ဖုန်းတစ်လုံး ပါဝါနိုး ဖို့ အတွက် ဘယ်အိုင်စီတွေ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာကို မျှဝေပါရစေ

ဖုန်းတစ်လုံး ပါဝါနိုး ဖို့ အတွက် ဘယ်အိုင်စီတွေ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာကို မျှဝေပါရစေ

ခုနောက်ပိုင်းဖုန်းတွေဟာ ကွန်ပြူတာငယ်တစ်လုံးလိုပဲ ဖွဲ့ စည်းထားကြတယ်။
ဖုန်း တစ်လုံးပါဝါနိုးဖို့ အတွက် DC ဗို့ ကို Battery ကနေ က Power IC ဆီက ရယူပြီး
Power IC ကမှ အခြား တခြားအိုင်စီတွေဆီကို
ဗို့ ပေးသွင်းတယ်။ဖုန်းတစ်လုံး ပါဝါနိုးဖို့အတွတ် လိုအပ်တဲ့ အဓိကIC တွေ တစ်လုံးချင်းကိုဘာအလုပ်တွေလုပ်သလည်းဆိုတာကို အရင်ဆုံး ရှင်းပြပါ့မယ်။
(၁)EMMC (embedded Multi-Media Controller)
(၂)RAM (Radom Access Memory)
(၃)CPU (Central Processing Unit) Application Processorလို့ လည်း
(၄)Power IC
EMMC IC ဆိုတာ မိမိရဲ့ ဒေတာတွေ သီချင်းတွေ ဓာတ်ပုံတွေ ဗီဒီယိုတွေ နဲ့ ဖုန်းရဲ့OS Data တစ်ခုလုံးကို သိမ်းပေးထားတဲ့ IC ပါ Hard Disk တစ်လုံးနဲ့တူပါတယ် ။ RAM ဆိုတာ Radom Access Memory ဒေတာတွေကို ကြာရှည်မထိန်းသိမ်းနိုင်ဘူး ခဏတာ လက်ခံထိန်းသိမ်းတယ် ၁ စက္ကန့် ထက်နည်းငယ်သော အချိန်တို အတွင်း EMMC ထဲက မည်သည့်နေရာက မည်သည့်ဖိုင်မဆိုကိုမဆို လျှင်မြန်စွာ ကူးယူအလုပ်လုပ်ပေးနိုင်တယ် ။ CPU ဆိုတာကတော့ Central Processing Unit သူကတော့ ဖုန်းတစ်ခုလုံးရဲ့စနစ်တိုင်းကို ညွန်ကြားပေးတဲ့ အဓိက IC ပါ။Power IC ဆိုတာ PCB ဘုတ်ပြားပေါ်က ဗို့ လိုအပ်တဲ့နေရာတိုင်းကို လိုအပ်တဲ့ဗို့ တွေ အတိအကျ ပို့ ပေးတဲ့ ICပါ။ ကျွန်တော်တို့ ရဲ့ ဖုန်းကိုပါဝါခလုပ်နိုပ်လိုက်တာနဲ့တပြိုင်နက် CPU,EMMC,RAM,Power IC တို့ က တပြိုင်တည်း အလုပ်လုပ်ကြပါတယ် EMMC ထဲက Boot File ကို RAM က ကူးယူပြီး LCD မှာ Logo ပေါ်ဖို့ အတွတ် CPU က ခိုင်းစေပါတယ်။ အဲ့မှာတင် Logo လေးတတ်လာပါပြီ ထိုမှတဆင့် User interface ကိုရောက်ဖို့ အတွတ် EMMC ထဲလိုအပ်တဲ့ OSဖိုင်တွေကို RAMပေါ်မှာကူးယူပြီး တဆင့်ချင်းတဆင့်ချင်း အလုပ်လုပ်ကြတယ် CPU က LCD မှာ အလင်းတွေ ပုံတွေ အသံတွေ ပေါ်ဖို့  ခိုင်းစေတယ်။RAM သာမရှိဘူး ဆိုရင် ဖုန်းတွေပါဝါပွင့်ဖို့ ကိုတော်တော်လေး စောင့်ယူရမယ် ထင်တယ် တစ်ခုခုခိုင်းရင်လည်းတော်တော်လေး စောင့်ရနိုင်တယ် ။ကျွန်တော်တို့  ဖုန်းနဲ့ သီချင်းတစ်ပုဒ် ဖွင့်တယ်ထားပါတော့ အဲ့သီချင်းရဲ့ ဖိုင်ဒေတာ က EMMC ထဲမှာ တကယ်တမ်းဖွင့်တဲ့အခါ RAM က ကူးယူပြီးဖွင့်ပေးတာပါ အဲ့ဒါကြောင့် ချက်ခြင်း နားထောင်ရတာပါ ။ ဖုန်းတွေ လေးလံ ကြတယ် ဟန်းကြတယ်ဆိုတာ RAM မကောင်းတဲ့အခါနဲ့  RAM နဲတဲ့အခါဖြစ်တတ်ပါတယ် ။ ပါဝါဖွင့်တဲ့အခါ User interface ကိုရောက်မှ Network ပိုင်းက စတင်အလုပ်လုပ်ကြတာတွေ့ ရမှာပါ လိုင်းကို searching စလုပ်တာပေါ့ အဲ့တော့ ဖုန်းတစ်လုံးပါဝါနိုးဖို့ အတွက် Network ပိုင်းကမလိုအပ်ပါဘူး။LCD တွေ Touchတွေ စပီကာတွေ မတတ်ထားလည်းပဲ ဖုန်းတွေက ပါဝါနိုးကြပါတယ်။ အမှားပါရင် ခွင့်လွတ်ကြပါ ......
ref: ဟယ်လို သားကြီး 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်