GloablBCServiceInfo Killer

Virus Kill တဲ့ Software တွေ apk တွေ Tool တွေ အများကြီးထွက်နေတာရယ်
ကိုယ်တိုင်က Manual ပဲ command တွေနဲ့ Kill နေတာရယ်ကြောင့် Virus Killer ကို မရေးဖြစ်တာရယ် ။ အခု GloblaBCServiceInfo ဆိုတဲ့ Virus ကျ ထူးခြားတယ်လို့ ပြောလို့ Tool လေး ရေးပေးလိုက်ပါတယ် ။ အကြံပေးတာက ကျွန်တော့်သူငယ်ချင်းYan Lin Aung ပါ ။ ကျွန်တော်က သူပြောတဲ့အတိုင်း One Click ဖြစ်အောင်ရေးပေးတာပါ ။ ဘာလို့ရေးတာလဲဆိုတော့ Virus က ပုံမှန် Manual သတ်ရင် ပြန်ပြန် ပေါ်လာလို့ပါ ။
Batch File Programming နဲ့ Shell Script နှစ်မျိုးကို ပေါင်းပြီးသုံးထားလို့ လေ့လာနေသူတွေ အလွယ်တကူ လေ့လာလို့ရပါလိမ့်မယ် ။
Yan Lin Aung Post ( Tool အလုပ်လုပ်ပုံ ) -
[[[[ Android Malware တွေထဲက
GloablBCServiceInfo.apk
configopb အဲ၂ခုကိုရှင်းလို့ရမယ့်နည်းလေး
ဖုန်းက Root လုပ်ပီးသားဖြစ်ရပါမယ်
Busybox ထည့်ထားပီးဖြစ်ရပါမယ်
Root explorer , Terminal Emulator လိုအပ်ပါတယ်
ပထမဆုံး
configopb နဲ့သူ့နဲ့ဆက်နွယ်နေတဲ့ဖိုင်တဖိုင်အကြောင်းအရင်ရှင်းပြပါမယ်
configopb ဟာ သူ့ရဲ့ copy တခုဖြစ်တဲ့ e2fsck_guard ဆိုတာကို
/sbin/ အောက်မှာ ထည့်ထားပါတယ်
ပီးတော့ အဲ၂ခုစလုံးက ကိုယ်ပိုင် process တွေကိုလဲ run ထားလိုက်ပါတယ်
ဒီတော့ ဖိုင်က၂ဖိုင်ရယ် process က e2fsck_guard က process 2 ခု run ထားတယ်ဆိုတော့ process က၃ခုပါ
သူတို့အလုပ်လုပ်ပုံက configopb ကိုဖျက်လိုက်ရင်
e2fsck_guard procesa ကနေ ဖျက်လိုက်တဲ့ configopb ကိုချက်ချင်းပြန်ထည့်ပါတယ်
ဒီလိုပါပဲ e2fsck_guard ကိုဖျက်လိုက်ရင် configopb process ကနေပြန်ထည့်ပါတယ် သူ့ကျတော့ restart ချမှပြန်ထည့်တာပါ
အဲတော့ဒီ၂ခုက ဖျက်လိုက်ရင် ဂျာအေးသူ့အမေရိုက်သလို ဖျက်လိုက် ပြန်ပေါ်လိုက်နဲ့
.....
ဖျက်နည်းလေးစပါမယ်
Terminal emulator ကိုသွားပါ
su
mount -o remount rw /
rm /sbin/e2fsck_guard
ps | grep e2fsck_guard
အဲလိုရိုက်လိုက်ရင် e2fsck_guard ကိုဖျက်လိုက်တာပါ
ဒါပေမယ့်သူ့ရဲ့ process က ram ထဲမှာ run နေတုန်းပါ
အဲဒီတော့ process ကို kill လုပ်ရပါမယ်
Kill command သုံးမယ်ဆို process ရဲ့ PID သိဖို့လိုပါတယ် အဲဒီအတွက်
ps ဆိုတဲ့command သုံးရပါမယ်
ps | grep e2fsck_guard
ဒီနေရာမှာ e2fsck_guard ရဲ့ PID ပေါ်လာပါမယ် ရှေ့ဆုံးက ဂဏန်း ၃ လုံးပါ
Process က ၂ခု run ထားတာဆိုတော့ ၂ခုပေါ်ပါမယ် အဲ ၂ ခုကိုမှတ်ထားပါ
ပီးတော့
kill -9 PID
-9 က kill command ရဲ့ option တခုပါ
SIGKILL လို့သိရပါတယ် သူက process ကို save လုပ်ခွင့်မပေးပဲချက်ချင်း terminate လုပ်ပါတယ်
ပီးမှ
mount -o remount rw /system
chattr -iaA system/bin/configopb
chattr -iaA system/xbin/configopb
rm system/bin/configopb
rm system/xbin/configopb
ဒီလိုဆို configopb ကပျက်ပါပြီ
ဒါပေမယ့် သူ့ရဲ့ process ကျန်ပါသေးတယ် သူ့ကို kill မလုပ်ပဲ restart ချလိုက်ရင် e2fsck ရော configopb ရောပြန်ပေါ်ပါလိမ့်မယ်
ps | grep configopb
kill -9 PID
chattr -iaA system/app/GloablBCServiceInfo.apk
rm system/bin/GloablBCServiceInfo.apk
အားလုံးကိုတဆက်တည်းပြန်ရေးပြရမ်ာဆိုရင်
su
mount -o remount rw /
rm /sbin/e2fsck_guard
ps | grep e2fsck_guard
kill -9 PID
mount -o remount rw system
chattr -iaA system/bin/configopb
rm system/bin/configopb
ps | grep configopb
kill -9 PID
chattr -iaA system/app/GloablBCServiceInfo.apk
rm system/app/GloablBCServiceInfo.apk
ကျန်တဲ့ဖိုင်တွေက chattr , rm သုံးရင်ပျက်ပါတယ်....
ကျနော်ပြထားတဲ့နည်းမှာ လိုအပ်ချက်တွေရှိမှာပါ
တွေ့ရင်မလှောင်ပါနဲ့ ထောက်ပြသွားကြပါ.....
   ]]]]]
GloablBCServiceInfo_Killer Download Link >>>
အသုံးပြုနည်း -
- USB Debugging On ပါ ။
- Root လုပ်ပါ ။
- GloablBCServiceInfo_Killer.bat ဖိုင်ကို နှစ်ချက်နှိပ်ပြီး Run ပါ ။
Tool လေးရေးဖြစ်အောင် အကြံပေးတဲ့ အတွက် သူငယ်ချင်း Yan Lin Aung ကို ကျေးဇူးတင်ပါတယ်