မိုဘိုင်းဂိမ်းတွေဟာ  အခုခေတ်မှာ တော်တော်ခေတ်စားနေပါပြီ။ Android Gamer တွေတောင်  ထွက်ပေါ်နေပြီနော်။ Android ပလက်ဖောင်းမှာတင် graphic  အရည်အသွေးကောင်းကောင်းနဲ့ ကစားနိုင်ပြီး ငွေတပြားမှမပေးရတဲ့ free ဂိမ်း ၅  ခုကို မျှဝေပေးလိုက်ပါတယ်။





(C) trend
၅။ Heroes of Dragon Age
Heroes  of Dragon Age ဟာ အဖွဲ့ တစ်ခုလုံးထိန်းချုပ်ရတဲ့  နည်းဗျူဟာဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး 3D ရုပ်လုံးကြွ ဇာတ်ကောင်ရာချီကို  တဖြည်းဖြည်းစုဆောင်းပြီး ကိုယ့်အဖွဲ့ ကို အင်အားတောင့်အောင် လုပ်ရတဲ့  ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကွန်ပြူတာအဖွဲ့ နဲ့ တိုက်ခိုက်နိုင်သလို  ကိုယ့်ရဲ့ဘော်ဒါတပ်ဖွဲ့ နဲ့ လည်း ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပါတယ်။'၄။ Asphalt 8:Airborne
Android  မှာကစားနိုင်တဲ့ Need for Speed ဂိမ်းကို ယှဉ်ပြိုင်အလဲထိုးမယ့်  ကားပြိုင်ဂိမ်း Asphalt 8 ပါ။ စူပါကား ၄၇ ကားအထိ ပါဝင်ပြီး  မြန်နှုန်းမြင့်ကားပြိုင်လမ်းတွေမှာ ယှဉ်ပြိုင်ရမှာပါ။ လမ်းရဲ့ ဆင်ခြေလျှော  တွေကနေတဆင့် လေထဲကို မြှောက်တက်သွားနိုင်ပြီး  အကြမ်းတမ်းဆုံး၊အမိုက်စားစတန့် တွေကို လေထဲမှာ ပြသနိုင်ပါတယ်။ Graphic  ကလည်း ကွန်ပြူတာနဲ့ မခြားပါပဲ။ အကောင်းဆုံးကတော့ ဒီဂိမ်းဟာ အလကားပေး  ထားတာပါ။ ဒါ့အပြင် ပြိုင်ဘက် ၈ ရှစ်ယောက်ထိလည်း  ချိတ်ဆက်ယှဉ်ပြိုင်နိုင်ပါတယ်။၃။ Dungeon Hunter 4
Dungeon  Hunter 4 ဟာ Diablo 3 ဂိမ်းကို android ပေါ်မှာ ကစားနေရသလိုခံစားရမယ့်  အနီးစပ်ဆုံး ဂိမ်းပါပဲ။ စစ်သည်တော် လေးမျိုးထဲက  ကိုယ်ရွေးချယ်တဲ့အမျိုးအစားပေါ်မူတည်ပြီး အကောင်းဆုံး ထိုးခုတ်၊ သတ်ဖြတ်၊  တိုက်ကွက်တွေ ပါဝင်ပါတယ်။ Graphic ကလည်း အမြင့်စားပါ။  အလန်းစားသွင်ပြင်တွေနဲ့  ရဲတိုက်ခန်းတွေကို ကျော်ဖြတ်ပြီး မိစ္ဆာတွေကို  ကမ္ဘာကြီးကနေ ရှင်းပစ်ရမှာပါ။၂။ Galaxy on Fire 2 HD
Galaxy  on Fire 2 HD ဟာ အာကာသတိုက်ပွဲတွေကို မိုဘိုင်းမှာ ကစားနိုင်မယ့်  အခမဲ့ဂိမ်းပါ။ အလန်းစား အာကာသယာဉ်တိုက်ပွဲတွေ၊ ထိတွေ့ ထိန်းချုပ်မှု (touch  controls) ကောင်းကောင်းရယ်၊ တို့ နဲ့ ကစားရမှာပါ။ ကြယ်တာရာစနစ်ပေါင်း ၃၀  ကျော်၊ ဂြိုလ်ပေါင်းရာကျော်နဲ့ အာကာသစခန်းအများအပြားပါဝင်ပါတယ်။၁။ Plant Vs Zombies 2
လူတိုင်းသိပြီးသားဂိမ်းပေါ့။  ပျော်စရာလည်းကောင်း၊ ရင်ခုန်စရာလည်းကောင်းတဲ့ အကောင်းဆုံး tower defense  ဂိမ်းတစ်ခုပါ။ Graphic မြှင့်ထားတဲ့ Plant Vs Zombies 2 ဟာ အခမဲ့ရနိုင်တဲ့  Android ဂိမ်းလည်း ဖြစ်ပါတယ်။(C) trend