Android မှာ OTA Updates ပြုလုပ်ရင် Root ကို ထိန်းသိမ်းထားနည်းများAndroid မှာ OTA Updates ပြုလုပ်ရင် Root ကို ထိန်းသိမ်းထားနည်းများ














Android မှာ OTA (Over-The-Air) Updates ပြုလုပ်ရင် Root Access ကို ဖယ်ရှားလိုက်တဲ့အတွက် Root ပြန်လုပ်ရတဲ့ အလုပ်ရှုပ်မှုတွေ ရှိပါတယ်။ ဒါပေမယ့်လည်း Root ကို ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အချို့ Device များမှာ Root ပြန်လုပ်ရတာ အလွန်လွယ်ကူပါတယ်။ 
Google က Update များ မကြာခဏပေးလေ့ရှိတဲ့ Nexus Device များမှာတော့ OTA Update လုပ်တိုင်း စိတ်ညစ်စရာ ကြုံရမှာ ဖြစ်ပါတယ်။
ဘာကြောင့် Root ဆုံးရှုံးရသလဲ
Android ဟာ Linux ကို အခြေပြုထားတာကြောင့် ၀င်းဒိုးရဲ့ Administrator User Account နဲ့ ဆင်တူတဲ့ Root User Account ဆိုတာ Android မှာ ပါရှိလာပါတယ်။ Default အားဖြင့် Android မှာ Root Account ကို အသုံးပြုခွင့် မပေးပါဘူး။ Root ပြုလုပ်ခြင်းဟာ Root Account ကို အသုံးပြုလို့ရမှာ ဖြစ်ပြီး SU Binary ကို အင်စတော လုပ်ပေးမှာပါ။ Apps များက SU ကို အသုံးပြုပြီး Android ရဲ့ အဆင့်မြင့် စွမ်းဆောင်ချက်များကို သုံးနိုင်မှာပါ။ လုံခြုံရေး ပြဿနာများကြောင့် Android မှာ နဂိုအားဖြင့် Root ပြုလုပ်ပေးထားခြင်း မရှိတာပါ။ အထူးသဖြင့် နည်းပညာနဲ့ အကျွမ်းဝင်မှု မရှိသူတွေအတွက် ဖြစ်ပါတယ်။
Root ပြုလုပ်ရင် SuperSU or Superuser လို App များကို အင်စတော လုပ်မှာ ဖြစ်ပါတယ်။ အဲဒီ App ဟာ SU Binary ကို ထိန်းချုပ်နိုင်တဲ့အတွက် ဘယ် App ကို Root Access ပေးမလဲဆိုတာကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Operating System Update ကို အင်စတော လုပ်ရင် Root Access ကို ဆုံးရှုံးလေ့ရှိပါတယ်။ OTA Update က SU Binary ကို ဖယ်ရှားပြီး Android System Partition ကို Factory State ကို ပြန်လည် ပြုပြင်လိုက်တာပါ။
Xposed Framework ကို အင်စတော လုပ်ထားရင် OTA Update ကို အင်စတော မလုပ်ခင် Xposed Framework ကို အရင် ဖြုတ်ထားရပါတယ်။ မဟုတ်ရင်တော့ အောက်က Error လိုမျိုးပေါ်လာမှာ ဖြစ်ပြီး Update လုပ်လို့ ရမှာ မဟုတ်ပါဘူး။
SuperSU’s OTA Survival Mode

OTA Update ပြုလုပ်ရင် Root မပြုတ်သွားအောင် ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းများရှိပေမယ့် အမြဲတမ်း အဆင်ပြေတဲ့ နည်းလမ်းများ မဟုတ်ပါဘူး။ အဲဒီနည်းလမ်းများဟာ Minor Update များအတွက်သာ Root မပြုတ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ နောက်ပြီး အရင် Android Version များမှာသာ အဲဒီနည်းလမ်းများက အလုပ်ဖြစ်ပြီး နောက်ပိုင်း Android Version များမှာ အလုပ်မလုပ်နိုင်တော့ပါဘူး။
