Mac OS ပေါ်တွင် Windows Application ကို အသုံးပြုခြင်း

ဒီနည်းလမ်းကတော့ Mac OS အသုံးပြုသူတွေ အနေနဲ့ Windows Operating System က Third Party Software တွေကို ထည့်သွင်း အသုံးပြုချင်လိုသူများ ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Mac OS မှာ Windows  Application တွေကို အသုံးပြုချင်မယ် ဆိုရင်တော့ Wineskin ဆိုတဲ့ Application ကို Mac ပေါ်မှာ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
Wineskin Application ကို ရယူဖို့အတွက် http://goo.gl/cEUeSL ဆိုတဲ့ ၀က်ဘ်ဆိုက် လိပ်စာကနေ သွားရောက်ရယူနိုင်မှာဖြစ်ပါတယ်။ Download လုပ်ယူပြီးသွားပြီဆိုရင် Download ပြုလုပ်ထားတဲ့ ဖိုင်ကို Extract ပြုလုပ်လိုက်ပါ။  Extract ပြုလုပ်ထားတဲ့ Folder ထဲက Wineskin App ကို Application Folder ထဲကို ဆွဲထည့်လိုက်ရင် Wineskin Application ကို Mac ပေါ်မှာ ထည့်သွင်း ပြီးပြီဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် Wineskin ကို ဖွင့်လိုက်ပါ။
Wineskin ကိုဖွင့်ပြီးရင် Create New Blank Wrapper ဆိုတာကို နှိပ်လိုက်ပါ။ Name နေရာမှာ Wrapper ဆိုတဲ့နာမည်ကို ရိုက်ထည့်လိုက်ပါ။ Ok ကို ဆက်ပြီးနှိပ်ရမှာ ဖြစ်ပါတယ်။ Wrapper ဟာ .NET Frame နဲ့ HTML ကို Base ယူထားတဲ့ App တစ်ခုဖြစ်ပါတယ်။ Wrapper ကို ထည့်သွင်းရခြင်းဟာ ကိုယ် Install ပြုလုပ်မယ့် Windows Application ဟာ Wrapper Folder အတွင်းမှာ Run မှာဖြစ်တဲ့ အတွက် ပြု လုပ် ပေးရခြင်း ဖြစ်ပါတယ်။ Warpper ကို ပြုလုပ်ပြီးသွားပြီဆိုရင် Right Click နှိပ်ပြီး Show Package Contents ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် Install Software ဆိုတဲ့ Button ကိုနှိပ်ရမှာ ဖြစ် ပါတယ်။ နောက်တစ်ဆင့် ကတော့ Choose Setup Executable ဆိုတဲ့ Button ကို ရွေးချယ်ပြီး နှိပ်လိုက်ပါ။ ဒီအဆင့်ပြီးသွားရင် ကိုယ် ထည့်သွင်းချင်တဲ့ Application ကို ရွေးချယ်ပြီး ထည့်သွင်း အသုံးပြု နိုင်ပြီ ဖြစ်ပါတယ်။
အကယ်၍ ကိုယ်ထည့်သွင်းချင်တဲ့ Application ကို မထည့်ခင်မှာ စမ်းသပ်မယ်ဆိုရင်လည်း Wrapper ရဲ့ Advance ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Test Run ကို နှိပ်ပြီး စမ်းသပ်နိုင်မှာလည်း ဖြစ်ပါတယ်။  Wineskin အသုံးပြုတဲ့ Application တွေဟာ Warpper ရဲ့ Drive C: ထဲမှာသာ သွားရောက်ပြီး ထည့်သွင်း သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Wineskin ဟာ Windows App အကုန်လုံးကို Wineskin အသုံးပြုပြီး ဖွင့်နိုင်မှာ မဟုတ်ပါဘူး။ Wineskin က အထောက်အပံ့ ပေးနိုင်တဲ့ App တွေနဲ့ ပတ်သက်ပြီး သိရှိလိုတယ်ဆိုရင် http://goo.gl/00F19m ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ အဆင့်တွေ အားလုံးပြီးသွားပြီ ဆိုရင်တော့ Wineskin ကို Mac OS ပေါ်မှာထည့်သွင်းပြီး Windows Installer တွေကို ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
 
ref:internetjournal
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်