိုရင်တော့ ဗို့အား အချိန်အဆ မမှန်မှုကြောင့်သော် လည်းကောင်း၊ ကြိုးမှ ပေါက်ပြဲနေမှုကြောင့်သော် လည်းကောင်း ဓာတ်လိုက်တတ်ပါတယ်။ ဗြိတိန်မှာကော၊ တရုတ်ပြည်မှာကော အော်ရီဂျင်နယ်ကြိုး (မူရင်းကြိုး) မဟုတ်ပဲ အခြား Brand တစ်ခုကနေ အပိုပစ္စည်း ဝယ်သုံးခြင်းကြောင့် ဖြစ်တဲ့ ဓာတ်လိုက်မှုတော့ ၂ ခုမက ရှိပါတယ်။ Apple နဲ့လည်း ဖြစ်သလို အခြား Brand နဲ့လည်း ဖြစ်ပါတယ်။
အားသွင်းနေတုန်း ဖုန်းပြောဒါကို ရှောင်နိုင်ရင်တော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ မိမိ အသုံးပြုတဲ့ ကြိုးက ပေါက်ပြဲနေမယ်ဆိုရင်တော့ ဓာတ်လိုက်နိုင်ချေ ရှိပါတယ်။ အကယ်၍ အရေးတကြီးဖုန်းဖြေစရာရှိလို့ ဖုန်းကိုင်လိုက်ရရင်တော့ ခြေထောက်မှာ ဖိနပ်စီးထားရင် စီးထား မဟုတ်ရင် သံမန်တလင်း မဟုတ်တဲ့ အခြား ဖျာ၊ ကော်ဇော ခင်းထားတာမျိုးတွေဆိုရင် အန္တရာယ် ကင်ါးပတယ်။
ကျွန်တော်ဆိုရင် အရေးကြီး ဖုန်းခပ်မြန်မြန်ပြောစရာလည်းရှိတယ်။ အားလည်း သွင်းစရာရှိတယ်ဆိုရင် ဖုန်းဝင်လာရင် တစ်ခါတစ်လေ ကြိုးမဖြုတ်ပဲ ဖြေပါတယ်။ အဲ့လိုလုပ်ပါလို့လဲ မဆိုလိုပါ။ အဓိကကတော့ ကြိုးဟာ မူရင်းကြိုးလည်းဖြစ်၊ အပေါက်အပြဲလည်း မရှိ၊ ဖိနပ်လည်း စီးထားတယ် ဆိုရင် အန္တရယ် ကင်းပါတယ်။
အကယ်၍ မူရင်းကြိုးမဟုတ်၊ Brand အစစ်က ကြိုးမဟုတ်ပဲ တရုတ်ပြည်ကနေ လာတဲ့ ဈေးပေါ ကြိုးတစ်ခုခု သို့မဟုတ် အခြားသော ကြိုးများဆိုရင်တော့ အာမ မခံပါ ဓာတ်လိုက်တတ်ပါတယ်။ အခန့်မသင့်ရင် အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။ ပေါက်ကွဲတာတို့ အရေခွံကြီး ကွာကျ၊ မျက်နှာတို့ ပေါက်ကွဲတာတို့ကတော့ မဖြစ်ပါ။
.
ref:အောင်ခမ်း (MMAS)

