EMMC emmc ဆိုတာ



EMMC
emmc ဆိုတာ ဘာညာဘာညာတွေတော့ အားလုံးလဲသိပြီးနေလောက်ပါပြီ။
အရေးကြီးတာက emmc လဲလို့ မအောင်ရင် ဘာတွေဆက်လုပ်ကြမလဲ။
VDD 1.7V,VDD2.8V တွေရောက်နေရုံနဲ့  emmc အပြည့်အ၀လုပ်မလုပ်တာတော့
သေခြာတယ်ဗျ။ emmc တွေအဓိကအလုပ်လုပ် တာက CMD ,CLK,RESET D0,DI အစရှိတဲ့
control လမ်းကြောင်းတွေ မပါရင် vdd ဗို့ ရောက်လဲ ဘာမှအလုပ်ဆက်လုပ်နိင်မှာမဟုတ်ပါဘူး။
Data 8lines,CMD,CLK,Reset, ပေါင်း ၁၁လိုင်းလောက် CPU နဲ့ ချိတ်ဆက်ထားပါသေးတယ်။
Digital အိုင်စီတွေရဲ့ အသက်ဟာ clock ဆိုတဲ့ခုန်လိုင်းလေးတွေကအသက်ပါပဲ။MMC အပိုင်း ကိုတော့
DDRSDRAM ဖြစ်ပြီး 65 PIN လောက်သုံးထားပါတယ်။
Power ic ကနေ CPU ,EMMC အတွက်လိုအပ်တဲ့ ဗို့ တွေရောက်တာနဲ့ 
CPU ထဲမှာရှိတဲ့ clock generator အပိုင်းစတင်အလုပ်လုပ်ပါတယ်။ clock အပိုင်းတွေအလုပ်လုပ်
သွားပြီဆိုရင် emmc ရဲ့ boot 1 ထဲမှာရှိတဲ့ power on code တွေကို CPU ရဲ့ RAM ထဲကို ကူးယူစေပါတယ်။ ဒီအပိုင်းကို CMD ကနေ ထိန်းချုပ်ပေးပါတယ်။ နောက်တဆင့်အနေနဲ့ 
boot 2 ထဲက code တွေကို ဆက်ပြီး read လုပ်ပါတယ်။ဒီအပိုင်းမှာ error မရှိရင် kernel နဲ့ ချိတ်ဆက်ပေးပါတယ်။ုkernel ဟာ power on လုပ်ငန်းစဉ်မှာ အဓိကကျတဲ့အပိုင်းလဲ
ဖြစ်ပါတယ်။ hardware devices များနဲ့  software os, app, တို့ အချိုးညီညီ ပေါင်းစပ်ပေးတဲ့အပိုင်းပါ။ ဒီနေရာမှာ emmc ပဲဖြစ်ဖြစ်၊ data ပဲဖြစ်ဖြစ်၊CPU RAM အပိုင်းပဲဖြစ်ဖြစ်
တစ်ခုခုချို့ ယွင်းနေရင် 3G LOGO ကနေ ဆက်မတက်နိင်တော့ပါဘူး။
ပါဝါပိုင်းမှာ ဗို့ အတက်အကျမငြိမ်တဲ့အခါ မျိုးမှာ boot operation sequence ကို
ရပ်ဆိုင်းပေးလိုက်ပါတယ်။ဗို့ အတက်အကျကြောင့် emmc တွေပျက်စီးခြင်းမှကာကွယ်ပေး
တဲ့စံနစ်ပါ။ဒါကြောင့် emmc တွေပုံမှန်အလုပ်မလုပ်ရင် power ic လဲကြည့်တာမျိုး လုပ်ကြည့်သင့်ပါတယ်။CPU နဲ့ EMMC ကြားမှာ ချိတ်ဆက်ထားတဲ့ resistor လေးတွေစုံမစုံ
စစ်ကြည့်သင့်ပါတယ်။ခုနောက်ပိုင်းဈေးကွက်ထဲရောက်လာတဲ့ အိုင်စီအသစ်တွေမှာ
ခဲအမှာတွေဖြစ်တဲ့အတွက် ပုံမှန်အပူချိန်လောက်မှာမကပ်တော့တာတွေ့ ရပါတယ်။လိုအပ်တာထက်အပူများရင်လဲအခြားအပိုင်းတွေထိခိုက်နိင်ပါတယ်။ဒါကြောင့်ခဲအသစ်ပြန်
လောင်းပြီး မှ တတ်တာအကောင်းဆုံးပါ။
emmc တွေမှာ SD RAM တွေက DDR1 တွေပါ။ခုနောက်ပိုင်းမှာ data speed တွေ ပိုမြန်တဲ့
DDR2 တွေနဲ့ တွဲဘက်ပြီးပါဝင်လာပါတယ်။ version 4.1,4.2,4.3,4.4,4.5 အထိရောက်ရှိလို့ လာပါပြီ။ ကျွန်တော်ဥာဏ်မှီသလောက်လေးပါ၊ဆရာတို့  ပြောပြပေးတာလေးတွေလဲ
လေ့လာပါရစေ။
အခုနောက်ဆုံး version 5.1 ကို SAMSUNG ကမိတ်ဆက်ပေးထားပါတယ်။လေ့လာခြင်ရင်တော့ဒီ အောက်မှာ ၀င်ကြည့်နိင်ပါတယ်။