ဒီနည်းကတော့  Blue screen   ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen  တက်တက်လာလို့   စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ  ဖြစ်မယ်ထင်လို့ပါ။ Window XP,   Vista & 7 တွေအတွက် အကုန်အသုံးပြုလို့  ရနိုင်ပါတယ်။   လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့  ဝေမျှလိုက်ပါတယ်။   အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ  ဖြစ်ပါလိမ့်မယ်။   အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး  တင်ပြပေးပါ့မယ်။ အောက်မှာ   ဆက်လေ့လာကြည့်လိုက်ပါ။ 
လုပ်နည်း 1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။
 
 
လုပ်နည်း 1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။

3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။

4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။

ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ 
