Apple ကiOS 8 ကိုစတင်ဖြန့်ချိသည်နှင့် ဇော်ဂျီကီးဘုတ်ကို App Store ပေါ်တွင်  Download ရယူသုံးစွဲနိုင်မည် iOS 8 ကို Apple ကုမ္ပဏီက  တရားဝင်ဖြန့်ချိသည်နှင့်တပြိုင်နက် ဇော်ဂျီကီးဘုတ်ကို App Store ပေါ်မှ  download လုပ်ကာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါ application  ကိုရေးသားနေသည့် developer ကိုထိန်လင်းရွှေက ပြောကြားသည်။  ပြီးခဲ့သည့်ရက်ပိုင်းကမှ Apple ကမိတ်ဆက်ပေးခဲ့သည့် iOS 8  ထွက်ရှိလာချိန်မှစတင်ကာ အဆိုပါ မြန်မာစာကီးဘုတ် application  ကိုစမ်းသပ်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် Android မှာကဲ့သို့  မိမိနှစ်သက်ရာ မြန်မာစာကီးဘုတ်ကို ထည့်သွင်းအသုံးပြုနိုင်တော့မည်ဖြစ်သည်။  ယခုလတ်တလောတွင် ဇော်ဂျီကီးဘုတ်ကို iOS 8 အတွက် App Store ပေါ်တင်နိုင်ရန်  ကြိုးစားနေကြောင်းသိရသည်။ အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ++++++++++++++++++++++++++++++++++++++++++++++++++++ 
++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်