Clash Of Clans Account ရဲ့ ID Gmail Change နည်း






အကြောင်းအမျိုးမျိုးကြောင့် မိမိ COC Account ID ရဲ့ Gmail ကို ပြောင်းပြီး တခြား Gmail အသစ်ဖြင့် ချိတ်ဆက် အသုံးပြုချင်သူများအတွက် အဆင်ပြေမဲ့ နည်းလမ်းလေးပါ။ မိမိရဲ့ လက်ရှိ ပြောင်းမဲ့ COC Account ကို ဖုန်းဖြင့် ချိတ်ဆက်ပြီး COC Game ကို ၀င်လိုက်ပါ။
အောက်တွင်ပြထားသည့်အတိုင်း COC ရဲ့ Settings ထဲသို့ဝင်ရန် Settings အား နှိပ်လိုက်ပါ။
ဒါဆိုရင် Settings ထဲရောက်ရှိသွားပါမည်။ ပြီးရင်တော့ Help and Support သို့ ၀င်လိုက်ပါ။
နောက်တစ်ဆင့်အနေဖြင့် Account ဆိုင်ရာ Setting သို့သွားရန် ပြထားသည့် My Account သို့ဝင်ပါ။
ဒီအဆင့်ကတော့ Gmail နှင့်ဆိုင်သော လုပ်ဆောင်ချက်အတွက် Save your progress with Google Play ကို ရွေးချယ်လိုက်ပါ။
သင့် COC Account ID ရဲ့ Gmail ကိုပြောင်းရန် ပြထားသည့်အတိုင်း Message icon လေးကို နှိပ်လိုက်ပါ။
နောက်တစ်ဆင့်အနေဖြင့် Clash Of Clans ကို Mail Message ပို့ရန် အောက်ပါအတိုင်း Box ပေါ်လာပါမည်။
ကျွန်တော်ရိုက်ထားသလို့မျိုး ရိုက်ပြီး အောက်က COC ID Gmail ထည့်ပြီး Send ခလုပ်ကို နှိပ်ပေးရပါမည်။
Message ပို့ပြီး တစ်ရက်၊ နှစ်ရက်လောက် စောင့်လိုက်ပါ။ ပြထားသည့်အတိုင်း Clash of Clans ရဲ့ Help And Support မှ စာပြန်ပို့သော Notification ပြနေပါလိမ့်မည်။
ထို Setting ထဲဝင်လိုက်ပြီး အောက်တွင် ပြထားသည့် Help And Support သို့ဝင်ပါ။
အောက်တွင်တွေ့ရသည့်အတိုင်း Clash Of Clans ရဲ့ Help and Support မှ သင့်ကို ပို့ပေးထားသော Message ကို တွေ့ရပါမည်။
ကဲ ကျွန်တော်ပြထားတဲ့ Clash of Clans ရဲ့ မေးခွန်းတွေပါတဲ့ စာသားများကို လိုက်ရှာလိုက်ပါ။
မေးထားတဲ့ မေးခွန်းတွေကတော့
(၁) ဒီအကောင့်ကို ဘယ်အချိန်မှာ စပြီး ကစားတာလဲ?
(၂) ဒီအကောင့်ကို ဘယ်နေရာ (ဘယ်မြို့)မှာ ပြုလုပ်ခဲ့တာလဲ?
(၃) ဒီအကောင့်ကို ၀င်ရောက် အသုံးပြုခဲ့သည့် Device သို့ Devices များကဘာလဲ?
ဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင်တော့ မေးခွန်း (၁)အတွက် ဒီအကောင့် COC ကို သင့်စပြီး ကစားခဲ့တဲ့ ရက်စွဲကို အနီးစပ်ဆုံး ဖြေပေးရပါမည်။ အနည်းဆုံးတော့ လ နှင့် နှစ် မှန်ရန်လိုအပ်ပါသည်။
မေးခွန်း (၂) အတွက် စပြီးကစားခဲ့တဲ့ မြို့အမည်ပါ။ သင်က ရန်ကုန်မှာ ကစားခဲ့တယ်ဆိုရင်တော့ Rangoon ပေါ့။ မန္တလေးမှာ ဆိုရင်တော့ Mandalay ပေါ့။
မေးခွန်း (၃) အတွက်ကတော့ သင့် ဒီအကောင့်ကို ၀င်ရောက်ကစားခဲ့သော ဖုန်းတစ်လုံးဆိုလျှင် တစ်လုံး၊ တစ်လုံးထပ်မက အများကြီးမှာ ကစားခဲ့ရင် အားလုံး ထည့်ရေးဖို့လိုအပ်ပါသည်။ ဥပမာ Huawei C8813, Acer Z210, Samsung Galaxy Grand Duos အစရှိသည်ဖြင့် အတိအကျ Model No ကိုပါ ရေးသားပေးပြီး Send ကို နှိပ်လိုက်ပါ။ နောက်ထပ် တစ်ရက်လောက်နေရင် Clash Of Clans မှ ထပ်ပြီး Message ပို့ပေးပါလိမ့်မည်။ သင်ဖြေဆိုမှု အောင်မြင်ရင်တော့ သင့်ရဲ့ အကောင့်ကို လက်ရှိ ID Gmail မှ အောက်ပါအတိုင်း Disconnected ဖြစ်သွားပါလိမ့်မည်။
ကဲ အဲဒါဆိုရင်တော့ သင့်စိတ်ကြိုက် မချိတ်ဆက်ထားရသေးသော Gmail Account တစ်ခုခုဖြင့် ချိတ်ဆက်ဖို့ Disconnected ကို နှိပ်ပြီး ချိတ်ဆက်နိုင်ပါပြီ။
ကိုမြတ်(MICT Garden)

pattern/pin lock ကျနေတဲ့ Sony Xperia (debugging မ on ခဲ့တဲ့) ဖုန်းတွေ firmware ပြန်တင်စရာမလိုတဲ့ factory reset ftf file အမျိုး (30)

