Apple ID နှင့် Password ကိုသင်မေ့သွားလျှင်ပြန်လည်ရယူနည်း

Apple ID ကို အသုံးမပြုတာ ကြာသွားလို့ပဲဖြစ်ဖြစ်၊ Password တွေ မှတ်ရတာ များလွန်းလို့ ရောထွေးပြီး Apple ID ရဲ့ password ကို လုံးဝ မမှတ်မိတော့တဲ့ အခြေအနေမျိုးမှာ တစ်ခါတစ်လေ Apple ID ကိုတောင်မှ မေ့သွားတတ်ပါတယ်။
ဒီလိုအခါမျိုးတွေမှာ မိမိ၏ Apple ID (သို့) password ကို ပြန်လည် Reset လုပ်နိုင်မယ့် နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်... 

ယခုတင်ပြမယ့် နည်းလမ်းများကို မိမိကိုယ်ပိုင် Apple ID မဟုတ်ပဲ အခြားသူတစ်ယောက်ရဲ့ ID (သို့) password အတွက် ဆိုရင်တော့ အသုံးမဝင်ဖို့ (၉၉%) ရှိတယ်လို့ ပြောပါရစေ... Apple ID password ကို Reset လုပ်နိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်...

>>Reset Password<<

နည်းလမ်း (၁)

ယခုတင်ပြမည့် နည်းလမ်းသည် Password Reset လုပ်နိုင်ရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါသည်။
သို့သော် ယခုနည်းလမ်းကို သုံးနိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က "Rescue Mail" အဖြစ် မိမိ၏ အခြား email တစ်ခုကို ရွေးချယ်ပေးထားခဲ့ရန် လိုအပ်ပါသည်။

အကယ်၍ Rescue Mail ကို မပေးထားခဲ့မိပါက နည်းလမ်း (၂) နှင့် ကြိုးစားကြည့်နိုင်ပါသည်။

၁) ပထမဦးစွာ ဤနေရာသို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။

၂) "Email Authentication" ကိုရွေးပြီး "Next" နှိပ်ပါ။ 



၃) အောက်ပါအတိုင်း မိမိ၏ "Rescue email" သို့ Apple က စာပို့လိုက်ပါပြီ။ 



၎) မိမိ၏ Rescue email ၏ Inbox တွင်ရောက်လာသော Apple mail မှတစ်ဆင့် 
"Reset your Apple ID password >" ကို နှိပ်ပါ။ (သုံးနာရီအတွင်း Reset လုပ်ပါ) 



၅) Password အသစ်ကို ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။ 






နည်းလမ်း (၂) 

ယခုနည်းလမ်းကို အသုံးပြု၍ Password Reset လုပ်နိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က သတ်မှတ်ပေးထားခဲ့သော Security Question နှစ်ခု (သို့) သုံးခုကို မှန်ကန်စွာ ဖြေဆိုနိုင်ရန် လိုအပ်ပါသည်။ 

၁) ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။ 



၂) "Answer security questions:" ကိုရွေးပြီး "Next" နှိပ်ပါ။ 



၃) အောက်ပါပုံများအတိုင်း မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုပါ။ 





၎) အဖြေများအားလုံး မှန်ကန်သွားပါက Password အသစ်တစ်ခု ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။ 



နည်းလမ်း နှစ်ခုစလုံးအတွက် လိုအပ်သော "Rescue Mail" နှင့် "Security Answers" များ မရှိခဲ့ မသိခဲ့ပါက "Apple ID" အသစ်တစ်ခုကို ထပ်မံဖွင့် လှစ်ရန်သာ ဖြစ်နိုင်ပါတော့မည်။ 
ထိုအတွက် Apple ID အဟောင်းနှင့် "Free" "Paid" App များကို account အသစ်တွင် ဆက်လက် အသုံးပြုနိုင်တော့မည် မဟုတ်ချေ... 


*****************************************


>>Recover Apple ID<<
ယခုနည်းလမ်းကတော့ Apple ID ကိုပါ လုံးဝ မေ့သွားတဲ့ အခါမှာ Recovery ပြန်လည် ရယူနိုင်မယ့် နည်းဖြစ်ပါတယ်။ 

ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ "Forgot your Apple ID?" ကို နှိပ်ပါ။ 



Apple ID ကို အောင်မြင်စွာ Recovery လုပ်နိုင်ဖို့အတွက်၊ Apple ID registered လုပ်ခဲ့စဉ်က ပေးထားခဲ့သော မိမိ၏ information များကို ထည့်သွင်းပေးရမှာဖြစ်ပြီး။ 



Apple က တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက အောက်ပါအတိုင်း "Email authentication" နှင့် "Answer security questions" ဆိုပြီး Option နှစ်ခုနှင့် Recovery ပြန်လုပ်နိုင်ပါတယ်။ 




  • "Email authentication" ကို သုံးပါက မိမိ၏ Rescue Mail သို့ စာပို့ပေးပါလိမ့်မည်။
  • "Answer security questions" အတွက် မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုရန်လိုအပ်ပါသည်။


နောက်ဆုံးမှာ အောက်ပါအတိုင်း သင်၏ Apple ID ကို ပြန်လည်ရရှိပါလိမ့်မယ်။ 




Password ကို Reset လုပ်၍ ပြန်လည် အသုံးပြုနိုင်ပါပြီ....


credit - မိုးသကြား
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်