Core i3, Core i5,Core i7ကွာခြားချက်များ


Core i3, core i5, core i7 အကြောင်း မပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံးအနှုန်းနဲ့ Architecture, code name တွေ အရင်ပြောပြပါ့မယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာ ဖြစ်ပါတယ်။

- Core i series Architecture

Core i series မှာ Nehalem Architecture နဲ့ Sandy bridge Architecture ဆိုပြီးရှိပါတယ်။ ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်။ Sandy bridge Architecture ကိုတော့ 2011 အစောပိုင်း ကာလမှာ စပြီးထုတ်ခဲ့ပါတယ်။ Core i series code name များမှာ

1. Gulftown
2. Bloomfield
3. Lynnfield
4. Clarkfield
5. Clarkdale
6. Arrandale
7. Sandy bridge (Desktop)
8. Sandy bridge (moblile) တို့ ဖြစ်ကြပါတယ်။

Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံ တည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown, Bloomfield, Lynnfield, Clarkfield, Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံ တည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge (Desktop) နဲ့ sandy bridge (mobile) တွေဖြစ်ပါတယ်။

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ။ Core i series မှာ အောက်ပါအချက်များ ကွာခြားသွားပါတယ်။

1. Core အရေ အတွက်ပါဝင်မှု
2. Thread အရေအတွက်
3. Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7. Hyper-threading technology

1. Core အရေအတွက်

Core ဆိုတာ တွက်ချက်မှု real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ်။ အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်။

2. Thread အရေအတွက်

Thread ဆိုတာ processor ကို instruction ပေးပို့ရာမှာ လမ်းကြောင်း ၁ ခု ၂ ခု ၄ ခု ၈ ခု စသဖြင့် ရှိပါတယ်။ ၂ ခုနဲ့ ၂ ခု အထက်ကို multi-thread လို့ခေါ်ပါတယ်။

3. Cache ပါဝင်မှု ပမာဏ

Cache ပါဝင်မှု ပမာဏ အနည်းများပေါ် မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ ဈေးကြီးပါတယ် (2 MB, 4 MB, 6 MB, 8 MB စသဖြင့်)

4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့တစ်လုံး ပေါင်းစည်း လုပ်ဆောင်ပေးပါတယ်။ Process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန် မလုံလောက်တဲ့အခါ core တွေ အချင်းချင်း ချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်။

5. Smart Cache

Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်။

6. QPI (Quick Parth Interconnect)

QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်။ North bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့ သီးသန့် ထုတ်မထားတော့ပဲ CPU ထဲကို ဆွဲသွင်းလိုက်ပါတယ်။ ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်တယ်။ ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်။ CPU အတွင်းမှာ north bridge နဲ့ CPU တို့ ချိတ်ဆက်တဲ့ လမ်းကြောင်းကို Common Serial Interconnect (CSI) bus လို့ခေါ်ပါတယ်။

7. Hyper-threading technology

Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ်။ ဒီနေရာမှာ Thread ဆိုတာ processor ဟာ Program တစ်ခုမှ လာတဲ့ instruction တစ်ခု လုပ်ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်။ Thread ဟာ ၂ ခု ၄ ခု ၈ ခု စသဖြင့် ဖြစ်နိုင်ပါတယ်။ HT ပါတဲ့ processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ။ နဂို physical မှာရှိနေတဲ့ cache, execution unit, control unit, buses စတဲ့ resourses တွေကို မျှဝေသုံးစွဲခြင်းပါပဲ။ သာမန် processor တစ်လုံးနဲ့စာရင် HT processor အလုပ်လုပ်တာ 30% လောက် ပိုပြီးတော့ မြန်ပါတယ်။

- Nehalem microarchitecture based

- Core i3

ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလမှာ စတင် သုံးစွဲခဲ့ကြပါတယ်။ Desktop processor မှာရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်။

- Core i5

Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်။

-Core i7

Nehalem ကိုပဲ base လုပ်ထားတဲ့ core i7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်။ အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကို စထုတ်ခဲ့ပါတယ်။ 2009 ခုနှစ်မှာ Lynnfield, Clarkfield, Arrandale တို့ကို ထုတ်ပါတယ်။ 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်။ ဒါတွေက Nehalem architecture ကို အခြေခံထားတဲ့ မျိုးကွဲ code name နဲ့ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်။

- Sandy Bridge microarchitecture based

- Core i3

Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge (Desktop) နဲ့ sandy bridge (Mobile) ဆိုပြီးလာပါတယ်။ Sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်။

- Core i5

ယခုလက်ရှိထုတ်နေဆဲ ကာလမှာတော့ အောက်ပါအတိုင်း sandy bridge core i5 series တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

- Core i7

ယခုလက်ရှိထုတ်နေဆဲ ကာလမှာတော့ အောက်ပါအတိုင်း sandy bridge core i7 series တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ Core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့ မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး။ ဒါကြောင့် သူ့မှာပါတဲ့ အမျိုးအစား အထဲမှာ လုပ်ဆောင်နိုင်တဲ့ စွမ်းရည် ပါဝင်မှုတွေကို အထက်တွင် ဖော်ပြ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ Architecture တစ်ခုတည်း အောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်။

Credit: Original Aurthor
Source: Internet( Knowledge Box)
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်