အခု ခေတ်ထနေသော Qualcomm firmware backup and restore ကို သေချာ ရှင်းပြထားပါတယ်


ဒါ ကို ဖတ်လိုက်တာ ဘာသဘော ပေါက်သွားလဲ ဆိုတော့
ပါဝါ မပွင့်တဲ့ ဖုန်း တွေကို qpst သုံး ပြီး qloader ကနေ mmc storage ကို ပေါ်အောင် ခေါ်ပြီး
ဖန်ဝဲ emmc raw backup ကို ပြန် ထည့် တင်တာလို့  သဘောပေါက်သွားတယ်
qpst က qloader က နေ mmc storage ပေါ်အောင် လုပ် ပေးလိုက်တာဘဲ
မဆိုးဘူး ပညာတစ်ခုရတာပေါ့ တခြား လူတွေ လည်း သိအောင် ပြန် share ပေးလိုက်တယ်
ဝါသနာပါသူ လေ့လာကြပါဖို့ ပါ
========================
Qualcomm Deadboot တွေ နှိုးမယ် ( QPST + EMMC Raw Tool)
Y321-C လေးပဲဗျာ ကလိရင်း ကလိရင်းး dead သွားတယ်
ပုံမှာ ပြထားတဲ့အတိုင်းပဲ ဘာမှနှိပ်စရာမလိုဘူး ကြိုးထိုးလိုက်တာနဲ့ devices manager မှ Qualcomm HS-USB QDLoader 9008 (COM10) တဲ့ပါဝါလည်းမနိုးဘူး supply
နဲ့ချိတ်စမ်းရင် 0.05 amp ပြတယ် ဒါ emmc error လို့အလွယ်သတ်မှတ်တယ် emmc လဲနိုင်တယ် လဲချင်တယ်ဆိုတော့ လဲပေါ့ မလဲနိုင်ဘူး မလဲချင်ဘူးဆို
အောက်ကကျွန်တော်ပြောတဲ့တိုင်းလိုက်လုပ် ကျွန်တော်တို့ လိုအပ်တာက rawprogram0.xml နဲ့လာတဲ့ firmware အာ့ firmware ရှိရင်တော့  Qualcomm HS-USB QDLoader
9008 ကနေရေးလို့ရတယ်coolpad 7251 တို့လိုပေါ့ ဒါပေမဲ့ ကျွန်တော့်မှာက ရှိဘူးလေ mmc storage mode( Qualcomm HS-USB Diagnostics 9006) များဝင်လို့ရခဲ့ရင် emm
raw tool ကနေပြန်ရေးဖို့ block0 လေးတော့ backup ထုတ်ထားတယ်ဗျ
adb shell
su
dd if=/dev/block/mmcblk0 of=/storage/sdcard1/backup.img
ဒီ command လေးနဲ့ထုတ်လိုက် root ရှိဖို့တော့လိုမယ်နော် Memory card ထည့်ထား ဖုန်းပေါ်မူတည်ပြီး 8GB 16GB လောက်ပေါ့ memory card ထဲကို backup.img
ဆိုပြီးးရောက်သွားလိမ့်မယ် memory cardထဲမရောက်ပဲ Internal ထဲရောက်ပြီး not enough space ဖြစ်ခဲ့ရင်
dd if=/dev/block/mmcblk0 of=/storage/sdcard0/backup.img
sdcard1 ကို sdcard0 လို့ပြောင်းရိုက်လိုက်ဗျာ
အိုကေဒါဆို emmc raw tool ကနေ ပြန်ရေးဖို့ backup.img လေးလည်းရပီပေါ့
Qualcomm HS-USB QDLoader 9008 ကနေ emmc raw tool နဲ့ ပြန်ရေးနိင်မဲ့ mmc storage mode( Qualcomm HS-USB Diagnostics 9006) ကို ၀င်မယ်
