Huawei ဖုန်းများ အတွက် Flashing Tool အသုံးပြုနည်း


Huawei ဖုန်းများကို official တင်မယ်ဆိုရင် dload folder ကို
sdcard ထဲထည့်ပြီး update လုပ်ရပါတယ်။

အခုပြောမယ့်နည်းကတော့ bootloader mod ခေါ်လို့ရတဲ့ ဖုန်းတွေအတွက်
fastboot command ဖြင့် firmware တင်နည်းဖြစ်ပါတယ်။

ဒီနည်းဟာ dload ဖိုင်ဖြင့် တင်လို့မရတဲ့ ဖုန်းများနှင့်
sd card slot ပျက်နေတဲ့ဖုန်းများကို ကယ်တင်ပေးမှာဖြစ်ပါတယ်။


ဒီနည်းမှာတော့ အပိုင်း၂ ပိုင်း ပါဝင်ပါတယ်
တစ်ပိုင်းကတော့ dload folder ထဲက UPDATE.APP ကို ခွဲထုတ် ခြင်းနှင့်
နောက်တစ်ပိုင်းကတော့ fastboot command ဖြင့် firmware တင်ခြင်း ဖြစ်ပါတယ်။

Click Here to Download Huawei Flashing Tool

Password-www.zunite.org

Tool ကိုအသုံးပြုရန်အတွက် ActivePerl လိုအပ်မယ်
အောက်ကလင့်မှာဒေါင်းလော့ရယူပြီးကွန်ပျူတာတွင်
Install ပြုလုပ်နည်းကိုပါတစ်ပါတည်းလေ့လာလိုက်ပါ

Huawei ဖုန်းကလစ်သူများအတွက် ဆောင်ထားသင့်တဲ့ ActivePerl 5.20.2

စတင်အသုံးပြုနည်း
============
၁။ ဒေါင်း၍ ရလာတဲ့ HUAWEI Flashing.rar ကို ဖြေချလိုက်ပါ။

၂။ Huawei ဖုန်း Firmware များထဲတွင် မိမိခွဲထုတ်လိုတဲ့
Firmware Folder ကိုသွားလိုက်ပါ၊ ကျနော်ကတော့ C8813D ကို
သွားလိုက်ပါတယ် အောက်ပါပုံအတိုင်း 'dload' ဆိုတာကို
ရောက်အောင်သွားပြီး အဲဒီ Folder ထဲကိုဝင်လိုက်ပါ။
၃။ စောနားက zip ဖိုင်ဖြေထားတဲ့ Huawei Flashing Folder ထဲမှ
အောက်ပါမြင်နေရတဲ့ ဖိုင်များအားလုံးကို Copy ကူးလိုက်ပါ။

၎။ 'dload' folder ထဲမှ UPDATE.APP ရှိသည့်နေရာတွင်
Pass ပြုလုပ်ပေးလိုက်ပါ။

၅။ Runme.exe ဖိုင်ကို Run လိုက်ပါ။ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။

အပေါ်မှပုံတွင်မြင်နေရသော နံပါတ်ဂဏန်းများတွင်

နံပါတ် ၁ ကတော့ UPDATE.APP ကို ခွဲထုတ်ခြင်းဖြစ်ပါတယ်

တစ်ခြား Huawei Firmware များထဲတွင် ကိုယ်ခွဲချင်တဲ့
UPDATE.APP ကို ထည့်ပြီး ခွဲထုတ်နိုင်ပါတယ်။

 နံပါတ် ၂ ကတော့ fastboot command ဖြင့် firmware တင်ခြင်းဖြစ်ပါတယ်
 (ဖုန်းကို fastboot mod ၀င်၍ computer ဖြင့် ချိတ်ထားပါ)

 နံပါတ် ၃ ကတော့ ဖုန်းကို reboot လုပ်ရာတွင် သုံးနိုင်ပါတယ်
 ထွက်ချင်ရင်တော့ e ကို နှိပ်ပြီးထွက်နိုင်ပါတယ်။


အားလုံးအဆင်ပြေကြပါစေ

Ref-& Credit Htay Hlaing Oo (Mr-Android) , 
zunite