Xiaomi တံဆိပ် မိုဘိုင်းဖုန်းများ ဆားဗစ်ပြုလုပ်ခြင်းကို အာမခံ မပျက်စေဘဲ ပြုပြင်နိုင်မည်


Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ ဆားဗစ် ပြုလုပ်ခြင်းကို မူရင်းအာမခံ မပျက်စေဘဲ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။
Xiaomi တံဆိပ် မိုဘိုင်းဖုန်းများ၏ Touch screen ပျက်ခြင်း၊ Display ကွဲခြင်း၊ စပီကာလဲ လှယ်ခြင်း၊ USB port ပျက်ခြင်း၊ Motherboard အချပ် လိုက်လဲခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး အသစ်လဲလှယ် တပ်ဆင်လိုက်သည့် အစိတ်အပိုင်း (Spare parts) များအတွက်လည်း သီးခြားအာမခံဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။
"Xiaomi Brand နဲ့ ပတ်သက်တဲ့ Touch ကွဲတာတွေ၊ Display ကွဲတာတွေနဲ့ Motherboard အချပ်လိုက် လဲတာတွေအတွက် အထူးဈေးနှုန်းနဲ့ ပြင်ဆင်ပေးပါတယ်။ နောက်ပြီး USB port error တက်တာတွေ၊ စပီကာ လဲတာတွေကိုလည်း နဂိုအာမခံ မပျက်အောင် အထူးပြုပြင် ပေးပါတယ်။ ဆားဗစ်အာမခံ အနေနဲ့ကတော့ ကျွန်မတို့ဆိုင်မှာ ဆားဗစ်လုပ်ထားတဲ့ အပိုပစ္စည်းအတွက် အာမခံ ၇ ရက်ပေးပါတယ်။ ဆိုင်မှာ ဆားဗစ်လုပ်ပြီး လဲလှယ်ထားတဲ့ အစိတ်အပိုင်း တစ်ခုခုက သုံးစွဲသူကြောင့် မဟုတ်ဘဲ ပစ္စည်းက ပျက်စီးတာမျိုး၊ error တက်တာမျိုးဆိုရင် တစ်ပတ်အတွင်း လာပြရင် အသစ်ပြန်လဲ ပေးပါတယ်။ အဲဒီအတွက်လည်း ဘာအဖိုးအခမှ ထပ်ပေးစရာ မလိုဘူး" ဟု ပန်းဆိုးတန်းလမ်းရှိ T-Land Computer & Mobile အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ၏ ဆက်စပ်ပစ္စည်းများ ဖြစ်သော Book Cover, Flip Cover, Silicon Cover, Back Cover, သတ္တုဘောင် များကိုလည်း T-Land တွင်ဝယ်ယူ နိုင်သည်။ ပြည်တွင်းသို့ Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများကို စင်ကာပူ၊ တရုတ်နှင့် အွန်လိုင်းမှတစ်ဆင့် တင်သွင်းရောင်းချ လျက်ရှိပြီး တန်ဖိုးသက်သာခြင်း၊ စွမ်းဆောင်ရည် ကောင်းမွန်ခြင်းနှင့် ဒီဇိုင်းလှပ ခြင်းတို့ကြောင့် Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ ပြည်တွင်း၌ လူကြိုက်များ လျက်ရှိကြောင်း သိရသည်။
 
ref:http://internetjournal.media/
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်