MTK FRP By pass
Kenbo E71 ဖြင့် စမ်းသပ်ပေးထားပါတယ်။
Frp ဆိုတာကတော့ (Factory Rest Protection) လို့ခေါ်တဲ့ Lock တစ်မျိုးဖြစ်ပါတယ်။
မိမိဖုန်းကို Google အကောင့်ထည့်သွင်းထားပြီး ဖုန်းကို Factory Reset ချလိုက်တဲ့အခါမှာ
အဲ့ Error ဖြစ်ပါတယ်။ Google အကောင့်မမှတ်မိဘူး Password မေ့နေရင် MTK သုံးဖုန်းတွေကို
ဒီနည်းနဲ့ပြုလုပ်နိုင်ပါတယ်။ ပထမဆုံး လိုအပ်တာတွေ Download ရယူပါ။
Miracle Box Crack
ပထမဆုံး မိမိဖုန်းကို ပါဝင်ပိတ်လိုက်ပါ။
Miracle Box Crack ကိုဖွင့်လိုက်ပါ။
MTK ကိုရွေးပေးပါ။ ပြီးရင် Unlock/Fix ကိုနှိပ်ပါ။ Clear Setting/Frp ကို ရွေးလိုက်ပါ။
ပြီးရင် Volume Up Or Down ကိုဖိနှိပ်ပြီး ကြိုးထိုးလိုက်ပါ။
ဒီနေရာက အရေးအကြီးဆုံးအပိုင်းပါ။ အဲ့နေရာမှာရွေးတာမှားရင် မိမိဖုန်းဟာ
Google မှာ Firmware ပြန်ရှာရတော့မှာပါ။
Box လေးတစ်ခုပေါ်လာပါလိမ့်မယ်။
ဘာလုပ်ခိုင်းတာလဲဆိုတော့ မိမိဖုန်းကို Frp မဖျက်ခင် Backup လုပ်မလားလို့မေးတာပါ။
YES ကိုသေချာရွေးပေးပါ။ မိမိဖုန်းကို Firmware Backup .bin လေးထုတ်ပေးပါလိမ့်မယ်။
Firmware Backup ထုတ်ပြီးသွားရင် Miracle Box Crack ကို ပိတ်လိုက်ပါ။
ပြီးရင် အပေါ်ကအဆင့်တိုင်းတစ်ခုခြင်းပြန်လုပ်ပြီး Clear Settings/Frp ကိုရွေးပြီး
ဖုန်းကို Volume Up Or Down ဖိနှိပ်ပြီး ကြိုးထိုးလိုက်ပါ။
ထုံးစံအတိုင်း Box လေးထပ်ပေါ်လာပါလိမ့်မယ်။
ဒီတစ်ခါတော့ No ကိုရွေးပေးလိုက်ပါ။
ဒီအတိုင်းတက်လာရင်တော့ Frp Reset လုပ်တာပြီးပါပြီ။
ဖုန်းကို ပါဝါဖွင့်လိုက်ပါ။
ဖုန်းက Logo မှာပဲ ရပ်နေတာကိုတွေ့ရပါလိမ့်မယ်။
Firmware Brick ဖြစ်သွားတာပါ စိတ်ပူစရာမရှိပါဘူး။
Miracle Box Crack ကိုဖွင့်ပြီး MTK ကိုရွေးပါ။ Service Tab ကိုရွေးပါ။
Write ကို ရွေးလိုက်ပါ။
ပြီးရင် မိမိ Frp Reset မလုပ်ခင်တာ Backup လုပ်ထားတဲ့ .bin ဖိုင်လေးကိုရွေးပေးလိုက်ပါ။
Format All ကို အမှန်ခြစ်စရာမလိုပါ။
ဒါဆို င်္Firmware ပြန်တင်နေပါပြီ။ ပြီးရင်တော့ ဖုန်းကိုပါဝါဖွင့်လိုက်ပါ။
Frp မရှိတော့တာကိုတွေ့ရပါလိမ့်မယ်။
မှတ်ချက် – သတိထားပါ ဖုန်း Firmware ပျက်တက်ပါတယ်။
အဆင်ပြေပါစေ။
ရေးသားသူ – ဖြိုးချမ်း (MMSD)
Time – 3:50 (19.4.2016)
ref - Regeneration Mobile Service & Training Center