Samsung Region Lock Away


Samsung security ပိုင်းဆိုင်​ရာကန့်​သတ်​မှုတစ်​ခုလို့ဆိုရမှာ​ပေါ့။

Samsung Region Unlock တဲ့​ဗျာ။lock နာမည်​​ကြားတာနဲ့တင်​ဘာ lock အမျိုးအစားဆိုတာသိ​လောက်​မှာပါ။ဒီ lock ရဲ့သက်​​ရောက်​မှုက region တစ်​ခုမှာအသုံးပြု​နေတဲ့ဖုန်းတစ်​လုံးကိုအခြား region တစ်​ခုမှာအဲ့ region က sim card ထည့်​တဲ့အခါမှာ sim ဖတ်​ပြီးလိုင်းမတက်​တာပါ။ဥပမာ american ကဖုန်းကို england ကဒ်​ထည့်​သုံးရင်​လိုင်းမတက်​သလို​ပေါ့။သူက imei black list လဲမဟုတ်​ပါဘူး။network lock လဲမဟုတ်​ပါဘူး။sim blacklist သ​ဘောမျိုးပါ။သတ်​မှတ်​ထားတဲ့နိုင်​ငံပြင်​ပအခြား sim network အားလုံးကို block ထားတာပါ။ဒီ lock ကျရင်​ imei ကပုံမှန်​ရှိ​နေပါမယ်​။လိုင်းရှာလိုက်​ရင်​ not registered on network ဆိုပြီးပြပါလိမ့်​မယ်​။reset ချ ဖန်​၀ဲအသစ်​​ရေးလဲမရပါဘူး။တစ်​ခု​တော့ရှိတယ်​။full file ​ရေးရင်​​တော့​အဆင်​​ပြေ​ကောင်း​ပြေနိုင်​ပါလိမ့်​မယ်​။အတိအကျ​တော့မစမ်းသပ်​ရ​သေးပါ။

ဒီ lock ကအ​​​ကြောင်းအမျိုးမျိုး​ကြောင့်​ဖန်​၀ဲပြန်​တင်​မိတဲ့အခါမျိုးမှာလဲဖြစ်​တတ်​ပါတယ်​။imei ​ရေးဖို့ကြိုးစား​ပေမယ့်​လဲမ​အောင်​မြင်​ဘဲရှိ​နေတာ​တွေ့ရပါမယ်​။ဘောက်​ရှိတဲ့သူ​တွေ​တော့အဆင်​​ပြေနိုင်​​ကောင်းပါတယ်​။

Region lock ကျရင်​ဖြည်​လို့မရ​တော့ဘူးလား?..အ​ဖြေကရပါတယ်​။အောက်​မှာ apk လင့်​​ပေးထားပါတယ်​။လုပ်​နည်းကလွယ်​လို့မရှင်းပြ​တော့ပါဘူး။မိမိဖုန်းကို root ​ဖောက်​ထားဖို့​တော့လိုပါလိမ့်​မယ်​။အခုမလိုလဲ​နောင်​လိုအပ်​နိုင်​မှာပါ။ဒေါင်းပြီးသိမ်းထား​ပေါ့။ဆိုက်​က​သေး​သေး​လေးပါ။အမှားပါရင်​​ထောက်​ပြ​ပေးပါဆြာတို့။error တူကြုံ​နေရသူ​တွေအဆင်​​ပြေလို့​ပြေငြားပြန်​လည်​မျှ​ဝေ​ပေးတာပါ။samsung auto root ​တွေကိုပင်​တိုင်​ထုတ်​​ပေး​နေတဲ့ chainfire ကဖြန့်​ချီတာဖြစ်​တဲ့အတွက်​အဆင်​​ပြေမယ်​လို့​မျှော်​လင့်​ပါတယ်​။

http://forum.xda-developers.com/attachment.php?attachmentid=2370437&d=1383564029

Credit : xda developer forum& ဟိန်းမြတ်သူ

refer - Myanmar Mobile Guide