ကျန်တဲ့မော်ဒယ်တွေအတွက်လည်း နောက်ထပ် ထပ်တင်ပေးပါ့မယ်... အားလုံးအဆင်ပြေကြပါစေ.....
download link - https://www.mediafire.com/?3340p55ip5vyf39
credit-Sithu Myo

X BO v5 firmware

Hol-U19 အတွတ် Display Fix


Huawei Hol-U19 တစ်လုံး FlashTools Firmware နဲ့ 
တင်လိုက်လို့  Display ပျောက် သွားတဲ့ error ကိုဖြေရှင်းရင်း
အဲဒီပြသနာမျိုးကြုံလာရင်ဖြေရှင်းနိုင်အောင် Hol-U19 အတွတ်
Display Fix ဖိုင်တစ်ခုဖန်တီးလိုက်ပါတယ်. SpFlashTools နဲ့ တွဲသုံးရပါမည်။

Hol-U19 ဖုန်းတွေ FlashTool Firmware တင်လိုက်လို့  Display ပျောက်ခဲ့ရင်
အောက်မှာပေးထားတဲ့ဖိုင်ကိုဒေါင်းပြီး. Spflashtools နဲ့ ပြန် Flash ပေးလိုက်ပါ။
LCD ရုပ်ပြန်ထွက်လာတာကို သင်ပြန်တွေ့ ရပါလိမ့်မယ်.. 
smile emoticon
 
smile emoticon
 
smile emoticon

credit- Mg Thu

android phone များ၏ boot, system, recovery image တွေ မည်သည့် Block ကို သွားသည်ဆိုခြင်းအား adb command ဖြင့် စစ်ကြည့်ခြင်း


















