Nokia ဟာ သူ့ရဲ့ပထမဆုံး Android ဖုန်းတွေအဖြစ် Nokia X နဲ့ Nokia XL တို့နဲ့စမတ်ဖုန်းဈေးကွက်ကိုပြန်လည်ထိုးဖောက်လာခဲ့ပေမယ့် ထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး ။ အကြောင်းကတော့ သူ့ရဲ့ ဖုန်း screen ဒီဇိုင်းအသွင်အပြင် နဲ့ System ပိုင်းဆိုင်ရာရှုပ်ထွေးမှုကြောင့်လို့ မိုဘိုင်းဖုန်းသုံးသပ်သူတွေက ယူဆကြပါတယ်။ အခုတော့ Nokia ဟာ Nokia X နဲ့ Nokia XL တို့မှာသုံးခဲ့တဲ့ Windows Mobile Style အသွင်အပြင်နဲ့မဟုတ်တော့ဘဲ Android Style အပြည့်အ၀ပါဝင်တဲ့ “Z Launcher” လို့ခေါ်တဲ့ Home Screen Launcher ကိုထုတ်လုပ်လိုက်ပါတယ်။

ဒီ Launcher application လေးကို သူ့ရဲ့အနာဂတ် Android Devices တွေမှာအသုံးပြုသွားမယ်လို့ယူဆရပြီး “Nokia Z Launcher” ကို Nokia Android Device တွေတင်သာမက တခြား Android ဖုန်းအမျိုးအစားတွေမှာလည်းထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Nokia Z Launcher ကိုအသုံးပြုချင်သူများအောက်က link ကနေရယူနိုင်ပါတယ်။
Nokia မှထုတ်လုပ်လိုက်တဲ့ Android ဖုန်းတွေအတွက် “Nokia Z Launcher” အားရယူရန်
 (C) MMAS
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်