ဘယ်လိုဝင်မလဲဆိုတော့
QPST လေးသုံးပြီးဝင်မယ်
ဒီမှာဆွဲလိုက်
QPST.WIN.2.7_Installer-00425.1.zip, Size 25.68 MB... for lollipop 5.0 and 6.0
http://d-h.st/r8N1
https://userscloud.com/k95oppf2fv6m
https://usersfiles.com/j0p8bs9rgma1
install လိုက်ပေါ့ဗျာ ပြီးရင်
C:\Program Files\Qualcomm\QPST\bin ထဲက emmcswdownload.exe ကို Run as administrator နဲ့ဖွင့်လိုက်
ပုံမှာ ပြထားတဲ့အတိုင်း 1 မှာ rawprogram0.xml ကိုရွေးမယ်
အော်မေ့လို့ အာ့ဖိုင်တွေဘယ်ကရမလဲ y320 နဲ့ y321 က hardware ပိုင်းတူတယ် cpu တူတယ်ပေါ့ဗျာ y320 firmware ထဲကယူလိုက်တာပေါ့
ဒါဆိုတခြားအလုံးတွေအတွက်ဖိုင်မရှိရင်ဘယ်လိုရှာရမလဲသိပြီးမလား
cpu တူတဲ့ qualcomm firmware လိုက်ရှာဗျာ coolpad မှာပေါတယ် များကြီးပဲ cpu တူပြီဆို အိုကေပြီ (ရမ်းပြောတာနော် colonthree emoticon )
ဒီမှာ တစ်ခါထဲဒေါင်းလိုက် ဆိုဒ်သေးသေးလေး နောက်အလုံးတွေကျရင် cpu တူ qualcomm firmware ထဲက ဘာတွေယူရမလဲသိပြီပေါ့
(8x25cpu file)
8x25_cpu.zip 294.67 KB
http://d-h.st/vwIa
https://userscloud.com/yrvv92w6xqdy
8X25_msimage.mbn
EBR0.bin
MPRG8X25.hex
patch0.xml
rawprogram0.xml
အာ့လေးတွေ ကော်ပီကူးပြီ folder အလွတ်ထဲစုထည့်ထားလိုက်
8x25 cpu လို့နာမည်ပေးထားတယ် 8x25 cpu တိုင်းသုံးလို့အဆင်ပြေမယ်လို့ ယူဆတယ်
အိုကေ ပြန်စမယ်
ပုံမှာ ပြထားတဲ့အတိုင်း ၁ မှာ rawprogram0.xml ကိုရွေးမယ်
၂ မှာ 8X25_msimage.mbn လို့နာမည်ပြောင်းမယ် copy ကူးထားတဲ
ဖိုဒါထဲကနာမည်လေးအတိုင်းပေါ့
၃ မှာ MPRG8X25.hex လို့ပြောင်းမယ်
၎ မှာ load xml def ကိုနှိပ်ပြီး patch0.xml ကိုရွေးပေးရမယ်
၈ မှာက 8x25cpu folder ထားတဲ့နေရာကိုရွေးမယ်
အိုကေ ဖုန်းကိုကြိုးထိုးထားနော် device manager မှာ ဒရိုင်ဘာ သိနေပစေ
၅ က download ကိုနှိပ်လိုက် ဟိုစာသားပြ ဒီစာသားပြနဲ့ ခနနေရင် သူ့ဘာသာသူ
၆ မှာပြထားသလို mmc storage mode( Qualcomm HS-USB Diagnostics 9006) mode ကို ၀င်သွားလိမ့်မယ်
ဒါဆို အဆင်ပြေပြီ
၈ နဲ့ ၉ မှာပြသလို emmc raw backup သိပြီဆိုတော့ ပထမတင်ပေးခဲ့တဲ့အတိုင်း ဖိုင်ရွေးပြီး write full image ဆိုအိုကေမှာစိုပြေပြီပေါ့
credit
refer - 

U Lay Gyi