ယခုပြောသောနည်းမှာ platform အောက်မှာ by-name နဲ့ပါတဲ့ အလုံးတွေပဲကြည့်လို့ရမှာပါ အကုန်လုံးတော့ ကြည့်မရပါဘူး။
ဒီဟာက ဘာတွေအတွက် အသုံးဝင်လည်းဆိုတော့ ဟုတ်ပြီ ကျွန်တော်တို့ stock recovery ကို backup ထုတ်ချင်တဲ့
အခါမျိုးတွေ နောက် oem block တွေ သိချင်တဲ့အခါမျိုးတွေမှာ သုံးနိုင်တယ်။
ဖုန်းကို usb debugging on ပြီး ကြိုးထိုးပါ။လိုအပ်သော driver တွေသွင်းပေးထားပါ။
ပြီးရင် adb devices ဖြင့် devices သိမသိစစ်ပါ။ devices သိပြီဆိုရင်
"adb shell" ရိုက်ပါ။ shell connection နဲ့ ချိတ်ဆက်မိပြီဆိုရင်တော့ cd command သုံးပြီး dir ချိန်းပါမယ်။
"cd dev/block/platform" ဟုရိုက်ပါ။ cd နဲ့ dir ချိန်းပြီးရင်တော့ " ls " ခေါက်ကြည့်ပါ အထဲမှာဘာဖိုင်တွေရှိလဲ သိနိုင်ဖို့။
ls ခေါက်ပြီးပေါ်လာတဲ့ folder ထဲကို cd သုံးပြီး dir ထပ်ချိန်းပါမယ်။ အခုစမ်းနေတဲ့ဖုန်း U9200 မှာတော့ omap folder ဖြစ်တဲ့အတွက်
အဲ့ထဲကို ဆက်ဖွင့်ကြည့်ပါ့မယ် ။ ဖုန်းတစ်ခု နဲ့ တစ်ခု နဲ့တော့ name တူမှာ မဟုတ်ပါဘူး အဲ့နေရာမှာ။ ကိုယ့်ဖုန်းက ပေါ်တဲ့ name အတိုင်းဆက်ဝင်ပါ။
ကျွန်တော်ကတော့ U9200 နဲ့စမ်းနေတာဖြစ်တဲ့အတွက် " cd omap " ဆိုပြီး ရိုက်ထည့်လိုက်ပါတယ်။ ပြီးရင် ls ထပ်ခေါက်ကြည့်ပါတယ်။
ls ရိုက်ပြီးတဲ့အခါ ထပ်ပြီးတော့ ဖိုင်နှစ်ခု ထပ်ထွက်လာတာ မြင်ရမှာပါ။
ဘယ် folder ထဲမှာ by-name ဆိုတဲ့ဟာ ပါလည်းဆိုတာ မသိနိုင်ပါဘူး။ အဲ့တော့ တစ်ခုချင်းဆီဖွင့်ကြည့်ပါမယ်။ ပထမဆုံး omap_hsmmc.0 ကိုဖွင့်ကြည့်ပါတယ်။
မပါပါဘူး by-name ဆိုတဲ့ကောင်လေး အဲ့တော့ ပြန်ထွက်လိုက်ပါတယ် " exit " ရိုက်ထည့်ပြီး။ ပြီးရင် အပေါ်ကအတိုင်းပဲ အဆင့်ဆင့်ပြန်ဖွင့်ပါတယ်။ ပြီးတော့ omap_hsmmc.1
ကိုထပ်ဖွင့်ပါတယ်။ အဲ့ထဲက မှ by-name ဆိုတဲ့ folder လေးကိုတွေ့ပါတယ်။ ဟုတ်ပြီးအဲ့တော့ အဲ့ထဲကို ဆက်သွားပါမယ်။ cd သုံးပြီး။ " cd by-name " ဆိုပြီးရိုက်ပါ။
ပြီးရင် ls -al ရိုက်ထည့်လိုက်ပါ။ ကျွန်တော်တို့ လိုချင်တဲ့ နေရာရောက်ပါပြီ။ ကဲ block တွေ သိရလို့ backup လိုချင်ရင်တော့ ဒီ command ကို သုံးပြီး ထုတ်နိုင်ပါတယ် ။ backup ထုတ်ရင်တော့
superuser access လိုပါတယ်။ " adb shell su -c "cat /dev/block/mmcblk0p---- > /sdcard/mmcblk0p-----.txt or img" ဖြင့် ထုတ်နိုင်ပါသည်။

Y535-C00, U9200 နှင့် တစ်ချို့  ဖုန်းတွေမှာ ကြည့်လို့ရပါတယ် block တွေကို smile emoticon
အဆင်ပြေကြပါစေ
 Post By Hein Maung

Acer Z130 အတွတ် Full Flash Tools Firmware & Fix BaseBand Unknow Bat file

တန်ဘိုးနည်းပြီးလူသုံးများလာတဲ့ Acer Z130 ဖုန်းအတွတ် ကျွန်တော်ကိုယ်တိုင်ထုတ်ထားတဲ့င်္Full FlashTool Firmware ပါ.. Firmware File ထဲမှာ IMEI BackUp လုပ်ထားတဲ့ File လေးပါထည့်ထားပေးပါတယ်.
Acer Z130 ဖုန်းတွေက Regions မတူတာ Firmware မှား Flash မိရင်တော့ basenand unknowုဖြစ်ပြီး IMEI Restore လုပ်ရုံနဲ့ မရတော့ပါဘူး.. အဲဒီပြသနာဖြေရှင်းဖို့ အတွတ်..ကျွန်တော် Bat file
လေးတစ်ခုဖန်တီးထားပါတယ်.. Baseband unknow ဖြစ်သွားတဲ့ Acer Z130 ဖုန်းတိုင်းကို ပြန်လည်ကောင်းမွန်အောင် ဖြေရှင်းပေးသွားမှာပါ.. ကျွန်တော် ကိုယ်တိုင်စမ်းသပ်ထားပြီးသားပါ...ဖုန်းကို Root ဖောက်ပြီး SD ကဒ်တော့ထည့်ထားပေးပါ

Firmware download Link:
http://www.mediafire.com/download/9x8d2md69x1lr7c/Z130(MgThu).rar

Fix BaseBand Unknow Bat file download Link:
http://www.mediafire.com/download/720qse5fgb8dug5/Acer+Z130.rar


ref : M.L.M Mobile Phone Professional Group