ဥပမာ အားဖြင့် SuperSU မှာ “ Survival Mode” ပါရှိပြီး OTA Update မလုပ်ခင် Enable ပြုလုပ်ထားခြင်းဖြင့် Root ကို ထိန်းသိမ်းနိုင်မှာပါ။ ဒါပေမယ့် ၂.၄၉ ဒေါ်လာ ကျသင့်တဲ့ SuperSU Pro မှာသာ အဲဒီ “Survival Mode” ပါရှိတာပါ။ နောက်ပြီး Root ကို ထိန်းသိမ်းထားမယ်လို့ အပြည့်အ၀ အာမ မခံပါဘူး။
OTA RootKeeper က အခမဲ့ ဖြစ်ပေမယ့် Android 4.3 နဲ့ အသစ် ဗားရှင်းများမှာ အလုပ်မလုပ်ပါဘူး။
SuperSU Pro ဟာ တကယ် အလုပ်ဖြစ်မဖြစ် စမ်းသပ်ကြည့်လိုက်ပါတယ်။ App ကို Android 4.4.3 အသုံးပြုထားပြီး Root လုပ်ပြီးသား Nexus 4 မှာ အင်စတော လုပ်လိုက်ပါတယ်။ Survival Mode ကို Enable လုပ်ပြီး OTA Update ကနေ Android 4.4.4 ကို အဆင့်မြှင့်ကြည့်တဲ့အခါမှာ Root ပြုတ်မသွားဘဲ ထိန်းသိမ်းထားနိုင်တာ တွေ့ရပါတယ်။
Survival Mode က အလုပ်ဖြစ်ပေမယ့်လည်း ခြွင်းချက်ရှိပါတယ်။ Android 4.4.4 ဟာ Minor Update ဖြစ်တဲ့အတွက် Major Update များကို အင်စတော လုပ်ရင်တော့ Survival Mode က အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ အနာဂတ် Android Version များကို Update ပြုလုပ်တဲ့နည်းကို ပြောင်းလဲပစ်နိုင်ကောင်း ပစ်နိုင်ပြီး Survival Mode ကို အကျိုးမဲ့ ဖြစ်စေနိုင်ပါတယ်။ OTA RootKeeper ကိုလည်း ဒီနည်းအတိုင်း အသုံးမ၀င်အောင် ပြုလုပ်လိုက်တာပါ။ Google Play Store မှ SuperSU Pro ရဲ့ စာမျက်နှာမှာ “No Guarantees” လို့ သတိပေးထားပါတယ်။
Root ပြုလုပ်နည်း သုံးနည်း
သင့်ရဲ့ Android Device မှာ Root ပြုတ်သွားရင် ပြန်ပြီး Root လုပ်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။
• Unlock the Bootloader: Google နဲ့ Device ထုတ်လုပ်သူများက Root ပြုလုပ်ခြင်းကို တရားဝင် ပံ့ပိုးပေးထားခြင်း မရှိပေမယ့် အချို့ Device များမှာ Low-Level Access ရဖို့အတွက် နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။ ဥပမာ အားဖြင့် Nexus Device များဟာ Developer များအတွက် ရည်ရွယ်ထားပြီး Command အနည်းငယ်ဖြင့် Bootloader ကို Unlock လုပ်နိုင်ပါတယ်။ အဲဒီနောက်မှာ SU Binary ပါတဲ့ .zip ဖိုင်ကို Recovery Screen ကနေ Flash ပြုလုပ်ခြင်းဖြင့် Root ပြုလုပ်နိုင်ပါတယ်။ Nexus Root Toolkit လို Tools များက အဲဒီဖြစ်စဉ်ကို အလိုအလျှောက် ပြုလုပ်ပေးနိုင်ပါတယ်။ အခြား ဖုန်းထုတ်လုပ်သူများက အချို့ Device များရဲ့ Bootloader ကို Unlock လုပ်ဖို့ တရားဝင်နည်းလမ်းများကို ပံ့ပိုးပေးထားပါတယ်။
