iCloud Lock အကြောင်း သိကောင်းစရာ


ခုတလော အတွေ့အကြုံအများဆုံးက
iPhone နဲ့ iDevice တော်တော်များများ မှာ
Restore ပြန်လုပ်ပြီးရင် Active လုပ်တဲ့နေရာမှာ
iCloud Password တောင်းခံရတဲ့ အခြေအနေမှာ
မိမိ Apple ID Password မမှတ်မိခဲ့လျင် မည်ကဲ့သို့မှ
ကူရာကယ်ရာ မရနိုင်တော့ပါ....
Apple ရဲ့ IOS 7 မှာ ပါလာခဲ့တဲ့ အဆင့်မြင့် Security အသစ်ပါ
iTune Acc အပြင် iCloud မှာပါ Apple ID ထည့်ထားခဲ့မိလျင်
iCloud ထဲဝင်ပြီး Delete ချပြီးမှ Restore လုပ်သင့်ပါတယ်...
အများဆုံး ဖြစ်ကြတာကတော့ တစ်လက်ကိုင် ဖုန်းအဟောင်း အရောင်းအ၀ယ်
Group များ နှင့် ရောင်းသူ ၀ယ်သူများမှ တဆင့် ၀ယ်ယူရင်း ဖြစ်ကြပါတယ်...
ဆုံးရှုံးမှု ကြီးမားလှပါတယ်...
မ၀ယ်ခင်ကတည်းက သေချာ စစ်ဆေး ပြီးမှ Restore လုပ်သင့်ပါတယ်...
Service ၀န်ထမ်းတစ်ချို့လဲ မပေါ့ဆ သင့်တဲ့ အခြေအနေတစ်ခုပါ
iCloud Password ကို Delete ချပြီးရင်တောင်မှ မိမိ ကိုယ်ပိုင်
စိတ်ချရတဲ့ Apple ID Account ကို Sign In ထပ်ဝင်ပေးလိုက်ပါ
ဝင်ပြီးရင်လဲ Find My iPhone ကို ပိတ်ထားပေးပါ
www.icloud.com ကို သွားပါ မိမိ Apple ID ကို ၀င်ကြည့်ပါ
မိမိ Sign In လုပ်ထားသော Device တွင် ၀င်မ၀င် Check လုပ်ပါ...
သေချာမှ ပိုင်ပြီ ဆိုမှ Restore လုပ်ပါ
တစ်ချက် ပေါ့ဆရင် ခံလိုက်ရမယ့် ဒုက္ခက မသေးပါဘူး
မိမိ ၀ယ်ယူထားသော Device ဆိုလဲ ဆုံးရှုံးမယ်
Service လာအပ်ထားသော Device ဆိုလဲ ရော်ရမယ့် ကိန်းပါပဲ...
IOS အသစ်ထွက်လာတိုင်း မတင်ခင် ပါဝင်တဲ့
အရာရာတိုင်းကို သေချာ လေ့လာပါ ဖတ်ရှုပါ
ပြီးမှ IOS အသစ် ကို တင်ဖို့ အကြံပြုပါရစေ....
မိမိသည်လဲ ဆရာတစ်ယောက်မဟုတ်ပါ
Apple User တစ်ယောက်ပါပဲ.....
လိုအပ်သည်များကို ထောက်ပြ အကြံပြုပေးသွားပါရန်
လေးစားလျက်....
post by သစ်ဆန်းခန့်
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ ..... အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်