Google Chromecast ကို အသုံးပြုပြီး Android Device မှ ဗီဒီယိုနဲ့ ဂိမ်းများကို တီဗီမှာ ကြည့်ရှု ကစားနည်း

Google က Android Device မှ ဗီဒီယိုနဲ့ ဂိမ်းများကို တီဗီမှာ ကြည့်နိုင်မယ့် Chromecast ဆိုတဲ့ ကိရိယာကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။ Chromecast ဟာ Memory Stick အရွယ်သာ ရှိပြီး ၃၅ ဒေါ်လာသာ တန်ကြေးရှိပါတယ်။ သူ့ကို တီဗီရဲ့ HDMI Port မှာ တပ်ဆင်လိုက်တာနဲ့ Android Device မှ ဗီဒီယို၊ ဂိမ်းများ သာမက Android Device မှာ ပြသနေတဲ့ အရာအားလုံးကို တီဗီမှာ ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ကြည့်ရှုနိုင်ပါတယ်။ အဲဒီအတွက် Android နဲ့ တီဗီကို ချိတ်ဆက်ပေးတဲ့ MHL ကြိုးတွေ မလိုအပ်တော့ပါဘူး။
Google က အဲဒီ Android Screen Mirroring စွမ်းဆောင်ချက်ကို Chromecast မှာ နောက်ပိုင်းမှ ထည့်သွင်းပေးလိုက်တာပါ။ အရင်တုန်းကတော့ Chromecast ရဲ့ စွမ်းဆောင်ချက်က ဒီလောက် မကျယ်ပြန့်သေးဘဲ Chromecast ကို အထောက်အပံ့ပေးတဲ့ Android App တွေကနေသာ ဗီဒီယိုနဲ့ သီချင်းများကို တီဗီမှာကြည့်ရှုနိုင်တာပါ။ Android Screen Mirroring ကြောင့် အခုဆိုရင် Android Device မှာ ပြသနေတာ အားလုံးကို တီဗီမှာ ကြည့်ရှုနိုင်ပါပြီ။ Android Device မှာ သိမ်းထားတဲ့ ဗီဒီယိုတွေ သာမက အင်တာနက်မှ ရုပ်ရှင်၊ ဗီဒီယိုတွေကို Android Device မှာ ဖွင့်လိုက်တာနဲ့ တီဗီမှာ ပြသပေးမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ရဲ့ Chromecast က သာမာန် တီဗီကို အင်တာနက်မှ မီဒီယာများ ကြည့်ရှုနိုင်တဲ့ စမတ်တီဗီ အဖြစ် အသွင်းပြောင်းပေးနိုင်တာလည်း ဖြစ်ပါတယ်။
Chromecast ကို တီဗီမှာ တပ်ဆင်ခြင်း။
Chromecast ကို တီဗီရဲ့ HDMI Port မှာ တပ်ဆင်ပါ။ Chromecast မှာ အားသွင်းဖို့ USB Connector ပါရှိပြီး တီဗီမှာ USB Port ပါရင် တပ်ဆင်အားသွင်းနိုင်ပါတယ်။ တီဗီမှာ USB Port မပါရင်တော့ Power Adapter ကြိုးကို Wall Plug မှာ တပ်ဆင်ပြီး Chromecast ကို အားသွင်းနိုင်ပါတယ်။
1
Android Device နဲ့ Chromecast ကို ချိတ်ဆက်ခြင်း။
Android Device နဲ့ Chromecast ကို ချိတ်ဆက်ဖို့ အရင်ဆုံး Android Phone, Tablet မှာ Chromecast App ကို Google Play Store ကနေ အင်စတော လုပ်ပါ။
2
အင်စတော လုပ်ပြီးရင် သင့် တီဗီမှာ Chromecast တပ်ဆင်ထားတဲ့ HDMI Input ကို ပြောင်းပေးပါ။ Android Device မှာ Chromecast App ကိုဖွင့်ရင် သင့်ရဲ့ WiFi Network ထဲမှာ ရှိတဲ့ Chromecast Device ကိုတွေ့ရမှာပါ။
3
ဘယ်ဘက်အပေါ်ထောင့်မှ Devices ကို တစ်ချက်နှိပ်ပြီး Chromecast Settings ကိုဖွင့်ပါ။ Cast screen ကို နှိပ်ပါ။
4
နောက်အဆင့်မှာ Cast screen ကို အသုံးပြုပြီး ဖုန်းနဲ့ တက်ဘလက်မှာ ပြသနေတဲ့ အရာ အားလုံးကို တီဗီမှာ ကြည့်ရှုနိုင်ကြောင်း ရေးသားထားတာ တွေ့ရပါမယ်။ ဒါပေမယ့် အဲဒီစွမ်းဆောင်ချက်ဟာ Beta အဆင့်သာ ရှိနေသေးတယ်ဆိုတာ သတိပေးထားပါတယ်။ နောက်ပြီး Android Device မှ ဗီဒီယိုများကို တီဗီမှာ ချောမွတ်စွာ ကြည့်နိုင်ဖို့ WiFi လိုင်းကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။ ဒီအဆင့်မှာ Cast Screen ကို ထပ်နှိပ်ပါ။
