Baseband အိုင်စီကို CPU မှာ ပေါင်းစပ်ထည့်သွင်းထားသလို ၊သီးသန့် အိုင်စီတစ်လုံးအနေနဲ့  အသုံးပြုတာလဲ၇ှိပါတယ်။ ဖုန်းတွင်ပါဝင်သော အိုင်စီလေးများအကြောင်း CPU Central Processing Unit ဖုန်းတွေမှာ အသုံးပြုကြတဲ့ CPU တွေကိုအများအားဖြင့် System-on-Chip (soc) Architectures စံနစ်ကိုအများဆုံးအသုံးပြုကြပါတယ်။ ဆီလီကွန် ချိစ် အပြားလေးတစ်ခုအတွင်းမှာ CPU Core, GPU,RAM,In/Out logic,Baseband စတဲ့အပိုင်းတွေကို စုစီးပေါင်းစပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ HUAWEI တွေမှာအသုံးအများဆုံး MTK CPU တွေရဲ့  ဖွဲ့စည်းပုံက အထက်ပါအတိုင်းဖြစ်ပါတယ်။ နေရာယူမှုနဲ့ ပါဝါစားသုံးမှုကို အထူးလျှော့ချပေးနိင်တာတွေ့ ရပါတယ်။ QUALCOMM အမှတ်တံဆိတ် CPU တွေကတော့ အပူပိုထွက်ပြီး ပါဝါပိုမိုစားသုံးတာတွေ့ ရပါတယ်။ SAMSUNG ဖုန်းတွေမှာ အသုံးပြုတဲ့ CPU တွေကတော့တန်ဖိုးမြင့်မားတဲ့ SNAPDRAGON အမျိုးအစား ဖြစ်ပါတယ်။စွမ်းဆောင်၇ည်မြင့်မားတဲ့ quad-core CPU တွေဖြစ်ပါတယ်။တစ်ချို့  SAMSUNG တွေမှာ BASEBAND ကို သီးသန့် အိုင်စီတစ်လုံးခွဲ ထုတ်ပြီး အလုပ်လုပ်တာတွေ့ ရပါတယ်။ပိုမိုရှုပ်ထွေးပြီး ပြစ်ချက်လိုက်ရတာလဲခက်ပါတယ်။ Hardware ပိုင်းကြောင့် baseband ပျောက်နိင်သလို software ပိုင်းအမှားအယွင်းကြောင့်လဲ baseband ပျောက်နိင်ပါတယ်။ CPU တွေဟာ အလုပ်အများဆုံး လုပ်၇တဲ့ အိုင်စီဖြစ်တဲ့အတွက် ပါဝါလဲပိုစားတယ် အပျက်အစီးလဲများတာတွေ ၇ပါတယ်။ယ္ခုနောက်ပိုင်းဝင်လာတဲ့ MSM8212 တွေမှာ အသံပိုင်းတွေပါ ပါဝင်လာတဲ့အတွက် အရင်လို အသံမလာရင် စပီကာလဲယုံနဲ့ မဖြစ်နိင်တော့ပါဘူး။ ဖုန်းတစ်လုံးပါဝါ လာဖို့  ဒုတိယ အရေးကြီးဆုံး အိုင်စီလဲဇြစ်ပါတယ်။ emmc Embedded-Multi-Media-Controller emmc တွေဟာ ကွန်ပြူတာများရဲ့ hard disc နဲ့ အလားသဏ္ဍန်တူပါတယ်။ဖုန်းတစ်လုံး page-44 အပြည့်အ၀လည်ပတ်နိင်ရန်လိုအပ်တဲ့ system os တစ်ခုလုံးကို emmc ရဲ့ အတွင်းမှာ အပိုင်းလေးတွေခွဲပြီးထားရှိပါတယ်။ အပေါ်ဆုံးအလွာဖြစ်တဲ့ boot အပိုင်းမှာတော့ power on code နဲ့  logo img လေးတွေပါဝင်ပါတယ်။ boodloader အပိုင်းကိုတော့ security code နဲ့ ပိတ်ထားတတ်ပါတယ်။ဒီအပိုင်းကတော့ software အရ kernel အတွင်း ၀င်ရောက်ပြင်ဆင်နိင်တဲ့ တစ်ခုတည်းသော အ၀င်ပေါက်ပဲဖြစ်ပါတယ်။ emmc တွေ မှာ user data အပိုင်းတွေဖြစ်တဲ့ multi media အပိုင်းတွေပါဝင်ပါတယ်။ ဖုန်းတစ်လုံးပါဝါနိးနိင်ဖို့ တတိယ အရေးကြီးဆုံးအိုင်စီလဲဖြစ်ပါတယ်။ ဒါကြောင့် pmu,cpu,emmc တို့ ပါဝင်တဲ့အပိုင်းကို ဖုန်းတွေမှာ power section အဖြစ်ခေါ်ဆိုကြပါတယ်။ PA ic ဟာ saw filter,Duplexer ,အစရှိတဲ့ လိုင်းစစ်ပတ်လမ်းတွေကိုကျော်ဖြတ်လာတဲ့ RF signal တွေဟာ အင်အားနဲသွားတဲ့ အခြေအနေမျိုးမှာ လိုင်းအင်အားကောင်းမွန်လာအောင် ချဲ့ထွင်ပေးရပါတယ် ။ဒါကြောင့်လဲ power amplifier (PA) လို့ ခေါ်ကြတာပါ။ PA မကောင်း၇င် cdma ဖုန်းတွေမှာ 3g တိုင်ပျောက်ပြီး 1x တိုင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတတ်ပါတယ်။ဖုန်းအ၀င်အထွက်တွေလဲမရတော့ပါဘူး။ဒီအခြေအနေမှာ pa လဲပေးရင်ပြန် ကောင်းသွားပါတယ်။PA တွေမှာ CDMA PA နဲ့  GSM PA ဆိုပြီးနှစ်မျိုး၇ှိပါတယ်။ CDMA PA တွေအတွက် အဆင်ပြေဆုံးနံပါတ်ကတော့ 6340,5404,5405 တို့ ဖြစ်ပါတယ်။ အခုနောက်ပိုင်းဝင်လာတဲ့ huawei honor တွေမှာ 4G စံနစ်ပါပါဝင်လာပြီး PA ကိုလဲ PAM power amplifier module ဆိုပြီး အခေါ်အဝေါ်ပြောင်းသွားပါတယ်။ BASEBAND ic ကတော့ x G626 ဆိုပြီးေ၇းထားတဲ့အိုင်စီလေးတွေအသုံးများပါတယ်။ ဖုန်းတစ်လုံးမှာဖုန်းဆက်ဖို့ အတွက်အေ၇းပါတဲ့၊Modem ပါဝင်တဲ့အပိုင်းဖြစ်ပါတယ်။SAMAUNG်၊ဖုန်းတွေကို FIRMWARE အတင်အချလုပ်တဲ့အခါမှာ regin code တွေလွဲသွားပြီး Baseband ပျောက်တာတို့  IMEI NULL ဖြစ်တာတို့ စတဲ့ ERROR တက်သွားပြီးဖုန်းပြောလို့ မရတဲ့ပြစ်ချက်တွေအဖြစ်များပါတယ်၊အဲဒီကုတ်တွေဟာ system ရဲ့ အောက်က efs ဆိုတဲ့ file ထဲမှာနေပါတယ်၊official code အနေနဲ့  35xxxxxxxxxx နဲ့ စပါတယ်၊ တကယ်လို့ custom code ဆိုရင်တော့ 0049xxxxxxxxx နဲ့ စပါတယ်။ 0049xxxxxxxတွေမှာလိုင်းတက်ပေမယ့်ဖုန်းပြောလို့ မ၇သေးပါဘူး။ SPT,Z3X GPG အစ၇ှိတဲ့ Box တွေအသုံးပြုပြီး IMEI ပြန်ပြင်ပေးရပါတယ်။တစ်ချို့ ဖုန်းတွေမှာတော့ 0049xxxxxxxဖုန်းပြောလို့ ရတာတွေ ရှိပါတယ်။ WIFI BLUETOOTH FM တွေပါဝင်တဲ့အပိုင်းကိုတော့ WLAN လို့ ခေါ်ပါတယ်။ WIFI အိုင်စီတွေမှာ TCXO Clock ပိုင်းတွေပါဝင်တဲ့အတွက်၊ sleep mode error ဖြစ်တတ်ပါတယ်။ဖုန်းတစ်လုံးပုံမှန်အသုံးပြုလို့ ရပေမယ့် time sleep ရောက်လို့ screen မှိတ်သွားရင် ပါဝါခလုပ်ကိုပြန်ဖွင့်လို့ မရတော့ပါဘူး။battery ဖြုတ်ပြီးပါဝါပြန်ဖွင့်မှ အသုံးပြုလို့ ရမှာပါ။အဲဒီလို ဖြစ်တာကို sleepmode error လို့ ခေါ်ကြပါတယ်။တစ်ခါတစ်ရံ emmc,cpu တို့ ကြောင့်လဲ အထက်ပါ error မျိုးတွေ့ ရတတ်ပါတယ်။ ၄င်းအိုင်စီများကြောင့် ဆိုလျှင်အမ်ပီယာပိုမိုဆွဲနေတတ်ပါတယ်။ Bluetooth ic လေးတွေမှာ I2C Interface အပိုင်းပါဝင်တဲ့အတွက် ၄င်းအိုင်စီ ရှော့ဖြစ်သောအခါ SCL,SDA လမ်းကြောင်းပေါ်ရှိ touch အိုင်စီကို error တက်စေပါသည်။ ပုံမှန် home screen ကိုရောက် ရန် ကြာသောအချိန်ထက် ပိုမိုကြာပြီး အမ်ပီယာအတက်များနေလျှင် Bluetooth ကြောင့် touch မရခြင်းဖြစ်နိင်ပါသည်။ Poximity sensor ရှော့ဖြစ်ရင်လဲ touch မရတာမျိုးတွေ့ ရပါတယ်။Touch နဲ့ display ပိုင်းတွေထိန်းချုပ်နိင်ဖို့ အတွက် proximity sensor ကို အာရုံခံပေးတဲ့ပစ္စည်းအဖြစ်အသုံးပြုထားတာဖြစ်ပါတယ်။
ref:ဖိုး စပ် စု
ref:ဖိုး စပ် စု