Android Lollipop မှာပါဝင်လာတဲ့ factory reset protection Feature


အခုရက်ပိုင်းအတွင်းမှာတော့ Google ထုတ်ကုန်အသစ်တွေထွက်ရှိလာမှူနဲ့ Android version အသစ်ဖြစ်တဲ့ 5.0 lollipop အကြောင်းဟာ တော်တော် ဂယက်ထ နေပါတယ်
Android version အသစ်ဖြစ်တဲ့ 5.0 Lollipop မှာ ပါဝင်မယ့် Feature တစ်ခုဖြစ်တဲ့ Factory reset protection အကြောင်းလေးကိုမိတ်ဆက်ပေးချင်ပါတယ်

Security ပိုင်းမှာ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားတဲ့ Google ဟာ အသစ်ထွက် Lollipop မှာ စမတ်ဖုန်းကို ခိုးယူခြင်းမှ ကာကွယ်ရုံသာမက factory reset ပြုလုပ်ပြီး ပြန်လည် အသုံးချခြင်း ကို ကာကွယ်ပေးဖို့ Factory reset protection ကို ထည့်သွင်းပေးလိုက်ပါတယ်

အဆိုပါ Feature ဟာ သင့်ရဲ့ android smart phone ခိုးယူခြင်းခံရပြီး factory reset မပြုလုပ်နိုင်အောင် password သို မဟုတ် အဆိုပါ ဖုန်းမှာ အသုံးပြုနေတဲ့ Google account ရဲ့ password ကိုတောင်းယူမှာ ဖြစ်ပါတယ် ။ အဆိုပါ Password သိရှိမှသာ ထို android smart phone ကို reset ချနိုင်မှာဖြစ်ပါတယ် ။ ထို့အပြင်အဆိုပါ feature နှင့်အတူ Android remote lock feature ကြောင့် သင့်ရဲ့ စမတ်ဖုန်းထဲက အရေးကြီး အချက်အလက်များ ပျက်မှာမဟုတ်ဘဲ မိမိ ဖုန်း လွယ်လင့်တကူ ရှာဖွေနိုင်မှာပါ။

အဆိုပါ feature ကို android lollipop အသုံးပြုတဲ့ စမတ်ဖုန်းတွေမှာသာ အသုံးပြု နိုင်မှာဖြစ်ပြီး
အဆို ပါ feature ကို အခြေခံပြီး အခြားသော စမတ်ဖုန်းcompany တွေနဲ့ carriers ပေါ်မူတည်ကာ ပြောင်းလဲ အသုံးပြုနိုင်မှာဖြစ်ပါတယ် ။ Security ကို အဆင့်မြှင့်ပေးလိုက်တဲ့ Google ရဲ့ Nexus မျိုးဆက်သစ်တွေနဲ့ အခြားသော အဆင့်မြင့် စမတ်ဖုန်းတွေမှာ အဆိုပါ Feature ကို မြင်တွေ့ရတော့မှာဖြစ်ပါတယ် .................

refer; talkandroid
Aung Khaing (MMAS)