5
နောက်အဆင့်မှာ သင့်ရဲ့ Network မှာ ရှိတဲ့ Chromecast Device ကို ပြသပေးမှာပါ။ Chromecast Device များစွာ ရှိရင် အားလုံးကို ပြသပေးမှာ ဖြစ်ပြီး နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ဒါဆိုရင် Android Device မှာ ပြသနေတာတွေကို တီဗီမှာ ကြည့်နိုင်ပါပြီ။
6
သင်ဟာ Pure Android ထည့်သွင်းထားတဲ့ Nexus Device ကို အသုံးပြုသူဆိုရင် ချိတ်ဆက်ရတာ ပိုလွယ်ပါတယ်။ Status Bar ကို အောက်ဆွဲချပြီး Cast Screen ကို နှိပ်ပါ။
7
နောက်အဆင့်မှာ Chromecast Device ကို ရွေးချယ်ပေးပါ။ On / Off ခလုတ်က ဒီနေရာမှာ အရေးမပါပါဘူး။
8
ဒါဆိုရင် Android Device မှာ ပြသနေတာတွေကို တီဗီမှာ ကြည့်နိုင်ပါပြီ။ Android Game တွေကို နှစ်သက်သူများ အတွက်လည်း မျက်နှာပြင်ကြီး တီဗီကို ကြည့်ရှုပြီး ကစားနိုင်ပါပြီ။
9
Android Device မှ ဗီဒီယိုနဲ့ အခြားအရာတွေကို တီဗီသို့ စတင်ထုတ်လွှင့်ပေးတာနဲ့ Status Bar မှာ Casting screen ဆိုတဲ့ အချက်ပေးမှုကို ချိတ်ဆက်နေတဲ့ Chromecast Device နာမည်နဲ့ အတူ ပြသပေးမှာပါ။ ထုတ်လွှင့်မှုကို ရပ်နားချင်ရင် Disconnect ခလုတ်ကို နှိပ်ပါ။
10
Android Screen Mirroring ကို အထောက်အပံ့ပေးတဲ့ Android Device များ
Android Screen Mirroring ကို Android Device အားလုံးမှာ အသုံးပြုလို့ မရသေးပါဘူး။ အခုလောလောဆယ်မှာတော့ Google Nexus 4, 5 , 7 (2013) , 10, the Samsung Galaxy S4, S5, Note 3 , Note 10 (2014), HTC One M7, LG G2, G Pro 2 , G3 တို့မှာသာ အသုံးပြုနိုင်ပါသေးတယ်။
Android Screen Mirroring ကို အထောက်အပံ့ မပေးတဲ့ Android Device များအတွက်
Android Screen Mirroring ကို အထောက်အပံ့ မပေးတဲ့ Android Device များအတွက်တော့ XDA Developer တစ်ယောက်က Mirror Enabler ဆိုတဲ့ App ကို ပြုလုပ်ပေးထားပါတယ်။ အဲဒီ App ကို အသုံးပြုပြီး Android Device များစွာနဲ့ Chromecast ကို ချိတ်ဆက်ပြီး Android Screen Mirroring ကို အသုံးပြုနိုင်ပါတယ်။ Mirror Enabler ကို အသုံးပြုဖို့ သင့်ဖုန်းဟာ Root လုပ်ထားဖို့ လိုပါတယ်။
Google Chromecast ဟာ Android Device မှ မီဒီယာများကိုသာ တီဗီသို့ ထုတ်လွှင့်ပေးနိုင်ရုံ သာမက Windows နဲ့ Mac မှ Chrome Browser မှာ ကြည့်ရှုနေတဲ့ ၀က်ဆိုက်များ ၊ မီဒီယာများနဲ့ အခြားအရာများကို တီဗီသို့ ထုတ်လွှင့်ပေးနိုင်ပါတယ်။ Chromecast ဟာ ၃၅ ဒေါ်လာတည်းနဲ့ သင့်ရဲ့ သာမာန်တီဗီကို အင်တာနက်မှ မီဒီယာများနဲ့ App များကို အသုံးပြုနိုင်တဲ့ စမတ်တီဗီ ခေါ် အင်တာနက် တီဗီ အဖြစ်ပြောင်းလဲပေးနိုင်တဲ့ အသုံးဝင်တဲ့ Gadget ပဲ ဖြစ်ပါတယ်။

ref;http://www.myanmardigitallife.com/