• Exploit a Security Vulnerability: အချို့ Device များမှာ Bootloader ကို Unlock လုပ်လို့မရအောင် ပြုလုပ်ထားတတ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ Device များရဲ့ လုံခြုံရေး ဟာကွက်ကို ဖော်ထုတ်ပြီး System Partition မှာ SU Binary ကို အင်စတော လုပ်ခြင်းဖြင့် Root ပြုလုပ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ Verizon သို့မဟုတ် AT&T မှ Galaxy S5 ကို ပထမဆုံး Root ပြုလုပ်နိုင်သူကို ဒေါ်လာ ၁၈၀၀၀ ဆုကြေးပေးတဲ့ ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ပါတယ်။ လုံခြုံရေး ဟာကွက်ကို တွေ့ရှိခဲ့ပေမယ့် နောက်ပိုင်း Update မှာတော့ အဲဒီ ဟာကွက်ကို ဖာထေးပြီး Root ပြုလုပ် မရအောင် ကန့်သတ်ထားမှာဖြစ်ပါတယ်။
• Flash CyanogenMod or Another Custom ROM: CyanogenMod လို Custom ROMs များမှာ ကြိုတင် Root လုပ်ထားတတ်ပါတယ်။ CyanogenMod မှာ Root Access ကို Enable or Disable ပြုလုပ်ဖို့ Settings မှာ အဖွင့်၊ အပိတ် ခလုတ်ပါရှိပါတယ်။ ROM မှာ Root ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရင် CyanogenMod ဗားရှင်းအသစ်ကို Upgrade ပြုလုပ်ရင် ဖြစ်ဖြစ် Custom ROM ကို အသုံးပြုရင် ဖြစ်ဖြစ် Root ကို မပြုတ်ပါဘူး။
Root ပြန်လုပ်ရတာ ခက်သလား
Nexus Device လို Bootloader ကို Unlock လုပ်ထားတဲ့ Device မှာဆိုရင် OTA Update လုပ်လိုက်လို့ Root ပြုတ်သွားရင်လည်း Root ပြန်လုပ်ရတာ လွယ်လွယ်လေးပါ။ Android Device ကို ကွန်ပြူတာနဲ့ ချိတ်ပြီး အရင် နည်းလမ်းအတိုင်း Root လုပ်ပေးလိုက်ရုံပါပဲ။ ဥပမာ အနေနဲ့ Nexus Root Toolkit ကို သုံးနိုင်သလို adb command နဲ့ ကိုယ်တိုင် Root လုပ်နိုင်ပါတယ်။
လုံခြုံရေးဟာကွက်ကို ရှာပြီး Root ပြုလုပ်ရတဲ့ Android Device များမှာ ဆိုရင် OTA Update မယူခင် Root ပြုလုပ်နိုင်မယ့် နည်းလမ်းများကို အရင်ရှာဖွေထားသင့်ပါတယ်။ လုံခြုံရေးဟာကွက်ကို ဖာထေးထားတယ်ဆိုရင် နောက်ထပ် ဟာကွက်တစ်ခုကို ရှာမတွေ့ခင် Update မလုပ်သင့်ပါဘူး။ Root မလုပ်ချင်သူတွေအတွက်တော့ Update လုပ်နိုင်ပါတယ်။
Update ပြုလုပ်ပြီးတိုင်း Root မလုပ်ချင်ရင်တော့ Root Access ပါရှိပြီးသား CyanogenMod ဒါမှမဟုတ် Custom Android ROM များကို အသုံးပြုနိုင်ပါတယ်။
OTA Update ရယူပြီးလို့ Root ပြုတ်သွားပြီဆိုရင် ပြန်ပြီး Root လုပ်ဖို့အတွက် သင့်ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး မိနစ်အနည်းငယ်သာ ကုန်စေနိုင်သလို ရက်သတ္တပတ်များစွာ ဒါမှမဟုတ် လပေါင်းများစွာ အချိန်ကုန်နိုင်ပါတယ်။ ဒါကတော့ သင့်ရဲ့ Device အမျိုးအစား အပေါ်မူတည်ပါတယ်။
ref;http://www.myanmardigitallife.com/